Zawgyi ျဖင့္ဖတ္ရန္

စင္ကာပူႏိုင္ငံမွာရွိတဲ့ ဇနီးေမာင္ႏွံ က လႉခဲ့တာ ျဖစ္ပါတယ္ေဆးကုသမႈ ခံယူေနရတဲ့ အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာဝ္အတြက္ ေဆးကုသဖို႔ အတြက္ ျမန္မာေငြက်ပ္ သိန္းသုံးရာ တိတိ ကူညီမႈ ရရွိလိုက္တယ္လို႔ သိရပါတယ္။

ယင္းကူညီမႈကို စင္ကာပူ နိုင္ငံမွာေနထိုင္တဲ့ ဦးကိုကိုထူးနဲ႔ဇနီးေဒၚစႏၵာေအာင္တို႔ မိသားစုကေန လႉဒန္းခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒါအေၾကာင္းနဲ႔ ပတ္သက္ၿပီး စိုင္းဆိုင္ေမာဝ္ ရဲ႕ ေဖ့စ္ဘြတ္ မွာ ယခုလို ေရးသားထားတာ ေတြ႕ရပါတယ္။

“စကၤာပူႏိုင္ငံေန ဦးကိုကိုထူးႏွင့္ဇနီးေဒၚစႏၵာေအာင္သား မင္းသီဟထူးသမီး မဆုသီရိထူး မိသားစုတို႔မွ ေတးသံရွင္စိုင္းဆိုင္ေမာဝ္ အားက်မ္းမာေရးကုသရန္အတြက္ ျမန္မာေငြ သိန္းသုံးရာက်ပ္ကို ကိုေက်ာ္ေက်ာ္မိုး ကိုျမတ္သူတို႔မွတဆင့္ အိမ္တိုင္ရာ ေရာက္လာေရာက္ ကူညီေပးအပ္သြားပါသည္.ေက်းဇူးအထူးပင္တင္ရွိပါေၾကာင္းနတ္လူသာဓုေခၚေစေသာဝ္…ထိုေငြမ်ားကိုစိုင္းဆိုင္ေမာဝ္ ေက်ာက္ကပ္ေရာဂါအား မွန္ေျပာင္းအသုံးျပဳေလဆာျဖင့္ ကုသသည့္နည္းျဖင့္ အျမန္ဆုံးကုသမည္ျဖစ္ပါေၾကာင္း ပရိတ္သတ္မ်ားအား အသိေပးအပ္ပါသည္. စိုင္းဆိုင္ေမာဝ္ မိသားစု” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။

 

အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာဝ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က ဘန္ေကာက္မွာ ေက်ာက္ကပ္သြားခြဲခဲ့တယ္လို႔ သိရပါတယ္။

စိုင္းဆိုင္ေမာဝ္အေနနဲ႔ ေဆး႐ုံမတက္ခင္ဆက္ၾကားမွာလည္း ပရိသတ္မ်ားနဲ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္က တစ္ဆင့္စကား ေတြ အျပန္အလွန္ေျပာျဖစ္ေနသူလည္း ျဖစ္ပါတယ္။ သူနဲ႔နာမည္တူ အေကာင့္အတုေတြ အမ်ားႀကီးရွိတာေၾကာင့္ သူသုံးေနတဲ့ အေကာင့္ကေန ပရိသတ္ေတြမမွားရေလေအာင္ သတိေပးခဲ့ပါေသးတယ္။

ယခုလက္ရွိမွာေတာ့ သူ႔ရဲ႕ က်န္းမာေရး ျပန္လည္ေကာင္းမြန္ဖို႔အတြက္ ပရိသတ္ေတြက ဆုေတာင္းေပးေနၾကပါတယ္။တခ်ိန္က ရွမ္းပဲပုတ္ ေလးကြၽန္ေတာ္၊ ေတာင္ျပာတန္းကသိတယ္၊မူဆယ္နန႔္ခမ္းလမ္း အစရွိတဲ့သီခ်င္းေတြသာမက ေအာင္ျမင္ ေက်ာ္ၾကားခဲ့တဲ့ အဆိုေတာ္ စိုင္းဆိုင္ေမာဝ္ဟာ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ယခုထက္တိုင္ ေနရာယူထားေနသူလည္း ျဖစ္ပါတယ္။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

ဆေးကုသဖို့ သိန်းသုံးရာ ကူညီမှု ရရှိလိုက်တဲ့ စိုင်းဆိုင်မောဝ်

စင်ကာပူနိုင်ငံမှာရှိတဲ့ ဇနီးမောင်နှံက လှူခဲ့တာ ဖြစ်ပါတယ်ဆေးကုသမှု ခံယူနေရတဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်အတွက် ဆေးကုသဖို့ အတွက် မြန်မာငွေကျပ် သိန်းသုံးရာ တိတိ ကူညီမှု ရရှိလိုက်တယ်လို့ သိရပါတယ်။

ယင်းကူညီမှုကို စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ ဦးကိုကိုထူးနဲ့ဇနီးဒေါ်စန္ဒာအောင်တို့ မိသားစုကနေ လှူဒန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါအကြောင်းနဲ့ ပတ်သက်ပြီး စိုင်းဆိုင်မောဝ်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

 

“စင်္ကာပူနိုင်ငံနေ ဦးကိုကိုထူးနှင့်ဇနီးဒေါ်စန္ဒာအောင်သား မင်းသီဟထူးသမီး မဆုသီရိထူး မိသားစုတို့မှ တေးသံရှင်စိုင်းဆိုင်မောဝ် အားကျမ်းမာရေးကုသရန်အတွက် မြန်မာငွေ သိန်းသုံးရာကျပ်ကို ကိုကျော်ကျော်မိုး ကိုမြတ်သူတို့မှတဆင့် အိမ်တိုင်ရာ ရောက်လာရောက် ကူညီပေးအပ်သွားပါသည်.ကျေးဇူးအထူးပင်တင်ရှိပါကြောင်းနတ်လူသာဓုခေါ်စေသောဝ်…ထိုငွေများကိုစိုင်းဆိုင်မောဝ် ကျောက်ကပ်ရောဂါအား မှန်ပြောင်းအသုံးပြုလေဆာဖြင့် ကုသသည့်နည်းဖြင့် အမြန်ဆုံးကုသမည်ဖြစ်ပါကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်. စိုင်းဆိုင်မောဝ်မိသားစု” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

 

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘန်ကောက်မှာ ကျောက်ကပ်သွားခွဲခဲ့တယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်အနေနဲ့ ဆေးရုံမတက်ခင်ဆက်ကြားမှာလည်း ပရိသတ်များနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တစ်ဆင့်စကား တွေ အပြန်အလှန်ပြောဖြစ်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့နာမည်တူ အကောင့်အတုတွေ အများကြီးရှိတာကြောင့် သူသုံးနေတဲ့ အကောင့်ကနေ ပရိသတ်တွေမမှားရလေအောင် သတိပေးခဲ့ပါသေးတယ်။

 

ယခုလက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။တချိန်က ရှမ်းပဲပုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင် ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။

Credit : Duwun