Zawgyi ျဖင့္ဖတ္ရန္

 

၁၉၉၀ ျပည့္ႏွစ္ေလာက္ဆီက ဂ်ာမနီႏိုင္ငံ သည္ ႏွစ္ႏိုင္ငံ ျပန္လည္ေပါင္းစည္းေရးကို ေဆာင္႐ြက္ေနရသျဖင့္ အေမရိက၊ တ႐ုတ္ႏွင့္ ဂ်ပန္ႏိုင္ငံ မ်ားထက္ စီးပြားေရး နွင့္ ပညာေရး တို႔တြင္ ေနာက္က်က်န္ေနႏိုင္ေၾကာင္း ေလ့လာဆန္းစစ္ခဲ့ၾကသည္။ သို႔ေသာ္ ဂ်ာမနီသည္ သူ႔နည္းသူ႔ဟန္ျဖင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္႐ြက္ႏိုင္ခဲ့သည္။ ပညာရွင္မ်ားက ဂ်ာမနီႏိုင္ငံတြင္ ဆီလီကြန္ေတာင္ၾကားလို နည္းပညာ ရပ္ဝန္းမရွိ၊ တ႐ုတ္ႏိုင္ငံ လို ေဈးေပါေပါႏွင့္ ကုန္ထုတ္လုပ္မႈမ်ားကို လုပ္ေဆာင္ေပးႏိုင္သည့္ လူသားရင္းျမစ္လည္းမရွိ ထို႔ေၾကာင့္ ဥေရာပ တြင္ အင္အားႀကီးေသာ ႏိုင္ငံတစ္ႏိုင္ငံလည္း မျဖစ္လာႏိုင္ဟု ယူဆခဲ့ၾကသည္။

သို႔ေသာ္ ဂ်ာမနီ သည္ တိုးတက္သည့္ ႏိုင္ငံႀကီး တစ္ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။ အဘယ္ေၾကာင့္နည္း။ ဂ်ာမနီႏိုင္ငံ၏ ပညာေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ စနစ္မ်ားက ဂ်ာမနီ ကို စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံႀကီးတစ္ႏိုင္ငံျဖစ္လာေစရန္ လုပ္ေဆာင္ေပးႏိုင္ခဲ့သည္ဆိုလွ်င္ လြန္အံ့မထင္။

ဂ်ာမနီႏိုင္ငံ သည္ ပညာေရး စနစ္ကို ျပဳျပင္ေျပာင္းလဲမႈမ်ားအား ႏွစ္ႏိုင္ငံေပါင္းစည္းၿပီးကတည္းက အတိအလင္း လုပ္ေဆာင္ႏိုင္ခဲ့သည္။ ပညာေရး ကို လုပ္ငန္းကြၽမ္းက်င္မႈအား အေျခခံသည့္စနစ္ျဖင့္ အစားထိုးၿပီး ကြၽမ္းက်င္သည့္ တတ္သိပညာရွင္ေလးမ်ားကို ေမြးထုတ္ေပးႏိုင္ခဲ့ေသာေၾကာင့္ ၁၉၉၀ ေနာက္ပိုင္းတြင္ ပညာေရးက ပိုၿပီးအားေကာင္းလာသလို ႏိုင္ငံအတြက္လည္း မ်ားစြာအေထာက္အကူျဖစ္ေစခဲ့သည္။ ဂ်ာမနီပညာေရးသည္ သေဘာတရားႏွင့္ လက္ေတြ႕ေပါင္းစပ္သင္ၾကားသည့္ ပညာေရးျဖစ္လာၿပီး အသက္ေမြးပညာသင္ ေက်ာင္းမ်ားတြင္သာမက တကၠသိုလ္မ်ားတြင္ပါ လူေတာ္ေတြကို အသင့္ျဖစ္ေစရန္ စီစဥ္ထားႏိုင္ခဲ့သည္။

