Zawgyi ျဖင့္ဖတ္ရန္

အရပ္ရွည္ ရွည္၊ ေဘာ္ဒီ အကိတ္ နဲ႔ ေခ်ာေမာလွပေနတာမ်ိဳးကိုဘယ္သူကမလိုခ်င္ပဲေနမလဲေနာ့ ..။ လူတိုင္းလိုခ်င္ၾကတာခ်ည္းပဲ။ ဒါမဲ့ ခက္တာ လူေတြကအရပ္ေတာ့ရွည္ခ်င္ၾကတယ္။ အရပ္ရွည္ ဖို႔ ေလ့က်င့္ခန္း လုပ္ရမွာက် ပ်င္းၾကတယ္။
အဲ့လို ေလ့က်င့္ခန္းလုပ္ရမွာပ်င္းတဲ့သူေလးေတြအတြက္ အလြယ္ကူဆုံး၊ အထိေရာက္ဆုံးျဖစ္ေစမယ့္ ေလ့က်င့္ခန္းေလး ( ) ခုကို ေ႐ြးခ်ယ္ၿပီး မွ်ေဝေပးလိုက္ပါတယ္။ ကစားနည္း ပုံစံေလးေတြလည္းျဖစ္တာမို႔လို႔ ေလ့က်င့္ခန္းတစ္ခုလိုသေဘာမထားပဲလိုက္လုပ္ၾကည့္လို႔ရတာေပါ့ေနာ္ …။

( ၁ ) ဘားခို

အရပ္ရွည္ခ်င္ဘားဆြဲတို႔၊ ဘားခို တို႔လို႔ေျပာတာတကယ္မွန္တဲ့အရာပါ။ ကိုယ္တို႔ရဲ႕ခႏၶာကိုယ္ေပၚကိုသက္ေရာက္ေနတဲ့ ဆြဲငင္အားတစ္ခုကို လြန္ဆန္ၿပီး ခႏၶာကိုယ္ထဲက အဆစ္ေတြ နဲ႔ ေက်ာ႐ိုးမႀကီးကို ဆန႔္ထုတ္တဲ့နည္း နဲ႔ အရပ္ကိုရွည္ထြက္လာေအာင္လုပ္လို႔ရပါတယ္။ ကိုယ့္အရပ္ထက္အနည္းငယ္ျမင့္ေနတဲ့ေနရာမွာ ဆြဲကြင္းေကာင္းေကာင္း၊ ဘားတန္းခိုင္ခိုင္ေလးတစ္ခု လုပ္ၿပီး တစ္ႀကိမ္ကို စကၠန႔္ ၂၀ နဲ႔ သုံးေခါက္တိတိ ( အဲဒီအတိုင္းတစ္ရက္မွာ သုံးႀကိမ္ ) လုပ္ေပးႏိုင္တယ္။ အဲဒီနည္းကေတာ့ အရပ္ကိုရွည္ထြက္လာေစဖို႔အေထာက္အကူျပဳႏိုင္ပါတယ္။ အနည္းဆုံး ၂ လက္မကေန ၄ လက္မ ေလာက္ထိရွည္ထြက္လာေစဖို႔အာမခံတဲ့ ေလ့က်င့္ခန္းလည္းျဖစ္ပါတယ္တဲ့။

