Zawgyi ျဖင့္ဖတ္ရန္

ယခုေဖာ္ျပထားသည့္ ဓါတ္ပုံ မွာ နမူနာဓါတ္ပုံသာ ျဖစ္ပါတယ္။ အဓမၼျပဳက်င့္ ခံရသူ၏ ပုံမဟုတ္ပါ။
ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ လက္ပံေက်း႐ြာတြင္ (၁၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီး ငယ္တစ္ဦးကို အသက္(၁၆)ႏွစ္ အ႐ြယ္အမ်ိဳးသားတစ္ဦးက သက္ငယ္မုဒိမ္းမႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း နယ္ေျမ ခံ  ျမစ္က်ိဳးရဲ တပ္ဖြဲ႕စခန္းမွ သိရွိရသည္။

လက္ပံေက်း႐ြာေန (၁၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွင့္ ေမာင္ျဖစ္သူတို႔သည္ မတ္ ၂၈ ရက္၊ ညေန(၆း၃၀)နာရီခန႔္ က ေနအိမ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ ဗီဒီယို႐ုံတြင္ သြားေရာက္ၾကည့္ရႈစဥ္ မိခင္ျဖစ္သူက လိုက္သြားရာ သမီးျဖစ္သူကို မေတြ႕သျဖင့္ သားျဖစ္သူကို ေမးျမန္းခဲ့သည္။

သားျဖစ္သူ၏ ေျပာျပခ်က္အရ ၎ကို တစ္႐ြာတည္းေန ဆန္းလင္းေက်ာ္(၁၆)ႏွစ္က ေခၚေဆာင္သြားေၾကာင္း သိရၿပီးေနာက္ လိုက္လံရွာေဖြရာမွ ဗီဒီယို႐ုံေနအိမ္၏ အေနာက္ဘက္တြင္ သားမယားအျဖစ္ ျပဳက်င့္ခံခဲ့ရသျဖင့္ ျမစ္က်ိဳးရဲစခန္းသို႔ မတ္ ၂၉ ရက္တြင္ လာေရာက္တိုင္တန္းေၾကာင္း သိရသည္။
“မိဘမပါဘဲ ကေလးမေလး ဗီဒီယိုလာေရာက္ၾကည့္ရႈေနတုန္းမွာ ဖ်ားေယာင္းေသြးေဆာင္ေခၚယူၿပီး သားမယား ျပဳက်င့္ခဲ့တာပါ။ သားမယားျပဳက်င့္ခံရသူကေလးမေလးရဲ႕ ေဆးစာထင္ျမင္ခ်က္ကို ပဲခူးေဆး႐ုံမွာ ေတာင္းခံ ထားပါတယ္။ အမႈတိုင္တန္းရျခင္းေနာက္က်ရျခင္းမွာလည္း ေဆြမ်ိဳးေတြနဲ႔ တိုင္ပင္ေနတာေၾကာင့္ပါ။ က်ဴးလြန္ သူေကာင္ေလးကေတာ့ ထြက္ေျပးသြားပါတယ္။”ဟု ျမစ္က်ိဳးတပ္နယ္ရဲတပ္ဖြဲ႕စခန္းမွ စခန္းမႉး ရဲအုပ္ဝင္းမင္း ေထြးကေျပာသည္။

လက္ရွိတြင္ ထြက္ေျပးတိမ္းေရွာင္ေနေသာ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူ ေမာင္ဆန္းလင္းေက်ာ္အား ျမစ္က်ိဳးရဲတပ္ဖြဲ႕ စခန္းက (ပ)၃၇/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္လွစ္၍ ဖမ္းဆီးရမိေရး စုံစမ္းေနေၾကာင္း သိရသည္။

Credit : ရတနာပုံ သတင္းစာ

 

Unicode ဖြင့်ဖတ်ရန်

(၁၀)နှစ်အရွယ်မိန်းကလေးတစ်ဦးကို ဗီဒီယိုရုံမှ ခေါ်ထုတ်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွား

 

ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် (၁၀)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို အသက်(၁၆)နှစ် အရွယ်အမျိုးသားတစ်ဦးက သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း နယ်မြေခံ မြစ်ကျိုးရဲ တပ်ဖွဲ့စခန်းမှ သိရှိရသည်။

လက်ပံကျေးရွာနေ (၁၀)နှစ်အရွယ် အမျိုးသမီးနှင့် မောင်ဖြစ်သူတို့သည် မတ် ၂၈ ရက်၊ ညနေ(၆း၃၀)နာရီခန့် က နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ ဗီဒီယိုရုံတွင် သွားရောက်ကြည့်ရှုစဉ် မိခင်ဖြစ်သူက လိုက်သွားရာ သမီးဖြစ်သူကို မတွေ့သဖြင့် သားဖြစ်သူကို မေးမြန်းခဲ့သည်။

သားဖြစ်သူ၏ ပြောပြချက်အရ ၎င်းကို တစ်ရွာတည်းနေ ဆန်းလင်းကျော်(၁၆)နှစ်က ခေါ်ဆောင်သွားကြောင်း သိရပြီးနောက် လိုက်လံရှာဖွေရာမှ ဗီဒီယိုရုံနေအိမ်၏ အနောက်ဘက်တွင် သားမယားအဖြစ် ပြုကျင့်ခံခဲ့ရသဖြင့် မြစ်ကျိုးရဲစခန်းသို့ မတ် ၂၉ ရက်တွင် လာရောက်တိုင်တန်းကြောင်း သိရသည်။
“မိဘမပါဘဲ ကလေးမလေး ဗီဒီယိုလာရောက်ကြည့်ရှုနေတုန်းမှာ ဖျားယောင်းသွေးဆောင်ခေါ်ယူပြီး သားမယား ပြုကျင့်ခဲ့တာပါ။ သားမယားပြုကျင့်ခံရသူကလေးမလေးရဲ့ ဆေးစာထင်မြင်ချက်ကို ပဲခူးဆေးရုံမှာ တောင်းခံ ထားပါတယ်။ အမှုတိုင်တန်းရခြင်းနောက်ကျရခြင်းမှာလည်း ဆွေမျိုးတွေနဲ့ တိုင်ပင်နေတာကြောင့်ပါ။ ကျူးလွန် သူကောင်လေးကတော့ ထွက်ပြေးသွားပါတယ်။”ဟု မြစ်ကျိုးတပ်နယ်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမင်း ထွေးကပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသော သက်ငယ်မုဒိမ်းမှုကျူးလွန်သူ မောင်ဆန်းလင်းကျော်အား မြစ်ကျိုးရဲတပ်ဖွဲ့ စခန်းက (ပ)၃၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

Credit : ရတနာပုံ သတင်းစာ