Zawgyi ျဖင့္ဖတ္ရန္

နယ္စပ္တစ္ေနရာတြင္ ဒုကၡသည္ မ်ားကို ဘဂၤလားေဒရွ႕္ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္တစ္ဦးက ေစာင့္ၾကည့္ေနစဥ္။

႐ိုဟင္ဂ်ာ ဒုကၡသည္ မ်ား အလုံးအရင္းျဖင့္ ဝင္ေရာက္လာမႈႏွင့္အတူ ျမန္မာႏိုင္ငံမွ ေမွာင္ခိုတင္သြင္းလာမႈမ်ား တိုးပြားလာသည့္အတြက္ သုံးလမေက်ာ္ေသးသည့္အခ်ိန္အတြင္းမွာပင္ စိတ္ႂကြေဆး အလုံးေရ ကိုးသန္းနီးပါးကို ဘဂၤလားေဒရွ႕္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့သည္ဟု အာဏာပိုင္မ်ားက ေျပာၾကားသည္။

နယ္စပ္ အျဖစ္ ပိုင္းျခားထားသည့္ နတ္ျမစ္အတြင္းတြင္ ငါးဖမ္းေလွမ်ားအား စီးနင္းဖမ္းဆီးမႈမ်ား ပိုမိုေဆာင္႐ြက္ခဲ့ရာ “ယာဘ” ေဆးျပား အမ်ားအျပားကို ဖမ္းဆီးရမိခဲ့သည္။ အဆိုပါေဆးျပားမ်ားကို ဘဂၤလားေဒရွ႕္လူငယ္မ်ားက သုံုးစြဲေနၾကသည္ဟုလည္း ဆိုသည္။

ဇန္နဝါရီ ၁ ရက္ေန႔က စတင္ကာ နယ္စပ္ၿမိဳ႕ျဖစ္သည့္ တက္နက္ဖ္ရွိ ဘဂၤလားေဒရွ႕္ နယ္ျခားေစာင့္တပ္က စိတ္ႂကြေဆးျပား ၅ ဒသမ ၆ သန္းႏွင့္ ကမ္းေျခေစာင့္ တပ္ဖြဲ႕ က ေဆးျပား ၃ ဒသမ ၄၇ သန္းကို ဖမ္းဆီးရမိခဲ့သည္ဟု အာဏာပိုင္မ်ားက ေျပာၾကားသည္။

“မတ္ ၁၅ ရက္ေန႔က စီးနင္းမႈမွာေတာ့ နတ္ျမစ္အတြင္းက စြန႔္ပစ္ထားတဲ့ အိတ္ေလးအိတ္ထဲကေန ယာဘေဆးျပား ၁ ဒသမ ၈ သန္းကို ဖမ္းမိခဲ့ပါတယ္” ဟု နယ္ျခားေစာင့္တပ္မႉး ဒုတိယဗိုလ္မႉးႀကီး Asadud Zaman Chowdhury က ေအအက္ဖ္ပီကို ေျပာၾကားသည္။

“အဲဒါက နယ္ျခားေစာင့္တပ္ကေန ယာဘေတြကို အမ်ားဆုံုးဖမ္းဆီးရမိမႈလည္း ျဖစ္ပါတယ္” ဟု ၎ကေျပာသည္။ မတ္လအတြင္း လူ ၁၁ ဦးကို နယ္ျခားေစာင့္တပ္က ဖမ္းဆီးခဲ့ရာ ႐ိုဟင္ဂ်ာ ခုနစ္ဦးလည္း ပါဝင္သည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ကင္းလွည့္ေနသည့္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကလည္း ငါးဖမ္းေလွတစ္စင္းေပၚမွ ေဆးျပား ၃၀၀,၀၀၀ ခန႔္ႏွင့္ ျမန္မာႏိုင္ငံသားေျခာက္ဦးကို ယခုလအတြင္း ဖမ္းဆီးခဲ့သည္ဟု အဆင့္ျမင့္ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ၿပီးခဲ့သည့္ႏွစ္ ၾသဂုုတ္လက စတင္ကာ ျမန္မာႏိုင္ငံမွ ဘဂၤလားေဒရွ႕္သို႔ အလုံးအရင္းျဖင့္ ထြက္ေျပးလာၾကသည့္ ႐ိုဟင္ဂ်ာမ်ားအတြက္ ယာဘေဆးျပားမ်ားက ဝင္ေငြလြယ္လြယ္ရရွိႏိုင္ေသာ အခြင့္အလမ္းတစ္ခု ျဖစ္ေနသည္။

