Zawgyi ျဖင့္ဖတ္ရန္

 

ဘတ္စ္ကား စပယ္ယာ က လက္ၾကားထဲတြင္ အလ်ားလိုက္ေခါက္ၿပီး ညႇပ္ထားေသာ ေငြစကၠဴ မ်ားထဲမွ က်ပ္တန္ေလး႐ြက္ကို ဆြဲထုတ္ၿပီး …
“ငါးက်ပ္တန္ေပးတာ ဘယ္သူလဲ” ဟု ေမးသည္။
“ဒီမွာ … ဒီမွာ”

လူေတြၾကားထဲက လက္တစ္ဖက္ လွ်ိဳထြက္လာသည္။ စပယ္ယာ က ျဖန႔္ထားေသာ လက္ထဲသို႔ က်ပ္တန္ေတြ ထည့္ေပးသည္။ လက္ကိုဆုပ္ၿပီး ျပန္႐ုပ္သြား၏။
ဘတ္စ္ကားသည္ တာေမြ၊ ေက်ာက္ေျမာင္း၊ မအူကုန္း၊ သိမ္ျဖဴ စသည္ျဖင့္ ေက်ာ္ျဖတ္ေမာင္းႏွင္လာသည္။ လမ္းသုံးဆယ္ မွတ္တိုင္မွာ ရပ္ေသာအခါ လူေတာ္ေတာ္မ်ားမ်ား ဆင္းသည္။

(၂)
စာေရးမေလးသည္ ဘတ္စ္ကားေပၚမွ ဆင္းၿပီးေနာက္ ခါးအေပၚကို တြန႔္လိမ္တက္ေနေသာ အက်ႌေအာက္နားစကို ဆြဲဆန႔္လိုက္သည္။
ထို႔ေနာက္ လမ္းကိုျဖတ္ကူးသည္။ ကမ္းနားလမ္းဘက္မွ လွည့္ၿပီး ႐ုံးအေပၚထပ္သို႔ တက္လာသည္။
အခန္းထဲဝင္သည္။ စားပြဲေပၚ ျခင္းေတာင္းခ်၊ ကုလားထိုင္ဆြဲၿပီး ထိုင္သည္။ ထို႔ေနာက္ ျခင္းေတာင္းကို ေပါင္ေပၚတင္လိုက္ျပန္သည္။ အလ်ားလိုက္ ေခါက္ၿပီး ထပ္ထားေသာ က်ပ္တန္ေလး႐ြက္ကို ႏႈိက္ယူလိုက္သည္။ တစ္႐ြက္စီျဖန႔္ၿပီး ထပ္သည္။ တတိယေျမာက္ က်ပ္တန္အလွည့္တြင္ လက္က တုံ႔ခနဲျဖစ္သြားသည္။
က်ပ္တန္အလယ္တည့္တည့္က ထက္ပိုင္းစုတ္ၿပဲေနသည္ကို စကၠဴျဖင့္ ျပန္ကပ္ထားျခင္း ျဖစ္သည္။ သူ႔ မ်က္ႏွာ က နည္းနည္းအိုသြားသည္။ ၿပီးေတာ့မွ ႏႈတ္ခမ္းေထာင့္စြန္းကေလး တြန႔္႐ုံ ၿပဳံးလိုက္၏။
ပိုက္ဆံအိတ္ဖြင့္၍ က်ပ္တန္အေကာင္းဆုံး သုံး႐ြက္ကို ထည့္သည္။ ငါးက်ပ္တန္တစ္႐ြက္ ျပန္ထုတ္သည္။ ေစာေစာက က်ပ္တန္အစုတ္ကိုပါယူၿပီး ခပ္လွမ္းလွမ္းရွိ စာေရးႀကီး စားပြဲ သို႔ သြားသည္။
“ဆပ္ျပာဖိုး ေငြသြင္းလို႔ရၿပီလား”
စာေရးႀကီးက ဖိုင္တြဲေလးကို လွန္ေလွာေနရာမွ ေမာ့ၾကည့္ၿပီး …
“ရၿပီေလ၊ သုံးပိုင္းအတြက္ ေျခာက္က်ပ္သြင္းရမယ္”
စာေရးမေလးက ေငြေျခာက္က်ပ္ လွမ္းေပးသည္။ စာေရးႀကီးက က်ပ္တန္အစုတ္ကို ျမင္သြား၏။

