Zawgyi ျဖင့္ဖတ္ရန္

 

‘မေတာင္းပန္ဘူးဆိုတာ မရိွပါဘူး။ ေနမင္းကိုယ္တိုင္လည္း Page မွာ လာေရာက္ဆက္သြယ္ၿပီး ၀န္ခံခဲ့ပါတယ္’အနုပညာရွင္အခ်ဳိ႕၏ ေဖ့စ္ဘုတ္အေကာင့္မ်ားကို ေဖာက္ထြင္းသိမ္းပိုက္ယူလိုက္သည့္9MC Hacker အဖဲြ႕ႏွင့္ အင္တာဗ်ဴး

လက္ရိွအခိ်န္တြင္ ႐ုပ္ရွင္အႏုပညာရွင္မ်ားျဖစ္ေသာ သ႐ုပ္ေဆာင္မင္းသားေနမင္း၊ Model ဇြန္သံစဥ္နွင့္ ဒါ႐ုိုက္တာကိုေပါက္တို႔၏ ေဖ့စ္ဘုတ္အေကာင့္မ်ားကို သိမ္းယူထားၿပီး ေနာက္ထပ္ Celebrity အခ်ဳိ႕၏အေကာင့္မ်ားကို ဆက္လက္သိမ္းယူသြားမည္ဆိုေသာ Nine Myanmar Celebrity (9MC) Hacker အဖြဲ႕အား News Watch မွ ဆက္သြယ္ေမးျမန္းထားသည္။

မင္းသား၊ မင္းသမီး Group Chat မွာပါတဲ့ အေကာင့္ဘယ္နွခုကို သိမ္းထားလဲခင္ဗ်။ ေနာက္ထပ္ေရာသိမ္းဖို႔ အစီအစဥ္ရိွလား။

သံုးအေကာင့္ေလာက္ေတာ့ရိွပါၿပီ။ ေနာက္ထပ္ အစီအစဥ္ကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

နာမည္ေလးေတြ ေျပာျပလို႔ရမလားခင္ဗ်။

Ko Aung Min Naing, Ko Nay Min, Zun Than Sin,

သ႐ုပ္ေဆာင္ ေနမင္းကိုလည္း မီဒီယာတခု ေတာင္းပန္ဖို႔ ေျပာထားတယ္ေနာ္။ သူ႕အေနနဲ႔ မေတာင္းပန္ဘူး ဆိုရင္ေရာ။

မေတာင္းပန္ဘူးဆိုတာ မရိွပါဘူး။ ေနမင္းကိုယ္တိုင္လည္း Page မွာ လာေရာက္ဆက္သြယ္ၿပီး ၀န္ခံခဲ့ပါတယ္။

 

သ႐ုပ္ေဆာင္ေနမင္းကေတာ့ ေတာင္းပန္မယ္လို႔ေျပာလာၿပီဆိုေတာ့ အျခားသူေတြကေရာ ေတာင္းပန္ဖို႔ ေျပာလာၿပီလား။ ေတာင္းပန္ခဲ့ရင္ေရာ အေကာင့္ကို ဘယ္လိုပံုစံနဲ႔ ျပန္ေပးမွာလဲဗ်။

တျခားသူေတြအေနနဲ႔ေတာ့ မလာေသးပါဘူး။ ဟုတ္ကဲ့ ကြ်န္ေတာ္တို႔အေနနဲ႔ ဆံုးျဖတ္ဆဲကာလပါဗ်။ ေနမင္းက မတ္လ ၂၈ ရက္ကတည္းက လာေရာက္ေတာင္းပန္ထားတာပါ ခင္ဗ်။

အခ်ဳိ႕မွားယြင္းထိန္းသိမ္းမိတဲ့ Celebrity ေဖ့စ္ဘုတ္အေကာင့္ေတြကိုေရာ ဘယ္လိုျပန္လုပ္ေပးမလဲခင္ဗ်။

သူတို႔ရဲ႕အေကာင့္ေတြကို မၾကာခင္ အကုန္ျပန္ေပးသြားမွာပါ။

အဲဒီလို မွားယြင္းထိန္းသိမ္းမိတဲ့အေကာင့္ ဘယ္ႏွခုရိွလဲခင္ဗ်။ ဘယ္အခိ်န္ ျပန္ေပးမလဲ။

ေလာေလာဆယ္ေတာ့ လမင္းကဗ်ာ အေကာင့္ပဲရိွပါေသးတယ္။ ဘယ္အခိ်န္ ျပန္ေပးမလဲဆိုတာက အခိ်န္တခုျပန္ေရာက္တာနဲ႔ ျပန္ေပးသြားမွာပါ။ လမင္းကဗ်ာအေကာင့္ကို မွားထိန္းထားမိတဲ့အတြက္လည္း စိတ္မေကာင္းပါဘူး။ သူ႕အေကာင့္ကို မၾကာခင္ ျပန္ေပးအပ္သြားမွာပါ။