( ၂ ) ခႏၶာကိုယ္ကို ကိုင္းၿပီးေျခဖ်ားကိုထိထားတဲ့နည္း

ေနရာေကာင္းေကာင္းတစ္ခုမွာ ေျခဆင္းၿပီးထိုင္၊ ေျခေထာက္ေတြကို ေရွ႕ဘက္ကိုေျဖာင့္ေနေအာင္ ဆန႔္တန္းထား၊ ၿပီးရင္ခႏၶာကိုယ္ကိုနည္းနည္းေလးေကြးၿပီးလက္ေတြနဲ႔ေျခဖ်ားကိုထိထားရမယ္။ ေနာက္ပိုင္းကိုယ့္အေနနဲ႔ ခႏၶာကိုယ္ကိုေကြးႏိုင္သမွ်ေကြးၿပီး ေျခဖဝါးအလယ္ေလာက္ထိေရာက္ေအာင္ထိၾကည့္ဖို႔ႀကိဳးစားၾကည့္လို႔လည္းရပါတယ္။ အစပိုင္းမွာခက္သလိုလိုရွိတဲ့အျပင္ ေက်ာကုန္းနဲ႔ခါးေတြအရမ္းနာက်င္ေပမယ့္ ေနာက္ပိုင္းလုပ္က်င့္ရွိသြားၿပီဆိုရင္ အရပ္ရွည္ဖို႔အတြက္ေရာ၊ ခါးနဲ႔ေက်ာကုန္းအတြက္ပါ အရမ္းေကာင္းတဲ့ေလ့က်င့္ခန္းေလးျဖစ္ပါတယ္။ ဒီနည္းေလးကိုေတာ့ ေန႔စဥ္ေရခ်ိဳးခါနီးတိုင္း တစ္ႀကိမ္ကို စကၠန႔္ ၂၀ နဲ႔ သုံးႀကိမ္လုပ္ေပးႏိုင္တယ္။

( ၃ ) တစ္တီတူးနည္း

လြယ္သလိုထင္ရေပမယ့္ တကယ္တမ္းေတာ့ အေတာ္ေလးလုပ္ယူရမယ့္ ေလ့က်င့္ခန္းေလးတစ္ခုပါ။ ခႏၶာကိုယ္ကို လွဲထားၿပီး ေျခေထာက္ေတြကို မိုးေပၚေထာင္ထားတဲ့နည္းေလးပါ။ ပိန္တဲ့သူေတြအတြက္ကိစၥမရွိေပမယ့္ ဝတဲ့သူေလးေတြအတြက္ေတာ့ နည္းနည္းေလးအခက္အခဲရွိေစတဲ့နည္းပါပဲ။ ေျခေထာက္ေတြကို ေျမႇာက္လိုက္ၿပီဆိုတာနဲ႔ လက္ႏွစ္ဖက္နဲ႔ခါးကိုထိန္းထားၿပီး ဟန္ခ်က္ကိုထိန္းေပးထားလို႔ရပါတယ္။ ဒီအတိုင္းတစ္ရက္ကို သုံးႀကိမ္နဲ႔တစ္ခါလုပ္ရင္ ဆယ္စကၠန႔္ကေန စကၠန႔္ ၂၀ အထိလုပ္ေပးလို႔ရပါတယ္။

( ၄ ) ေျခေထာက္ကန္တဲ့နည္း

ေျခဖ်ားေလးကိုခါၿပီး အျဖစ္ေလးပဲကန္တာမဟုတ္ဘူးေနာ္။ တကယ္ကို အားနဲ႔မာန္နဲ႔ လႊဲၿပီးကန္တာ၊ ေျခကိုအေျဖာင့္ထားၿပီးကန္တာမ်ိဳးေတြပါ။ လုပ္ရမယ့္နည္းကေတာ့ ေျခေထာက္ႏွစ္ဖက္ကိုစုံရပ္ၿပီး တစ္ဖက္ကေျမႀကီးေပၚမွာအားျပဳထား၊ ေနာက္တစ္ေခ်ာင္းနဲ႔ေလေပၚကို ေျမႇာက္ႏိုင္သမွ် ေျမႇာက္ၿပီးကန္တဲ့နည္းျဖစ္တယ္။ ဟန္ခ်က္ေလး ဂ႐ုစိုက္ရမွာကလြဲလို႔ က်န္တာကေတာ့ ေျခသလုံး၊ ေပါင္ နဲ႔ ဗိုက္ႂကြက္သားေတြသန္မာေစ႐ုံတင္မဟုတ္ပဲ အရပ္ကိုပါရွည္ထြက္လာႏိုင္ေစတဲ့နည္းေလးျဖစ္ပါတယ္။ ဒီနည္းကေတာ့ အခ်ိန္၊ ေနရာမေ႐ြးပါဘူး။ လမ္းေလွ်ာက္ရင္း၊ ေျပးရင္းလုပ္ႏိုင္သလို၊ ေရခ်ိဳးခါနီးလည္း လုပ္ႏိုင္ပါတယ္။ ပိုေသခ်ာေအာင္ သဲအိတ္တစ္အိတ္ဝယ္ထားၿပီး leg kick ေလ့က်င့္ေပါ့။

