Zawgyi ဖြင့်ဖတ်ရန် ရာသီ 


 


 


 



Credit : hlataw

Unicode ဖြင့်ဖတ်ရန်

အောင် သူအတွက် အကြီး မားဆုံး သော စိန် ခေါ်မှု တစ်ခု

 

ဒီနေ့ညနေ မြန်မာတိုက်စစ်မှူးအောင်သူပါဝင်တဲ့ ပူးလစ်တယ်ရိုအသင်းဟာ ထိုင်းပရီးမီးယားလိဂ်အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မြောင်တောင်ယူနိုက်တက်အသင်းနဲ့ ကစားရမှာပါ။ ထိုင်းပရီးမီးယားလိဂ်ရဲ့ မန်ယူနဲ့လီဗာပူးအသင်းတွေ့ဆုံမှုလို့ သတ်မှတ်ထားကြတဲ့ညနေပွဲဟာ ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာ ဖြစ်သလိုအောင်သူအတွက်လည်း မြောင်တောင်နဲ့တွေ့ဆုံမှုဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ

 

မြောင်တောင်အသင်းဟာ တယ်ရိုအသင်းက ခြေစွမ်းပြနေတဲ့ကစားသမားတွေကို ဝယ်ယူတဲ့အစဉ်အလာရှိပြီး ချာနာတစ်၊ အက်ဒီဆစ်တို့လို့ ထိုင်းဘောလုံးလောကရဲ့ရွှေရောင်မျိုးဆက်ဘောလုံးသမားတွေကို တယ်ရိုအသင်းကနေဝယ်ယူပြီး မြောင်တောင် Dream အသင်းအဖြစ်တည်ဆောက်ဖူးပါတယ်။ အခုအခါမှာလည်းမြောင်တောင်အသင်းဟာ တယ်ရိုကစားသမားတစ်ယောက်ကို ခေါ်ယူမယ်လို့သတင်းတွေ ထွက်နေပါတယ်။မြောင်တောင်အသင်းဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေသူကအောင်သူပါ။မြောင်တောင်အသင်းဟာ မနှစ်ကထိုင်းပရီးမီးယားလိဂ်မှာ ဒုတိယရခဲ့ပေမယ့် ဒီနှစ်မှာ တီရာသွန်၊ ကာဝင်၊ တီရာဆေးဒန်ဒါတို့လို့ အဓိကကစားသမားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ အဖက်ဖက်ကအားနည်းခဲ့ပြီးဒီနှစ်ရာသီမှာ အဆင့်ခြောက်နေရာကို တောင်ရောက်ရှိနေခဲ့ပါတယ်

 

ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ဂျေလိဂ်ကိုထွက်ခွာသွားတဲ့ တိုက်စစ်မှူးတီရာဆေးဒန်ဒါနေရာမှာ အစားထိုးဖို့ရည်ရွယ်ထားတဲ့အက်ဒီဆစ်ပါ ရာသီအစမှာထပ်နာသွားခဲ့တာကြောင့် မြောက်တောင်အသင်းဟာ တိုက်စစ်မှူးတစ်ဦးရှာဖွေနေခဲ့တာပါ။ထွက်ပေါ်နေတဲ့သတင်းတွေအရ မြောင်တောင်ဟာ ထိုင်းပရီးမီးယားလိဂ်ရာသီဝက်မှာ အောင်သူကိုကမ်းလှမ်းခဲ့ပေမယ့် တယ်ရိုအသင်းရဲ့အမှုဆောင်အရာရှိချုပ်ဟာ ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့ဆိုပါတယ်။အောင်သူဟာ လက်ရှိမှာသွင်းဂိုးခြောက်ဂိုးရယူထားပြီး ထိုင်းပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးအဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့ ဆူခိုထိုင်းနဲ့ပွဲမှာလည်း တယ်ရိုအတွက်အနိုင်ဂိုးသွင်းပြီး အသင်းကိုတန်းဆင်းဇုန်ကနေ လွတ်မြောက်စေခဲ့ပါတယ်,

 

အသင်းကို တန်းဆင်းဇုန်ကနေလွတ်မြောက်အောင်စွမ်းဆောင်ပေးပြီးနောက် အောင်သူကိုစိန်ခေါ်နေတဲ့အရာတစ်ခုက မြောင်တောင်နဲ့ပွဲမှာခြေစွမ်းပြဂိုးသွင်းယူပေးနိုင်မလားဆိုတာပါပဲ။အောင်သူအနေနဲ့ ဂျေလိဂ်လိုအဆင့်မြင့်လိဂ်တစ်ခုကို ပြောင်းချင်တယ်ဆိုရင်တော့ မြောင်တောင်နဲ့ဘူရီယမ်လို ထိုင်းလိဂ်အင်အားကြီးအသင်းတစ်သင်းကိုပြောင်းရွှေ့ထားဖို့လိုပါတယ်။အောင်သူအနေနဲ့သာ မြောင်တောင်ပွဲမှာခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့ရင် နောက်ရာသီမှာအောင်သူမြောင်တောင်ကို ရောက်ဖို့ရာခိုင်နှုန်းပိုများသွားမှာပါ။လက်ရှိခြေစွမ်းအရ မြောင်တောင်ကိုတယ်ရိုအသင်းအနိုင်ရဖို့ မမျှော်လင့်နိုင်ပေမယ့် အောင်သူအနေနဲ့မြောင်တောင်နဲ့ပွဲမှာဂိုးသွင်း နိုင်ဖို့မျှော်လင့်ပါတယ်.အောင်သူအနေနဲ့မြောင်တောင်နဲ့ပွဲမှာ သွင်းဂိုးရယူပြီးသူ့ရဲ့တန်ကြေးကိုထပ်မြင့်သွားနိုင်မလား..

မြောင်တောင်ကပဲတယ်ရိုအသင်းရဲ့တိုက်စစ်သူရဲကောင်း အောင်သူကိုရပ်တန့်နိုင်မလားဆိုတာတော့

Credit : hlataw