YBS တစ္စီးေရွ႕တြင္ေတြ႕ရသည့္ ၾကားကားတစ္စီး။
Zawgyi ျဖင့္ဖတ္ရန္

အမ်ားျပည္သူ သြားရတာ အဆင္ေျပေအာင္ ေျပးဆြဲခြင့္ေပးခဲ့တာလို႔ ဆိုပါတယ္။သၾကၤန္ပြဲေတာ္ကာလအတြင္း ရန္ကုန္ၿမိဳ႕ေန ျပည္သူလူထု သြားလာမႈ အဆင္ေျပေစဖို႔ ၾကားကား ေျပးဆြဲတာေတြကို ခြင့္ျပဳမွာ ျဖစ္တယ္လို႔ သိရပါတယ္။

“YBS ယာဥ္လိုင္းေတြမရွိတဲ့အခ်ိန္မွာ တကၠစီပဲျဖစ္ျဖစ္၊ စုေပါင္းဌားတဲ့ ကားေတြပဲ ျဖစ္ျဖစ္ ရွိေကာင္းရွိႏိုင္မွာပါ။ ည ၁၀ နာရီေက်ာ္ ေျပးဆြဲတဲ့ ၾကားကားေတြဆိုရင္ အမ်ားျပည္သူ သြားလာဖို႔ အဆင္ေျပဖို႔ ခြင့္ျပဳေပးရတာရွိတယ္” လို႔ အမွတ္ (၆) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး ရဲမႉးသန္းျမင့္က ဓူဝံမီဒီယာကို ေျပာပါတယ္။

သၾကၤန္ ကာလအတြင္း ရန္ကုန္ၿမိဳ႕မွာ YBS ယာဥ္လိုင္းေပါင္း (၆၁) လိုင္း၊ ယာဥ္စီးေရ (၇၆၉) စီးေျပးဆြဲမွာ ျဖစ္ၿပီး ပုံမွန္အခ်ိန္ထက္ ယာဥ္စီးေရ နည္းပါးေနတာေၾကာင့္ အတတ္ႏိုင္ဆုံး လူအမ်ားအျပား စီးႏိုင္တဲ့ ဆုံရပ္ေနရာေတြက ေနေျပးဆြဲသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

 

ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕ျပင္ေျပးဆြဲေနတဲ့ ၾကားကားေတြကို YBS ယာဥ္လိုင္း ေတြ ေျပးဆြဲေနတဲ့ အခ်ိန္မွာေတြ႕ရွိရင္ ဖမ္းဆီးထိန္းသိမ္းတာေတြ ျပဳလုပ္ေနၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကေန ဧၿပီလ ၁၀ ရက္အထိ ၾကားကားဖမ္းဆီးမႈ ၃၈ စီးရွိခဲ့တယ္လို႔ အမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးကေန သိရပါတယ္။

လက္ရွိမွာ ၾကားကားေျပးဆြဲမႈ ပေပ်ာက္ဖို႔ ရန္ကုန္တိုင္း ေဒသႀကီး အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္ အဖြဲ႕ (YRTA) အေနနဲ႔ YBS ယာဥ္ေတြကို အစားထိုးေျပးဆြဲဖို႔ စီစဥ္ေနၿပီး YBS ယာဥ္အားလုံးကို ည ၁၀ နာရီအထိ တေျပးညီ ေျပးဆြဲေတာ့မယ္လို႔ ေၾကညာထားပါတယ္။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

သင်္ကြန်ကာလမှာ ကြားကားတွေပြေးဆွဲ ခွင့်ပြုမယ်

အများပြည်သူသွားရတာ အဆင်ပြေအောင် ပြေးဆွဲခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။

YBS တစ်စီးရှေ့တွင်တွေ့ရသည့် ကြားကားတစ်စီး။

သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူလူထု သွားလာမှု အဆင်ပြေစေဖို့ ကြားကား ပြေးဆွဲတာတွေကို ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

“YBS ယာဉ်လိုင်းတွေမရှိတဲ့အချိန်မှာ တက္ကစီပဲဖြစ်ဖြစ်၊ စုပေါင်းဌားတဲ့ ကားတွေပဲ ဖြစ်ဖြစ် ရှိကောင်းရှိနိုင်မှာပါ။ ည ၁၀ နာရီကျော် ပြေးဆွဲတဲ့ ကြားကားတွေဆိုရင် အများပြည်သူသွားလာဖို့ အဆင်ပြေဖို့ ခွင့်ပြုပေးရတာရှိတယ်” လို့ အမှတ် (၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်က ဓူဝံမီဒီယာကို ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း (၆၁) လိုင်း၊ ယာဉ်စီးရေ (၇၆၉) စီးပြေးဆွဲမှာ ဖြစ်ပြီး ပုံမှန်အချိန်ထက် ယာဉ်စီးရေနည်းပါးနေတာကြောင့် အတတ်နိုင်ဆုံး လူအများအပြား စီးနိုင်တဲ့ ဆုံရပ်နေရာတွေက နေပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့တွင်း မြို့ပြင်ပြေးဆွဲနေတဲ့ ကြားကားတွေကို YBS ယာဉ်လိုင်းတွေ ပြေးဆွဲနေတဲ့ အချိန်မှာတွေ့ရှိရင် ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလ ၁၀ ရက်အထိ ကြားကားဖမ်းဆီးမှု ၃၈ စီးရှိခဲ့တယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။

လက်ရှိမှာ ကြားကားပြေးဆွဲမှု ပပျောက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) အနေနဲ့ YBS ယာဉ်တွေကို အစားထိုးပြေးဆွဲဖို့ စီစဉ်နေပြီး YBS ယာဉ်အားလုံးကို ည ၁၀ နာရီအထိ တပြေးညီ ပြေးဆွဲတော့မယ်လို့ ကြေညာထားပါတယ်။

Credit : Duwun