Zawgyi ဖြင့်ဖတ်ရန်
သတင်းအရင်းအမြစ် – စွမ်းဇာနည်(MC)
Unicode ဖြင့်ဖတ်ရန်
ပရိသတ်အချစ်တော် မင်းသားချောစွမ်းဇာနည်ကတော့ အနုပညာလောကမှာရော ဇာတ်သဘက်လောကမှာပါ အရမ်းကိုအောင်မြင်နေသူ တစ်ယောက်ပါ။ယခုလက်ရှိမှာတော့ ဇာတ်သဘင်ဘက်ကိုပိုအားစိုက်လုပ်ဖြစ်နေပြီး အရင်နှစ်တွေထက် အောင်မြင်လာတာကြောင့် ဗီဒီယိုဇာတ်ကားတွေဘက်မှာတော့ ရိုက်ကူးမှုနည်းပါးနေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ သူလက်ရှိလုပ်ကိုင်နေတဲ့ စွမ်းသဘင်ဇာတ်အဖွဲ့ကြီးကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်ရပ်တည်နေနိုင်ဖို့ မျိုးဆက်ကျန်ရှိနေအောင် အိမ်ထောင်ပြုသွားမယ်ဆိုတဲ့ အကြောင်းလေး ဖွင့်ဟလာခဲ့ပါတယ်။
ပရိသတ်အချစ်တော် မင်းသားချောစွမ်းဇာနည်ဟာ တကယ်တော့ အရမ်းချစ်တတ်သူတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးမှာ ကံဆိုးတယ်လို့ဖွင်ဟလာပါတယ်။ အချစ်ရေးမှာ သိပ်ပြီးကံမကောင်းတော့ အချစ်ကို တစ်လေး တစ်နက် မထားတာတော့ မဟုတ်ပါပဲ အလုပ်တွေပဲ ဦးစားပေးလုပ်ဖြစ်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။သို့သော် လည်း ကျွန်တော့မှာမျိုးဆက်လည်းရှိတာမဟုတ်ဘူး၊ ဒီစွမ်းသဘင် ရဲ့ မျိုးဆက်ဆို တာဖြစ်ပေါ်လာအောင် ကျွန်တော် အိမ်ထောင်တော့ပြုမှာပါလို့ ဖွင့်ဟလာခဲ့ပါတယ်။
လက်ရှိမှာတော့ စွမ်းဇာတ်သဘင်ကြီးဟာ မနှစ်ကထက် ပိုပြီးအောင်မြင်လာပြီး နားရက်မရှိလောက်ကို ပွဲတွေ က နေရတာပဲဖြစ်ပါတယ်။နားမယ့် ရက်တွေချန်ထားပေမယ့် ပွဲဌားတွေက အတင်းကိုဌားတယ်ကြပြီး ကတဲ့ပွဲ တိုင်း ရုံမပွင့်တာတစ်ပွဲမှ မရှိဘူးလို့ ဆိုပါတယ်။ ဒီနှစ်မိုးတွင်းမှာတော့ ခနလောက်ပွဲကတာတွေပြန်နာမှာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ လွမ်းနေတဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေ ပြန်ရိုက်သွားပါမယ်လို့ သိရပါတယ်။
သတင်းအရင်းအမြစ် – စွမ်းဇာနည်(MC)