Zawgyi ဖြင့်ဖတ်ရန်

 

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ၏စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ်ဂ်ျ သည် ၎င်းတို့အနေနှင့် ဖေ့စ်ဘွတ်ခ်တွင် မှတ်ပုံတင်ထားခြင်းမရှိသူများ၏အချက်အလက်များကိုပင် ခြေရာခံသိမ်းဆည်းရယူထားမိကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီဖြစ်ပြီး ယင်းအချက်မှာ ဖေ့စ်ဘွတ်ခ်၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို များစွာထိခိုက် ညှိုးနွမ်းသွားစေခဲ့ပြီဖြစ်ကြောင်း CNN က ဖော်ပြထားသည်။

 

ဇူကာဘတ်ဂ်ျ သည် လွန်ခဲ့သည့် ဧပြီလ ၁၁ ရက်နေ့၌ ကွန်ဂရက်လွှတ်တော်တွင် ဥပဒေရေးရာပညာရှင် ၁၀၀ ၏နာရီပေါင်း ၁၀ နာရီနီးပါး စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး ယင်းစစ်ဆေးမေးမြန်းမှုတွင် ဇူကာဘတ်ဂ်ျက ဖေ့စ်ဘွတ်ခ်အနေနှင့် ကြီးစွာသောအမှားများကို ကျူးလွန်ခဲ့မိကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွင် ပျက်ကွက်မှုများရှိခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်။

 

ဒီမိုကရက် ပါတီ လွှတ်တော် အမတ် ဖရန့်ခ်ပယ်လ်လွန်းသည် ဇူကာဘတ်ဂ်ျမှာ ၎င်းတို့မေးမြန်းသည့် မေးခွန်းများအတွက် တိကျသောအဖြေများကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့ကြောင်း စိတ်ပျက်လက်ပျက် ပြောကြားသွားခဲ့ကာ ဇူကာဘတ်ဂ်ျကမူ ၎င်းအား မေးမြန်းခဲ့သည့် ဥပဒေပညာရှင်အားလုံးကို ဖေ့စ်ဘွတ်၏လုံခြုံရေးပိုင်းဆိုင်ရာကို လက်ရှိအချိန်ကစ၍ တိုးမြှင့်ဆောင်ရွက်နေကြောင်း ကတိအထပ်ထပ်ပြုသွားခဲ့သည်။

 

ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်ဖြစ်သော ဒေးဗစ်မက်ကင်လေးသည် ဇူကာဘတ်ဂ်ျကို ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေသည်ကို မည်သည့်အတွက် ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေကြောင်း မေးခွန်းထုတ်ခဲ့ကာ ဇူကာဘတ်ဂ်ျမှာ လွန်လေခဲ့သောနှစ်များအတွင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာထက်၌ ဖြစ်ပျက်ခဲ့သည်များအတွက် တောင်းပန်စကားဆိုရုံကလွဲ၍ အခြားမည်သည့်ဖြေရှင်းချက်ကိုမျှ ပေးစွမ်းနိုင်စွမ်း မရှိခဲ့ကြောင်း ကွန်ဂရက်လွှတ်တော်အမတ်များက ထောက်ပြဝေဖန်သွားခဲ့ကြသည်။

 


Credit : the voice

Unicode ဖြင့်ဖတ်ရန်

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အသုံးမပြုသူများ၏အချက်အလက်များကိုပင် ခြေရာခံသိမ်းဆည်းထားမိကြောင်း ဇူကာဘတ်ဂျ် ဝန်ခံ

 

 

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၏စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ်ဂျ်သည် ၎င်းတို့အနေနှင့် ဖေ့စ်ဘွတ်ခ်တွင် မှတ်ပုံတင်ထားခြင်းမရှိသူများ၏အချက်အလက်များကိုပင် ခြေရာခံသိမ်းဆည်းရယူထားမိကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီဖြစ်ပြီး ယင်းအချက်မှာ ဖေ့စ်ဘွတ်ခ်၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို များစွာထိခိုက် ညှိုးနွမ်းသွားစေခဲ့ပြီဖြစ်ကြောင်း CNN က ဖော်ပြထားသည်။

 

ဇူကာဘတ်ဂျ်သည် လွန်ခဲ့သည့် ဧပြီလ ၁၁ ရက်နေ့၌ ကွန်ဂရက်လွှတ်တော်တွင် ဥပဒေရေးရာပညာရှင် ၁၀၀ ၏နာရီပေါင်း ၁၀ နာရီနီးပါး စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး ယင်းစစ်ဆေးမေးမြန်းမှုတွင် ဇူကာဘတ်ဂျ်က ဖေ့စ်ဘွတ်ခ်အနေနှင့် ကြီးစွာသောအမှားများကို ကျူးလွန်ခဲ့မိကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွင် ပျက်ကွက်မှုများရှိခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်။

 

ဒီမိုကရက်ပါတီလွှတ်တော်အမတ် ဖရန့်ခ်ပယ်လ်လွန်းသည် ဇူကာဘတ်ဂျ်မှာ ၎င်းတို့မေးမြန်းသည့် မေးခွန်းများအတွက် တိကျသောအဖြေများကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့ကြောင်း စိတ်ပျက်လက်ပျက် ပြောကြားသွားခဲ့ကာ ဇူကာဘတ်ဂျ်ကမူ ၎င်းအား မေးမြန်းခဲ့သည့် ဥပဒေပညာရှင်အားလုံးကို ဖေ့စ်ဘွတ်၏လုံခြုံရေးပိုင်းဆိုင်ရာကို လက်ရှိအချိန်ကစ၍ တိုးမြှင့်ဆောင်ရွက်နေကြောင်း ကတိအထပ်ထပ်ပြုသွားခဲ့သည်။

 

ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်ဖြစ်သော ဒေးဗစ်မက်ကင်လေးသည် ဇူကာဘတ်ဂျ်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေသည်ကို မည်သည့်အတွက် ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေကြောင်း မေးခွန်းထုတ်ခဲ့ကာ ဇူကာဘတ်ဂျ်မှာ လွန်လေခဲ့သောနှစ်များအတွင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာထက်၌ ဖြစ်ပျက်ခဲ့သည်များအတွက် တောင်းပန်စကားဆိုရုံကလွဲ၍ အခြားမည်သည့်ဖြေရှင်းချက်ကိုမျှ ပေးစွမ်းနိုင်စွမ်း မရှိခဲ့ကြောင်း ကွန်ဂရက်လွှတ်တော်အမတ်များက ထောက်ပြဝေဖန်သွားခဲ့ကြသည်။

 

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၏ရှယ်ယာတန်ကြေးများသည် ဆက်တိုက်ပင်လျှင် ထိုးကျလျက်ရှိပြီး လွန်ခဲ့သည့် အင်္ဂါနေ့၌ ၄ ဒသမ ၅ ရာခိုင်နှုန်း တန်ကြေးလျော့ကျခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာများမှာ ဗုဒ္ဓဟူးနေ့၌ တန်ကြေးပမာဏ ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံလျော့ကျသွားခဲ့ပြီဖြစ်သည်။

Credit : the voice