Zawgyi ဖြင့်ဖတ်ရန်
အတိတ်မှာ ကျန်ခဲ့ပြီဖြစ်တဲ့ ဖက်ရှင်ရေစီးကြောင်း
Credit : Lifestyle_Myanmar
Unicode ဖြင့်ဖတ်ရန်
လေ့ကျင့်ခန်းမလုပ်ချင်တဲ့ ဝက်ကလေးများအတွက် ဝိတ်ချနည်းအသစ်
ကဲ ဒီနည်းလမ်းလေးကတော့ ပြုလုပ်ရလွယ်ကူပြီး ကုန်ကျစရိတ်လဲ သက်သာစေမဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဗိုက်ခေါက်အဆီတွေ၊ ပေါင်လုံး၊ လက်မောင်းလုံးက အဆီတွေ လျော့ချဖို့အတွက် အများကြီး အထောက်အကူပြုပေးပါတယ်။ Lifestyle_Myanmar ပရိတ်သတ်ထဲမှာရှိတဲ့ဝက်ကလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်။
၁။ မိမိအဆီချချင်တဲ့ နေရာကို လိုးရှင်းလိမ်းမဲ့အစာ ပင်လယ်ရေညှိ/ ပင်လယ်ရေမှော်ပင်/ ရွှံ့စေး တစ်ခုခုကို လိုင်းရှင်းကဲ့သို့ သုတ်လိမ်းပေးပါ။ ပြီးလျှင် ထိုသုတ်လိမ်းထားတဲ့နေရာတစ်ဝှိုက်ကို အသီးအရွက် အသားငါး ထုပ်ပိုးတဲ့ ပလပ်စတစ် အကြည်အပျော့စားနဲ့ ရစ်ပတ်ထုပ်ပိုးပေးပါ။အဆိုပါ ပလပ်စတစ်ကို အဆီချချင်နေရာတစ်ဝှိုက်ကို လုံလုံလောက်လောက်အောင် ထုပ်ပိုးနိုင်မဲ့ အရွယ်အစားမျိုးဖြစ်ဖို့လိုအပ်ပါတယ်။
၂။ ပထမဦးဆုံး သကြားဖြင့် သင်အဆီချချင်တဲ့နေရာကို သကြားဖြင့် နာရီဝက်လောက် ညင်ညင်သာသာပွတ်တိုက်ပေးပါ။ ပြီးလျှင် အုန်ဆီ သို့မဟုတ် အခြားအဆီတစ်ခုခု (သံပုရာဆီ၊ လာဗင်ဒါဆီ ကျွဲကောသီးဆီ၊ စပါလင်းဆီ) တစ်ခုခုဖြင့် ထိုနေရာကို သုတ်လိမ်းပေးပါ။ သကြားပွင့်ဟာအရေးပြားရဲ့ မလိုအပ်တဲ့ အဆီများကို ဆုတ်ယူနိုင်ပါတယ်။ အဆီတစ်ခုခုသုတ်လိမ်းပြီးတဲ့အခါ ထိုသုတ်လိမ်းထားတဲ့နေရာအားလုံးဖုံးအုပ်နိုင်အောင် ပလပ်စတစ်အပျော့စားဖြင့် ၂ထပ်လောက် ရစ်ပတ်ထုပ်ပိုးပေးထားပါ။ နာရီဝက်လောက်ကြာမှ ပလပ်စတစ်ကို ဖြေပြီး သန့်ရှင်းသင့်ပါတယ်။
၃။ အဆီချချင်တဲ့ ဗိုက်၊ ပေါင်၊ လက်မောင် စတဲ့နေရာများကို အစိမ်းရောင်ရွှံ့စေးဖြင့်သုတ်လိမ်းထားပေးပါ။ ပင်လယ်ဆားပွင့်ဟာကြီးမားတဲ့အတွက် အရေးပြားကိုတိုက်စားနိုင်ပါတယ်။ ဒါ့ကြောင့် နူးညံ့မှုရှိတဲ့ ပင်လယ်စားကို အသုံးပြုပြီး အဆိုပါဆားကို သံလွင်ဆီ၊ လာဗင်ဒါဆီ၊ဗာဒံသီးဆီ စတဲ့ အဆီတစ်ခုခုဖြင့် ရောနှောပြီး ချည်ထည့်/ အဝတ်စအပါးပေါ်မှာ သုတ်လိမ်းထားပေပါ။ ပြီးလျှင် အဆိုပါ အဝတ်ဖြင့် သင်အဆီချချင်တဲ့နေရာများကို ပတ်တီးကဲ့သို့ အနည်းငယ်တင်းတင်းကျပ်ကျပ်လေး စည်းထားပေးနိုင်ပါတယ်။ အချိန် ၄၅မိနစ်ကြာမှ အဆိုပါပတ်တီးကိုဖြေပြီးသန့်ရှင်းသင့်ပါတယ်။
၄။ အုန်းဆီ ၂ဇွန်း၊ epsom ဆား ၁ဇွန်း၊ ကော်ဖီစစ်စစ် အမှုန့် ၁ဇန်း၊ သစ်ကြံပိုးမှုန့် ၂ဇွန်း စတဲ့ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးပါ။ ရရှိလာတဲ့အရောအနှောကို အဆီချမဲ့နေရာအချို့ကို သုတ်လိမ်ပေးပါ။ ပြီးလျှင် ပါကင်ထုပ်ပိုးသောပလက်စတစ်ဖြင့် ထိုနေရာများကို စည်းထားပေးပြီးနွေးထွေးတဲ့စောင်သို့မဟုတ် ပူနွေးတဲ့ပုဝါတစ်ခုခုဖြင့် ထိုနေရာကို နာရီဝက်လောက် ဖုံးလွှမ်းထားပေးပါ။ ပြီးမှ ထိုနေရာကို ရေနွေးနွေးလေးဖြင့်ဆေးကြောသန့်စင်ပြီး လိုးရှင်းတစ်ခုခုလိမ်းထားပေးပါ။
Lifestyle_Myanmar