“ဟာဗ်ာ၊ ခင္ဗ်ားတို႔ကလည္း အစုတ္အၿပဲမွန္သမွ် ဒီမွာခ်ည္း လာေပးတာပဲ။ ဟိုက်လို႔ ေငြသြင္းတဲ့အခါ ခဏခဏစကားမ်ားရတယ္”
“ရပါတယ္၊ ဟိုကလည္း ဘဏ္သြင္းရမွာပဲဟာ”
စာေရးမေလးက ေျပာေျပာဆိုဆို လွည့္ထြက္သြား၏။ ထိုအခ်ိန္မွာပင္ သက္သာလက္ဖက္ရည္ဆိုင္မွ စားပြဲထိုးကေလး ေရာက္လာသည္။
“အစ္ကိုေရ၊ အစိတ္ဖိုးေလာက္ လဲေပးပါဦး၊ က်ပ္တန္ခ်ည္းပဲရရင္ ပိုေကာင္းတယ္”
“သိပ္ရတာေပါ့ကြာ”
စာေရးႀကီးက က်ပ္တန္အ႐ြက္အစိတ္ ေရတြက္ၿပီး ေပးလိုက္သည္။

(၃)
႐ုံးအုပ္ႀကီးက ေကာင္တာေပၚသို႔ ဆယ္တန္တစ္႐ြက္ တင္လိုက္ၿပီး…
“လက္ဖက္ရည္ ႏွစ္ခြက္ေဟ့”
ဟုေျပာလိုက္သည္။ ေကာင္တာထိုင္သူက တိုကင္ျပား ႏွစ္ျပားအရင္ေပးလိုက္သည္။ ထို႔ေနာက္ အေႂကြျပားႏွစ္ဆယ္၊ က်ပ္တန္သုံး႐ြက္ႏွင့္ ငါးက်ပ္တန္တစ္႐ြက္ ျပန္အမ္းသည္။ ႐ုံးအုပ္ႀကီးက ျပန္အမ္းေငြကိုယူ၍ လက္ဖက္ရည္ေဖ်ာ္သည့္ေနရာသို႔ ထြက္လာၿပီးမွ ျပန္လွည့္ကာ …
“ေဟ့ေကာင္၊ က်ပ္တန္တစ္႐ြက္ ျပန္လဲေပးကြာ၊ အစုတ္ႀကီး”
“က်ပ္တန္က ဒါပဲရွိလို႔ပါ၊ ခုန႐ုံးေပၚက သြားအမ္းလာတာ အစိတ္ဖိုးက ဒါေနာက္ဆုံးက်န္တာပဲ။ သုံးလို႔ရပါတယ္ ဆရာရဲ႕”
“ဟာ … ရမယ္မထင္ဘူးကြ၊ စုတ္တဲ့အျပင္ ႏြမ္းလည္းႏြမ္းေနေသးတယ္”
“လြယ္ပါတယ္ဆရာရယ္၊ ေနာက္ေန႔လည္း လက္ဖက္ရည္ ေသာက္ဦးမွာပဲ။ အဲဒီေတာ့မွ ျပန္ေပးေပါ့”

(၄)
ရသာမုန႔္ဆိုင္ေရွ႕ရွိသုံးဘီး၊ ေလးဘီးဂိတ္တြင္ လူေတြ ပုံေနသည္။ ေမွာင္စျပဳလာေသာအခ်ိန္တြင္ လူကပိုက်လာ၏။ ကားက အဝင္နည္းေနသည္။
သုံးဘီးတစ္စီး ဝင္လာသည္။ ေနာက္ဘက္မွ တြယ္ၿပီးလိုက္လာေသာ ေကာင္ေလးက “တာေမြ တာေမြ” ဟုေအာ္သည္။ လူတစ္စု ၿပဳံၿပီးတိုးတက္သည္။ ႐ုံးအုပ္ႀကီးသည္ အစြန္ဆုံး တစ္ေနရာကို ရလိုက္၏။
ေက်ာက္ေျမာင္း သီတာလမ္းထိပ္တြင္ သူဆင္းသည္။ ကားေမာင္းသမားကို က်ပ္တန္တစ္႐ြက္ေပးၿပီး ခ်ာခနဲ လွည့္ထြက္လိုက္၏။ ခပ္သုတ္သုတ္ ေလွ်ာက္သြားသည္။
မိန္းကေလးက သုံးဘီးကားကို လွမ္းတာသည္။ ကားရပ္ေပး၏။ မိန္းကေလးကေမးသည္။
“စိန္ဂြၽန္းေဈးသြားခ်င္လို႔”
“ရပါတယ္ ရွစ္က်ပ္ေတာ့ေပးေပါ့”
“ဟင္ …မ်ားတာေပါ့၊ သိပ္မွမေဝးတာ၊ ငါးက်ပ္ပဲ”
ကားဆရာက ေခါင္းခါၿပီး …
“ငါးက်ပ္ေတာ့ မရဘူး၊ ပိုေျပာတာမဟုတ္ပါဘူး။ တစ္မနက္လုံး ကားျပင္ေနရလို႔ အုံနာခေတာင္ မရေသးပါဘူးဗ်ာ”
ေနာက္ဆုံး ေျခာက္က်ပ္ႏွင့္ ေဈးတည့္သြားသည္။ စိန္ဂြၽန္းေဈးသို႔ ေရာက္ေအာင္ ဆယ္မိနစ္ေတာင္ မေမာင္းရ။
ေဈးေရွ႕တြင္ ကားရပ္သည္။ မိန္းကေလးက ငါးက်ပ္တန္ ႏွစ္႐ြက္ေပးသည္။ ကားဆရာက …
“က်ပ္တန္မပါဘူးလား”
မိန္းကေလးက ေခါင္းခါျပသည္။ ကားဆရာသည္ ငါးက်ပ္တန္ ႏွစ္႐ြက္ယူၿပီး က်ပ္တန္ေလး႐ြက္ ျပန္အမ္းသည္။ မိန္းကေလးက က်ပ္တန္ေလး႐ြက္ကို ေရတြက္ၾကည့္ေနရာမွ “ဟင္” ဟု
အာေမဋိတ္ျပဳလိုက္ၿပီး…
“ဒီမွာ … ဒီမွာ ဟိုး…ဟိုး…”
ဟု လွမ္းေအာ္သည္။ သုံးဘီးကားက ေမာင္းထြက္သြားၿပီ ျဖစ္၏။

