Zawgyi ျဖင့္ဖတ္ရန္

 

“ခါ” ၏ မဂၤလာေန႔ က ေျပာစရာမလိုေလာက္ေအာင္ ၿပီးျပည့္စုံသည္ဟု ဆိုရမည္။ သို႔ေသာ္ သတို႔သမီး ခါတစ္ေယာက္ မခ်င့္မရဲေပ်ာ္ေနရသည္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ခါတြင္ ကိုယ္ဝန္ က သုံးလရွိေနသည္။ ယေန႔ သူႏွင့္ လက္ထပ္ သည့္ သတို႔သားမွာ အစစ္မဟုတ္။ အတုျဖစ္သည္။ သူႏွင့္ မဂၤလာအေဆာင္ျပၿပီးေနာက္ ေနာက္ပိုင္းတြင္ ကြာေပးၿပီး၊ ခါက ကေလးကိုေမြးၿပီး တစ္ကိုယ္ေတာ္မိခင္ဘဝကို ခံယူလိုက္မည္သာျဖစ္သည္။

ဗီယက္နမ္တြင္လည္း လင္ေကာင္မေပၚ ကေလးေမြးလာရျခင္းကို အသိုင္းအဝိုင္းေရာ မိသားစုကပါ လက္မခံၾကသည္ကမ်ားသည္။ ထို႔ေၾကာင့္ ခါတြင္ ကိုယ္ဝန္ရွိလာၿပီကို သိလိုက္ရသည့္အခါတြင္ မိသားစုကျပႆနာရွာသည္။ ကေလး၏ ဖခင္အစစ္က အျခားမိန္းမတစ္ေယာက္ႏွင့္ လက္ထပ္သြားသည္။ ထို႔ေၾကာင့္ သုံးလကိုယ္ဝန္ျပႆနာကို ေျဖရွင္းရန္အတြက္ သတို႔သားအတုကို ငွားရသည္။ ေဒၚလာ ၁၅၀၀ ေပးရသည္။ ေတာ္ေသးသည္။ ထိုေငြကို ကေလးအေဖအစစ္က စိုက္ထုတ္ေပးသည္။

ဗီယက္နမ္ႏိုင္ငံတြင္ မဂၤလာေဆာင္သတို႔သား အငွား၊ ဧည့္သည္အငွားေတြ ေခတ္စားသည္။ အသက္ ၁၅ ႏွစ္အထက္ မဂၤလာေဆာင္မ်ားတြင္ အတု ၇၀ ရာခိုင္ႏႈန္းေလာက္ရွိသည္ဟု ဆိုသည္။ အခ်ိန္မတိုင္မီ ကိုယ္ဝန္ရွိလာၾကသျဖင့္ လင္အငွားေတြလည္း ေရပန္းစားေနသည္။

မိသားစုက လက္ခံရန္အေရးႀကီးသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေယာက်ာ္းပစ္ေျပးျခင္း ခံေနရသူေတြက ကုန္က်စရိတ္မ်ားကို ေခ်းငွားၿပီး အငွားလင္မ်ားကို ေခၚလာျပကာ လက္ထပ္ၾကသည္။ ထို႔ေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ကြဲလိုက္ၾကသည္။ မည္သို႔ဆိုေစ ကေလးအတြက္ အေဖေခၚစရာရသြားၿပီျဖစ္သည္။

ခါက “ဘာျဖစ္ျဖစ္ ကြၽန္မကေတာ့ ေရနစ္သူ ေကာက္႐ိုးတစ္မွ်င္ျဖစ္ျဖစ္ ရေအာင္ဆြဲယူၾကည့္လိုက္တာပဲ” ဟုဆိုသည္။ ေနာက္ဆုံးအငွားလင္ေၾကာင့္ မ်က္ႏွာပ်က္စရာမလိုေတာ့။ သူမရွိေတာ့လွ်င္ စိတ္သေဘာခ်င္း မတိုက္ဆိုင္ေသာေၾကာင့္ ကြဲလိုက္ၿပီဟု ေျပာလိုက္႐ုံပင္။

ဗီယက္နမ္ႏိုင္ငံတြင္ လူဦးေရ ၉၃ သန္းခန႔္ရွိၿပီး အသက္ ၃၀ ေအာက္လူငယ္ေတြက ထိုလူဦးေရ၏ ထက္ဝက္ခန႔္ရွိသည္ဟု ဆိုသည္။ လူငယ္အမ်ားစုသည္ လက္မထပ္မီ လြတ္လပ္စြာျဖင့္ အတူေနထိုင္မႈမ်ားမွာ အေနာက္တိုင္းဆန္ဆန္ ေခတ္စားလာသည္။ သူတို႔သည္ ၿမိဳ႕ျပမ်ားကိုတက္ၿပီးျဖစ္သလို ငွားရမ္းေနထိုင္ အလုပ္အကိုင္ေတြကို ရွာေဖြလုပ္ကိုင္ေနၾကရသည္။ ေက်းလက္က မိသားစုေတြကို ေထာက္ပံ့ေနၾကရသည္။ ထိုမွသည္ ထြက္ေပါက္မဲ့ေနသည့္ လူငယ္မ်ားက လိင္ကိစၥမ်ားကို ထမင္းစားေရေသာက္သလို သေဘာထားလာၾကၿပီး ေနာင္ခါလာ ေနာင္ခါေဈးရွင္းရန္ ဆုံးျဖတ္ေနထိုင္ၾကသည္။

