Zawgyi ျဖင့္ဖတ္ရန္

ခ်င္း႐ြိဳင္ မွာပဲ ေနထိုင္ၿပီးကုသမႈ ခံယူကာ ေလ့က်င့္ခန္းမ်ား ဆက္လက္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ထိုင္းကလပ္ ခ်င္း႐ြိဳင္အသင္းမွာ ကစားေနတဲ့ ျမန္မာ့ လက္ေ႐ြးစင္ တိုက္စစ္မႉး ေက်ာ္ကိုကို ရဲ႕ ဒဏ္ရာမွာ အနည္းဆုံး ၆ လကေန ၈ လေလာက္ အထိ အနားယူဖို႔ လိုအပ္တယ္လို႔ အသင္းက တရားဝင္ ထုတ္ျပန္ခဲ့ပါၿပီ။

 

ေက်ာ္ကိုကိုအေနနဲ႔ ပတၱယားအသင္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ အဆိုပါ ဒူးဒဏ္ရာကို ရခဲ့တာ ျဖစ္ၿပီး ထိုင္းႏိုင္ငံမွာပင္ ေဆးကုသမႈ ခံယူ ေနပါတယ္။

 

“ကြၽန္ေတာ့္ ဒဏ္ရာက အနည္းဆုံး ၆ လေလာက္နားရမယ္လို႔ ဆိုထားေပမယ့္လည္း အျမန္ဆုံး ျပန္ေကာင္းလာဖို႔ ကြၽန္ေတာ္ ႀကိဳးစားေနပါ တယ္။ဆူဇူကီးအမီေတာ့ ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ပါတယ္။အဲ့အခ်ိန္ေလာက္ဆိုရင္ေတာ့ ကြၽန္ေတာ္ ေဘာလုံးနဲ႔ ျပန္ေလ့က်င့္ေနႏိုင္ပါၿပီ။ ဒါေၾကာင့္ ဆူဇူကီးမွာ ပါဝင္ႏိုင္ဖို႔ အခြင့္အေရး ရွိေနပါေသးတယ္။” လို႔ ေက်ာ္ကိုကို ကိုေျပာပါတယ္။

လက္ရွိမွာေတာ့ ခ်င္း႐ြိဳင္မွာပဲ ေနထိုင္ ေဆးကုသမႈ ခံယူေနၿပီး ေလ့က်င့္ခန္းမ်ားကိုလည္း ခ်င္း႐ြိဳင္မွာပင္ ဆက္လက္ ျပဳလုပ္သြားမယ္လို႔လည္း သိရပါတယ္။

ေက်ာ္ကိုကိုမွာ ယခုႏွစ္ေဘာလုံးရာသီအစက ျမန္မာေနရွင္နယ္လိဂ္ ကလပ္ ရန္ကုန္ယူႏိုကတက္အသင္းမွ ထိုင္းလိဂ္(၁) ကလပ္ ခ်င္း႐ြိဳင္အ သင္းကို တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားေနတာလည္း ျဖစ္ပါတယ္။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

၆ လလောက်နားရမယ်လို့ ထုတ်ပြန်ထားပေမယ့် ဆူဇူကီးအမီ ပြန်ကောင်းလာရေး ကြိုးပမ်းမယ့် ကျော်ကိုကို

ချင်းရွိုင်မှာပဲ နေထိုင်ပြီးကုသမှု ခံယူကာ လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ထိုင်းကလပ် ချင်းရွိုင်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ဒဏ်ရာမှာ အနည်းဆုံး ၆ လကနေ ၈ လလောက် အထိ အနားယူဖို့ လိုအပ်တယ်လို့ အသင်းက တရားဝင် ထုတ်ပြန်ခဲ့ပါပြီ။

 

ကျော်ကိုကိုအနေနဲ့ ပတ္တယားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အဆိုပါ ဒူးဒဏ်ရာကို ရခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာပင် ဆေးကုသမှု ခံယူ နေပါတယ်။

 

“ကျွန်တော့် ဒဏ်ရာက အနည်းဆုံး ၆ လလောက်နားရမယ်လို့ ဆိုထားပေမယ့်လည်း အမြန်ဆုံး ပြန်ကောင်းလာဖို့ ကျွန်တော် ကြိုးစားနေပါ တယ်။ဆူဇူကီးအမီတော့ ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။အဲ့အချိန်လောက်ဆိုရင်တော့ ကျွန်တော် ဘောလုံးနဲ့ ပြန်လေ့ကျင့်နေနိုင်ပါပြီ။ ဒါကြောင့် ဆူဇူကီးမှာ ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။” လို့ ကျော်ကိုကို ကိုပြောပါတယ်။

လက်ရှိမှာတော့ ချင်းရွိုင်မှာပဲ နေထိုင် ဆေးကုသမှု ခံယူနေပြီး လေ့ကျင့်ခန်းများကိုလည်း ချင်းရွိုင်မှာပင် ဆက်လက် ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ကျော်ကိုကိုမှာ ယခုနှစ်ဘောလုံးရာသီအစက မြန်မာနေရှင်နယ်လိဂ် ကလပ် ရန်ကုန်ယူနိုကတက်အသင်းမှ ထိုင်းလိဂ်(၁) ကလပ် ချင်းရွိုင်အ သင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတာလည်း ဖြစ်ပါတယ်။

Credit : Duwun