(၄)
အလွကုန္ဆိုင္ရွင္ အမ်ိဳးသမီးႀကီးသည္ ဆိုင္ေရွ႕မွာ လာရပ္ေသာ မိန္းကေလးကို …
“ဘာရွာသလဲ ညီမ”
ဟု ဆီးႀကိဳလိုက္သည္။ မိန္းကေလးက …
“မၪၨဴေခါင္းေလွ်ာ္ရည္ရွိလား”
“ရွိတယ္ ညီမ”
“ဘယ္ေလာက္လဲ”
“ဆယ့္ႏွစ္က်ပ္ပါ”
“ဟင္ … ေဈးကလည္းမ်ားလိုက္တာ”
“မမ်ားပါဘူးကြယ္၊ ပစၥည္းမွန္ ေဈးမွန္ပါပဲ”
“အရင္တစ္ခါဝယ္တုန္းက ကိုးက်ပ္ပဲေပးရတယ္”
“အခုမရေတာ့လို႔ပါ ညီမရယ္၊ ေကာက္တာေတာင္ ဆယ့္တစ္ခြဲေပးရပါတယ္။ အစ္မတို႔ ငါးမူးစားရတာပါ”
“တစ္ဆယ္အတိပဲ ထားလိုက္ေပါ့”
“မရလို႔ပါ၊ တျခားဆိုင္ေတြလည္း ေမးၾကည့္ပါ”
“ထားလိုက္ပါ၊ တစ္ဆယ္ပဲ”
“ကဲ … ဆယ့္တစ္နဲ႔ယူသြား၊ ဟုတ္လား ။ ေနာက္လည္း ဒီမွာဝယ္ျဖစ္သြားေအာင္ ငါးမူးအရႈံးခံၿပီး ေပးလိုက္မယ္”
ရႈိးေက့စ္ထဲမွ ေခါင္းေလွ်ာ္ရည္တစ္ပုလင္း ထုတ္ေပးသည္။ မိန္းကေလးက လွမ္းယူၿပီး ႂကြပ္ႂကြပ္အိတ္ထဲသို႔ ထည့္လိုက္သည္။
ထို႔ေနာက္ ပိုက္ဆံအိတ္ကေလးထဲမွ ငါးက်ပ္တန္ႏွစ္႐ြက္ကို အရင္ထုတ္ေပးသည္။ ၿပီးမွ က်ပ္တန္တစ္႐ြက္ကို ေခါက္လ်က္သား ေပးလိုက္၏။

(၅)
မိန္းမႀကီးတစ္ေယာက္ ထမင္းခ်ိဳင့္ထည့္ထားေသာ ပလတ္စတစ္လက္ဆြဲျခင္းကိုကိုင္လ်က္ ေထာ့နဲ႔ေထာ့နဲ႔ ေလွ်ာက္လာသည္။
ဆိုင္ေရွ႕မွာ လာရပ္သည္။ ဆြဲျခင္းကို ဆိုင္ေပၚတင္ၿပီး နဖူးမွာသီးေနေသာ ေခြၽးသီးမ်ားကို လက္ျဖင့္သပ္ခ်လိုက္သည္။ ဆိုင္ရွင္အမ်ိဳးသမီးက …
“ေနာက္က်လွခ်ည္လား”
ဟု ေျပာလိုက္သည္။ မိန္းမႀကီးက …
“ဟုတ္ကဲ့၊ ဟုတ္ကဲ့ ဟိုဒင္းျဖစ္ေနလို႔”
“ဘာလဲ၊ လမ္းေလွ်ာက္လာရလို႔လား”
“အင္း … ကားကလည္း က်ပ္တာနဲ႔”
“ေနာက္ေန႔ေတာ့ ေစာေစာလာပို႔ေနာ္”
“ဟုတ္ကဲ့”
ဆိုင္ရွင္အမ်ိဳးသမီးက ပိုက္ဆံေသတၱာထဲရွိ ေငြစကၠဴမ်ားထဲမွ က်ပ္တန္တစ္႐ြက္ကို ယူလိုက္သည္။ ေလးေခါက္ေခါက္ၿပီး မိန္းမႀကီး လက္ထဲသို႔ ထိုးထည့္ေပးလိုက္သည္။ မိန္းမႀကီးက က်ပ္တန္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ ျပန္ထြက္သြားသည္။

