Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလး အမ်ားစုက လွခ်င္ၾကပါတယ္။ ေခတ္ေရစီးေၾကာင္းအတိုင္းလည္း အဝတ္အစား ေတြကို ဝတ္ဆင္ေလ့ ရွိၾကပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ မိမိ၏ ဂ်ိဳင္းသား က ျဖဴဝင္းလွပေနဖို႔လည္း လိုအပ္ပါတယ္။ တစ္ခ်ိဳ႕ မိန္းကေလးေတြက ဂ်ိဳင္းသားမွာ အေမႊးအမွ်င္ေတြ မရွိေပမဲ့ ဂ်ိဳင္းသားက မဲေနတတ္ၾကပါတယ္။ ဒီလို မျဖစ္ရေလေအာင္ လြယ္ကူၿပီး ထိေရာက္လွေသာ အိမ္တြင္းကုထုံးေလးကို မွ်ေဝေပးခ်င္ပါတယ္။

ဂ်ိဳင္းသား ကို ျဖဴဝင္းလွပေစရန္ အိမ္တြင္း ကုထုံးနည္း အတြက္ အဆင့္ (၂) ဆင့္ ရွိပါတယ္။ ပထမ အဆင့္အေနနဲ႔ကေတာ့ ေခ်းခြၽတ္နည္း (scrub) ျပဳလုပ္ျခင္းပါ။ ေနာက္တစ္ဆင့္ကေတာ့ ခရင္မ္လိမ္း၍ ေပါင္းတင္နည္း ျဖစ္ပါတယ္။
လိုအပ္ေသာ ပစၥည္းမ်ား
– အာလူး
– ဒိန္ခ်ဥ္
– သၾကားအညိဳ
– သံပ႐ိုသီး
– သံလြင္ဆီ စသည္တို႔ပဲျဖစ္ပါတယ္။
အဆင့္ (၁) ေပါင္းတင္ ခရင္မ္ ျပဳလုပ္နည္း
– အာလူးကို အခြံခြာပါ။ ပါးပါးမြမြေလးျဖစ္သြားေအာင္ ျခစ္ျဖင့္ ျခစ္ပါ။
– ထို႔ေနာက္ အာလူးအႏွစ္ရေအာင္ ျပဳလုပ္ပါ။
– အာလူးအႏွစ္ (လက္ဖက္ရည္ဇြန္း ၂ဇြန္းခန႔္) ထဲသို႔ ဒိန္ခ်ဥ္ အနည္းငယ္ ထည့္ပါ။
– သမေအာင္ ေမႊပါ။
ဒါဆိုရင္ေတာ့ ေပါင္းတင္ခရမ္ ရပါၿပီ။

အဆင့္ (၂) ေခ်းခြၽတ္ေဆး (scrub) ျပဳလုပ္နည္း
– သၾကားအညိဳ (လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္) ထဲသို႔ သံပ႐ိုသီးကို ညစ္ထည့္ပါ။
– သံလြင္ဆီ အနည္းငယ္ထည့္ပါ။
– သမေအာင္ ေမႊပါ။
အခုဆိုရင္ေတာ့ ေခ်းခြၽတ္ေဆး ေရာ ေပါင္းတင္ခရင္မ္ေရာ အဆင္သင့္ ျဖစ္ၿပီ ျဖစ္ပါတယ္။
အသုံးျပဳပုံ အဆင့္ဆင့္
– ပထမဆုံးအေနျဖင့္ ေခ်းခြၽတ္ေဆး (scrub) ကို ဂ်ိဳင္းသားအား ၄ မိနစ္ခန႔္ သုတ္လိမ္း၍ ပြတ္ေပးပါ။
– ထို႔ေနာက္ ေရေႏႊးေႏႊးေလးျဖင့္ ေဆးေၾကာသန႔္စင္ပါ။
– ေနာက္တစ္ဆင့္အေနျဖင့္ ခရင္မ္မ်ားကို သုတ္လိမ္းပါ။
– ၁၅ မိနစ္ ခန႔္ ထားပါ။
ထိုကဲ့သို႔ တစ္ပတ္တစ္ႀကိမ္ ျပဳလုပ္ေပးျခင္းျဖင့္ တစ္လ အၾကာတြင္ သိသာစြာ ဂ်ိဳင္းသား ျဖဴေဖြးမႈကို ရရွိေစမွာ ျဖစ္ပါတယ္။