 

9MC အေနနဲ႔ Celebrity ေတြအေပၚမွာ သေဘာထားရပ္တည္ခ်က္က ဘယ္လိုရိွလဲ။ Celebrity Account ေတြကိုပဲ ေဖာက္တာလား။ အျခား ဥပမာ- လူမ်ဳိးေရး၊ ဘာသာေရးေသြးထိုးလံႈ႕ေဆာ္တဲ့ အေကာင့္ေတြကိုေရာ သိမ္းယူပစ္ဖို႔ အစီအစဥ္ရိွလား။

ကြ်န္ေတာ္တို႔ 9MC အဖဲြ႕ဟာ သီးျခားရပ္တည္မယ့္အဖဲြ႕ျဖစ္တယ္။ အျခားဘယ္အဖဲြ႕အစည္းနဲ႔မွ ပတ္သက္မႈ၊ ပတ္သက္ျခင္းမရိွပါဘူး။ 9MC က Celebrity ေတြကိုပဲ ထိန္းေပးသြားမွာပါ။

ဟုတ္ကဲ့ ဒါဆို Celebrity ေတြကိုပဲ ပစ္မွတ္ထားတဲ့သေဘာေပါ့ေနာ္။

ဟုတ္ပါတယ္ဗ်၊ အဓိကပစ္မွတ္ကေတာ့ Group Cele ေတြကို ပစ္မွတ္ထားသြားမွာပါ ခင္ဗ်။

9MC က ဘယ္ႏိုင္ငံအေျခစိုက္ၿပီး အဖဲြ႕၀င္ ဘယ္ႏွဦးပါ၀င္သလဲ၊ ၿပီးေတာ့ 9MC က လူငယ္ေတြလား၊ လူႀကီးေတြလား၊ ေျဖလို႔ရရင္ ေျဖေပးပါ။

ႏိုင္ငံအေျခစိုက္ကေတာ့ လွ်ဳိ႕၀ွက္မို႔လို႔ ေျပာလို႔မရပါဘူး။ 9MC က လူငယ္ပိုင္းကပါ။ ဘယ္အဖဲြ႕အစည္းမွာမွ ပါ၀င္ပတ္သက္ခဲ့ျခင္းမရိွေသာ လူငယ္ေတြနဲ႔သာ ဖဲြ႕စည္းထားတာပါ။

ဟုတ္ကဲ့ အဖဲြ႕၀င္ဘယ္နွဦး ပါပါသလဲခင္ဗ်။

ဒါကေတာ့ ကြ်န္ေတာ္တိုမေျပာႏိုင္ပါဘူးဗ်။

9MC ကို ဘယ္အခိ်န္ေလာက္ကစၿပီး ဖဲြ႕စည္းခဲ့တာလဲ။ မင္းသား၊ မင္းသမီးေတြ Group Chat မွာပါတဲ့ သူေတြအားလံုးရဲ႕အေကာင့္ေတြကို ထိန္းသိမ္းသြားမွာလား။

ဖဲြ႕စည္းထားတာေတာ့ ၾကာပါၿပီ။ Public ခ်ျပၿပီးေရာက္လာတာေတာ့ မၾကာေသးပါဘူး။ အားလံုး မဟုတ္ေတာင္ အခ်ဳိ႕အေကာင့္ေတြကို ဆက္လက္ထိန္းသိမ္းဦးမွာပါ။

ျမန္မာျပည္က Celebrity ေတြကို ဘယ္လို ပံုစံမ်ဳိးျဖစ္ေစခ်င္လဲ၊ 9MC အေနနဲ႔ သူတို႔အေပၚ သေဘာထားေလး သိပါရေစ။

ဟုတ္ကဲ့။ အားလံုးခ်စ္ခ်စ္ခင္ခင္နဲ႔ အဆင္ေျပေနရင္ ေကာင္းပါတယ္ဗ်။ 9MC အေနနဲ႔ Celebrity ေတြ အားလံုးကိုခ်စ္ပါတယ္။

 