(၆)
မိန္းမႀကီးသည္ စိန္ဂြၽန္းေဈးမွ ေျမနီကုန္းအထိ လမ္းေလွ်ာက္ျပန္လာသည္။ လမ္းထိပ္ ကြမ္းယာဆိုင္ကို ဝင္သည္။
က်ားပ်ံမေကာက္ေဆးေပါ့လိပ္ တစ္လိပ္ႏွင့္ မရန္းျပားတစ္ထုပ္ ယူသည္။ က်ပ္တန္ကို လွမ္းေပးလိုက္၏။ ဆိုင္က ေကာင္ေလးက်ပ္တန္ကို ျဖန႔္ၾကည့္ၿပီး …
“အေဒၚႀကီး က်ပ္တန္ျပန္လဲေပးပါ”
“ဟဲ့ …ဘာျဖစ္လို႔လဲ”
“ဒီမွာမေတြ႕ဘူးလား၊ ထက္ပိုင္းၿပဲေနလို႔ စကၠဴနဲ႔ ျပန္ကပ္ထားတာ”
“ေဟ …ဟုတ္လား၊ အေမႀကီးလည္း မ်က္စိကမြဲေတာ့ ေသေသခ်ာခ်ာ မၾကည့္မိဘူး။ ႏို႔ အဲဒီပိုက္ဆံက သုံးလို႔မရဘူးလား”
“ျပန္အမ္းတဲ့အခါက်ေတာ့ ဘယ္သူမွ မလိုခ်င္ဘူးဗ်၊ ၿပီးေတာ့ အေမကလည္း ျပန္လာရင္ ဆူေနမွာ”
“ေအးေအး… ဒါဆိုလည္း ျပန္ေပး”
မိန္းမႀကီးက က်ပ္တန္ကို ျပန္ယူလိုက္သည္။ ၿပီးေတာ့ ေခြၽးခံအက်ႌထဲသို႔ ႏႈိက္စမ္းၿပီးထုတ္လိုက္ရာ မတ္ေစ့တစ္ေစ့ပါလာ၏။ ေဆးလိပ္မဝယ္ေတာ့ဘဲ အခ်ဥ္ထုပ္သာယူခဲ့သည္။

(၇)
“အေမႀကီး မရန္းျပားပါလား”
ဟု ကေလးမေလးက ေမး၏။ မိန္းမႀကီးက မရန္းျပားထုပ္ကို လွမ္းေပးလိုက္ၿပီးေနာက္ ကြပ္ပ်စ္ကေလးေဘးတြင္ ဟိုစမ္းဒီစမ္းလုပ္ေနသည္။
“ဟဲ့… အေမႀကီး ေဆးလိပ္တိုေလးထားခဲ့တာ မေတြ႕မိဘူးလား”
“ဒီမွာေလ အေမႀကီးရဲ႕”
ကေလးမေလးက ႂကြက္ေလွ်ာက္ေပၚက ေဆးလိပ္တိုကို ယူေပးရင္း…
“အေမႀကီး ေဆးလိပ္ကျဖင့္ အစီခံနားကပ္ေနၿပီ။ အသစ္မဝယ္ခဲ့ဘူးလား”
“ဝယ္မလို႔ပဲကြယ္၊ ပိုက္ဆံက စုတ္ေနလို႔တဲ့။ သုံးလို႔မရတာနဲ႔ မဝယ္ခဲ့ရဘူး”
“ေဈးထဲကေပးလိုက္တဲ့ ပိုက္ဆံလားဟင္”
“ေအးေပါ့”
“ဒါဆို အေကာင္းနဲ႔ျပန္လဲခိုင္းေပါ့”
“အေမႀကီးက မ်က္စိကမြဲေတာ့ မျမင္မိဘူး။ ျပန္လဲခိုင္းလို႔လည္း မျဖစ္ပါဘူး။ ေတာ္ၾကာစိတ္ဆိုးၿပီး ေနာက္မခိုင္းဘဲေနပါဦးမယ္”
“အဲဒီပိုက္ဆံျပပါဦး”
မိန္းမႀကီးက ေခြၽးခံအက်ႌအိတ္ထဲက က်ပ္တန္ကို ထုတ္ျပသည္။ ကေလးမေလးက ယူၾကည့္ၿပီး…
“ဟာ… ဟုတ္ၿပီ၊ ဟိုဘက္လမ္းထဲကဆိုင္မွာ ေဆးလိပ္သြားဝယ္ရမယ္။ အဲဒီဆိုင္က အဘြားႀကီးက မ်က္စိသိပ္မေကာင္းဘူး အေမႀကီးရဲ႕”
“ဟဲ့… မလုပ္ေကာင္းဘူး၊ အေမႀကီးေတာင္ ဒီပိုက္ဆံကိုရေတာ့ ေတာ္ေတာ္စိတ္မခ်မ္းသာ ျဖစ္သြားရေသးတာ။ သူမ်ားေတြလက္ထဲ ေရာက္သြားရင္လည္း ဒီလိုပဲခံစားရမွာေပါ့”
“ဒါဆို ဒီလိုလုုပ္ အေမႀကီး၊ ရွင္ေစာပုဘုရားက အလႉခံပုံးထဲထည့္လိုက္မယ္ မေကာင္းဘူးလား”
မိန္းမႀကီးက ေခါင္းကို တြင္တြင္ခါသည္။
“မလုပ္ပါနဲ႔ကြယ္၊ ဟိုဘဝက လႉဒါန္းတာ မစင္ၾကယ္ခဲ့လို႔ ဒီဘဝမွာ ဒုကၡိတတစ္ပိုင္းလာျဖစ္ေနတာ။ ေနာက္ဘဝကို ဆက္ပါေနပါဦးမယ္။ လႉတယ္ဆိုတာ သန႔္သန႔္ရွင္းရွင္းစိတ္ထားမွကြဲ႕။ အင္း… ဒီပိုက္ဆံကို မသုံးဘဲထားလိုက္တာ အေကာင္းဆုံးပါပဲေလ”
မိန္းမႀကီးသည္ က်ပ္တန္စုတ္ကေလးကို ကြပ္ပ်စ္ေပၚမွာခင္းထားေသာ ဖ်ာေအာက္သို႔ အသာအယာထိုးထည့္လိုက္ေလသည္။