( ၅ ) ေရကူးတာ

ေရကူးတာဟာ အရပ္ကိုရွည္ထြက္လာေစတဲ့အေကာင္းဆုံးနည္းတစ္ခုျဖစ္သလို၊ လူတိုင္းသေဘာက်ၾကတဲ့အားကစားတစ္ခုလည္းျဖစ္တယ္။ ေရကူးတာဟာ ခႏၶာကိုယ္ကို အလ်ားလိုက္ထားၿပီး လက္ေတြကိုဆန႔္ထုတ္ရတာျဖစ္လို႔ ခႏၶာကိုယ္ထဲကအေၾကာေတြ၊ ေက်ာ႐ိုးမႀကီးကို နဂိုအေနအထားထက္ ပိုၿပီးရွည္ထြက္လာေစတဲ့ နည္းတစ္ခုဆိုလည္းမမွားပါဘူး။ ေရကူးတိုင္းအရပ္ရွည္တာလားဆိုေတာ့လည္းမဟုတ္ပါဘူး။ ေရထဲမွာပဲ အားေနထိုင္စိမ္ေနတာမ်ိဳးနဲ႔ေတာ့ အရပ္ရွည္ခ်င္လို႔ဘယ္ရမလဲ။ ေသေသခ်ာခ်ာမွန္ကန္တဲ့နည္းစနစ္ေတြ၊ သင္တန္းေတြမွာသင္ၾကားရင္း ကိုယ့္ရဲ႕အားလပ္ခ်ိန္ေတြကို အပန္းေျဖလို႔ရသလို၊ က်န္းမာေရးအတြက္လည္းေကာင္းတဲ့ကစားနည္းေလးတစ္ခုျဖစ္ပါတယ္။

ကဲ .. နဂိုထက္ ပိုၿပီးအရပ္ရွည္၊ ပိုလွၿပီး ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိတဲ့ သူေတြျဖစ္ႏိုင္ၾကပါေစ။

Credit : we

Unicode ဖြင့်ဖတ်ရန်

 

အရပ်ရှည်ချင်တဲ့သူတွေ ဆန္ဒပြည့်ဝအောင် မဖြစ်မနေဆော့ပေးသင့်တဲ့အားကစား နဲ့ လေ့ကျင့်ခန်း ( ၅ ) မျိုး

အရပ်ရှည်ရှည်၊ ဘော်ဒီအကိတ် နဲ့ ချောမောလှပနေတာမျိုးကိုဘယ်သူကမလိုချင်ပဲနေမလဲနော့ ..။ လူတိုင်းလိုချင်ကြတာချည်းပဲ။ ဒါမဲ့ ခက်တာ လူတွေကအရပ်တော့ရှည်ချင်ကြတယ်။ အရပ်ရှည်ဖို့လေ့ကျင့်ခန်းလုပ်ရမှာကျ ပျင်းကြတယ်။
အဲ့လို လေ့ကျင့်ခန်းလုပ်ရမှာပျင်းတဲ့သူလေးတွေအတွက် အလွယ်ကူဆုံး၊ အထိရောက်ဆုံးဖြစ်စေမယ့် လေ့ကျင့်ခန်းလေး ( ) ခုကို ရွေးချယ်ပြီး မျှဝေပေးလိုက်ပါတယ်။ ကစားနည်းပုံစံလေးတွေလည်းဖြစ်တာမို့လို့ လေ့ကျင့်ခန်းတစ်ခုလိုသဘောမထားပဲလိုက်လုပ်ကြည့်လို့ရတာပေါ့နော် …။

( ၁ ) ဘားခို

 