ဒုကၡသည္မ်ားက ယာဘေဆးျပားမ်ားကို သယ္ယူေပးသူမ်ားအျဖစ္ ေဆာင္႐ြက္ၾကသည္။ ထို႔ေနာက္ ဘဂၤလားေဒရွ႕္ဘက္ျခမ္းရွိ မူးယစ္ေဆးကုန္သည္မ်ားထံ ေဆးျပားမ်ားကို ၎တို႔က လႊဲေျပာင္းေပးလိုက္ၾကၿပီးေနာက္ ကုန္သည္မ်ားက ေဆးျပားမ်ားကို ဘဂၤလားေဒရွ႕္၏ အဓိကၿမိဳ႕ႀကီးမ်ားဆီ သယ္ယူသြားၾကသည္ဟု ရဲမ်ားက ေျပာၾကားသည္။

ႏွစ္ႏိုင္ငံ နယ္စပ္ကို ပိုင္းျခားထားသည့္ ၃၃ မိုင္ ရွည္လ်ားေသာ နတ္ျမတ္အတြင္း ကင္းလွည့္ရန္ ခက္ခဲေသာေၾကာင့္ မူးယစ္ေဆး ေမွာင္ခိုမႈမ်ား တိုုးပြားလာျခင္းျဖစ္သည္ဟု နယ္ျခားေစာင့္တပ္ႏွင့္ မူးယစ္ေဆးတိုက္ဖ်က္ေရး အရာရွိမ်ားက ေျပာၾကားသည္။

ဘဂၤလားေဒရွ႕္ မူးယစ္တိုက္ဖ်က္ေရးအရာရွိမ်ား၏ အဆိုအရ ေဆးျပားမ်ားကို ျမန္မာႏိုင္ငံဘက္ျခမ္းရွိ ေရခ်ိဳးခန္း အ႐ြယ္အစားသာရွိေသာ ဓာတ္ခြဲခန္းမ်ားတြင္ ထုတ္လုပ္ေနသည္ဟုဆိုသည္။

ၾသဂုတ္ ၂၅ ရက္ေန႔က စတင္ကာ ဘဂၤလားေဒရွ႕္သို႔ ျမန္မာႏိုင္ငံဘက္မွ လူခုနစ္သိန္းနီးပါး ဝင္ေရာက္လာၾကသည္။ နယ္စပ္တစ္ေလ်ာက္ရွိ ဒုကၡသည္စခန္းမ်ားတြင္ ႏွစ္ေပါင္းမ်ားစြာကတည္းက ေနထိုင္ေနၾကသည့္ ဒုကၡသည္သုံးသိန္းခန႔္ထံ ၎တို႔ သြားေရာက္ပူးေပါင္းခဲ့ၾကသည္။

“လူေတြ အလုံးအရင္းဝင္ေရာက္လာမႈေၾကာင့္ သယ္ယူေပးသူအျဖစ္ ေဆာင္႐ြက္ၾကသူအေရအတြက္လည္း ပိုမိုမ်ားျပားလာပါတယ္။ အတြင္းပိုင္းမွာ သယ္ယူသူအျဖစ္ ေဆာင္႐ြက္သူေတြလည္း မ်ားလာတယ္။ တခ်ိဳ႕ေတြကေတာ့ အသက္ရွင္ရပ္တည္ႏိုင္ေရးအတြက္ပဲ ျဖစ္ပါတယ္” ဟု Chowdhury က ေျပာၾကားသည္။