Credit : Thu tha zone

Unicode ဖြင့်ဖတ်ရန်

“ကျပ်တန်ပုံပြင်” (မင်းလူ)

 

ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး …
“ငါးကျပ်တန်ပေးတာ ဘယ်သူလဲ” ဟု မေးသည်။
“ဒီမှာ … ဒီမှာ”

လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။
ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။

(၂)
စာရေးမလေးသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ်တက်နေသော အကျႌအောက်နားစကို ဆွဲဆန့်လိုက်သည်။
ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကမ်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။
အခန်းထဲဝင်သည်။ စားပွဲပေါ် ခြင်းတောင်းချ၊ ကုလားထိုင်ဆွဲပြီး ထိုင်သည်။ ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်ပြန်သည်။ အလျားလိုက် ခေါက်ပြီး ထပ်ထားသော ကျပ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် ကျပ်တန်အလှည့်တွင် လက်က တုံ့ခနဲဖြစ်သွားသည်။
ကျပ်တန်အလယ်တည့်တည့်က ထက်ပိုင်းစုတ်ပြဲနေသည်ကို စက္ကူဖြင့် ပြန်ကပ်ထားခြင်း ဖြစ်သည်။ သူ့မျက်နှာက နည်းနည်းအိုသွားသည်။ ပြီးတော့မှ နှုတ်ခမ်းထောင့်စွန်းကလေး တွန့်ရုံ ပြုံးလိုက်၏။
ပိုက်ဆံအိတ်ဖွင့်၍ ကျပ်တန်အကောင်းဆုံး သုံးရွက်ကို ထည့်သည်။ ငါးကျပ်တန်တစ်ရွက် ပြန်ထုတ်သည်။ စောစောက ကျပ်တန်အစုတ်ကိုပါယူပြီး ခပ်လှမ်းလှမ်းရှိ စာရေးကြီး စားပွဲသို့ သွားသည်။
“ဆပ်ပြာဖိုး ငွေသွင်းလို့ရပြီလား”
စာရေးကြီးက ဖိုင်တွဲလေးကို လှန်လှောနေရာမှ မော့ကြည့်ပြီး …
“ရပြီလေ၊ သုံးပိုင်းအတွက် ခြောက်ကျပ်သွင်းရမယ်”
စာရေးမလေးက ငွေခြောက်ကျပ် လှမ်းပေးသည်။ စာရေးကြီးက ကျပ်တန်အစုတ်ကို မြင်သွား၏။

“ဟာဗျာ၊ ခင်ဗျားတို့ကလည်း အစုတ်အပြဲမှန်သမျှ ဒီမှာချည်း လာပေးတာပဲ။ ဟိုကျလို့ ငွေသွင်းတဲ့အခါ ခဏခဏစကားများရတယ်”
“ရပါတယ်၊ ဟိုကလည်း ဘဏ်သွင်းရမှာပဲဟာ”
စာရေးမလေးက ပြောပြောဆိုဆို လှည့်ထွက်သွား၏။ ထိုအချိန်မှာပင် သက်သာလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေး ရောက်လာသည်။
“အစ်ကိုရေ၊ အစိတ်ဖိုးလောက် လဲပေးပါဦး၊ ကျပ်တန်ချည်းပဲရရင် ပိုကောင်းတယ်”
“သိပ်ရတာပေါ့ကွာ”
စာရေးကြီးက ကျပ်တန်အရွက်အစိတ် ရေတွက်ပြီး ပေးလိုက်သည်။