အခ်ဳိ႕သ႐ုပ္ေဆာင္ေတြရဲ႕ အေဖာ္အခြ်တ္ကိစၥေတြကိုေရာ ဘယ္လိုျမင္လဲဗ်။

ဟုတ္ကဲ့။ အဲဒါေတြကသူတို႔ Privacy ေတြပါ။ အဲဒါေတြနဲ႔ပတ္သက္ၿပီး (9MC က သိမ္းလိုက္တဲ့) အေကာင့္ေတြမွာပါခဲ့ရင္ေတာင္ အျပင္ကို ဖြင့္ဟခ်ျပသြားမွာ မဟုတ္ပါဘူး။

9MC က အခုလို ေဖ့စ္ဘုတ္အေကာင့္ေတြကို ထိန္းသိမ္းတဲ့အခါမွာ ေဖ့စ္ဘုတ္သံုးစဲြသူေတြအေနနဲ႔ ထိတ္လန္႔ၾကတယ္။ မလံုမၿခံဳျဖစ္ေနၾကတယ္။ အဲဒီအတြက္ ေဖ့စ္ဘုတ္လံုၿခံဳေရး အျခားဆိုက္ဘာ လံုၿခံဳေရး အႀကံဥာဏ္ေလးေပးပါဦး။

No System is Safe. အလံုးစံု လံုၿခံဳတယ္ဆိုတဲ့စနစ္ မရိွပါဘူး။ Social Network တခုျဖစ္တဲ့အတြက္ ခ်ဳိ႕ယြင္းခ်က္ဆိုတာ ရိွေနမွာပါ။

ေပါကားလို႔ေျပာတဲ့သူေတြကို ဂရုမစိုက္ဘူးဆို တဲ့ မင္းသမီးရဲ႕ ေဖ့စ္ဘုတ္ကိုေရာ ေဖာက္ဦးမွာလား။

အတိုင္းအတာတခုအထိ ေစာင့္ၾကည့္ေနမွာပါ။

ဟိုတေခါက္က ဘဂၤလားေဒ့ရွ္တို႔၊ တူရကီ တို႔နဲ႔ျဖစ္တဲ့ ဟက္ကာ တိုက္ပဲြေတြမွာ 9MC က ပါ၀င္ပတ္ သက္ခဲ့တာရိွလား။

မရိွပါဘူးဗ်။

အကယ္၍ နိုင္ငံေတာ္ လံုၿခံဳေရး အတြက္ 9MC ကို အကူအညီေတာင္းခဲ့မယ္ဆိုရင္ေကာ။

ဟုတ္ကဲ့ အကူအညီေတာင္းခဲ့ရင္ေတာ့ ကူညီေပးအပ္သြားမွာပါ။

ဇဏ္ခီေမာင္ႏံွနဲ႔ 9MC ဆက္ႏႊယ္ မႈရိွလား။

ဆက္ႏႊယ္မႈမရိွပါဘူး၊ အျပင္ မွာလည္း မျမင္ဖူးဘူး။ ခုလိုလုပ္ျဖစ္ခဲ့ၾကတာလည္း ကိုယ္လုပ္ႏိုင္မယ့္အရာ ခ်ျပႏိုင္မယ့္အရာျဖစ္လို႔ ခ်ျပခဲ့တာပါ။

Credit: ေက်ာ္၀ဏၰ (News Watch)

Unicode ဖြင့်ဖတ်ရန်
‘မတောင်းပန်ဘူးဆိုတာ မရှိပါဘူး။ နေမင်းကိုယ်တိုင်လည်း Page မှာ လာရောက်ဆက်သွယ်ပြီး ဝန်ခံခဲ့ပါတယ်’

အနုပညာရှင်အချို့၏ ဖေ့စ်ဘုတ်အကောင့်များကို ဖောက်ထွင်းသိမ်းပိုက်ယူလိုက်သည့်

9MC Hacker အဖွဲ့နှင့် အင်တာဗျူး

လက်ရှိအချိန်တွင် ရုပ်ရှင်အနုပညာရှင်များဖြစ်သော သရုပ်ဆောင်မင်းသားနေမင်း၊ Model ဇွန်သံစဉ်နှင့် ဒါရိုက်တာကိုပေါက်တို့၏ ဖေ့စ်ဘုတ်အကောင့်များကို သိမ်းယူထားပြီး နောက်ထပ် Celebrity အချို့၏အကောင့်များကို ဆက်လက်သိမ်းယူသွားမည်ဆိုသော Nine Myanmar Celebrity (9MC) Hacker အဖွဲ့အား News Watch မှ ဆက်သွယ်မေးမြန်းထားသည်။

မင်းသား၊ မင်းသမီး Group Chat မှာပါတဲ့ အကောင့်ဘယ်နှခုကို သိမ်းထားလဲခင်ဗျ။ နောက်ထပ်ရောသိမ်းဖို့ အစီအစဉ်ရှိလား။