ဂ်ာမနီႏိုင္ငံ၏ ပညာေရးစနစ္သည္ ဆရာဗဟိုျပဳစနစ္မွသည္ ေက်ာင္းသားဗဟိုျပဳစနစ္ကို အဓိကထားၿပီး လုပ္ေဆာင္လာသလို၊ လြန္ခဲ့ေသာ ၁၀ ႏွစ္ကတည္းက လုပ္ငန္းခြင္ အေသးစားမ်ားတြင္ တိုက္႐ိုက္ဝင္ၿပီး လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ရန္ စီစဥ္ေပးႏိုင္ခဲ့သည္။ ဂ်ာမနီႏိုင္ငံတြင္ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးလာသလို၊ လုပ္ငန္းမ်ားတြင္ နည္းပညာကိုလည္း ထည့္သြင္းအသုံးျပဳလာၿပီး တီထြင္မႈမ်ားျဖင့္ ကမာၻ႔ေဈးကြက္ကို ထိုးေဖာက္ႏိုင္ေစရန္ ႀကိဳးစားရာ၌ လူငယ္အားကို အေျခခံထားမွျဖစ္မည္ကို ေကာင္းစြာ သေဘာေပါက္ထားၾကသည္။ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္း ေမြးထုတ္လိုက္သည့္ လူငယ္ပညာတတ္အားလုံးသည္ အနာဂတ္လုပ္ငန္းခြင္၊ အနာဂတ္ေဈးကြက္ႏွင့္ ကိုက္ညီမည့္သူမ်ားကို စနစ္တက်ေမြးထုတ္ႏိုင္ေသာေၾကာင့္ ဂ်ာမနီအတြက္ အခက္အခဲမရွိ ေက်ာ္ျဖတ္ေနႏိုင္သည့္ အေနအထားကိုေရာက္လာသည္။ ထိုသို႔ေရာက္လာေစရန္လည္း အစိုးရအေနႏွင့္ အေထာက္အကူမ်ားစြာ ေပးထားသည္။ အစိုးရသည္ နည္းပညာႏွင့္ ကြၽမ္းက်င္သည့္ မ်ိဳးဆက္သစ္မ်ားကို ေမြးထုတ္ရာတြင္မ်ားစြာ အေထာက္အကူျပဳထားျခင္းကလည္း ဂ်ာမနီဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အဓိကက်သည့္ အခ်က္ျဖစ္ေစခဲ့သည္။

လက္ရွိ ဂ်ာမနီႏိုင္ငံ၏ တကၠသိုလ္ပညာေရးစနစ္ကို ေဒါက္တိုင္ႀကီးသုံးတိုင္ျဖင့္ အေထာက္အပံ့ျပဳထားေၾကာင္း ေတြ႕ရသည္။ ယင္းတို႔မွာ သုေတသနလုပ္ငန္းမ်ားကို အခိုင္အမာလုပ္ေဆာင္ျခင္း၊ ပညာကိုေကာင္းစြာ သင္ၾကားျခင္းႏွင့္ ခိုင္မာေသာ ပညာရပ္ဝန္းႀကီးတစ္ခုကို တည္ေဆာက္ျခင္းတို႔ျဖစ္သည္။ သူတို႔လုပ္ေဆာင္ေနသည့္ တကၠသိုလ္ပညာေရးမွာ သုေတသန၊ ပညာ၊ ေက်ာင္းသုံးမ်ိဳးေပါင္းသည္ ပေရာ္ဖက္ရွင္နယ္မ်ားကိုသာ ေမြးထုတ္ႏိုင္ရမည္ဆိုသည့္ ဦးတည္ခ်က္ျဖင့္ လုပ္ေဆာင္သည္။ စာေတြ႕ထက္ လက္ေတြ႕ကို အေျခခံကာ လုပ္ေဆာင္ႏိုင္စြမ္းရွိသူမ်ားကို ေမြးထုတ္သည့္ တကၠသိုလ္ျဖစ္လာေစရန္ အားထုတ္လာၾကသည္။ ထို႔ေၾကာင့္လည္း ေက်ာင္းမ်ားတြင္ ပို႔ခ်သည့္ ဆရာမ်ားမွာ ဘာသာရပ္ဆိုင္ရာတို႔တြင္ အထူးကြၽမ္းက်င္သည့္ ပညာရွင္ေတြခ်ည္းျဖစ္ေနေစရန္ ခန႔္ထားၾကသည္ကို ေတြ႕ရသည္။ ဆရာမ်ားကိုခန႔္ရာတြင္ မိမိတို႔ သင္ၾကားမည့္ ဘာသာရပ္တြင္ လက္ေတြ႕ ငါးႏွစ္ခန႔္ ဦးေဆာင္လုပ္ခဲ့သူမ်ားကို ခန႔္ျခင္းေၾကာင့္ ပိုၿပီး ပညာေရးစနစ္ကို ခိုင္မာေစခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။

