Zawgyi ျဖင့္ဖတ္ရန္

ကိုယ့္ရဲ႕ကေလး ဟာ တစ္ျခားကေလးေတြနဲ႔ပုံစံမတူဘူးဆိုရင္ဘာလုပ္မလဲ ။လႊင့္ပစ္မလား ဒါမွမဟုတ္ ဆက္ၿပီးေတာ့ ေမြးမလား ၊အေမေကာင္းေတြကေတာ့ လႊင့္ပစ္ဖို႔ကိုေတြးေတာင္ေတြးမွာမဟုတ္…ၿပီးေတာ့ သင့္ ကေလး ဟာ သင့္ရဲ႕ကေလးပဲေလ.. ။

ဒီေတာ့ သင္ဟာ မိဘ တစ္ေယာက္အေနနဲ႔ သင့္ကေလးဘယ္လိုပုံပဲျဖစ္ေနပါေစ ျပဳစုပ်ိဳးေထာင္ေပးရမွာပဲျဖစ္တယ္ ။

ဒါေပမယ့္လည္း အိႏၵိယ Bihar က ကေလးအတြက္ေတာ့စိတ္မေကာင္းစရာပါပဲ ။
ဘာလို႔လည္းဆိုေတာ့ သူ႔အေမ Khalidsa Begum ဟာ ေမြးေမြးၿပီးခ်င္းကို ဒီ ကေလး ကို ျမင္ကြင္းကေနေခၚသြားဖို႔ သူနာျပဳေတြကို ေျပာခဲ့တဲ့အတြက္ပါပဲ ။

 

ဒီကေလးေလးဟာ ၿဂိဳလ္သား နဲ႔တူတယ္လို႔ နယ္ခံလူေတြကေျပာၾကပါတယ္ ။

အသက္ ၃၅ ႏွစ္အ႐ြယ္ ကေလးအေမဟာ သူ႔ကိုရဲ႕ ႀကီးမားလြန္းတဲ့ မ်က္လုံးေတြနဲ႔ ေခါင္းကို ျမင္ၿပီးတဲ့ေနာက္ထိတ္လန႔္သြားခဲ့ပါတယ္ ။

ဒီကေလးဟာ Harlequin Ichthyosis ဆိုတဲ့ ပုံသ႑ာန္အမွန္တဲ့အေျခအေနတစ္ခုနဲ႔ေမြးဖြားလာတာျဖစ္တယ္လို႔ အိႏၵိိယ ဆရာဝန္ေတြကေျပာၾကပါတယ္ ။
ဒါဟာ ရွားပါးလြန္းတဲ့ေရာဂါလကၡဏာတစ္ခုျဖစ္ၿပီးေတာ့ ပုံမွန္ထက္ ၇ ဆေလာက္ အေရျပားႀကီးထြားမႈျမန္တဲ့ေရာဂါပဲျဖစ္တယ္ ။
ဒီေတာ့ အေရျပား ဟာ ေဖာင္းထြက္ေနၿပီးေတာ့ ပုံသ႑ာန္ မမွန္ေတာ့တာပဲျဖစ္တယ္ ။
ဒါတင္မကေသးပါဘူး..သူ႔မွာျဖစ္ေနတဲ့ လကၡဏာေတြဟာ Anencephaly ဆိုတဲ့ေရာဂါလကၡဏာေတြနဲ႔ သြားတူေနပါေသးတယ္ ။

အခုခ်ိန္အထိေတာ့ ဒီကေလးကို နာမည္မေပးရေသးပါဘူး ။

အင္တာဗ်ဴးခဲ့တဲ့ နယ္ခံသတင္းဌာကိုေတာ့ Khalida Begum က အခုလိုပဲေျဖၾကားခဲ့ပါတယ္ ။

“ကေလးရဲ႕အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားက မဖြံ႕ၿဖိဳးေသးပါဘူး ။
ကြၽန္မ သူ႔ကိုေမြးၿပီးေတာ့ ပထမဆုံးျမင္လိုက္ရတဲ့အခ်ိန္မွာ ၿဂိဳလ္သားကေလးမ်ားလားလို႔ ေတြးၿပီး ထိတ္လန႔္သြားခဲ့ပါတယ္ ။

 

ဒီလိုမ်ိဳးကေလးကို ေမြးခဲ့တယ္ဆိုတာ ကြၽန္မယုံေတာင္မယုံႏိုင္ဘူး ။
အရမ္းလန႔္သြားၿပီး အရမ္းလည္းဝမ္းနည္းခဲ့တဲ့အတြက္ သူနာျပဳေတြကို ကေလးကို အျပင္ေခၚသြားခိုင္းခဲ့တာပါ” ။

နာရီအနည္းငယ္အတြင္းမွာေတာ့ သူ႔အေမအသိစိတ္ျပန္ဝင္လာၿပီး ကေလးကို စတင္ႏို႔တိုက္ေကြၽးခဲ့ပါတယ္ ။

႐ြာကလူေတြကေတာ့ သူတို႔အိမ္ကို ကေလးေမြးၿပီးထဲက အလည္လာေနတာ အခုခ်ိန္ထိ လူမျပတ္ေသးပါဘူး ။
သူတို႔က ဒီကေလးကို အရွင္ဟာႏုမာန္ဝင္စားတာလို႔ထင္ေနၾကတာေလ ။