သုံးအကောင့်လောက်တော့ရှိပါပြီ။ နောက်ထပ် အစီအစဉ်ကတော့ စောင့်ကြည့်ရဦးမှာပါ။

နာမည်လေးတွေ ပြောပြလို့ရမလားခင်ဗျ။

Ko Aung Min Naing, Ko Nay Min, Zun Than Sin,

သရုပ်ဆောင် နေမင်းကိုလည်း မီဒီယာတခု တောင်းပန်ဖို့ ပြောထားတယ်နော်။ သူ့အနေနဲ့ မတောင်းပန်ဘူး ဆိုရင်ရော။

မတောင်းပန်ဘူးဆိုတာ မရှိပါဘူး။ နေမင်းကိုယ်တိုင်လည်း Page မှာ လာရောက်ဆက်သွယ်ပြီး ဝန်ခံခဲ့ပါတယ်။

 

သရုပ်ဆောင်နေမင်းကတော့ တောင်းပန်မယ်လို့ပြောလာပြီဆိုတော့ အခြားသူတွေကရော တောင်းပန်ဖို့ ပြောလာပြီလား။ တောင်းပန်ခဲ့ရင်ရော အကောင့်ကို ဘယ်လိုပုံစံနဲ့ ပြန်ပေးမှာလဲဗျ။

တခြားသူတွေအနေနဲ့တော့ မလာသေးပါဘူး။ ဟုတ်ကဲ့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ဆဲကာလပါဗျ။ နေမင်းက မတ်လ ၂၈ ရက်ကတည်းက လာရောက်တောင်းပန်ထားတာပါ ခင်ဗျ။

အချို့မှားယွင်းထိန်းသိမ်းမိတဲ့ Celebrity ဖေ့စ်ဘုတ်အကောင့်တွေကိုရော ဘယ်လိုပြန်လုပ်ပေးမလဲခင်ဗျ။

သူတို့ရဲ့အကောင့်တွေကို မကြာခင် အကုန်ပြန်ပေးသွားမှာပါ။

အဲဒီလို မှားယွင်းထိန်းသိမ်းမိတဲ့အကောင့် ဘယ်နှခုရှိလဲခင်ဗျ။ ဘယ်အချိန် ပြန်ပေးမလဲ။

လောလောဆယ်တော့ လမင်းကဗျာ အကောင့်ပဲရှိပါသေးတယ်။ ဘယ်အချိန် ပြန်ပေးမလဲဆိုတာက အချိန်တခုပြန်ရောက်တာနဲ့ ပြန်ပေးသွားမှာပါ။ လမင်းကဗျာအကောင့်ကို မှားထိန်းထားမိတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ သူ့အကောင့်ကို မကြာခင် ပြန်ပေးအပ်သွားမှာပါ။

 

9MC အနေနဲ့ Celebrity တွေအပေါ်မှာ သဘောထားရပ်တည်ချက်က ဘယ်လိုရှိလဲ။ Celebrity Account တွေကိုပဲ ဖောက်တာလား။ အခြား ဥပမာ- လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ဆော်တဲ့ အကောင့်တွေကိုရော သိမ်းယူပစ်ဖို့ အစီအစဉ်ရှိလား။

ကျွန်တော်တို့ 9MC အဖွဲ့ဟာ သီးခြားရပ်တည်မယ့်အဖွဲ့ဖြစ်တယ်။ အခြားဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု၊ ပတ်သက်ခြင်းမရှိပါဘူး။ 9MC က Celebrity တွေကိုပဲ ထိန်းပေးသွားမှာပါ။

ဟုတ်ကဲ့ ဒါဆို Celebrity တွေကိုပဲ ပစ်မှတ်ထားတဲ့သဘောပေါ့နော်။

ဟုတ်ပါတယ်ဗျ၊ အဓိကပစ်မှတ်ကတော့ Group Cele တွေကို ပစ်မှတ်ထားသွားမှာပါ ခင်ဗျ။

9MC က ဘယ်နိုင်ငံအခြေစိုက်ပြီး အဖွဲ့ဝင် ဘယ်နှဦးပါဝင်သလဲ၊ ပြီးတော့ 9MC က လူငယ်တွေလား၊ လူကြီးတွေလား၊ ဖြေလို့ရရင် ဖြေပေးပါ။

နိုင်ငံအခြေစိုက်ကတော့ လျှို့ဝှက်မို့လို့ ပြောလို့မရပါဘူး။ 9MC က လူငယ်ပိုင်းကပါ။ ဘယ်အဖွဲ့အစည်းမှာမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာပါ။

