Zawgyi ျဖင့္ဖတ္ရန္

 

ဘန္ေကာက္ အေဖာ္အခြၽတ္ ကလပ္ တခုမွာ ၿဗိတိန္ ခရီးသြားတဦး ႏွလုံးေရာဂါေဝဒနာ ခံစားရၿပီး လဲက်ေသဆုံးသြားတယ္လို႔ သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

အသက္ ၆၀ အ႐ြယ္လို႔ ယူဆရတဲ့ အမ်ိဳးသား တဦး ထိုင္းႏိုင္ငံၿမိဳ႕ေတာ္ရဲ႕ ျပည္တန္ဆာ႐ုံေတြရွိရာ (စြိဳင္) ေကာင္းဘြိဳင္လမ္းမွာ ႏွလုံးခုန္ရပ္ခဲ့တာလို႔ သိရၿပီး အားလပ္ခရီးသြားဧည့္သည္ျဖစ္သူက အေပၚပိုင္းဗလာက်င္းထားတဲ့ အမ်ိဳးသမီးေတြ ဝန္းရံေနတဲ့ ဂိုးဂိုးဘား လူအုပ္ထဲမွာ ဧၿပီ ၁၈ ရက္ေန႔က ျဖစ္ခဲ့တာပါ။

 

“ဒီ အမ်ိဳးသား က ရဲနံပါတ္တုတ္ပုံစံ တုတ္တေခ်ာင္းကို ေဝွ႔ရမ္းေနၿပီး အဲဒီေနာက္ ႏွလုံးရပ္ၿပီး ၾကမ္းျပင္ေပၚ ေမွာက္လ်က္လဲက်သြားတာပါ။ အဲဒီေနရာမွာ အလုပ္လုပ္တဲ့ မိန္းကေလး တဦးက အမ်ိဳးသား က အျခားလူေတြလိုပဲ စင္ရဲ႕ေဘးမွာ ထိုင္ေနၿပီး သူ႔ဘာသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရွိေနတယ္” လို႔ ေျပာပါတယ္။

“အဲဒီမွာ ရဲနံပါတ္တုတ္လို အ႐ုပ္တုတ္ေခ်ာင္းတခုရွိၿပီး သူက အဲဒါေလးနဲ႔ ကစားေနတယ္။ ၿပီးေတာ့ ဝုန္းဆို ျပဳတ္က်ၿပီး သူ႔မ်က္ႏွာ ၾကမ္းျပင္ေပၚ ေမွာက္လ်က္က်သြားတယ္” လို႔ ဝန္ထမ္း မိန္းကေလးက ဆိုပါတယ္။

ေစာင့္ၾကည့္႐ုပ္သံထဲမွာ အမ်ိဳးသားက စင္ျမင့္ေဘးမွာ ထိုင္ေနၿပီး အမ်ိဳးသမီးေတြ ကတာကို ၾကည့္ေနခ်ိန္ လဲက်ခဲ့တာကို ျမင္ရပါတယ္။

အမ်ိဳးသားရဲ႕အေလာင္းကို ခြဲစိတ္စစ္ေဆးဖို႔ ေဆး႐ုံသယ္သြားၿပီး ၿဗိတိန္သံ႐ုံးကိုလည္း အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

လဲက်ေသဆုံးခ်ိန္မွာ ဘယ္သူဘယ္ဝါဆိုတာ အမည္ေဖာ္ျပျခင္းမရွိလို႔ ေမရာသတင္းဌာနက ႏိုင္ငံျခားေရး႐ုံးကို မွတ္ခ်က္ေပးဖို႔ ခ်ည္းကပ္ေမးျမန္းေနတယ္လို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

ဘန်ကောက် ဖော်ချွတ်ကလပ်တွင် ဗြိတိန်ခရီးသွားတဦး နှလုံးရပ်သေဆုံး

 

ဘန်ကောက် အဖော်အချွတ်ကလပ်တခုမှာ ဗြိတိန်ခရီးသွားတဦး နှလုံးရောဂါဝေဒနာ ခံစားရပြီး လဲကျသေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အသက် ၆၀ အရွယ်လို့ ယူဆရတဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံမြို့တော်ရဲ့ ပြည်တန်ဆာရုံတွေရှိရာ (စွိုင်) ကောင်းဘွိုင်လမ်းမှာ နှလုံးခုန်ရပ်ခဲ့တာလို့ သိရပြီး အားလပ်ခရီးသွားဧည့်သည်ဖြစ်သူက အပေါ်ပိုင်းဗလာကျင်းထားတဲ့ အမျိုးသမီးတွေ ဝန်းရံနေတဲ့ ဂိုးဂိုးဘား လူအုပ်ထဲမှာ ဧပြီ ၁၈ ရက်နေ့က ဖြစ်ခဲ့တာပါ။

 

“ဒီအမျိုးသားက ရဲနံပါတ်တုတ်ပုံစံ တုတ်တချောင်းကို ဝှေ့ရမ်းနေပြီး အဲဒီနောက် နှလုံးရပ်ပြီး ကြမ်းပြင်ပေါ် မှောက်လျက်လဲကျသွားတာပါ။ အဲဒီနေရာမှာ အလုပ်လုပ်တဲ့ မိန်းကလေး တဦးက အမျိုးသားက အခြားလူတွေလိုပဲ စင်ရဲ့ဘေးမှာ ထိုင်နေပြီး သူ့ဘာသာ ပျော်ပျော်ရွှင်ရွှင် ရှိနေတယ်” လို့ ပြောပါတယ်။

“အဲဒီမှာ ရဲနံပါတ်တုတ်လို အရုပ်တုတ်ချောင်းတခုရှိပြီး သူက အဲဒါလေးနဲ့ ကစားနေတယ်။ ပြီးတော့ ဝုန်းဆို ပြုတ်ကျပြီး သူ့မျက်နှာ ကြမ်းပြင်ပေါ် မှောက်လျက်ကျသွားတယ်” လို့ ဝန်ထမ်းမိန်းကလေးက ဆိုပါတယ်။

စောင့်ကြည့်ရုပ်သံထဲမှာ အမျိုးသားက စင်မြင့်ဘေးမှာ ထိုင်နေပြီး အမျိုးသမီးတွေ ကတာကို ကြည့်နေချိန် လဲကျခဲ့တာကို မြင်ရပါတယ်။

အမျိုးသားရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံသယ်သွားပြီး ဗြိတိန်သံရုံးကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။

လဲကျသေဆုံးချိန်မှာ ဘယ်သူဘယ်ဝါဆိုတာ အမည်ဖော်ပြခြင်းမရှိလို့ မေရာသတင်းဌာနက နိုင်ငံခြားရေးရုံးကို မှတ်ချက်ပေးဖို့ ချည်းကပ်မေးမြန်းနေတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Credit : DVB