ႏိုင္ငံအတြင္း ကိုယ္ဝန္ဖ်က္ခ်ႏႈန္းေတြ ျမင့္မားလာသည္။ ၂၀၁၇ ခုႏွစ္က တရားဝင္ကိုယ္ဝန္ဖ်က္ခ်ႏႈန္းပင္ သုံးသိန္းေက်ာ္ရွိသည္။ ထိုႏႈန္းသည္ ရပ္တန႔္ရန္မရွိ။ တိုးလာရန္သာရွိသည္။

“ကေလးေတြမွာက စစ္မွန္တဲ့ ႏွလုံးသားခံစားခ်က္ဆိုတာေတြ မရွိေတာ့ဘူး။ အစဥ္အလာေတြ၊ ႐ိုးရာေတြနဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ရမွာေတြလည္း နားမလည္ေတာ့ဘူး” ဟု စိတ္ပညာရွင္ ငုယင္ဒိုင္ေကာင္းက ဆိုသည္။ေဟာင္ႏွင့္ ကြမ္ဆိုသည့္ စုံတြဲကလည္း လက္ထပ္ပြဲစင္ေပၚကို ခပ္တည္တည္ႏွင့္ တက္လာသည္။ သူတို႔လည္း အေယာင္ေဆာင္ လက္ထပ္ပြဲကို လုပ္ေနျခင္းျဖစ္သည္။ သူတို႔ႏွစ္ေယာက္ လက္ထပ္ပြဲကိုတက္လာသည့္လူေတြကေတာ့ အမွန္အကန္ျဖစ္သည္။ သို႔ေသာ္ သူတို႔ အေဖ၊ အေမ၊ ေဆြမ်ိဳးေတြကေတာ့ အတုေတြျဖစ္သည္။ သူတို႔ ယခုေနထိုင္သည့္ ရပ္ကြက္အတြင္း မယူမျဖစ္သည့္ အေနအထားတစ္ခုေၾကာင့္ မဂၤလာပြဲကို လုပ္လိုက္ရျခင္းျဖစ္ေသာ္လည္း အတုပြဲျဖစ္သည္။ သူတို႔ႏွစ္ဖက္မိဘေတြ ဤလက္ထပ္ပြဲအေၾကာင္း သိ၍ မျဖစ္။ ေကာင္မေလးက ဆင္းရဲသျဖင့္ သေဘာတူရန္ အေၾကာင္းမရွိ။ ထို႔ေၾကာင့္ ပြဲအတုကို လုပ္လိုက္ၾကသည္။

ကြမ္ႏွင့္ေဟာင္တို႔ လက္ထပ္ပြဲအတုကို ဟႏြိဳင္းတြင္ က်င္းပျခင္းျဖစ္ၿပီး မဂၤလာပြဲအတုအတြက္ စုစုေပါင္း ေဒၚလာ ၄၄၀၀ ေလာက္ အကုန္အက်ခံလိုက္ရသည္။

ယခုဆိုလွ်င္ ဗီယက္နမ္ႏိုင္ငံတြင္ မဂၤလာပြဲအတု ဝန္ေဆာင္မႈေတြကလည္း ေခတ္စားလာသည္။ လူတစ္ဒါဇင္မွသည္ ပရိသတ္ ၄၀၀ ေလာက္အထိ တက္လာမည့္ ပြဲႀကီးျဖစ္ေစရန္ ဝန္ေဆာင္မႈေပးေနရေသာ လုပ္ငန္းမ်ားပင္ရွိလာသည္။ မဖြံ႕ၿဖိဳးသင့္ဘဲ ဖြံ႕ၿဖိဳးေနရသည့္ မဂၤလာဝန္ေဆာင္မႈသည္ အနာဂတ္မ်ိဳးဆက္သစ္မ်ားအတြက္ အလားအလာမေကာင္းဟုဆိုႏိုင္ေသာ္လည္း ေ႐ြးခ်ယ္စရာမရွိသည့္ အေနအထားမ်ားတြင္ ဝန္ေဆာင္မႈလုပ္ငန္းေတြကေတာ့ ေခတ္ေကာင္းေနဦးမည္မွာ ေသခ်ာသည္။