ဟုတ်ကဲ့ အဖွဲ့ဝင်ဘယ်နှဦး ပါပါသလဲခင်ဗျ။

ဒါကတော့ ကျွန်တော်တိုမပြောနိုင်ပါဘူးဗျ။

9MC ကို ဘယ်အချိန်လောက်ကစပြီး ဖွဲ့စည်းခဲ့တာလဲ။ မင်းသား၊ မင်းသမီးတွေ Group Chat မှာပါတဲ့ သူတွေအားလုံးရဲ့အကောင့်တွေကို ထိန်းသိမ်းသွားမှာလား။

ဖွဲ့စည်းထားတာတော့ ကြာပါပြီ။ Public ချပြပြီးရောက်လာတာတော့ မကြာသေးပါဘူး။ အားလုံး မဟုတ်တောင် အချို့အကောင့်တွေကို ဆက်လက်ထိန်းသိမ်းဦးမှာပါ။

မြန်မာပြည်က Celebrity တွေကို ဘယ်လို ပုံစံမျိုးဖြစ်စေချင်လဲ၊ 9MC အနေနဲ့ သူတို့အပေါ် သဘောထားလေး သိပါရစေ။

ဟုတ်ကဲ့။ အားလုံးချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေနေရင် ကောင်းပါတယ်ဗျ။ 9MC အနေနဲ့ Celebrity တွေ အားလုံးကိုချစ်ပါတယ်။

 

အချို့သရုပ်ဆောင်တွေရဲ့ အဖော်အချွတ်ကိစ္စတွေကိုရော ဘယ်လိုမြင်လဲဗျ။

ဟုတ်ကဲ့။ အဲဒါတွေကသူတို့ Privacy တွေပါ။ အဲဒါတွေနဲ့ပတ်သက်ပြီး (9MC က သိမ်းလိုက်တဲ့) အကောင့်တွေမှာပါခဲ့ရင်တောင် အပြင်ကို ဖွင့်ဟချပြသွားမှာ မဟုတ်ပါဘူး။

9MC က အခုလို ဖေ့စ်ဘုတ်အကောင့်တွေကို ထိန်းသိမ်းတဲ့အခါမှာ ဖေ့စ်ဘုတ်သုံးစွဲသူတွေအနေနဲ့ ထိတ်လန့်ကြတယ်။ မလုံမခြုံဖြစ်နေကြတယ်။ အဲဒီအတွက် ဖေ့စ်ဘုတ်လုံခြုံရေး အခြားဆိုက်ဘာ လုံခြုံရေး အကြံဉာဏ်လေးပေးပါဦး။

No System is Safe. အလုံးစုံ လုံခြုံတယ်ဆိုတဲ့စနစ် မရှိပါဘူး။ Social Network တခုဖြစ်တဲ့အတွက် ချို့ယွင်းချက်ဆိုတာ ရှိနေမှာပါ။

ပေါကားလို့ပြောတဲ့သူတွေကို ဂရုမစိုက်ဘူးဆို တဲ့ မင်းသမီးရဲ့ ဖေ့စ်ဘုတ်ကိုရော ဖောက်ဦးမှာလား။

အတိုင်းအတာတခုအထိ စောင့်ကြည့်နေမှာပါ။

ဟိုတခေါက်က ဘင်္ဂလားဒေ့ရှ်တို့၊ တူရကီတို့နဲ့ဖြစ်တဲ့ ဟက်ကာတိုက်ပွဲတွေမှာ 9MC က ပါဝင်ပတ် သက်ခဲ့တာရှိလား။

မရှိပါဘူးဗျ။

အကယ်၍နိုင်ငံတော်လုံခြုံရေးအတွက် 9MC ကို အကူအညီတောင်းခဲ့မယ်ဆိုရင်ကော။

ဟုတ်ကဲ့ အကူအညီတောင်းခဲ့ရင်တော့ ကူညီပေးအပ်သွားမှာပါ။

ဇဏ်ခီမောင်နံှနဲ့ 9MC ဆက်နွှယ်မှုရှိလား။

ဆက်နွှယ်မှုမရှိပါဘူး၊ အပြင်မှာလည်း မမြင်ဖူးဘူး။ ခုလိုလုပ်ဖြစ်ခဲ့ကြတာလည်း ကိုယ်လုပ်နိုင်မယ့်အရာ ချပြနိုင်မယ့်အရာဖြစ်လို့ ချပြခဲ့တာပါ။

 

Credit: ကျော်ဝဏ္ဏ (News Watch)