Zawgyi ျဖင့္ဖတ္ရန္

အခုေခတ္မွာ အသားျဖဴ ခ်င္တဲ့သူေတြက ေတာ္ေတာ္မ်ားပါတယ္။ အသားျဖဴ ခ်င္လို႔ဆိုၿပီး အသားျဖဴေဆးေသာက္တာေတြ၊ အသားျဖဴေဆးထိုးတာေတြက ျဖစ္ႏိုင္ရင္ မလုပ္တာအေကာင္းဆုံးပါပဲ…။ သဘာဝ အတိုင္းလွတာကသာ အေကာင္းဆုံးပါ။ သင္ အသားျဖဴ ခ်င္တယ္ဆိုရင္ေတာ့ ေဘးဥပါဒ္မျဖစ္ပဲ သဘာဝအတိုင္း အသားအေရ လွၿပီး အသားျဖဴလာေအာင္ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ စိတ္ရွည္ဖို႔နဲ႔ ဇြဲရွိဖို႔ေတာ့ လိုပါမယ္။ အခုေရတြင္းတူးၿပီး အခုေရၾကည္ေသာက္ခ်င္လို႔ေတာ့ ဘယ္ရမလဲေနာ္..။

ကဲ သဘာဝ အတိုင္းအသားျဖဴၿပီး အသားအေရပါလွလာေအာင္ ဘယ္အရာေတြကို ပုံမွန္လုပ္ေပးရမလဲဆိုရင္ေတာ့…..

ေရ မ်ားမ်ားေသာက္ေပးပါ။

 

– ေရ ကိုပုံမွန္ထက္ပိုၿပီး မ်ားမ်ားေသာက္ေပးမယ္ဆိုရင္ေတာ့ ၾကာလာရင္အသားအေရက အရမ္းကိုသိသာလာပါတယ္။ တစ္ေန႔ကို ေရသန႔္ဘူး ၁ လီတာဘူးနဲ႔ ၇ ဘူး၊ ၈ ဘူးေလာက္ ေသာက္ေပးမယ္ဆိုရင္ေတာ့ သိသိသာသာကို အသားအေရကၾကည္လင္လာပါလိမ့္မယ္။ အသားျဖဴတာထက္ အသားအေရၾကည္လင္ေနတာကမွ ပိုလွတာပါ။ ေရေသာက္နည္းတဲ့သူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က ေရဓာတ္ကိုလုံေလာက္စြာမရရွိတဲ့အတြက္ အသားအေရမြဲေျခာက္လာပါလိမ့္မယ္။ ဒါေၾကာင့္ အသားျဖဴခ်င္တယ္၊ အသားအေရလွခ်င္တယ္ဆိုရင္ေတာ့ ပထမဆုံးအေနနဲ႔ ေရကိုပဲမ်ားမ်ားေသာက္ေပးရပါမယ္။

ေနေလာင္ဒဏ္ကာကြယ္တဲ့ skincare products ေတြသုံးေပးပါ။

 

– ေနေလာင္ဒဏ္ကာကြယ္တဲ့ skincare products ေတြက သုံးကိုသုံးေပးသင့္ပါတယ္။ မ်က္ႏွာအတြက္ဆိုလည္း အျပင္သြားရင္ Sunscreen လိမ္းေပးပါ။ ခႏၶာကိုယ္ အတြက္ဆိုလည္း body lotion ထက္ ေနေလာင္ဒဏ္ကာကြယ္တဲ့ Sunscreen ကို လိမ္းေပးပါ။ ဒါကေတာ့ အသားအေရ ကို ပုံမွန္ထက္ပိုၿပီး မမဲသြားေအာင္၊ မပ်က္စီးသြားေအာင္ ႀကိဳတင္ကာကြယ္ထားတဲ့ သေဘာပါ။

Skincare ပုံမွန္လုပ္ေပးပါ။

 

– ျမန္ျမန္အသားျဖဴခ်င္ရင္ေတာ့ တစ္လတစ္ခါေလာက္ တစ္ကိုယ္လုံးေပါင္းတင္ၿပီး ေခ်းခြၽတ္ပါ။ ဒီလိုပိုက္ဆံအကုန္မခံခ်င္တဲ့သူေတြကေတာ့ အိမ္မွာပဲ တစ္ကိုယ္လုံးကို body scrub လုပ္ေပးပါ။ သူက ခႏၶာကိုယ္မွာရွိတဲ့ အညစ္အေၾကးေတြနဲ႔ ေခ်းေတြကိုသန႔္စင္သြားေအာင္လုပ္ေပးလို႔ အသားအေရကိုၾကည္လာေစပါတယ္။ ေနာက္ၿပီး အသားအေရကိုလည္း ေခ်ာမြတ္လာေစပါတယ္။ မ်က္ႏွာအတြက္ဆိုလည္း facial scrub ေလးလုပ္ေပးဖို႔လိုပါမယ္။ ဒီလို scrub လုပ္ေပးမယ္ဆိုရင္ေတာ့ တစ္ပတ္ကို တစ္ခါလုပ္ေပးရမွာပါ။

 