ဗီယက္နမ္လူ႔ေဘာင္တြင္လည္း အေဖမေပၚဘဲ ကေလးေမြးျခင္းကို လက္မခံ။ အေဖေတြကလည္း ထြက္ေျပးေနခ်ိန္တြင္ အမ်ိဳးသမီးငယ္မ်ားအတြက္ ဘဝေရွ႕ဆက္ရန္မွာ မဂၤလာပြဲအတုမ်ားတြင္ သတို႔သားအတုႏွင့္ ေျဖရွင္းရန္သာျဖစ္ေနသည္။

credit : the voice

Unicode ဖြင့်ဖတ်ရန်

ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေသည့် လင်အငှားလုပ်ငန်း

 

 

“ခါ” ၏ မင်္ဂလာနေ့က ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံသည်ဟု ဆိုရမည်။ သို့သော် သတို့သမီး ခါတစ်ယောက် မချင့်မရဲပျော်နေရသည်။ အသက် ၂၇ နှစ်အရွယ် ခါတွင် ကိုယ်ဝန်က သုံးလရှိနေသည်။ ယနေ့ သူနှင့်လက်ထပ်သည့် သတို့သားမှာ အစစ်မဟုတ်။ အတုဖြစ်သည်။ သူနှင့် မင်္ဂလာအဆောင်ပြပြီးနောက် နောက်ပိုင်းတွင် ကွာပေးပြီး၊ ခါက ကလေးကိုမွေးပြီး တစ်ကိုယ်တော်မိခင်ဘဝကို ခံယူလိုက်မည်သာဖြစ်သည်။

ဗီယက်နမ်တွင်လည်း လင်ကောင်မပေါ် ကလေးမွေးလာရခြင်းကို အသိုင်းအဝိုင်းရော မိသားစုကပါ လက်မခံကြသည်ကများသည်။ ထို့ကြောင့် ခါတွင် ကိုယ်ဝန်ရှိလာပြီကို သိလိုက်ရသည့်အခါတွင် မိသားစုကပြဿနာရှာသည်။ ကလေး၏ ဖခင်အစစ်က အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်သွားသည်။ ထို့ကြောင့် သုံးလကိုယ်ဝန်ပြဿနာကို ဖြေရှင်းရန်အတွက် သတို့သားအတုကို ငှားရသည်။ ဒေါ်လာ ၁၅၀၀ ပေးရသည်။ တော်သေးသည်။ ထိုငွေကို ကလေးအဖေအစစ်က စိုက်ထုတ်ပေးသည်။

ဗီယက်နမ်နိုင်ငံတွင် မင်္ဂလာဆောင်သတို့သား အငှား၊ ဧည့်သည်အငှားတွေ ခေတ်စားသည်။ အသက် ၁၅ နှစ်အထက် မင်္ဂလာဆောင်များတွင် အတု ၇၀ ရာခိုင်နှုန်းလောက်ရှိသည်ဟု ဆိုသည်။ အချိန်မတိုင်မီ ကိုယ်ဝန်ရှိလာကြသဖြင့် လင်အငှားတွေလည်း ရေပန်းစားနေသည်။

မိသားစုက လက်ခံရန်အရေးကြီးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ယောကျာ်းပစ်ပြေးခြင်း ခံနေရသူတွေက ကုန်ကျစရိတ်များကို ချေးငှားပြီး အငှားလင်များကို ခေါ်လာပြကာ လက်ထပ်ကြသည်။ ထို့နောက် အကြောင်းအမျိုးမျိုးပြကာ ကွဲလိုက်ကြသည်။ မည်သို့ဆိုစေ ကလေးအတွက် အဖေခေါ်စရာရသွားပြီဖြစ်သည်။

ခါက “ဘာဖြစ်ဖြစ် ကျွန်မကတော့ ရေနစ်သူ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ရအောင်ဆွဲယူကြည့်လိုက်တာပဲ” ဟုဆိုသည်။ နောက်ဆုံးအငှားလင်ကြောင့် မျက်နှာပျက်စရာမလိုတော့။ သူမရှိတော့လျှင် စိတ်သဘောချင်း မတိုက်ဆိုင်သောကြောင့် ကွဲလိုက်ပြီဟု ပြောလိုက်ရုံပင်။

ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၉၃ သန်းခန့်ရှိပြီး အသက် ၃၀ အောက်လူငယ်တွေက ထိုလူဦးရေ၏ ထက်ဝက်ခန့်ရှိသည်ဟု ဆိုသည်။ လူငယ်အများစုသည် လက်မထပ်မီ လွတ်လပ်စွာဖြင့် အတူနေထိုင်မှုများမှာ အနောက်တိုင်းဆန်ဆန် ခေတ်စားလာသည်။ သူတို့သည် မြို့ပြများကိုတက်ပြီးဖြစ်သလို ငှားရမ်းနေထိုင် အလုပ်အကိုင်တွေကို ရှာဖွေလုပ်ကိုင်နေကြရသည်။ ကျေးလက်က မိသားစုတွေကို ထောက်ပံ့နေကြရသည်။ ထိုမှသည် ထွက်ပေါက်မဲ့နေသည့် လူငယ်များက လိင်ကိစ္စများကို ထမင်းစားရေသောက်သလို သဘောထားလာကြပြီး နောင်ခါလာ နောင်ခါဈေးရှင်းရန် ဆုံးဖြတ်နေထိုင်ကြသည်။

နိုင်ငံအတွင်း ကိုယ်ဝန်ဖျက်ချနှုန်းတွေ မြင့်မားလာသည်။ ၂၀၁၇ ခုနှစ်က တရားဝင်ကိုယ်ဝန်ဖျက်ချနှုန်းပင် သုံးသိန်းကျော်ရှိသည်။ ထိုနှုန်းသည် ရပ်တန့်ရန်မရှိ။ တိုးလာရန်သာရှိသည်။

“ကလေးတွေမှာက စစ်မှန်တဲ့ နှလုံးသားခံစားချက်ဆိုတာတွေ မရှိတော့ဘူး။ အစဉ်အလာတွေ၊ ရိုးရာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမှာတွေလည်း နားမလည်တော့ဘူး” ဟု စိတ်ပညာရှင် ငုယင်ဒိုင်ကောင်းက ဆိုသည်။ဟောင်နှင့် ကွမ်ဆိုသည့် စုံတွဲကလည်း လက်ထပ်ပွဲစင်ပေါ်ကို ခပ်တည်တည်နှင့် တက်လာသည်။ သူတို့လည်း အယောင်ဆောင် လက်ထပ်ပွဲကို လုပ်နေခြင်းဖြစ်သည်။ သူတို့နှစ်ယောက် လက်ထပ်ပွဲကိုတက်လာသည့်လူတွေကတော့ အမှန်အကန်ဖြစ်သည်။ သို့သော် သူတို့ အဖေ၊ အမေ၊ ဆွေမျိုးတွေကတော့ အတုတွေဖြစ်သည်။ သူတို့ ယခုနေထိုင်သည့် ရပ်ကွက်အတွင်း မယူမဖြစ်သည့် အနေအထားတစ်ခုကြောင့် မင်္ဂလာပွဲကို လုပ်လိုက်ရခြင်းဖြစ်သော်လည်း အတုပွဲဖြစ်သည်။ သူတို့နှစ်ဖက်မိဘတွေ ဤလက်ထပ်ပွဲအကြောင်း သိ၍ မဖြစ်။ ကောင်မလေးက ဆင်းရဲသဖြင့် သဘောတူရန် အကြောင်းမရှိ။ ထို့ကြောင့် ပွဲအတုကို လုပ်လိုက်ကြသည်။

ကွမ်နှင့်ဟောင်တို့ လက်ထပ်ပွဲအတုကို ဟနွိုင်းတွင် ကျင်းပခြင်းဖြစ်ပြီး မင်္ဂလာပွဲအတုအတွက် စုစုပေါင်း ဒေါ်လာ ၄၄၀၀ လောက် အကုန်အကျခံလိုက်ရသည်။

ယခုဆိုလျှင် ဗီယက်နမ်နိုင်ငံတွင် မင်္ဂလာပွဲအတု ဝန်ဆောင်မှုတွေကလည်း ခေတ်စားလာသည်။ လူတစ်ဒါဇင်မှသည် ပရိသတ် ၄၀၀ လောက်အထိ တက်လာမည့် ပွဲကြီးဖြစ်စေရန် ဝန်ဆောင်မှုပေးနေရသော လုပ်ငန်းများပင်ရှိလာသည်။ မဖွံ့ဖြိုးသင့်ဘဲ ဖွံ့ဖြိုးနေရသည့် မင်္ဂလာဝန်ဆောင်မှုသည် အနာဂတ်မျိုးဆက်သစ်များအတွက် အလားအလာမကောင်းဟုဆိုနိုင်သော်လည်း ရွေးချယ်စရာမရှိသည့် အနေအထားများတွင် ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ခေတ်ကောင်းနေဦးမည်မှာ သေချာသည်။

ဗီယက်နမ်လူ့ဘောင်တွင်လည်း အဖေမပေါ်ဘဲ ကလေးမွေးခြင်းကို လက်မခံ။ အဖေတွေကလည်း ထွက်ပြေးနေချိန်တွင် အမျိုးသမီးငယ်များအတွက် ဘဝရှေ့ဆက်ရန်မှာ မင်္ဂလာပွဲအတုများတွင် သတို့သားအတုနှင့် ဖြေရှင်းရန်သာဖြစ်နေသည်။

credit : the voice