Zawgyi ဖြင့်ဖတ်ရန်
Credit : momolay
Unicode ဖြင့်ဖတ်ရန်
အွန်လိုင်းမှာ ပျံ့နေတဲ့ Salman Khan အမှု့အပေါ် ဝေဖန်ခဲ့တဲ့ Shahrukh Khan ရုပ်သံဖိုင်
Bollywood ရုပ်ရှင်လောကသားတွေက Salman Khan အမှု့ နဲ့ ပတ်သက်ပြီး တွစ်တာတခွင် သူတို့ခံစားချက်တွေကို ဖွင့်ဟနေကြပြီး Salman သူငယ်ချင်း Shahrukh Khan က ဘာပြောမလဲ ဆိုတာ အားလုံးက သိချင်စိတ်ပြင်းပြနေကြပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ Shahrukh Khan ရဲ့ Salman Khan ကို ကာကွယ်ပြောဆိုပေးနေတဲ့ ရုပ်သံဖိုင်က တက်လာခဲ့ပါတယ်။ ဒီ ရုပ်သံဖိုင်မှာ Salman Khan ရင်ဆိုင်နေရတဲ့ အမှု့အပေါ် Shahrukh Khan က သူ့ ရင်တွင်းခံစားချက်တွေကို ပြောဆိုပေးနေတာ တွေ့ရပါတယ်။
” ကောင်းတဲ့ အမြင်နဲ့ ပြောမယ် ဆို ရုပ်ရှင်သရုပ်ဆောင် ဖြစ်ရတာ ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ အဲ့လို အခြားတစ်ဖက်မှာ မကောင်းတာတွေ လည်း ရှိပါတယ်။ ဆယ်လီဘရစ်တီ တစ်ယောက်ဖြစ်ရခြင်း ရဲ့ မကောင်းတဲ့အချက် က ပြစ်မှု မြောက်ပါတယ်လို တရားရုံးက မသတ်မှတ်ရသေးဘဲနဲ့ လူတွေရဲ့ ဆုံးဖြတ်တာကို ခံရတာပါ။ ဒါက အမြဲလို ဖြစ်နေတာ ဖြစ်ပြီး အခု Salman ကြုံခဲရတယ်။ ဆယ်လီဘရစ်တီတစ်ယောက်က သူ့ရဲ့ ကောင်းတာတွေပဲ ပရိသတ်ကို ပြတယ်။ လူတွေက သူတို့ထင်ချင်သလို ထင်ပြီး ပြောချင်တာပြောတယ်။ သူတို့က အဲ့တာ မှန်တယ် လို့ ထင်တယ်။ ကျွန်တော်အတွက် မှားတယ်။ ကျွန်တော်က တရားဥပဒေ အပေါ် မှတ်ချက်ပြုနိုုင်တဲ့ ပညာရှင်လည်း မဟုတ်ပါဘူး။ ဥပဒေကို လေးစားတယ်။ ဒါပေမယ့် ကိုယ်ပိုင် စိတ်ခံစားချက် အနေနဲ့ဆို Salman Khan ကို အဲ့လို အမိန့်ချတာ မနှစ်သက်ပါဘူး။ ” လို့ Shahrukh Khan က ပြောခဲ့ပါတယ်။
ဒီ ရုပ်သံ က အဟောင်းတစ်ခုလို ဖြစ်နေပေမယ့် Shahrukh Khan ရဲ့ Salman Khan အမှု့အပေါ် ပြောထားမှန်း မြင်သာနေတာ တွေ့ရပါတယ်။
Credit : momolay