Zawgyi ဖြင့်ဖတ်ရန်
အသက်မပြည့်သေးတဲ့ ကောင်လေး တွေကို ဒီလိုလုပ်တာတော့ သိပ်အရုပ်ဆိုး အကျည်းတန်တဲ့လုပ်ရပ်တစ်ခုပါ…ထိုင်လန်တွင် အသက်၁၅နှစ်အောက်သာရှိသေးတဲ့ ကောင်လေး ကို အဓမ္မာပြုကျင့် ခဲ့တဲ့ ဒတ်ခ်ျလူမျိုး ဆရာ တစ်ယောက် ထောင်ဒဏ် ၂၂နှစ်ချမှတ်ခံခဲ့ရပါတယ်။
Credit : Buzzy
Unicode ဖြင့်ဖတ်ရန်
အသက်မပြည့်သေးတဲ့ ကလေးကိုအဓမ္မာပြုကျင့်မှုကြောင့် ထောင်ဒဏ် (၂၂)နှစ်ချခံရတဲ့ ဆရာ
အသက်မပြည့်သေးတဲ့ ကောင်လေးတွေကို ဒီလိုလုပ်တာတော့ သိပ်အရုပ်ဆိုး အကျည်းတန်တဲ့လုပ်ရပ်တစ်ခုပါ…
ထိုင်လန်တွင် အသက်၁၅နှစ်အောက်သာရှိသေးတဲ့ ကောင်လေးကို အဓမ္မာပြုကျင့်ခဲ့တဲ့ ဒတ်ချ်လူမျိုး ဆရာတစ်ယောက် ထောင်ဒဏ် ၂၂နှစ်ချမှတ်ခံခဲ့ရပါတယ်။
အသက် ၅၁နှစ် Reinold Klunder ဟာ Music ဆရာဖြစ်ပြီး သူလုပ်ခဲ့တဲ့အပြစ်ဒဏ်အတွက်ဝန်ခံခဲ့ပါတယ်။ Klunder ဟာ ဘန်ကောက်တောင်ပိုင်း Hua Hin မှာနေထိုင်ပါတယ်။ ကောင်လေးနှစ်ယောက်ကို သူ့ရဲ့ရေကူးကန်မှာ လာရောက်ရေကူးခွင့်ရှိပြီး မုန့်တွေလည်းစားနိုင်ကြောင်း ကလေးတွေကိုမြူဆွယ်ပါတယ်။
အသက် (၁ဝ)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်မှာရှိနေတာကို ဖမ်းမိခဲ့ပါတယ်။ အိပ်ရာခင်းတွေမှာလည်း သုတ်ရည်တွေပေကျံနေတာကိုတွေ့ရှိခဲ့ပါတယ်။ Thai PBS သတင်းအရ ကွန်ပျုတာ ရှစ်လုံး၊ memory cards ၊ CD-ROMs တွေနဲ့ Sex toys တွေကိုလည်း တွေ့ရှိသိမ်းဆည်းထားကြောင်းသိရပါတယ်။
Klunder ဟာ ကလေးနဲ့ လိင်ဆက်ဆံနေစဉ် တစ်လျှောက်လုံးကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တယ်။ ထိုင်းနိုင်ငံရှိ နယ်သာလန်အဖွဲ့အစည်းမှ Klunderနဲ့ပတ်သတ်ပြီး သတင်းကြားတော့အံံ့သြတုန်လှုပ်ခြင်းမရှိခဲ့ပါဘူး။ သူဟာ လိင်ပိုင်းဆိုင်ပြစ်မှုတွေရှိခဲ့ဖူးကြောင်း အရင်ကလည်းကောလဟလတွေထွက်ခဲ့ဖူးတယ်လို့သိရပါတယ်။ အသက်မပြည့်သေးတဲ့ ကောင်လေးတွေကို ဒီလိုလုပ်တာတော့ သိပ်အရုပ်ဆိုး အကျည်းတန်တဲ့လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။
စုံစမ်းစစ်ဆေးနေစဉ်အတွင်း သူ့အိမ်နီးချင်းများမှလည်း ကောင်လေးတွေ သူ့အိမ်ကိုအဝင်ထွက်လုပ်နေကြောင်း ပြောပြခဲ့ပါတယ်။ သူ့အပြစ်သူဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ်(၂၂)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
Credit : Buzzy