အရပ်ရှည်ချင်ဘားဆွဲတို့၊ ဘားခို တို့လို့ပြောတာတကယ်မှန်တဲ့အရာပါ။ ကိုယ်တို့ရဲ့ခန္ဓာကိုယ်ပေါ်ကိုသက်ရောက်နေတဲ့ ဆွဲငင်အားတစ်ခုကို လွန်ဆန်ပြီး ခန္ဓာကိုယ်ထဲက အဆစ်တွေ နဲ့ ကျောရိုးမကြီးကို ဆန့်ထုတ်တဲ့နည်း နဲ့ အရပ်ကိုရှည်ထွက်လာအောင်လုပ်လို့ရပါတယ်။ ကိုယ့်အရပ်ထက်အနည်းငယ်မြင့်နေတဲ့နေရာမှာ ဆွဲကွင်းကောင်းကောင်း၊ ဘားတန်းခိုင်ခိုင်လေးတစ်ခု လုပ်ပြီး တစ်ကြိမ်ကို စက္ကန့် ၂၀ နဲ့ သုံးခေါက်တိတိ ( အဲဒီအတိုင်းတစ်ရက်မှာ သုံးကြိမ် ) လုပ်ပေးနိုင်တယ်။ အဲဒီနည်းကတော့ အရပ်ကိုရှည်ထွက်လာစေဖို့အထောက်အကူပြုနိုင်ပါတယ်။ အနည်းဆုံး ၂ လက်မကနေ ၄ လက်မ လောက်ထိရှည်ထွက်လာစေဖို့အာမခံတဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်တဲ့။

( ၂ ) ခန္ဓာကိုယ်ကို ကိုင်းပြီးခြေဖျားကိုထိထားတဲ့နည်း

 

နေရာကောင်းကောင်းတစ်ခုမှာ ခြေဆင်းပြီးထိုင်၊ ခြေထောက်တွေကို ရှေ့ဘက်ကိုဖြောင့်နေအောင် ဆန့်တန်းထား၊ ပြီးရင်ခန္ဓာကိုယ်ကိုနည်းနည်းလေးကွေးပြီးလက်တွေနဲ့ခြေဖျားကိုထိထားရမယ်။ နောက်ပိုင်းကိုယ့်အနေနဲ့ ခန္ဓာကိုယ်ကိုကွေးနိုင်သမျှကွေးပြီး ခြေဖဝါးအလယ်လောက်ထိရောက်အောင်ထိကြည့်ဖို့ကြိုးစားကြည့်လို့လည်းရပါတယ်။ အစပိုင်းမှာခက်သလိုလိုရှိတဲ့အပြင် ကျောကုန်းနဲ့ခါးတွေအရမ်းနာကျင်ပေမယ့် နောက်ပိုင်းလုပ်ကျင့်ရှိသွားပြီဆိုရင် အရပ်ရှည်ဖို့အတွက်ရော၊ ခါးနဲ့ကျောကုန်းအတွက်ပါ အရမ်းကောင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ ဒီနည်းလေးကိုတော့ နေ့စဉ်ရေချိုးခါနီးတိုင်း တစ်ကြိမ်ကို စက္ကန့် ၂၀ နဲ့ သုံးကြိမ်လုပ်ပေးနိုင်တယ်။

( ၃ ) တစ်တီတူးနည်း

 

လွယ်သလိုထင်ရပေမယ့် တကယ်တမ်းတော့ အတော်လေးလုပ်ယူရမယ့် လေ့ကျင့်ခန်းလေးတစ်ခုပါ။ ခန္ဓာကိုယ်ကို လှဲထားပြီး ခြေထောက်တွေကို မိုးပေါ်ထောင်ထားတဲ့နည်းလေးပါ။ ပိန်တဲ့သူတွေအတွက်ကိစ္စမရှိပေမယ့် ဝတဲ့သူလေးတွေအတွက်တော့ နည်းနည်းလေးအခက်အခဲရှိစေတဲ့နည်းပါပဲ။ ခြေထောက်တွေကို မြှောက်လိုက်ပြီဆိုတာနဲ့ လက်နှစ်ဖက်နဲ့ခါးကိုထိန်းထားပြီး ဟန်ချက်ကိုထိန်းပေးထားလို့ရပါတယ်။ ဒီအတိုင်းတစ်ရက်ကို သုံးကြိမ်နဲ့တစ်ခါလုပ်ရင် ဆယ်စက္ကန့်ကနေ စက္ကန့် ၂၀ အထိလုပ်ပေးလို့ရပါတယ်။

