Zawgyi ျဖင့္ဖတ္ရန္

 

က်ပ္သိန္းတစ္ေသာင္း ကံထူးရွင္ဇနီးေမာင္ႏွံအားေတြ႕ရစဥ္

ဘားအံၿမိဳ႕သို႔ သြား ေရာက္အလုပ္လုပ္ကိုင္ေနသည့္ ကုမၸဏီ ဝန္ထမ္း ဇနီးေမာင္ႏွံ က ထီဆိုင္၏လက္က်န္ထီ ၁၀ ေစာင္ကို ဝယ္ယူကံစမ္းရာမွ က်ပ္သိန္း တစ္ေသာင္းဆုကံထူးခဲ့သည္။

(၁၄)ႀကိမ္ေျမာက္ ေအာင္ ဘာေလထီက်ပ္တစ္ေသာင္းဆု ထီလက္မွတ္ကို ဘားအံၿမိဳ႕ ရတနာသိန္းထိုက္ေအာင္ထီဆိုင္ တြင္ ဧၿပီ ၃၀ ရက္ညက ကံစမ္းခဲ့ ၿပီး ‘ဃ-၃၆၃၁၁၁’ ထီလက္မွတ္ ျဖင့္ ကံထူးခဲ့ေၾကာင္း က်ပ္သိန္း တစ္ေသာင္းဆုရွင္ ကိုဉာဏ္လင္း ဦးက ေျပာသည္။

‘‘ည (ဧၿပီ ၃၀) က အျပင္ သြားရင္း ႐ုံး က အျပန္ဝင္ထိုးလိုက္ တာ ဘားအံမွာပဲ။ ထီက ေ႐ြးစရာ မရွိေတာ့ဘူး။ အဲဒီ ၁၀ ေစာင္တြဲပဲ က်န္တယ္’’ ဟု ၎က ဆိုသည္။

ကိုဉာဏ္လင္းဦးႏွင့္ ဇနီး မေအးျမသႏၲာတို႔သည္ ဧရာဝတီ တိုင္း ဘိုကေလးၿမိဳ႕ဇာတိျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားေနထိုင္ သူမ်ားျဖစ္ကာ အလုပ္တာဝန္ အရ ဘားအံၿမိဳ႕သို႔ ေရာက္ရွိေန သည္မွာ ေျခာက္လခန႔္ၾကာၿပီျဖစ္ သည္။

ေအာင္ဘာေလထီကို လစဥ္ ကံစမ္းေလ့ရွိၿပီး လြန္ခဲ့သည့္ဆယ္ ႏွစ္က က်ပ္ႏွစ္ေသာင္းဆုတစ္ ႀကိမ္ေပါက္ဖူးသည္ဟု ကိုဉာဏ္ လင္းဦးက ေျပာသည္။

‘‘အလႉအတန္းလုပ္မယ္။ မိဘေတြကို ကန္ေတာ့မယ္။ အခု လုပ္ငန္းထဲကို ရွယ္ယာထည့္ မယ္။ အိမ္ဝယ္မယ္’’ ဟု Lotus Bridge Microfinance ကုမၸဏီ တြင္ Chif Operation Officer ရာထူးျဖင့္ တာဝန္ထမ္းေဆာင္ေနသည့္ ကိုဉာဏ္လင္းဦး က ေျပာသည္။

credit : 7 day daily

 

Unicode ဖြင့်ဖတ်ရန်

လက်ကျန်ထီ (၁၀)စောင်တွဲဝယ်ယူကံစမ်းရာမှ ကျပ်သိန်းတစ်သောင်းထီဆု ဆွတ်ခူး

 

ကျပ်သိန်းတစ်သောင်း ကံထူးရှင်ဇနီးမောင်နှံအားတွေ့ရစဉ်
ဘားအံမြို့သို့ သွား ရောက်အလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း ဇနီးမောင်နှံက ထီဆိုင်၏လက်ကျန်ထီ ၁၀ စောင်ကို ဝယ်ယူကံစမ်းရာမှ ကျပ်သိန်း တစ်သောင်းဆုကံထူးခဲ့သည်။

(၁၄)ကြိမ်မြောက် အောင် ဘာလေထီကျပ်တစ်သောင်းဆု ထီလက်မှတ်ကို ဘားအံမြို့ ရတနာသိန်းထိုက်အောင်ထီဆိုင် တွင် ဧပြီ ၃၀ ရက်ညက ကံစမ်းခဲ့ ပြီး ‘ဃ-၃၆၃၁၁၁’ ထီလက်မှတ် ဖြင့် ကံထူးခဲ့ကြောင်း ကျပ်သိန်း တစ်သောင်းဆုရှင် ကိုဉာဏ်လင်း ဦးက ပြောသည်။

‘‘ည (ဧပြီ ၃၀) က အပြင် သွားရင်း ရုံးက အပြန်ဝင်ထိုးလိုက် တာ ဘားအံမှာပဲ။ ထီက ရွေးစရာ မရှိတော့ဘူး။ အဲဒီ ၁၀ စောင်တွဲပဲ ကျန်တယ်’’ ဟု ၎င်းက ဆိုသည်။

ကိုဉာဏ်လင်းဦးနှင့် ဇနီး မအေးမြသန္တာတို့သည် ဧရာဝတီ တိုင်း ဘိုကလေးမြို့ဇာတိဖြစ်ပြီး ရန်ကုန်မြို့တွင် အိမ်ငှားနေထိုင် သူများဖြစ်ကာ အလုပ်တာဝန် အရ ဘားအံမြို့သို့ ရောက်ရှိနေ သည်မှာ ခြောက်လခန့်ကြာပြီဖြစ် သည်။

အောင်ဘာလေထီကို လစဉ် ကံစမ်းလေ့ရှိပြီး လွန်ခဲ့သည့်ဆယ် နှစ်က ကျပ်နှစ်သောင်းဆုတစ် ကြိမ်ပေါက်ဖူးသည်ဟု ကိုဉာဏ် လင်းဦးက ပြောသည်။

‘‘အလှူအတန်းလုပ်မယ်။ မိဘတွေကို ကန်တော့မယ်။ အခု လုပ်ငန်းထဲကို ရှယ်ယာထည့် မယ်။ အိမ်ဝယ်မယ်’’ ဟု Lotus Bridge Microfinance ကုမ္ပဏီ တွင် Chif Operation Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ကိုဉာဏ်လင်းဦး က ပြောသည်။

credit : 7 day daily