– ေနာက္တစ္ခုက ကိုယ့္အသားအေရကို အထူးဂ႐ုစိုက္ပါ။ သူမ်ားေကာင္းတယ္ေျပာတိုင္း လိုက္မသုံးပဲ ကိုယ့္အသားအေရနဲ႔အဆင္ေျပတာမ်ိဳးကိုပဲ ေ႐ြးခ်ယ္ၿပီး စြဲသုံးသင့္ပါတယ္။ အသားအေရကိုတကယ္ေကာင္းလာေစမယ့္ products ေကာင္းေကာင္းေလးေတြကို ဝယ္သုံးေစခ်င္ပါတယ္။ ဒီလို skincare products ေကာင္းေကာင္းေလးေတြသုံးေပးမယ္ဆိုရင္ေတာ့ သင့္အသားအေရက သိသိသာသာကိုေျပာင္းလဲလာေစမွာပါ။

– မ်က္ႏွာအတြက္ဆိုလည္း ကိုယ့္အသားအေရကို ေကာင္းမြန္လာေစမယ့္ products ေလးေတြကို စြဲသုံးပါ။ sheets mask ေလးေတြ ပုံမွန္ကပ္ေပးပါ။ sheet mask ကပ္ေပးျခင္းက မ်က္ႏွာအသားအေရကို အရမ္းေကာင္းမြန္ေစတဲ့အတြက္ အနည္းဆုံး တစ္ပတ္တစ္ခါေတာ့ ပုံမွန္ကပ္ေပးပါ။

ေလ့က်င့္ခန္းပုံမွန္လုပ္ေပးပါ။

 

Gym ကစားေပးျခင္းက ေခြၽးထြက္မ်ားတဲ့အတြက္ အသားအေရကိုၾကည္လင္လာေစပါတယ္။ Gym မကစားခ်င္တဲ့သူေတြဆိုရင္ေတာ့ ေခြၽးထြက္မ်ားတဲ့ေလ့က်င့္ခန္းေတြ အိမ္မွာလုပ္ေပးပါ။ အပင္ပန္းမခံခ်င္တဲ့သူေတြကေတာ့ spa သြားၿပီး ေခြၽးထုပ္တာ၊ အဆိပ္ထုပ္တာေတြလုပ္လို႔ ရပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ ဝမ္းမွန္ဖို႔လိုပါတယ္။ ဝမ္းမမွန္တဲ့သူတစ္ေယာက္ရဲ႕ အသားအေရက မြဲေျခာက္ေနတတ္ပါတယ္။ ဒါေၾကာင့္ အသားအေရၾကည္လင္ၿပီး လွပလာခ်င္ရင္ ဝမ္းမွန္ဖို႔လည္း အထူးဂ႐ုစိုက္ေပးရပါမယ္။

 

ပရိသတ္ေတြအားလုံးပဲ ဒီအခ်က္ေလးေတြကို လုပ္ေပးသြားမယ္ဆိုရင္ေတာ့ ေဘးဥပဒ္လည္းမျဖစ္ပဲ အသားအေရက သိသိသာသာကို ၾကည္လင္ၿပီး လွပလာမွာပါ။

Credit : WE

 

Unicode ဖြင့်ဖတ်ရန်

ဘေးဥပါဒ်မဖြစ်ပဲအသားဖြူလာစေဖို့ ပုံမှန်ပြုလုပ်ပေးသင့်တဲ့အရာ ၅ ခု

အခုခေတ်မှာ အသားဖြူချင်တဲ့သူတွေက တော်တော်များပါတယ်။ အသားဖြူချင်လို့ဆိုပြီး အသားဖြူဆေးသောက်တာတွေ၊ အသားဖြူဆေးထိုးတာတွေက ဖြစ်နိုင်ရင် မလုပ်တာအကောင်းဆုံးပါပဲ…။ သဘာဝအတိုင်းလှတာကသာ အကောင်းဆုံးပါ။ သင်အသားဖြူချင်တယ်ဆိုရင်တော့ ဘေးဥပါဒ်မဖြစ်ပဲ သဘာဝအတိုင်း အသားအရေလှပြီး အသားဖြူလာအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ရှည်ဖို့နဲ့ ဇွဲရှိဖို့တော့ လိုပါမယ်။ အခုရေတွင်းတူးပြီး အခုရေကြည်သောက်ချင်လို့တော့ ဘယ်ရမလဲနော်..။

ကဲ သဘာဝအတိုင်းအသားဖြူပြီး အသားအရေပါလှလာအောင် ဘယ်အရာတွေကို ပုံမှန်လုပ်ပေးရမလဲဆိုရင်တော့…..