ဂ်ာမနီႏိုင္ငံတြင္ ႏိုင္ငံအခ်င္းခ်င္း ေပါင္းကူးသေဘာျဖင့္ ဖက္စပ္သင္ၾကားေနသည့္ တကၠသိုလ္ပညာ သင္ၾကားေရးစနစ္မ်ားစြာရွိသည္။ ထို႔ျပင္ တကၠသိုလ္မ်ားႏွင့္ လုပ္ငန္းခြင္မ်ား ကုမၸဏီမ်ားကလည္း ခ်ိတ္ဆက္ထားၿပီး လုပ္ခြင္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ ပညာရပ္မ်ားအား သင္ၾကားေပးေနေသာေၾကာင့္ တိုက္႐ိုက္ေပါင္းကူး လုပ္ငန္းခြင္ဝင္ရန္ အဆင္ေျပသည္။

ကုမၸဏီမ်ားတြင္ အလုပ္သင္မ်ားအျဖစ္ လုပ္ေဆာင္ေနၾကသည့္ ေက်ာင္းသားမ်ားသည္ တစ္လလွ်င္ လုပ္ခလစာအျဖစ္ ယူ႐ို ၈၀၀ မွ ၁၀၀၀ ၾကားရၾကသည္။ အလုပ္သင္ေက်ာင္းသားမ်ားက လုပ္ငန္းခြင္မ်ားတြင္ ဝင္ေရာက္ျဖည့္ဆည္းေပးႏိုင္ျခင္းမွာ အလုပ္သမားရွားပါးသည့္ ျပႆနာကိုလည္း အလိုလိုေျဖရွင္းၿပီးသား ျဖစ္ေစသည္။ ထို႔ျပင္ ထူးခြၽန္သူမ်ားကိုပါ ကုမၸဏီက အေထာက္အပံ့ေပးၿပီး ေက်ာင္းတက္ခိုင္းသည့္ အစီအစဥ္မ်ားေၾကာင့္ ဂ်ာမနီသည္ ပညာေရးတြင္ ေရရွည္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ရန္ အကြက္ခ်ၿပီး လုပ္ေဆာင္ထားမွန္းထင္ရွားသည္။

ဂ်ာမနီႏိုင္ငံမွ လူသားရင္းျမစ္ မန္ေနဂ်ာတစ္ဦးက မိမိတို႔ကုမၸဏီတြင္ မည္သည့္တကၠသိုလ္က ဆင္းလာသည္ျဖစ္ေစ ခန႔္ေလ့မရွိေၾကာင္း၊ အထက္တန္းေက်ာင္းသားျဖစ္ပါေစ ေပါင္းကူးလုပ္ငန္းခြင္သင္တန္းကို သုံးႏွစ္တက္ၿပီးျဖစ္လွ်င္ ခန႔္ထားတတ္ေၾကာင္း၊ ကုမၸဏီကလိုအပ္သည့္သူကို သုံးႏွစ္ခန႔္ေစာင့္ၾကည့္ၿပီးမွ လိုအပ္ခ်က္အရ ခန႔္အပ္ေလ့ရွိေၾကာင္း ေျပာၾကားခ်က္ကို ေလ့လာၾကည့္ႏိုင္ပါသည္။

