Zawgyi ျဖင့္ဖတ္ရန္

ကြာရွင္းၿပီးၿပီ ျဖစ္ၾကတဲ့ မင္းသား ဘရက္ပစ္နဲ႔ မင္းသမီး အင္ဂ်လီနာဂ်ိဳလီ

ေဟာလိဝုဒ္မင္းသမီး Angelina Jolie (အန္ဂ်လီနာဂ်ိဳလီ) ဟာ ခင္ပြန္းေဟာင္း Brad Pitt (ဘရတ္ပစ္) နဲ႔ လမ္းခြဲခဲ့ ၿပီးတဲ့ေနာက္ ခင္ပြန္းေဟာင္းျဖစ္သူရဲ႕လႈပ္ရွားလုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္လို႔ စိတ္လႈပ္ရွား ခဲ့တာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ မင္းသား Pitt ဟာ MIT ပါေမာကၡ Neri Oxman နဲ႔ တြဲခုတ္ေနတယ္ဆိုတဲ့ ေကာလာဟလသတင္းေတြ ထြက္ေပၚလာခ်ိန္မွာေတာ့ “Maleficent” မင္းသမီး ဂ်ိဳလီဟာ စိတ္ခံစားခ်က္မ်ားနဲ႔ မနာလိုမႈမ်ားကို ခံစားေနရတယ္လို႔ ဆိုၾကပါတယ္။ သတင္းရင္းျမစ္တခုက “ သူ႔ခင္ပြန္းေဟာင္းနဲ႔ ပတ္သက္တဲ့ ဘယ္အခ်စ္ေရး ေကာလာဟလသတင္း ေတြမွ မၾကားခ်င္ပါဘူး၊ သူ စိတ္မထိန္းႏိုင္ပါဘူး” လို႔ HollywoodLife.com ကို ေျပာဆိုခဲ့ပါတယ္။

အဲဒီသတင္းရင္းျမစ္ကပဲ “ဂ်ိဳလီဟာ Neri ရဲ႕ ဓါတ္ပုံ ေတြကို ျမင္ေတြ႕ခဲ့ၿပီးေတာ့ နည္းနည္း မနာလိုျဖစ္ခဲ့ပါတယ္၊ ဒါဟာ ဂ်ိဳလီရဲ႕ သမာသမတ္ျဖစ္မႈကို Neri ရဲ႕ ထူးျခားေျပာင္ေျမာက္တဲ့ လိမ္မာပါးနပ္မႈက ယိုင္နဲ႔ေစခဲ့တာပဲ ျဖစ္ပါတယ္၊ ဂ်ိဳလီက အျခားေဟာလိဝုဒ္ မင္းသမီးတေယာက္နဲ႔ တြဲေနတယ္ဆိုရင္ေတာင္ ပိုၿပီးေတာ့ စိတ္သက္ေသာင့္သက္သာ ခံစားရပါဦး မယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ Neri အေပၚ ဂ်ိဳလီရဲ႕ တုန႔္ျပန္မႈနဲ႔ ပတ္သက္လို႔ ဂ်ိဳလီဟာ ေတာ္ေတာ္ေလး စိတ္ရႈပ္ေနရၿပီလို႔ လူတခ်ိဳ႕ကေတာ့ ႏႈိင္းယွဥ္ေနၾကပါတယ္။

ဒါေပမယ့္ ဂ်ိဳလီဟာ ခင္ပြန္းေဟာင္းနဲ႔ သတင္းထြက္ေနတဲ့ ဗိသုကာပါေမာကၡတို႔ရဲ႕ သတင္းနဲ႔ ပတ္သက္လို႔ လြယ္လြယ္နဲ႔ ေတာ့ မယုံဘူးလို႔ ဆိုပါတယ္။ သတင္းရင္းျမစ္တခုက “ဂ်ိဳလီဟာ Pitt ရဲ႕ အခ်စ္သစ္အေၾကာင္းနဲ႔ ပတ္သက္လို႔ နည္းနည္း ေတာ့လက္သင့္မခံပါဘူး၊ Neri ဟာ Pitt ရဲ႕ အႀကိဳက္ပုံစံမဟုတ္ဘူးဆိုတာ သူသိပါတယ္၊ ၿပီးေတာ့ Pitt ရဲ႕ ဇနီးေဟာင္း အဖြဲ႕နဲ႔လည္း သဟဇာတျဖစ္မယ့္သူလည္း မဟုတ္ပါဘူး” လို႔ ေျပာၾကား ထားပါတယ္။ ဒါ့အျပင္ ဂ်ိဳလီနဲ႔ Pitt တိုရဲ႕ ကေလး ေျခာက္ေယာက္ကလည္း ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးရသတင္းေတြကို သူ႔ကို ျပန္ေျပာ ျပတယ္လို႔လည္း ဆိုပါတယ္။ အဲဒီ သတင္းရင္းျမစ္က “ Pitt နဲ႔အတူ ကေလးေတြက အခ်ိန္ေတြကို ျဖတ္သန္းၿပီးတဲ့ေနာက္ ဂ်ိဳလီဟာ သူတို႔အေဖ ဘာလုပ္ ေနတယ္၊ ဘာေတြ ျဖစ္ေနတယ္ဆိုတာကို ဂ်ိဳလီကေမးၿပီး ကေလးေတြက ျပန္ေျပာျပၾကပါတယ္” လို႔ဆိုပါတယ္။