( ၄ ) ခြေထောက်ကန်တဲ့နည်း

 

ခြေဖျားလေးကိုခါပြီး အဖြစ်လေးပဲကန်တာမဟုတ်ဘူးနော်။ တကယ်ကို အားနဲ့မာန်နဲ့ လွှဲပြီးကန်တာ၊ ခြေကိုအဖြောင့်ထားပြီးကန်တာမျိုးတွေပါ။ လုပ်ရမယ့်နည်းကတော့ ခြေထောက်နှစ်ဖက်ကိုစုံရပ်ပြီး တစ်ဖက်ကမြေကြီးပေါ်မှာအားပြုထား၊ နောက်တစ်ချောင်းနဲ့လေပေါ်ကို မြှောက်နိုင်သမျှ မြှောက်ပြီးကန်တဲ့နည်းဖြစ်တယ်။ ဟန်ချက်လေး ဂရုစိုက်ရမှာကလွဲလို့ ကျန်တာကတော့ ခြေသလုံး၊ ပေါင် နဲ့ ဗိုက်ကြွက်သားတွေသန်မာစေရုံတင်မဟုတ်ပဲ အရပ်ကိုပါရှည်ထွက်လာနိုင်စေတဲ့နည်းလေးဖြစ်ပါတယ်။ ဒီနည်းကတော့ အချိန်၊ နေရာမရွေးပါဘူး။ လမ်းလျှောက်ရင်း၊ ပြေးရင်းလုပ်နိုင်သလို၊ ရေချိုးခါနီးလည်း လုပ်နိုင်ပါတယ်။ ပိုသေချာအောင် သဲအိတ်တစ်အိတ်ဝယ်ထားပြီး leg kick လေ့ကျင့်ပေါ့။

( ၅ ) ရေကူးတာ

 

ရေကူးတာဟာ အရပ်ကိုရှည်ထွက်လာစေတဲ့အကောင်းဆုံးနည်းတစ်ခုဖြစ်သလို၊ လူတိုင်းသဘောကျကြတဲ့အားကစားတစ်ခုလည်းဖြစ်တယ်။ ရေကူးတာဟာ ခန္ဓာကိုယ်ကို အလျားလိုက်ထားပြီး လက်တွေကိုဆန့်ထုတ်ရတာဖြစ်လို့ ခန္ဓာကိုယ်ထဲကအကြောတွေ၊ ကျောရိုးမကြီးကို နဂိုအနေအထားထက် ပိုပြီးရှည်ထွက်လာစေတဲ့ နည်းတစ်ခုဆိုလည်းမမှားပါဘူး။ ရေကူးတိုင်းအရပ်ရှည်တာလားဆိုတော့လည်းမဟုတ်ပါဘူး။ ရေထဲမှာပဲ အားနေထိုင်စိမ်နေတာမျိုးနဲ့တော့ အရပ်ရှည်ချင်လို့ဘယ်ရမလဲ။ သေသေချာချာမှန်ကန်တဲ့နည်းစနစ်တွေ၊ သင်တန်းတွေမှာသင်ကြားရင်း ကိုယ့်ရဲ့အားလပ်ချိန်တွေကို အပန်းဖြေလို့ရသလို၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ကစားနည်းလေးတစ်ခုဖြစ်ပါတယ်။

ကဲ .. နဂိုထက် ပိုပြီးအရပ်ရှည်၊ ပိုလှပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ သူတွေဖြစ်နိုင်ကြပါစေ။

Credit : we