ဂ်ာမနီႏိုင္ငံမွ ကုမၸဏီမ်ားသည္ သူတို႔လုပ္ငန္းခြင္တြင္ လိုအပ္မည့္သူမ်ားကို ႀကိဳတင္ၿပီး ေလ့က်င့္ေမြးထုတ္ ေပးထားတတ္ၾကပါသည္။ ထို႔ေၾကာင့္ ဘြဲ႕ရၿပီး ဘာမွမလုပ္တတ္သူေတြ ေရာက္လာျခင္းထက္၊ သူတို႔ စိတ္ႀကိဳက္ ေမြးထုတ္ထားသူမ်ားကို လုပ္ငန္းခြင္ထဲသို႔ တိုက္႐ိုက္ဆြဲေခၚေလ့ရွိသည့္ စနစ္ကိုသာ က်င့္သုံးေနေသာေၾကာင့္ အျခားႏိုင္ငံမ်ားထက္ တိုးတက္သည္ဟုလည္း ဆိုႏိုင္သည္။

Credit : the voice

 

Unicode ဖြင့်ဖတ်ရန်

ဂျာမနီပညာရေးမှ အတုယူစရာအချက်များ

 

၁၉၉၀ ပြည့်နှစ်လောက်ဆီက ဂျာမနီနိုင်ငံသည် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်နေရသဖြင့် အမေရိက၊ တရုတ်နှင့် ဂျပန်နိုင်ငံများထက် စီးပွားရေးနှင့်ပညာရေးတို့တွင် နောက်ကျကျန်နေနိုင်ကြောင်း လေ့လာဆန်းစစ်ခဲ့ကြသည်။ သို့သော် ဂျာမနီသည် သူ့နည်းသူ့ဟန်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်ခဲ့သည်။ ပညာရှင်များက ဂျာမနီနိုင်ငံတွင် ဆီလီကွန်တောင်ကြားလို နည်းပညာရပ်ဝန်းမရှိ၊ တရုတ်နိုင်ငံလို ဈေးပေါပေါနှင့် ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင်ပေးနိုင်သည့် လူသားရင်းမြစ်လည်းမရှိ ထို့ကြောင့် ဥရောပတွင် အင်အားကြီးသော နိုင်ငံတစ်နိုင်ငံလည်း မဖြစ်လာနိုင်ဟု ယူဆခဲ့ကြသည်။

သို့သော် ဂျာမနီသည် တိုးတက်သည့် နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ဂျာမနီနိုင်ငံ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်စနစ်များက ဂျာမနီကို စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာစေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်ဆိုလျှင် လွန်အံ့မထင်။