(၃)
ရုံးအုပ်ကြီးက ကောင်တာပေါ်သို့ ဆယ်တန်တစ်ရွက် တင်လိုက်ပြီး…
“လက်ဖက်ရည် နှစ်ခွက်ဟေ့”
ဟုပြောလိုက်သည်။ ကောင်တာထိုင်သူက တိုကင်ပြား နှစ်ပြားအရင်ပေးလိုက်သည်။ ထို့နောက် အကြွေပြားနှစ်ဆယ်၊ ကျပ်တန်သုံးရွက်နှင့် ငါးကျပ်တန်တစ်ရွက် ပြန်အမ်းသည်။ ရုံးအုပ်ကြီးက ပြန်အမ်းငွေကိုယူ၍ လက်ဖက်ရည်ဖျော်သည့်နေရာသို့ ထွက်လာပြီးမှ ပြန်လှည့်ကာ …
“ဟေ့ကောင်၊ ကျပ်တန်တစ်ရွက် ပြန်လဲပေးကွာ၊ အစုတ်ကြီး”
“ကျပ်တန်က ဒါပဲရှိလို့ပါ၊ ခုနရုံးပေါ်က သွားအမ်းလာတာ အစိတ်ဖိုးက ဒါနောက်ဆုံးကျန်တာပဲ။ သုံးလို့ရပါတယ် ဆရာရဲ့”
“ဟာ … ရမယ်မထင်ဘူးကွ၊ စုတ်တဲ့အပြင် နွမ်းလည်းနွမ်းနေသေးတယ်”
“လွယ်ပါတယ်ဆရာရယ်၊ နောက်နေ့လည်း လက်ဖက်ရည် သောက်ဦးမှာပဲ။ အဲဒီတော့မှ ပြန်ပေးပေါ့”

(၄)
ရသာမုန့်ဆိုင်ရှေ့ရှိသုံးဘီး၊ လေးဘီးဂိတ်တွင် လူတွေ ပုံနေသည်။ မှောင်စပြုလာသောအချိန်တွင် လူကပိုကျလာ၏။ ကားက အဝင်နည်းနေသည်။
သုံးဘီးတစ်စီး ဝင်လာသည်။ နောက်ဘက်မှ တွယ်ပြီးလိုက်လာသော ကောင်လေးက “တာမွေ တာမွေ” ဟုအော်သည်။ လူတစ်စု ပြုံပြီးတိုးတက်သည်။ ရုံးအုပ်ကြီးသည် အစွန်ဆုံး တစ်နေရာကို ရလိုက်၏။
ကျောက်မြောင်း သီတာလမ်းထိပ်တွင် သူဆင်းသည်။ ကားမောင်းသမားကို ကျပ်တန်တစ်ရွက်ပေးပြီး ချာခနဲ လှည့်ထွက်လိုက်၏။ ခပ်သုတ်သုတ် လျှောက်သွားသည်။
မိန်းကလေးက သုံးဘီးကားကို လှမ်းတာသည်။ ကားရပ်ပေး၏။ မိန်းကလေးကမေးသည်။
“စိန်ဂျွန်းဈေးသွားချင်လို့”
“ရပါတယ် ရှစ်ကျပ်တော့ပေးပေါ့”
“ဟင် …များတာပေါ့၊ သိပ်မှမဝေးတာ၊ ငါးကျပ်ပဲ”
ကားဆရာက ခေါင်းခါပြီး …
“ငါးကျပ်တော့ မရဘူး၊ ပိုပြောတာမဟုတ်ပါဘူး။ တစ်မနက်လုံး ကားပြင်နေရလို့ အုံနာခတောင် မရသေးပါဘူးဗျာ”
နောက်ဆုံး ခြောက်ကျပ်နှင့် ဈေးတည့်သွားသည်။ စိန်ဂျွန်းဈေးသို့ ရောက်အောင် ဆယ်မိနစ်တောင် မမောင်းရ။
ဈေးရှေ့တွင် ကားရပ်သည်။ မိန်းကလေးက ငါးကျပ်တန် နှစ်ရွက်ပေးသည်။ ကားဆရာက …
“ကျပ်တန်မပါဘူးလား”
မိန်းကလေးက ခေါင်းခါပြသည်။ ကားဆရာသည် ငါးကျပ်တန် နှစ်ရွက်ယူပြီး ကျပ်တန်လေးရွက် ပြန်အမ်းသည်။ မိန်းကလေးက ကျပ်တန်လေးရွက်ကို ရေတွက်ကြည့်နေရာမှ “ဟင်” ဟု
အာမေဋိတ်ပြုလိုက်ပြီး…
“ဒီမှာ … ဒီမှာ ဟိုး…ဟိုး…”
ဟု လှမ်းအော်သည်။ သုံးဘီးကားက မောင်းထွက်သွားပြီ ဖြစ်၏။