ရေများများသောက်ပေးပါ။

 

 

 

 

– ရေကိုပုံမှန်ထက်ပိုပြီး များများသောက်ပေးမယ်ဆိုရင်တော့ ကြာလာရင်အသားအရေက အရမ်းကိုသိသာလာပါတယ်။ တစ်နေ့ကို ရေသန့်ဘူး ၁ လီတာဘူးနဲ့ ၇ ဘူး၊ ၈ ဘူးလောက် သောက်ပေးမယ်ဆိုရင်တော့ သိသိသာသာကို အသားအရေကကြည်လင်လာပါလိမ့်မယ်။ အသားဖြူတာထက် အသားအရေကြည်လင်နေတာကမှ ပိုလှတာပါ။ ရေသောက်နည်းတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ကိုလုံလောက်စွာမရရှိတဲ့အတွက် အသားအရေမွဲခြောက်လာပါလိမ့်မယ်။ ဒါကြောင့် အသားဖြူချင်တယ်၊ အသားအရေလှချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ရေကိုပဲများများသောက်ပေးရပါမယ်။

နေလောင်ဒဏ်ကာကွယ်တဲ့ skincare products တွေသုံးပေးပါ။

 

– နေလောင်ဒဏ်ကာကွယ်တဲ့ skincare products တွေက သုံးကိုသုံးပေးသင့်ပါတယ်။ မျက်နှာအတွက်ဆိုလည်း အပြင်သွားရင် Sunscreen လိမ်းပေးပါ။ ခန္ဓာကိုယ်အတွက်ဆိုလည်း body lotion ထက် နေလောင်ဒဏ်ကာကွယ်တဲ့ Sunscreen ကို လိမ်းပေးပါ။ ဒါကတော့ အသားအရေကို ပုံမှန်ထက်ပိုပြီး မမဲသွားအောင်၊ မပျက်စီးသွားအောင် ကြိုတင်ကာကွယ်ထားတဲ့ သဘောပါ။

Skincare ပုံမှန်လုပ်ပေးပါ။

 

– မြန်မြန်အသားဖြူချင်ရင်တော့ တစ်လတစ်ခါလောက် တစ်ကိုယ်လုံးပေါင်းတင်ပြီး ချေးချွတ်ပါ။ ဒီလိုပိုက်ဆံအကုန်မခံချင်တဲ့သူတွေကတော့ အိမ်မှာပဲ တစ်ကိုယ်လုံးကို body scrub လုပ်ပေးပါ။ သူက ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေနဲ့ ချေးတွေကိုသန့်စင်သွားအောင်လုပ်ပေးလို့ အသားအရေကိုကြည်လာစေပါတယ်။ နောက်ပြီး အသားအရေကိုလည်း ချောမွတ်လာစေပါတယ်။ မျက်နှာအတွက်ဆိုလည်း facial scrub လေးလုပ်ပေးဖို့လိုပါမယ်။ ဒီလို scrub လုပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ခါလုပ်ပေးရမှာပါ။

 

– နောက်တစ်ခုက ကိုယ့်အသားအရေကို အထူးဂရုစိုက်ပါ။ သူများကောင်းတယ်ပြောတိုင်း လိုက်မသုံးပဲ ကိုယ့်အသားအရေနဲ့အဆင်ပြေတာမျိုးကိုပဲ ရွေးချယ်ပြီး စွဲသုံးသင့်ပါတယ်။ အသားအရေကိုတကယ်ကောင်းလာစေမယ့် products ကောင်းကောင်းလေးတွေကို ဝယ်သုံးစေချင်ပါတယ်။ ဒီလို skincare products ကောင်းကောင်းလေးတွေသုံးပေးမယ်ဆိုရင်တော့ သင့်အသားအရေက သိသိသာသာကိုပြောင်းလဲလာစေမှာပါ။

– မျက်နှာအတွက်ဆိုလည်း ကိုယ့်အသားအရေကို ကောင်းမွန်လာစေမယ့် products လေးတွေကို စွဲသုံးပါ။ sheets mask လေးတွေ ပုံမှန်ကပ်ပေးပါ။ sheet mask ကပ်ပေးခြင်းက မျက်နှာအသားအရေကို အရမ်းကောင်းမွန်စေတဲ့အတွက် အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပုံမှန်ကပ်ပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

 

Gym ကစားပေးခြင်းက ချွေးထွက်များတဲ့အတွက် အသားအရေကိုကြည်လင်လာစေပါတယ်။ Gym မကစားချင်တဲ့သူတွေဆိုရင်တော့ ချွေးထွက်များတဲ့လေ့ကျင့်ခန်းတွေ အိမ်မှာလုပ်ပေးပါ။ အပင်ပန်းမခံချင်တဲ့သူတွေကတော့ spa သွားပြီး ချွေးထုပ်တာ၊ အဆိပ်ထုပ်တာတွေလုပ်လို့ ရပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဝမ်းမှန်ဖို့လိုပါတယ်။ ဝမ်းမမှန်တဲ့သူတစ်ယောက်ရဲ့ အသားအရေက မွဲခြောက်နေတတ်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး လှပလာချင်ရင် ဝမ်းမှန်ဖို့လည်း အထူးဂရုစိုက်ပေးရပါမယ်။

 

ပရိသတ်တွေအားလုံးပဲ ဒီအချက်လေးတွေကို လုပ်ပေးသွားမယ်ဆိုရင်တော့ ဘေးဥပဒ်လည်းမဖြစ်ပဲ အသားအရေက သိသိသာသာကို ကြည်လင်ပြီး လှပလာမှာပါ။

Credit : WE