Writer – Min Thu (Daily Hot News)

 

Unicode ဖြင့်ဖတ်ရန်

 

ဂြိုလ်သားနဲ့တူနေတဲ့ ကလေးအား နို့တိုက်ကျွေးရန်ငြင်းဆန်နေသော အမေ

 

ကိုယ့်ရဲ့ကလေးဟာ တစ်ခြားကလေးတွေနဲ့ပုံစံမတူဘူးဆိုရင်ဘာလုပ်မလဲ ။
လွှင့်ပစ်မလား ဒါမှမဟုတ် ဆက်ပြီးတော့ မွေးမလား ၊
အမေကောင်းတွေကတော့ လွှင့်ပစ်ဖို့ကိုတွေးတောင်တွေးမှာမဟုတ်…
ပြီးတော့ သင့်ကလေးဟာ သင့်ရဲ့ကလေးပဲလေ.. ။
ဒီတော့ သင်ဟာမိဘတစ်ယောက်အနေနဲ့ သင့်ကလေးဘယ်လိုပုံပဲဖြစ်နေပါစေ ပြုစုပျိုးထောင်ပေးရမှာပဲဖြစ်တယ် ။

ဒါပေမယ့်လည်း အိန္ဒိယ Bihar က ကလေးအတွက်တော့စိတ်မကောင်းစရာပါပဲ ။
ဘာလို့လည်းဆိုတော့ သူ့အမေ Khalidsa Begum ဟာ မွေးမွေးပြီးချင်းကို ဒီကလေးကို မြင်ကွင်းကနေခေါ်သွားဖို့ သူနာပြုတွေကို ပြောခဲ့တဲ့အတွက်ပါပဲ ။

 

ဒီကလေးလေးဟာ ဂြိုလ်သားနဲ့တူတယ်လို့ နယ်ခံလူတွေကပြောကြပါတယ် ။

အသက် ၃၅ နှစ်အရွယ် ကလေးအမေဟာ သူ့ကိုရဲ့ ကြီးမားလွန်းတဲ့ မျက်လုံးတွေနဲ့ ခေါင်းကို မြင်ပြီးတဲ့နောက်ထိတ်လန့်သွားခဲ့ပါတယ် ။

ဒီကလေးဟာ Harlequin Ichthyosis ဆိုတဲ့ ပုံသဏ္ဍာန်အမှန်တဲ့အခြေအနေတစ်ခုနဲ့မွေးဖွားလာတာဖြစ်တယ်လို့ အိန္ဒိိယ ဆရာဝန်တွေကပြောကြပါတယ် ။
ဒါဟာ ရှားပါးလွန်းတဲ့ရောဂါလက္ခဏာတစ်ခုဖြစ်ပြီးတော့ ပုံမှန်ထက် ၇ ဆလောက် အရေပြားကြီးထွားမှုမြန်တဲ့ရောဂါပဲဖြစ်တယ် ။
ဒီတော့ အရေပြားဟာ ဖောင်းထွက်နေပြီးတော့ ပုံသဏ္ဍာန်မမှန်တော့တာပဲဖြစ်တယ် ။
ဒါတင်မကသေးပါဘူး..သူ့မှာဖြစ်နေတဲ့ လက္ခဏာတွေဟာ Anencephaly ဆိုတဲ့ရောဂါလက္ခဏာတွေနဲ့ သွားတူနေပါသေးတယ် ။

အခုချိန်အထိတော့ ဒီကလေးကို နာမည်မပေးရသေးပါဘူး ။

အင်တာဗျူးခဲ့တဲ့ နယ်ခံသတင်းဌာကိုတော့ Khalida Begum က အခုလိုပဲဖြေကြားခဲ့ပါတယ် ။

“ကလေးရဲ့အစိတ်အပိုင်းတော်တော်များများက မဖွံ့ဖြိုးသေးပါဘူး ။
ကျွန်မ သူ့ကိုမွေးပြီးတော့ ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ ဂြိုလ်သားကလေးများလားလို့ တွေးပြီး ထိတ်လန့်သွားခဲ့ပါတယ် ။

 

ဒီလိုမျိုးကလေးကို မွေးခဲ့တယ်ဆိုတာ ကျွန်မယုံတောင်မယုံနိုင်ဘူး ။
အရမ်းလန့်သွားပြီး အရမ်းလည်းဝမ်းနည်းခဲ့တဲ့အတွက် သူနာပြုတွေကို ကလေးကို အပြင်ခေါ်သွားခိုင်းခဲ့တာပါ” ။

နာရီအနည်းငယ်အတွင်းမှာတော့ သူ့အမေအသိစိတ်ပြန်ဝင်လာပြီး ကလေးကို စတင်နို့တိုက်ကျွေးခဲ့ပါတယ် ။

ရွာကလူတွေကတော့ သူတို့အိမ်ကို ကလေးမွေးပြီးထဲက အလည်လာနေတာ အခုချိန်ထိ လူမပြတ်သေးပါဘူး ။
သူတို့က ဒီကလေးကို အရှင်ဟာနုမာန်ဝင်စားတာလို့ထင်နေကြတာလေ ။

Writer – Min Thu (Daily Hot News)