Zawgyi ျဖင့္ဖတ္ရန္

 

“ယခုႏွစ္သႀကၤန္ တနလၤာ သားသမီးမ်ား အတာစားမည္”

 

လူႀကီးပိုင္းေတြကေတာ့ ဒီ ရိုးရာ ဓေလ့ေတြကို သိၾကေပမယ့္ ကၽြန္ေတာ္ တို႔ လူငယ္ေတြၾကားမွာေတာ့ ၾကားဖူးနားဝ သာရွိၾကေတာ့တာေၾကာင့္ ဗဟုသုတ အေနနဲ႔ မၽွေဝေပးလိုက္ရပါတယ္ ။

အတာစားတယ္ ဆိုတာ ဘာလဲ ?

ကၽြန္ေတာ္ တို႔ ရိုးရာ သႀကၤန္ နဲ႔ တြဲဖက္ေပၚေပါက္လာတဲ့ အယူအဆ တစ္ခုကေတာ့ အတာစားျခင္း ျဖစ္ပါတယ္ ။

အတာစားတယ္ ဆိုတာ ေလာကီ အရ “ဒဏ္သင့္တယ္ ” လို႔ အဓိပၸါယ္ရပါတယ္ ။ ပါဋိ ဘာသာ အရေတာ့ အႏၲ/ အဆုံး လို႔ သေဘာရွိၿပီး ႏွစ္ တစ္ႏွစ္ ရဲ႕ ေနာက္ဆုံး ရက္ကို ဆိုလိုပါတယ္ ။

 

တစ္နည္းအားျဖင့္ ဆိုရရင္ သႀကၤန္ အတတ္ေန႔ ဟာ အတာစား တဲ့ ေန႔ျဖစ္ၿပီး ထိုေန႔မွာ ေမြးနံ တိုက္တဲ့ သားသမီးေတြဟာ အတာသင့္ သူမ်ား ျဖစ္ၾကပါတယ္ ။

ဥပမာ – အတတ္ေန႔ဟာ ၾကာသပေတး ေန႔ ၾကမယ္ဆို ၾကာသပေတး သားသမီးမ်ားအားလုံး အဲ့ႏွစ္ အတာစားပါတယ္ ။

ယခုႏွစ္ သႀကၤန္ အတာစားေသာ ေန႔နံ

အားလုံးသိၾက ၿပီးတဲ့ အတိုင္း သႀကၤန္ အတတ္ေန႔ / ၁၆ ရက္ေန႔ဟာ တနလၤာ ေန႔ က်ေရာက္တဲ့အတြက္ ယခုႏွစ္ ၂၀၁၈ / ျမန္မာသကၠရစ္ ၁၃၇၉ ခုႏွစ္ မွာေတာ့ တနလၤာ သားသမီးမ်ား အတာစားမွာ ျဖစ္ပါတယ္ ။

အတာစားရင္ ဘာလုပ္သင့္သလဲ ?

အတာစား တဲ့ ေန႔နံ မ်ားဟာ အတာတတ္မယ့္ အတတ္ေန႔ အခ်ိန္မွာ ေကာင္းမြန္သန္႔ရွင္းစြာ ဝတ္ဆင္ၿပီး အေရွ႕ေတာင္ အရပ္ကို မ်က္ႏွာမူကာ လွဴ ဒါန္းမႈ အမ်ဳိးမ်ဳိး ျပဳလုပ္ရပါတယ္ ။

ဥပမာ – စတုဒီသာ ေကၽြးတာ ၊ လႉဒါန္း ပူေဇာ္ ထိုက္သူမ်ားကို လႉဖြယ္ပစၥည္း ဆက္ကပ္ တာ ၊ သံဃာေတာ္ေတြကို ဆြမ္းေလာင္းတာ အစရွိတာေတြဟာ အတာစားတဲ့ ေန႔နံ အဖို႔ အတတ္ေန႔မွာ ကုသုိလ္ယူသင့္ တဲ့ အရာေတြျဖစ္ၾကပါတယ္ ။

credit-လူငယ်မီဒီယာ

Unicode ဖြင့်ဖတ်ရန်

“ယခုနှစ်သင်္ကြန် တနင်္လာ သားသမီးများ အတာစားမည်”

 

လူကြီးပိုင်းတွေကတော့ ဒီရိုးရာ ဓလေ့တွေကို သိကြပေမယ့် ကျွန်တော် တို့ လူငယ်တွေကြားမှာတော့ ကြားဖူးနားဝ သာရှိကြတော့တာကြောင့် ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ် ။

အတာစားတယ် ဆိုတာ ဘာလဲ ?

ကျွန်တော် တို့ ရိုးရာ သင်္ကြန် နဲ့ တွဲဖက်ပေါ်ပေါက်လာတဲ့ အယူအဆ တစ်ခုကတော့ အတာစားခြင်း ဖြစ်ပါတယ် ။

အတာစားတယ် ဆိုတာ လောကီ အရ “ဒဏ်သင့်တယ် ” လို့ အဓိပ္ပါယ်ရပါတယ် ။ ပါဋိ ဘာသာ အရတော့ အန္တ/ အဆုံး လို့ သဘောရှိပြီး နှစ် တစ်နှစ် ရဲ့ နောက်ဆုံး ရက်ကို ဆိုလိုပါတယ် ။

တစ်နည်းအားဖြင့် ဆိုရရင် သင်္ကြန် အတတ်နေ့ ဟာ အတာစား တဲ့ နေ့ဖြစ်ပြီး ထိုနေ့မှာ မွေးနံ တိုက်တဲ့ သားသမီးတွေဟာ အတာသင့် သူများ ဖြစ်ကြပါတယ် ။

ဥပမာ – အတတ်နေ့ဟာ ကြာသပတေး နေ့ ကြမယ်ဆို ကြာသပတေး သားသမီးများအားလုံး အဲ့နှစ် အတာစားပါတယ် ။

ယခုနှစ် သင်္ကြန် အတာစားသော နေ့နံ

အားလုံးသိကြ ပြီးတဲ့ အတိုင်း သင်္ကြန် အတတ်နေ့ / ၁၆ ရက်နေ့ဟာ တနင်္လာ နေ့ ကျရောက်တဲ့အတွက် ယခုနှစ် ၂၀၁၈ / မြန်မာသက္ကရစ် ၁၃၇၉ ခုနှစ် မှာတော့ တနင်္လာ သားသမီးများ အတာစားမှာ ဖြစ်ပါတယ် ။

အတာစားရင် ဘာလုပ်သင့်သလဲ ?

အတာစား တဲ့ နေ့နံ များဟာ အတာတတ်မယ့် အတတ်နေ့ အချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ဝတ်ဆင်ပြီး အရှေ့တောင် အရပ်ကို မျက်နှာမူကာ လှူ ဒါန်းမှု အမျိုးမျိုး ပြုလုပ်ရပါတယ် ။

ဥပမာ – စတုဒီသာ ကျွေးတာ ၊ လှူဒါန်း ပူဇော် ထိုက်သူများကို လှူဖွယ်ပစ္စည်း ဆက်ကပ် တာ ၊ သံဃာတော်တွေကို ဆွမ်းလောင်းတာ အစရှိတာတွေဟာ အတာစားတဲ့ နေ့နံ အဖို့ အတတ်နေ့မှာ ကုသိုလ်ယူသင့် တဲ့ အရာတွေဖြစ်ကြပါတယ် ။

 

credit-လူငယ်မီဒီယာ