Zawgyi ျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံ Police Tero အသင္းတြင္ သြားေရာက္ကစားေနသာ ျမန္မာ့ လက္ေ႐ြးစင္ တိုက္စစ္မႉး ေအာင္သူ က ထိုင္းလိဂ္ၿပိဳင္ပြဲတြင္ အေကာင္းဆုံး အားကစားသမား ဆုကို ဒုတိယအႀကိမ္ ထပ္မံရရွိခဲ့သည္။

ဧၿပီလ ၁ ရက္ေန႔က Port FC အသင္းႏွင့္ Police Tero အသင္းတို႔ လိဂ္ပြဲစဥ္ ၈ တြင္ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ (၄−၂) ျဖင့္ Police Tero အသင္းက အႏိုင္ရရွိခဲ့သည္။ ပြဲစဥ္တြင္ Police Tero အသင္းအတြက္ ပထမဦးဆုံး အဖြင့္ဂိုးကို ကစားခ်ိန္ ၂၆ မိနစ္တြင္ ေအာင္သူမွ သြင္းယူေပးခဲ့ၿပီး ပြဲကစားခ်ိန္ ၅၂ မိနစ္အၾကာတြင္ တတိယေျမာက္ဂိုးကို ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီး သြင္းဂိုး ၂ ဂိုးျဖင့္ အေကာင္းဆုံးအားကစားသမားဆု “Man Of The Match” ကို ဒုတိယအႀကိမ္ ထပ္မံရရွိခဲ့ျခင္းျဖစ္သည္။

 

ေအာင္သူဟာ လိဂ္ပြဲစဥ္ ၃ အျဖစ္ ခ်င္းဂ႐ိုင္ယူႏိုက္တက္အသင္းႏွင့္ ယွဥ္ၿပိဳင္ ကစားခဲ့စဥ္ကလည္း Man Of The Match ဆုကို ပထမအႀကိမ္ရရွိထားခဲ့သည္။ လက္ရွိအေျခအေနအရ ထိုင္းလိဂ္ပြဲစဥ္တြင္ ေအာင္သူက သြင္းဂိုး ၄ ဂိုးရရွိထားၿပီးျဖစ္သည္

Credit : popolay

 

Unicode ဖြင့်ဖတ်ရန်

ထိုင်းလိဂ်တွင် အကောင်းဆုံးအားကစားသမားဆု ထပ်မံရရှိခဲတဲ့ အောင်သူ

ထိုင်းနိုင်ငံ Police Tero အသင်းတွင် သွားရောက်ကစားနေသာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူက ထိုင်းလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့သည်။

ဧပြီလ ၁ ရက်နေ့က Port FC အသင်းနှင့် Police Tero အသင်းတို့ လိဂ်ပွဲစဉ် ၈ တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ (၄−၂) ဖြင့် Police Tero အသင်းက အနိုင်ရရှိခဲ့သည်။ ပွဲစဉ်တွင် Police Tero အသင်းအတွက် ပထမဦးဆုံး အဖွင့်ဂိုးကို ကစားချိန် ၂၆ မိနစ်တွင် အောင်သူမှ သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်အကြာတွင် တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးဖြင့် အကောင်းဆုံးအားကစားသမားဆု “Man Of The Match” ကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

 

 

အောင်သူဟာ လိဂ်ပွဲစဉ် ၃ အဖြစ် ချင်းဂရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့စဉ်ကလည်း Man Of The Match ဆုကို ပထမအကြိမ်ရရှိထားခဲ့သည်။ လက်ရှိအခြေအနေအရ ထိုင်းလိဂ်ပွဲစဉ်တွင် အောင်သူက သွင်းဂိုး ၄ ဂိုးရရှိထားပြီးဖြစ်သည်

Credit : popolay