(၄)
အလှကုန်ဆိုင်ရှင် အမျိုးသမီးကြီးသည် ဆိုင်ရှေ့မှာ လာရပ်သော မိန်းကလေးကို …
“ဘာရှာသလဲ ညီမ”
ဟု ဆီးကြိုလိုက်သည်။ မိန်းကလေးက …
“မဉ္ဇူခေါင်းလျှော်ရည်ရှိလား”
“ရှိတယ် ညီမ”
“ဘယ်လောက်လဲ”
“ဆယ့်နှစ်ကျပ်ပါ”
“ဟင် … ဈေးကလည်းများလိုက်တာ”
“မများပါဘူးကွယ်၊ ပစ္စည်းမှန် ဈေးမှန်ပါပဲ”
“အရင်တစ်ခါဝယ်တုန်းက ကိုးကျပ်ပဲပေးရတယ်”
“အခုမရတော့လို့ပါ ညီမရယ်၊ ကောက်တာတောင် ဆယ့်တစ်ခွဲပေးရပါတယ်။ အစ်မတို့ ငါးမူးစားရတာပါ”
“တစ်ဆယ်အတိပဲ ထားလိုက်ပေါ့”
“မရလို့ပါ၊ တခြားဆိုင်တွေလည်း မေးကြည့်ပါ”
“ထားလိုက်ပါ၊ တစ်ဆယ်ပဲ”
“ကဲ … ဆယ့်တစ်နဲ့ယူသွား၊ ဟုတ်လား ။ နောက်လည်း ဒီမှာဝယ်ဖြစ်သွားအောင် ငါးမူးအရှုံးခံပြီး ပေးလိုက်မယ်”
ရှိုးကေ့စ်ထဲမှ ခေါင်းလျှော်ရည်တစ်ပုလင်း ထုတ်ပေးသည်။ မိန်းကလေးက လှမ်းယူပြီး ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ပိုက်ဆံအိတ်ကလေးထဲမှ ငါးကျပ်တန်နှစ်ရွက်ကို အရင်ထုတ်ပေးသည်။ ပြီးမှ ကျပ်တန်တစ်ရွက်ကို ခေါက်လျက်သား ပေးလိုက်၏။

(၅)
မိန်းမကြီးတစ်ယောက် ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်လက်ဆွဲခြင်းကိုကိုင်လျက် ထော့နဲ့ထော့နဲ့ လျှောက်လာသည်။
ဆိုင်ရှေ့မှာ လာရပ်သည်။ ဆွဲခြင်းကို ဆိုင်ပေါ်တင်ပြီး နဖူးမှာသီးနေသော ချွေးသီးများကို လက်ဖြင့်သပ်ချလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက …
“နောက်ကျလှချည်လား”
ဟု ပြောလိုက်သည်။ မိန်းမကြီးက …
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဟိုဒင်းဖြစ်နေလို့”
“ဘာလဲ၊ လမ်းလျှောက်လာရလို့လား”
“အင်း … ကားကလည်း ကျပ်တာနဲ့”
“နောက်နေ့တော့ စောစောလာပို့နော်”
“ဟုတ်ကဲ့”
ဆိုင်ရှင်အမျိုးသမီးက ပိုက်ဆံသေတ္တာထဲရှိ ငွေစက္ကူများထဲမှ ကျပ်တန်တစ်ရွက်ကို ယူလိုက်သည်။ လေးခေါက်ခေါက်ပြီး မိန်းမကြီး လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ မိန်းမကြီးက ကျပ်တန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ပြန်ထွက်သွားသည်။

(၆)
မိန်းမကြီးသည် စိန်ဂျွန်းဈေးမှ မြေနီကုန်းအထိ လမ်းလျှောက်ပြန်လာသည်။ လမ်းထိပ် ကွမ်းယာဆိုင်ကို ဝင်သည်။
ကျားပျံမကောက်ဆေးပေါ့လိပ် တစ်လိပ်နှင့် မရန်းပြားတစ်ထုပ် ယူသည်။ ကျပ်တန်ကို လှမ်းပေးလိုက်၏။ ဆိုင်က ကောင်လေးကျပ်တန်ကို ဖြန့်ကြည့်ပြီး …
“အဒေါ်ကြီး ကျပ်တန်ပြန်လဲပေးပါ”
“ဟဲ့ …ဘာဖြစ်လို့လဲ”
“ဒီမှာမတွေ့ဘူးလား၊ ထက်ပိုင်းပြဲနေလို့ စက္ကူနဲ့ ပြန်ကပ်ထားတာ”
“ဟေ …ဟုတ်လား၊ အမေကြီးလည်း မျက်စိကမွဲတော့ သေသေချာချာ မကြည့်မိဘူး။ နို့ အဲဒီပိုက်ဆံက သုံးလို့မရဘူးလား”
“ပြန်အမ်းတဲ့အခါကျတော့ ဘယ်သူမှ မလိုချင်ဘူးဗျ၊ ပြီးတော့ အမေကလည်း ပြန်လာရင် ဆူနေမှာ”
“အေးအေး… ဒါဆိုလည်း ပြန်ပေး”
မိန်းမကြီးက ကျပ်တန်ကို ပြန်ယူလိုက်သည်။ ပြီးတော့ ချွေးခံအကျႌထဲသို့ နှိုက်စမ်းပြီးထုတ်လိုက်ရာ မတ်စေ့တစ်စေ့ပါလာ၏။ ဆေးလိပ်မဝယ်တော့ဘဲ အချဉ်ထုပ်သာယူခဲ့သည်။

