Zawgyi ဖြင့်ဖတ်ရန်
Credit to Duwun
Unicode ဖြင့်ဖတ်ရန်
ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊ Five Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ ကျင်ဝှက် ဟာ ပွဲတွေက ဇာတ်ကားတွေ ရိုက်နေရပေမယ့် အကြွေးတွေ ပတ်လည်ဝိုင်းနေခဲ့ပါတယ်။ သူ့ရဲ့ လုပ်စာလေးနဲ့ မိသားစုစားဝတ်နေရေးကလည်း အဆင်မပြေပါဘူးလို့ Duwun Media ကနေ ရင်ဖွင့်စကားဆိုခဲ့ပါတယ်။
” စီးပွားရေးကတော့ နင်လားငါလား၊ ပြေလည်လှတယ်ရယ်လို့ မဟုတ်ဘူး။ အကြွေးတွေက ပတ်လည်ဝိုင်းနေတာ အဲ့ဒီအကြွေးလေးတွေ မကြေသေးဘူး။ ပရိသတ်တွေက 5 Stars 5 Stars ဖြစ်နေကြပေမယ့်အဆင်ပြေပြီလို့ထင်တာ ဒါပေမယ့် အဆင်မပြေပါဘူး။ အိမ်မှာက ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိသေးတယ်။ ဦး ရဲ့ လုပ်စာနဲ့ မိသားစု စားဝတ်နေရေးရှိသေးတယ်၊ ဒါပေမယ့် ဦးရဲ့ ဆရာသမားတွေ လိုအပ်နေတာရှိရင် တက်နိုင်သလောက်လေးကူညီသေးတယ်” လို့ ဆိုပါတယ်။
လက်ထဲ ပိုက်ဆံရောက်လာရင် ဘယ်ကိုလှူရမလဲဆိုတာ အရင်တွေးတယ်တဲ့။
” လက်ထဲ ပိုက်ဆံရောက်လာရင် ဘယ်သွားပြီးလှူရမလဲ ဆိုတာကို အရင်ဆုံး စဉ်းစားတယ်။ အဲ့ဒါကြောင့် အကြွေးရှိပေမယ့် ထမင်းတော့ မငတ်ဘူး။ အကြွေးကလည်း အကြွေးအေးအေးပေါ့ အကြွေးပူမဟုတ်ဘူး အဲ့ဒါလေးတော့ ခံသာတာပေါ့” လို့ ဆိုပါတယ်။
လူရွှင်တော်ကျင်ဝှက်အနေနဲ့ Five Stars အဖွဲ့ဝင်တစ်ဦးအဖြစ် ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်ဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားကြီး ၊ ဗီဒီယို ဇာတ်ကား ကြီးတွေကိုလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်အနေနဲ့ သရုပ်ဆောင်ကျော်ဟိန်းပုံစံ အိုက်တင်ပေး တာတွေ၊ သူ့ရဲ့ အသားအရေ တွေကြောင့် ပရိသတ်တွေကလည်း အားပေးကြတာဖြစ်ပါတယ်။
Photo: ကျင်ဝှက်ဖေ့စ်ဘုတ်
Credit to Duwun