Zawgyi ျဖင့္ဖတ္ရန္

ဓမၼတာႏွင့္ ဆန႔္က်င္သည့္ အဓမၼမႈ ပုဒ္မ ၃၇၇ ျဖင့္ အမႈဖႊင့္ခံထားရသည့္ မယ့္လိမ့္လုံ (သူေဌးမႀကီး) ႐ိုးရာ စားေသာက္ဆိုင္ ပိုင္ရွင္ ကိုေအာင္မ်ိဳးထြဋ္ ၏ အာမခံ ေလွ်ာက္ထားမႈကို ေမလ ၂ ရက္ေန႔တြင္ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္တရား႐ုံးမွ သိရသည္။

စားေသာက္ဆိုင္ ပိုင္ရွင္ ကိုေအာင္မ်ိဳးထြဋ္ကို ေတာင္ဥကၠလာပၿမိဳ႕နယ္ တရား႐ုံးတြင္ ယေန႔(ဧၿပီလ ၂၀ ရက္) ႐ုံးထုတ္ခဲ့ၿပီး အဆိုပါ အာမခံ ေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္ၿပီး အာမခံေပးသင့္၊ မေပးသင့္ကို ႏွစ္ဖက္ေရွ႕ေနမ်ားက ေလွ်ာက္လဲခ်က္ေပးခဲ့ျခင္းျဖစ္သည္။

“၂ရက္ေန႔ ႐ုံးခ်ိန္က်ရင္ေတာ့ ေသေသခ်ာခ်ာသိရမွာေပါ့ အာမခံအတြက္ကို အမိန႔္ခ်မွာေလ ေလာေလာဆယ္ ကေတာ့ ဒီေန႔ေလွ်ာက္လဲခ်က္ပဲ တင္ေတာ့ ဘာမွ မသိရေသးဘူးေပါ့ေနာ္ ”ဟု ကိုေအာင္မ်ိဳးထြဋ္ ေရွ႕ေန ေဒၚအိနႏၵာလင္းက ေျပာသည္။

အဆိုပါ ႐ုံးခ်ိန္း သို႔ တရားလိုအား ဆင့္ေခၚခဲ့ေသာ္လည္း ခရီးလြန္ေနေသာေၾကာင့္ လာေရာက္ျခင္းမရွိေၾကာင္း သိရသည္။

ကိုေအာင္မ်ိဳးထြဋ္ အေနျဖင့္ ၎ပိုင္ဆိုင္သည့္ စားေသာက္ဆိုင္မွ အသက္ ၂၂ ႏွစ္အ႐ႊယ္ ဝန္ထမ္း အမ်ိဳးသားအား ဓမၼတာႏွင့္ ဆန႔္က်င္သည့္ လိင္တူက်ဴးလြန္မႈမ်ား ျပဳလုပ္ခဲ့သည္ဟု စြပ္စြဲတိုင္ၾကားခံရကာ မတ္လ ၉ ရက္ေန႔က ဖမ္းဆီး ထိန္းသိမ္းခံထားရျခင္းျဖစ္သည္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၇ တြင္ ေယာက်္ားႏွင့္ျဖစ္ေစ၊ မိန္းမႏွင့္ ျဖစ္ေစ၊ တိရိစာၦန္ႏွင့္ျဖစ္ေစ မည္သူမဆို မိမိဆႏၵအေလ်ာက္ ဓမၼတာႏွင့္ဆန႔္က်င့္ေသာ ကာမစပ္ယွက္မႈကိုျပဳလွ်င္ ထိုသူကို တသက္တကြၽန္းဒဏ္ျဖစ္ေစ၊ ဆယ္ႏွစ္အထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္။

Credit : Burma irrawaddy

 

Unicode ဖြင့်ဖတ်ရန်

အမျိုးသားချင်း အဓမ္မပြုကျင့်သူ စားသောက်ဆိုင်ပိုင်ရှင်၏ အာမခံ လျှောက်ထားမှု မကြာမီအမိန့်ချမည်

ဓမ္မတာနှင့် ဆန့်ကျင်သည့် အဓမ္မမှု ပုဒ်မ ၃၇၇ ဖြင့် အမှုဖွှင့်ခံထားရသည့် မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုအောင်မျိုးထွဋ်၏ အာမခံလျှောက်ထားမှုကို မေလ ၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်တရားရုံးမှ သိရသည်။

စားသောက်ဆိုင် ပိုင်ရှင် ကိုအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ယနေ့(ဧပြီလ ၂၀ ရက်) ရုံးထုတ်ခဲ့ပြီး အဆိုပါ အာမခံ လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး အာမခံပေးသင့်၊ မပေးသင့်ကို နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။

“၂ရက်နေ့ ရုံးချိန်ကျရင်တော့ သေသေချာချာသိရမှာပေါ့ အာမခံအတွက်ကို အမိန့်ချမှာလေ လောလောဆယ် ကတော့ ဒီနေ့လျှောက်လဲချက်ပဲ တင်တော့ ဘာမှ မသိရသေးဘူးပေါ့နော် ”ဟု ကိုအောင်မျိုးထွဋ် ရှေ့နေ ဒေါ်အိနန္ဒာလင်းက ပြောသည်။

အဆိုပါ ရုံးချိန်းသို့ တရားလိုအား ဆင့်ခေါ်ခဲ့သော်လည်း ခရီးလွန်နေသောကြောင့် လာရောက်ခြင်းမရှိကြောင်း သိရသည်။

ကိုအောင်မျိုးထွဋ် အနေဖြင့် ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်မှ အသက် ၂၂ နှစ်အရွှယ် ဝန်ထမ်းအမျိုးသားအား ဓမ္မတာနှင့် ဆန့်ကျင်သည့် လိင်တူကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲတိုင်ကြားခံရကာ မတ်လ ၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိဆန္ဒအလျောက် ဓမ္မတာနှင့်ဆန့်ကျင့်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

Credit : Burma irrawaddy