Credit : Myanmar load 

 

Unicode ဖြင့်ဖတ်ရန်

ဂျိုင်းသား ဖြူဝင်းစေမယ့် အလွယ်ကူဆုံး အိမ်တွင်းကုထုံးနည်း

မိန်းကလေး အများစုက လှချင်ကြပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်းလည်း အဝတ်အစားတွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိ၏ ဂျိုင်းသားက ဖြူဝင်းလှပနေဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ မိန်းကလေးတွေက ဂျိုင်းသားမှာ အမွှေးအမျှင်တွေ မရှိပေမဲ့ ဂျိုင်းသားက မဲနေတတ်ကြပါတယ်။ ဒီလို မဖြစ်ရလေအောင် လွယ်ကူပြီး ထိရောက်လှသော အိမ်တွင်းကုထုံးလေးကို မျှဝေပေးချင်ပါတယ်။

ဂျိုင်းသားကို ဖြူဝင်းလှပစေရန် အိမ်တွင်းကုထုံးနည်းအတွက် အဆင့် (၂) ဆင့် ရှိပါတယ်။ ပထမ အဆင့်အနေနဲ့ကတော့ ချေးချွတ်နည်း (scrub) ပြုလုပ်ခြင်းပါ။ နောက်တစ်ဆင့်ကတော့ ခရင်မ်လိမ်း၍ ပေါင်းတင်နည်း ဖြစ်ပါတယ်။
လိုအပ်သော ပစ္စည်းများ
– အာလူး
– ဒိန်ချဉ်
– သကြားအညို
– သံပရိုသီး
– သံလွင်ဆီ စသည်တို့ပဲဖြစ်ပါတယ်။
အဆင့် (၁) ပေါင်းတင် ခရင်မ် ပြုလုပ်နည်း
– အာလူးကို အခွံခွာပါ။ ပါးပါးမွမွလေးဖြစ်သွားအောင် ခြစ်ဖြင့် ခြစ်ပါ။
– ထို့နောက် အာလူးအနှစ်ရအောင် ပြုလုပ်ပါ။
– အာလူးအနှစ် (လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်) ထဲသို့ ဒိန်ချဉ် အနည်းငယ် ထည့်ပါ။
– သမအောင် မွှေပါ။
ဒါဆိုရင်တော့ ပေါင်းတင်ခရမ် ရပါပြီ။

အဆင့် (၂) ချေးချွတ်ဆေး (scrub) ပြုလုပ်နည်း
– သကြားအညို (လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်) ထဲသို့ သံပရိုသီးကို ညစ်ထည့်ပါ။
– သံလွင်ဆီ အနည်းငယ်ထည့်ပါ။
– သမအောင် မွှေပါ။
အခုဆိုရင်တော့ ချေးချွတ်ဆေး ရော ပေါင်းတင်ခရင်မ်ရော အဆင်သင့် ဖြစ်ပြီ ဖြစ်ပါတယ်။
အသုံးပြုပုံ အဆင့်ဆင့်
– ပထမဆုံးအနေဖြင့် ချေးချွတ်ဆေး (scrub) ကို ဂျိုင်းသားအား ၄ မိနစ်ခန့် သုတ်လိမ်း၍ ပွတ်ပေးပါ။
– ထို့နောက် ရေနွှေးနွှေးလေးဖြင့် ဆေးကြောသန့်စင်ပါ။
– နောက်တစ်ဆင့်အနေဖြင့် ခရင်မ်များကို သုတ်လိမ်းပါ။
– ၁၅ မိနစ် ခန့် ထားပါ။
ထိုကဲ့သို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် တစ်လ အကြာတွင် သိသာစွာ ဂျိုင်းသား ဖြူဖွေးမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

Credit : Myanmar load