ဂျာမနီနိုင်ငံသည် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများအား နှစ်နိုင်ငံပေါင်းစည်းပြီးကတည်းက အတိအလင်း လုပ်ဆောင်နိုင်ခဲ့သည်။ ပညာရေးကို လုပ်ငန်းကျွမ်းကျင်မှုအား အခြေခံသည့်စနစ်ဖြင့် အစားထိုးပြီး ကျွမ်းကျင်သည့် တတ်သိပညာရှင်လေးများကို မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် ၁၉၉၀ နောက်ပိုင်းတွင် ပညာရေးက ပိုပြီးအားကောင်းလာသလို နိုင်ငံအတွက်လည်း များစွာအထောက်အကူဖြစ်စေခဲ့သည်။ ဂျာမနီပညာရေးသည် သဘောတရားနှင့် လက်တွေ့ပေါင်းစပ်သင်ကြားသည့် ပညာရေးဖြစ်လာပြီး အသက်မွေးပညာသင် ကျောင်းများတွင်သာမက တက္ကသိုလ်များတွင်ပါ လူတော်တွေကို အသင့်ဖြစ်စေရန် စီစဉ်ထားနိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ၏ ပညာရေးစနစ်သည် ဆရာဗဟိုပြုစနစ်မှသည် ကျောင်းသားဗဟိုပြုစနစ်ကို အဓိကထားပြီး လုပ်ဆောင်လာသလို၊ လွန်ခဲ့သော ၁၀ နှစ်ကတည်းက လုပ်ငန်းခွင် အသေးစားများတွင် တိုက်ရိုက်ဝင်ပြီး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးနိုင်ခဲ့သည်။ ဂျာမနီနိုင်ငံတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသလို၊ လုပ်ငန်းများတွင် နည်းပညာကိုလည်း ထည့်သွင်းအသုံးပြုလာပြီး တီထွင်မှုများဖြင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်စေရန် ကြိုးစားရာ၌ လူငယ်အားကို အခြေခံထားမှဖြစ်မည်ကို ကောင်းစွာ သဘောပေါက်ထားကြသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မွေးထုတ်လိုက်သည့် လူငယ်ပညာတတ်အားလုံးသည် အနာဂတ်လုပ်ငန်းခွင်၊ အနာဂတ်ဈေးကွက်နှင့် ကိုက်ညီမည့်သူများကို စနစ်တကျမွေးထုတ်နိုင်သောကြောင့် ဂျာမနီအတွက် အခက်အခဲမရှိ ကျော်ဖြတ်နေနိုင်သည့် အနေအထားကိုရောက်လာသည်။ ထိုသို့ရောက်လာစေရန်လည်း အစိုးရအနေနှင့် အထောက်အကူများစွာ ပေးထားသည်။ အစိုးရသည် နည်းပညာနှင့် ကျွမ်းကျင်သည့် မျိုးဆက်သစ်များကို မွေးထုတ်ရာတွင်များစွာ အထောက်အကူပြုထားခြင်းကလည်း ဂျာမနီဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့် အချက်ဖြစ်စေခဲ့သည်။

လက်ရှိ ဂျာမနီနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်ကို ဒေါက်တိုင်ကြီးသုံးတိုင်ဖြင့် အထောက်အပံ့ပြုထားကြောင်း တွေ့ရသည်။ ယင်းတို့မှာ သုတေသနလုပ်ငန်းများကို အခိုင်အမာလုပ်ဆောင်ခြင်း၊ ပညာကိုကောင်းစွာ သင်ကြားခြင်းနှင့် ခိုင်မာသော ပညာရပ်ဝန်းကြီးတစ်ခုကို တည်ဆောက်ခြင်းတို့ဖြစ်သည်။ သူတို့လုပ်ဆောင်နေသည့် တက္ကသိုလ်ပညာရေးမှာ သုတေသန၊ ပညာ၊ ကျောင်းသုံးမျိုးပေါင်းသည် ပရော်ဖက်ရှင်နယ်များကိုသာ မွေးထုတ်နိုင်ရမည်ဆိုသည့် ဦးတည်ချက်ဖြင့် လုပ်ဆောင်သည်။ စာတွေ့ထက် လက်တွေ့ကို အခြေခံကာ လုပ်ဆောင်နိုင်စွမ်းရှိသူများကို မွေးထုတ်သည့် တက္ကသိုလ်ဖြစ်လာစေရန် အားထုတ်လာကြသည်။ ထို့ကြောင့်လည်း ကျောင်းများတွင် ပို့ချသည့် ဆရာများမှာ ဘာသာရပ်ဆိုင်ရာတို့တွင် အထူးကျွမ်းကျင်သည့် ပညာရှင်တွေချည်းဖြစ်နေစေရန် ခန့်ထားကြသည်ကို တွေ့ရသည်။ ဆရာများကိုခန့်ရာတွင် မိမိတို့ သင်ကြားမည့် ဘာသာရပ်တွင် လက်တွေ့ ငါးနှစ်ခန့် ဦးဆောင်လုပ်ခဲ့သူများကို ခန့်ခြင်းကြောင့် ပိုပြီး ပညာရေးစနစ်ကို ခိုင်မာစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် နိုင်ငံအချင်းချင်း ပေါင်းကူးသဘောဖြင့် ဖက်စပ်သင်ကြားနေသည့် တက္ကသိုလ်ပညာ သင်ကြားရေးစနစ်များစွာရှိသည်။ ထို့ပြင် တက္ကသိုလ်များနှင့် လုပ်ငန်းခွင်များ ကုမ္ပဏီများကလည်း ချိတ်ဆက်ထားပြီး လုပ်ခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ပညာရပ်များအား သင်ကြားပေးနေသောကြောင့် တိုက်ရိုက်ပေါင်းကူး လုပ်ငန်းခွင်ဝင်ရန် အဆင်ပြေသည်။