(၇)
“အမေကြီး မရန်းပြားပါလား”
ဟု ကလေးမလေးက မေး၏။ မိန်းမကြီးက မရန်းပြားထုပ်ကို လှမ်းပေးလိုက်ပြီးနောက် ကွပ်ပျစ်ကလေးဘေးတွင် ဟိုစမ်းဒီစမ်းလုပ်နေသည်။
“ဟဲ့… အမေကြီး ဆေးလိပ်တိုလေးထားခဲ့တာ မတွေ့မိဘူးလား”
“ဒီမှာလေ အမေကြီးရဲ့”
ကလေးမလေးက ကြွက်လျှောက်ပေါ်က ဆေးလိပ်တိုကို ယူပေးရင်း…
“အမေကြီး ဆေးလိပ်ကဖြင့် အစီခံနားကပ်နေပြီ။ အသစ်မဝယ်ခဲ့ဘူးလား”
“ဝယ်မလို့ပဲကွယ်၊ ပိုက်ဆံက စုတ်နေလို့တဲ့။ သုံးလို့မရတာနဲ့ မဝယ်ခဲ့ရဘူး”
“ဈေးထဲကပေးလိုက်တဲ့ ပိုက်ဆံလားဟင်”
“အေးပေါ့”
“ဒါဆို အကောင်းနဲ့ပြန်လဲခိုင်းပေါ့”
“အမေကြီးက မျက်စိကမွဲတော့ မမြင်မိဘူး။ ပြန်လဲခိုင်းလို့လည်း မဖြစ်ပါဘူး။ တော်ကြာစိတ်ဆိုးပြီး နောက်မခိုင်းဘဲနေပါဦးမယ်”
“အဲဒီပိုက်ဆံပြပါဦး”
မိန်းမကြီးက ချွေးခံအကျႌအိတ်ထဲက ကျပ်တန်ကို ထုတ်ပြသည်။ ကလေးမလေးက ယူကြည့်ပြီး…
“ဟာ… ဟုတ်ပြီ၊ ဟိုဘက်လမ်းထဲကဆိုင်မှာ ဆေးလိပ်သွားဝယ်ရမယ်။ အဲဒီဆိုင်က အဘွားကြီးက မျက်စိသိပ်မကောင်းဘူး အမေကြီးရဲ့”
“ဟဲ့… မလုပ်ကောင်းဘူး၊ အမေကြီးတောင် ဒီပိုက်ဆံကိုရတော့ တော်တော်စိတ်မချမ်းသာ ဖြစ်သွားရသေးတာ။ သူများတွေလက်ထဲ ရောက်သွားရင်လည်း ဒီလိုပဲခံစားရမှာပေါ့”
“ဒါဆို ဒီလိုလုုပ် အမေကြီး၊ ရှင်စောပုဘုရားက အလှူခံပုံးထဲထည့်လိုက်မယ် မကောင်းဘူးလား”
မိန်းမကြီးက ခေါင်းကို တွင်တွင်ခါသည်။
“မလုပ်ပါနဲ့ကွယ်၊ ဟိုဘဝက လှူဒါန်းတာ မစင်ကြယ်ခဲ့လို့ ဒီဘဝမှာ ဒုက္ခိတတစ်ပိုင်းလာဖြစ်နေတာ။ နောက်ဘဝကို ဆက်ပါနေပါဦးမယ်။ လှူတယ်ဆိုတာ သန့်သန့်ရှင်းရှင်းစိတ်ထားမှကွဲ့။ အင်း… ဒီပိုက်ဆံကို မသုံးဘဲထားလိုက်တာ အကောင်းဆုံးပါပဲလေ”
မိန်းမကြီးသည် ကျပ်တန်စုတ်ကလေးကို ကွပ်ပျစ်ပေါ်မှာခင်းထားသော ဖျာအောက်သို့ အသာအယာထိုးထည့်လိုက်လေသည်။

Credit : Thu tha zone