Zawgyi ျဖင့္ဖတ္ရန္

မိမိထက္ ပိုမိုအဆင့္ျမင့္တဲ့ ႏိုင္ငံေတြကို ဖိတ္ၾကားထားၿပီး မလာျဖစ္ပါက ပိုမို ျမင့္မားတဲ့ ႏိုင္ငံေတြကို ဆက္လက္ဖိတ္ေခၚသြားမယ္လို႔ သိရပါတယ္။အာရွ အားကစားၿပိဳင္ပြဲဝင္မယ့္ ျမန္မာ့ လက္ေ႐ြးစင္ ယူ-၂၃ အသင္းအတြက္ ပြဲႀကိဳ ျပင္ဆင္မႈ တစ္ရပ္အျဖစ္ က်င္းပမယ့္ ေလးႏိုင္ငံ ဖိတ္ေခၚ ဖလားၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

 

ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ အေနနဲ႔ လာမယ့္ အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပျပဳလုပ္မယ့္ အာရွအားကစားၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာလည္း ျဖစ္ၿပီး ၿပိဳင္ပြဲအႀကိဳ ျပင္ဆင္မႈ အျဖစ္ ယခုလို က်င္းပသြားရျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ ၿပိဳင္ပြဲအတြက္ ေတာင္ကိုရီးယား၊အင္ဒိုနီးရွားနဲ႔ ထိုင္းအသင္းတို႔ကို ေ႐ြးခ်ယ္ ဖိတ္ၾကားထားတယ္လို႔လည္း သိရပါတယ္။

“ကြၽန္ေတာ္တို႔ အခုဖိတ္ၾကားထားတဲ့အသင္းေတြထဲက လာမကစားျဖစ္တဲ့အသင္းေတြရွိခဲ့ရင္ ယခုထက္ ပိုမိုအဆင့္ျမင့္တဲ့အသင္းေတြကိုပဲ ထပ္ မံ ဖိတ္ေခၚသြားဖို႔ ရွိပါတယ္။” လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးကိုကိုသိန္းက ေျပာပါတယ္။

အသင္းေတြကို ဖိတ္ၾကားမႈကိုေတာ့ မေန႔က ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး ယခုလကုန္ေနာက္ဆုံးထားၿပီး အေၾကာင္းျပန္ေပးဖို႔လည္း ေျပာၾကား ထားတယ္လို႔ ဆက္လက္သိရပါတယ္။

ယခုက်င္းပမယ့္ ေလး ႏိုင္ငံ ဖိတ္ေခၚၿပိဳင္ပြဲကို ယခင္က ၂ ႀကိမ္ က်င္းပခဲ့ဖူးၿပီး ထိုစဥ္က ဧရာဘဏ္ဖလား၊ကေမာၻဇဘဏ္ဖလား အမည္မ်ားျဖင့္ က်င္းပခဲ့တာလည္း ျဖစ္ပါတယ္။

ယခုတစ္ႀကိမ္ ၿပိဳင္ပြဲကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် ဘယ်အသင်းတွေကို ဖိတ်ခေါ်ထားလဲ?

မိမိထက် ပိုမိုအဆင့်မြင့်တဲ့ နိုင်ငံတွေကို ဖိတ်ကြားထားပြီး မလာဖြစ်ပါက ပိုမို မြင့်မားတဲ့ နိုင်ငံတွေကို ဆက်လက်ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

 

အာရှ အားကစားပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအတွက် ပွဲကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမယ့် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှာလည်း ဖြစ်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် ယခုလို ကျင်းပသွားရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာတော့ ပြိုင်ပွဲအတွက် တောင်ကိုရီးယား၊အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ကို ရွေးချယ် ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ အခုဖိတ်ကြားထားတဲ့အသင်းတွေထဲက လာမကစားဖြစ်တဲ့အသင်းတွေရှိခဲ့ရင် ယခုထက် ပိုမိုအဆင့်မြင့်တဲ့အသင်းတွေကိုပဲ ထပ် မံ ဖိတ်ခေါ်သွားဖို့ ရှိပါတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

အသင်းတွေကို ဖိတ်ကြားမှုကိုတော့ မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပြီး ယခုလကုန်နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့လည်း ပြောကြား ထားတယ်လို့ ဆက်လက်သိရပါတယ်။

ယခုကျင်းပမယ့် လေး နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို ယခင်က ၂ ကြိမ် ကျင်းပခဲ့ဖူးပြီး ထိုစဉ်က ဧရာဘဏ်ဖလား၊ကမ္ဘောဇဘဏ်ဖလား အမည်များဖြင့် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ် ပြိုင်ပွဲကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Credit : Duwun