Zawgyi ဖြင့်ဖတ်ရန်
၁။ ပဲနီလေးရေစိမ်
၂။ နို့နှင့် ပဲနီလေး
၃။ ပျားရည်နှင့် ပဲနီလေး
Unicode ဖြင့်ဖတ်ရန်
အသားအရေ ဖြူဝင်းစေဖို့အတွက် ပဲနီလေးကို ဘယ်လိုအသုံးပြုလို့ရသလဲ?
ပဲနီလေးမှာ အလွန်ကြွယ်ဝတဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ အိန္ဒိယမှာတော့ masoor dal အဖြစ်လူသိများပါတယ်။ ပဲနီလေးကို စားသုံးဖို့အတွက်သာမဟုတ်ဘဲ အသားအရေဖြူဝင်းဖို့ ၊နေလောင်ကွက်တွေ၊ မျက်နှာပေါ်က မလိုချင်တဲ့ အမွှေးအမျှင်တွေ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ဖြူဝင်းလှပတဲ့အသားအရေရရှိဖို့ ပဲနီလေးကို Body scrub သို့မဟုတ် (face pack) မျက်နှာပေါင်းတင်စရာအဖြစ် တစ်ပတ်ကို နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ ဒီ face pack က အရေပြားကို exfoliating လုပ်ပေးပြီး အရေပြားဆဲလ်သေအလွှာကို ဖယ်ရှားပေးတာကြောင့် အရေပြားကို ပိုမိုချောမွေ့စေပါတယ်။ အဆီပြန်တဲ့အသားအရေနှင့် ဝက်ခြံတွေ၊ အသားအရေပျက်စီးတာတွေ၊ နေလောင်ကွက်တွေကို ဖယ်ရှားပေးပြီး ကျန်းမာလှပတဲ့ အသားအရေကို ရရှိဖို့ ကူညီပေးပါတယ်။
ပဲနီလးကို ဘယ်လိုအမှုန့်လုပ်မလဲ?
၁။ ပဲနီလေးတစ်ခွက်ကိုယူပြီး အမှုန့်ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။
၂။ အမှုန့်ကို လိုအပ်တဲ့အချိန်သုံးလို့ရအောင် လေလုံတဲ့ ဘူးအလွတ်ထဲထည့်သိမ်းပါ။
၃။ တကယ်လို့ မိုးရာသီကာလအတွင်း အသုံးပြုမယ်ဆိုရင် အသုံးမပြုခင်၊ အစိုဓါတ်ရှိလား၊ အစိုပြန်နေလားဆိုတာကို စစ်ဆေးပါ။
၁။ ပဲနီလေးရေစိမ်
ပဲနီလေး ၃-၄ဇွန်းကိုယူပြီး ရေထဲမှာ တစ်ညစိမ်ပါ။ နောက်နေ့မနက်မှာ စိမ်ထားတဲ့ ပဲနီလေးကို ခပ်ပျစ်ပျစ်လေးဖြစ်အောင် ကြိတ်ပါ။ ကြိတ်ထားတဲ့ ပဲနီလေးကို မျက်နှာပေါ်မှာ လိမ်းပေးပါက အမာရွတ်ကင်းတဲ့ အသားအရေ၊ တောက်ပတဲ့အသားအရေကို ရရှိစေမှာပါ။ ရလဒ်ကောင်းရဖို့ တစ်ပတ်ကို ၂ကြိမ် ၊ ၃ကြိမ် လိမ်းပေးရပါမယ်။
၂။ နို့နှင့် ပဲနီလေး
ပျစ်ပျစ်လေးရအောင် နို့ စားပွဲတင်ဇွန်း ၄ဇွန်းလောက်ကို ပဲနီလေးမှုန့် ၂ဇွန်းလောက်နဲ့ ရောပါ။ ဒီ Face Pack ကို တစ်ပတ် ၂ကြိမ်လိမ်းပေးပါက နေလောင်ကွက်တွေကိုဖယ်ရှားပေးပြီး အစွန်းအထင်းကင်းတဲ့ အသားအရေကို ရရှိစေမှာပါ။
၃။ ပျားရည်နှင့် ပဲနီလေး
နွေရာသီအတွင်းမှာ အသားအရေခြောက်တာကို ကြုံရတဲ့သူတွေရှိမှာပါ။ ဒီပျားရည်နှင့် ပဲနီလေးက အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး အရေပြားမှာ အလွှာလိုက်ကွာကျနေတာကို ဖယ်ရှားပေးပါတယ်။
– ပဲနီလေးမှုန့် လက်ဖက်စားဇွန်း ခ၁ဇွန်းကို ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်းနှင့်ရောပါ။
– မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁ဝမိနစ်၊ ၁၅မိနစ်လောက် အခြောက်ခံထားပါ။
– သင့်မျက်နှာကို စက်ဝိုင်းပုံရွေ့လျားမှုနှင့် နှိပ်နယ်ပေးပြီး ရေဖြင့် ဆေးကြောပေးပါ။ ဒါက အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းဖြင့် အသားအရေကို exfoliate လုပ်ပေးပါတယ်။ အသားရောင်ကို ဖြူစေပါတယ်။
Credit : Lifestyle_Myanmar