“အဲဒါက ေငြလြယ္လြယ္ရမယ့္ နည္းလမ္းတစ္ခုပဲ” ဟုလည္း ၎ကေျပာသည္။ ျမန္မာႏိုင္ငံနယ္စပ္တြင္ ေဒၚလာ ၂၀ ဆင့္ခန႔္သာေပးရသည့္ ယာဘေဆးျပားတစ္ျပားသည္ ဘဂၤလားေဒရွ႕္ၿမိဳ႕ေတာ္ ဒါကာတြင္ သုံးေဒၚလာမွ ေလးေဒၚလာအထိ ေပါက္ေဈးရွိသည္ဟု ၎က ရွင္းျပသည္။

ျမန္မာႏိုင္ငံဘက္မွ ယာဘေဆးျပားမ်ား ေမွာင္ခိုတင္သြင္းမႈမ်ားကို လုံးဝသည္းမခံရန္ ဘဂၤလားေဒရွ႕္ဝန္ႀကီးခ်ဳပ္ ရွိပ္ဟာစီနာက ေျပာၾကားထားၿပီး နယ္စပ္တစ္ေလ်ာက္ မူးယစ္ေဆးႏွိမ္နင္းေရးေဆာင္႐ြက္ရန္ အမိန႔္ေပးထားသည္ဟု အမည္မေဖာ္လိုသည့္ နယ္ျခားေစာင့္တပ္အရာရွိတစ္ဦးက ေျပာၾကားသည္။

credit : frontiermyanmar

 

Unicode ဖြင့်ဖတ်ရန်

ရိုဟင်ဂျာအကြပ်အတည်းနှင့်အတူ စိတ်ကြွဆေးအန္တရာယ်ကို ဘင်္ဂလားဒေရှ့် ကြုံတွေ့နေ

နယ်စပ်တစ်နေရာတွင် ဒုက္ခသည်များကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက စောင့်ကြည့်နေစဉ်။

ရိုဟင်ဂျာဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုနှင့်အတူ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာမှုများ တိုးပွားလာသည့်အတွက် သုံးလမကျော်သေးသည့်အချိန်အတွင်းမှာပင် စိတ်ကြွဆေး အလုံးရေ ကိုးသန်းနီးပါးကို ဘင်္ဂလားဒေရှ့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

နယ်စပ်အဖြစ် ပိုင်းခြားထားသည့် နတ်မြစ်အတွင်းတွင် ငါးဖမ်းလှေများအား စီးနင်းဖမ်းဆီးမှုများ ပိုမိုဆောင်ရွက်ခဲ့ရာ “ယာဘ” ဆေးပြား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဆေးပြားများကို ဘင်္ဂလားဒေရှ့်လူငယ်များက သုံုးစွဲနေကြသည်ဟုလည်း ဆိုသည်။

ဇန်နဝါရီ ၁ ရက်နေ့က စတင်ကာ နယ်စပ်မြို့ဖြစ်သည့် တက်နက်ဖ်ရှိ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က စိတ်ကြွဆေးပြား ၅ ဒသမ ၆ သန်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ဆေးပြား ၃ ဒသမ ၄၇ သန်းကို ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

“မတ် ၁၅ ရက်နေ့က စီးနင်းမှုမှာတော့ နတ်မြစ်အတွင်းက စွန့်ပစ်ထားတဲ့ အိတ်လေးအိတ်ထဲကနေ ယာဘဆေးပြား ၁ ဒသမ ၈ သန်းကို ဖမ်းမိခဲ့ပါတယ်” ဟု နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီး Asadud Zaman Chowdhury က အေအက်ဖ်ပီကို ပြောကြားသည်။

“အဲဒါက နယ်ခြားစောင့်တပ်ကနေ ယာဘတွေကို အများဆုံုးဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ မတ်လအတွင်း လူ ၁၁ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ရာ ရိုဟင်ဂျာ ခုနစ်ဦးလည်း ပါဝင်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ကင်းလှည့်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ငါးဖမ်းလှေတစ်စင်းပေါ်မှ ဆေးပြား ၃၀၀,၀၀၀ ခန့်နှင့် မြန်မာနိုင်ငံသားခြောက်ဦးကို ယခုလအတွင်း ဖမ်းဆီးခဲ့သည်ဟု အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် သြဂုုတ်လက စတင်ကာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်သို့ အလုံးအရင်းဖြင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအတွက် ယာဘဆေးပြားများက ဝင်ငွေလွယ်လွယ်ရရှိနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်နေသည်။