ကုမ္ပဏီများတွင် အလုပ်သင်များအဖြစ် လုပ်ဆောင်နေကြသည့် ကျောင်းသားများသည် တစ်လလျှင် လုပ်ခလစာအဖြစ် ယူရို ၈၀၀ မှ ၁၀၀၀ ကြားရကြသည်။ အလုပ်သင်ကျောင်းသားများက လုပ်ငန်းခွင်များတွင် ဝင်ရောက်ဖြည့်ဆည်းပေးနိုင်ခြင်းမှာ အလုပ်သမားရှားပါးသည့် ပြဿနာကိုလည်း အလိုလိုဖြေရှင်းပြီးသား ဖြစ်စေသည်။ ထို့ပြင် ထူးချွန်သူများကိုပါ ကုမ္ပဏီက အထောက်အပံ့ပေးပြီး ကျောင်းတက်ခိုင်းသည့် အစီအစဉ်များကြောင့် ဂျာမနီသည် ပညာရေးတွင် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရန် အကွက်ချပြီး လုပ်ဆောင်ထားမှန်းထင်ရှားသည်။

ဂျာမနီနိုင်ငံမှ လူသားရင်းမြစ် မန်နေဂျာတစ်ဦးက မိမိတို့ကုမ္ပဏီတွင် မည်သည့်တက္ကသိုလ်က ဆင်းလာသည်ဖြစ်စေ ခန့်လေ့မရှိကြောင်း၊ အထက်တန်းကျောင်းသားဖြစ်ပါစေ ပေါင်းကူးလုပ်ငန်းခွင်သင်တန်းကို သုံးနှစ်တက်ပြီးဖြစ်လျှင် ခန့်ထားတတ်ကြောင်း၊ ကုမ္ပဏီကလိုအပ်သည့်သူကို သုံးနှစ်ခန့်စောင့်ကြည့်ပြီးမှ လိုအပ်ချက်အရ ခန့်အပ်လေ့ရှိကြောင်း ပြောကြားချက်ကို လေ့လာကြည့်နိုင်ပါသည်။

ဂျာမနီနိုင်ငံမှ ကုမ္ပဏီများသည် သူတို့လုပ်ငန်းခွင်တွင် လိုအပ်မည့်သူများကို ကြိုတင်ပြီး လေ့ကျင့်မွေးထုတ် ပေးထားတတ်ကြပါသည်။ ထို့ကြောင့် ဘွဲ့ရပြီး ဘာမှမလုပ်တတ်သူတွေ ရောက်လာခြင်းထက်၊ သူတို့ စိတ်ကြိုက် မွေးထုတ်ထားသူများကို လုပ်ငန်းခွင်ထဲသို့ တိုက်ရိုက်ဆွဲခေါ်လေ့ရှိသည့် စနစ်ကိုသာ ကျင့်သုံးနေသောကြောင့် အခြားနိုင်ငံများထက် တိုးတက်သည်ဟုလည်း ဆိုနိုင်သည်။

Credit : the voice