ေလာေလာဆယ္ ဗိသုကာပညာရပ္ကို စိတ္ဝင္စားေနတဲ့ မင္းသား Pitt ဟာ MIT ဗိသုကာပေရာဂ်က္တခုကေန Neri နဲ႔ ရင္းႏွီးခဲ့ၾကၿပီး အဲဒီအခ်ိန္ကစလို႔ သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။ သတင္းရင္းျမစ္တခုက “Pitt နဲ႔ Neri တို႔ ဟာ နည္းနည္းသေဘာက်ခ်င္ေနၾကပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ဗိသုကာပညာ၊ ဒီဇိုင္းနဲ႔ အႏုပညာတို႔အတြက္ တူညီတဲ့ စြဲလမ္းမႈကို ေဝမွ်ခဲ့ၾကလို႔ျဖစ္ပါတယ္၊ ဒါဟာ ပေရာ္ဖက္ရွင္နယ္မိတ္ေဆြ ဆက္ဆံေရးလို႔ အေကာင္းဆုံး ေဖာ္ျပ ႏိုင္ပါတယ္။ ” လို႔ဆိုပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးဟာ အခ်စ္ေရးေတာ့ လက္ရွိမွာမျဖစ္ေသးေပမယ့္ အသက္ ၅၄ ႏွစ္အ႐ြယ္ မင္းသား Pitt ဟာ အေမရိကန္ႏြယ္ဖြား အစၥေရးႏိုင္ငံသူ ဗိသုကာပညာရွင္ Neri နဲ႔ အခ်ိန္ပိုမိုကုန္ဆုံးရတာ ပို စိတ္ဝင္စားတယ္လို႔ ဆိုပါတယ္။

Credit : Burma irrawaddy

Unicode ဖြင့်ဖတ်ရန်

ခင်ပွန်းဟောင်း Brad Pitt ရဲ့ အချစ်ရေး ကောလာဟလနဲ့ပတ်သက်လို့ မနာလိုသဝန်တိုဖြစ်နေတဲ့ မင်းသမီး Angelina Jolie

ကွာရှင်းပြီးပြီ ဖြစ်ကြတဲ့ မင်းသား ဘရက်ပစ်နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ

ဟောလိဝုဒ်မင်းသမီး Angelina Jolie (အန်ဂျလီနာဂျိုလီ) ဟာ ခင်ပွန်းဟောင်း Brad Pitt (ဘရတ်ပစ်) နဲ့ လမ်းခွဲခဲ့ ပြီးတဲ့နောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့လှုပ်ရှားလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား ခဲ့တာမျိုး မရှိပါဘူး။ ဒါပေမယ့် မင်းသား Pitt ဟာ MIT ပါမောက္ခ Neri Oxman နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ “Maleficent” မင်းသမီး ဂျိုလီဟာ စိတ်ခံစားချက်များနဲ့ မနာလိုမှုများကို ခံစားနေရတယ်လို့ ဆိုကြပါတယ်။ သတင်းရင်းမြစ်တခုက “ သူ့ခင်ပွန်းဟောင်းနဲ့ ပတ်သက်တဲ့ ဘယ်အချစ်ရေး ကောလာဟလသတင်း တွေမှ မကြားချင်ပါဘူး၊ သူ စိတ်မထိန်းနိုင်ပါဘူး” လို့ HollywoodLife.com ကို ပြောဆိုခဲ့ပါတယ်။