ဒုက္ခသည်များက ယာဘဆေးပြားများကို သယ်ယူပေးသူများအဖြစ် ဆောင်ရွက်ကြသည်။ ထို့နောက် ဘင်္ဂလားဒေရှ့်ဘက်ခြမ်းရှိ မူးယစ်ဆေးကုန်သည်များထံ ဆေးပြားများကို ၎င်းတို့က လွှဲပြောင်းပေးလိုက်ကြပြီးနောက် ကုန်သည်များက ဆေးပြားများကို ဘင်္ဂလားဒေရှ့်၏ အဓိကမြို့ကြီးများဆီ သယ်ယူသွားကြသည်ဟု ရဲများက ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ်ကို ပိုင်းခြားထားသည့် ၃၃ မိုင် ရှည်လျားသော နတ်မြတ်အတွင်း ကင်းလှည့်ရန် ခက်ခဲသောကြောင့် မူးယစ်ဆေး မှောင်ခိုမှုများ တိုုးပွားလာခြင်းဖြစ်သည်ဟု နယ်ခြားစောင့်တပ်နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး အရာရှိများက ပြောကြားသည်။

ဘင်္ဂလားဒေရှ့် မူးယစ်တိုက်ဖျက်ရေးအရာရှိများ၏ အဆိုအရ ဆေးပြားများကို မြန်မာနိုင်ငံဘက်ခြမ်းရှိ ရေချိုးခန်း အရွယ်အစားသာရှိသော ဓာတ်ခွဲခန်းများတွင် ထုတ်လုပ်နေသည်ဟုဆိုသည်။

သြဂုတ် ၂၅ ရက်နေ့က စတင်ကာ ဘင်္ဂလားဒေရှ့်သို့ မြန်မာနိုင်ငံဘက်မှ လူခုနစ်သိန်းနီးပါး ဝင်ရောက်လာကြသည်။ နယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာကတည်းက နေထိုင်နေကြသည့် ဒုက္ခသည်သုံးသိန်းခန့်ထံ ၎င်းတို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။

“လူတွေ အလုံးအရင်းဝင်ရောက်လာမှုကြောင့် သယ်ယူပေးသူအဖြစ် ဆောင်ရွက်ကြသူအရေအတွက်လည်း ပိုမိုများပြားလာပါတယ်။ အတွင်းပိုင်းမှာ သယ်ယူသူအဖြစ် ဆောင်ရွက်သူတွေလည်း များလာတယ်။ တချို့တွေကတော့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်” ဟု Chowdhury က ပြောကြားသည်။

“အဲဒါက ငွေလွယ်လွယ်ရမယ့် နည်းလမ်းတစ်ခုပဲ” ဟုလည်း ၎င်းကပြောသည်။ မြန်မာနိုင်ငံနယ်စပ်တွင် ဒေါ်လာ ၂၀ ဆင့်ခန့်သာပေးရသည့် ယာဘဆေးပြားတစ်ပြားသည် ဘင်္ဂလားဒေရှ့်မြို့တော် ဒါကာတွင် သုံးဒေါ်လာမှ လေးဒေါ်လာအထိ ပေါက်ဈေးရှိသည်ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံဘက်မှ ယာဘဆေးပြားများ မှောင်ခိုတင်သွင်းမှုများကို လုံးဝသည်းမခံရန် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိပ်ဟာစီနာက ပြောကြားထားပြီး နယ်စပ်တစ်လျောက် မူးယစ်ဆေးနှိမ်နင်းရေးဆောင်ရွက်ရန် အမိန့်ပေးထားသည်ဟု အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်အရာရှိတစ်ဦးက ပြောကြားသည်။

credit : frontiermyanmar