အဲဒီသတင်းရင်းမြစ်ကပဲ “ဂျိုလီဟာ Neri ရဲ့ ဓါတ်ပုံတွေကို မြင်တွေ့ခဲ့ပြီးတော့ နည်းနည်း မနာလိုဖြစ်ခဲ့ပါတယ်၊ ဒါဟာ ဂျိုလီရဲ့ သမာသမတ်ဖြစ်မှုကို Neri ရဲ့ ထူးခြားပြောင်မြောက်တဲ့ လိမ်မာပါးနပ်မှုက ယိုင်နဲ့စေခဲ့တာပဲ ဖြစ်ပါတယ်၊ ဂျိုလီက အခြားဟောလိဝုဒ် မင်းသမီးတယောက်နဲ့ တွဲနေတယ်ဆိုရင်တောင် ပိုပြီးတော့ စိတ်သက်သောင့်သက်သာ ခံစားရပါဦး မယ်” လို့ ပြောဆိုခဲ့ပါတယ်။ Neri အပေါ် ဂျိုလီရဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်လို့ ဂျိုလီဟာ တော်တော်လေး စိတ်ရှုပ်နေရပြီလို့ လူတချို့ကတော့ နှိုင်းယှဉ်နေကြပါတယ်။

ဒါပေမယ့် ဂျိုလီဟာ ခင်ပွန်းဟောင်းနဲ့ သတင်းထွက်နေတဲ့ ဗိသုကာပါမောက္ခတို့ရဲ့ သတင်းနဲ့ ပတ်သက်လို့ လွယ်လွယ်နဲ့ တော့ မယုံဘူးလို့ ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “ဂျိုလီဟာ Pitt ရဲ့ အချစ်သစ်အကြောင်းနဲ့ ပတ်သက်လို့ နည်းနည်း တော့လက်သင့်မခံပါဘူး၊ Neri ဟာ Pitt ရဲ့ အကြိုက်ပုံစံမဟုတ်ဘူးဆိုတာ သူသိပါတယ်၊ ပြီးတော့ Pitt ရဲ့ ဇနီးဟောင်း အဖွဲ့နဲ့လည်း သဟဇာတဖြစ်မယ့်သူလည်း မဟုတ်ပါဘူး” လို့ ပြောကြား ထားပါတယ်။ ဒါ့အပြင် ဂျိုလီနဲ့ Pitt တိုရဲ့ ကလေး ခြောက်ယောက်ကလည်း ဖခင်ဖြစ်သူရဲ့ နောက်ဆုံးရသတင်းတွေကို သူ့ကို ပြန်ပြော ပြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ သတင်းရင်းမြစ်က “ Pitt နဲ့အတူ ကလေးတွေက အချိန်တွေကို ဖြတ်သန်းပြီးတဲ့နောက် ဂျိုလီဟာ သူတို့အဖေ ဘာလုပ် နေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ဂျိုလီကမေးပြီး ကလေးတွေက ပြန်ပြောပြကြပါတယ်” လို့ဆိုပါတယ်။

လောလောဆယ် ဗိသုကာပညာရပ်ကို စိတ်ဝင်စားနေတဲ့ မင်းသား Pitt ဟာ MIT ဗိသုကာပရောဂျက်တခုကနေ Neri နဲ့ ရင်းနှီးခဲ့ကြပြီး အဲဒီအချိန်ကစလို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “Pitt နဲ့ Neri တို့ ဟာ နည်းနည်းသဘောကျချင်နေကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဗိသုကာပညာ၊ ဒီဇိုင်းနဲ့ အနုပညာတို့အတွက် တူညီတဲ့ စွဲလမ်းမှုကို ဝေမျှခဲ့ကြလို့ဖြစ်ပါတယ်၊ ဒါဟာ ပရော်ဖက်ရှင်နယ်မိတ်ဆွေ ဆက်ဆံရေးလို့ အကောင်းဆုံး ဖော်ပြ နိုင်ပါတယ်။ ” လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အချစ်ရေးတော့ လက်ရှိမှာမဖြစ်သေးပေမယ့် အသက် ၅၄ နှစ်အရွယ် မင်းသား Pitt ဟာ အမေရိကန်နွယ်ဖွား အစ္စရေးနိုင်ငံသူ ဗိသုကာပညာရှင် Neri နဲ့ အချိန်ပိုမိုကုန်ဆုံးရတာ ပို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

Credit : Burma irrawaddy