Zawgyi ျဖင့္ဖတ္ရန္

မက္ဆီ ဟာ ႏိုင္ငံတကာ ေျခစမ္းပြဲ (၂)ပြဲကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။ဘာစီလိုနာတိုက္စစ္မႉး မက္ဆီဟာ တံေကာက္ေၾကာဒဏ္ရာ အေသးစားရရွိေနမႈေၾကာင့္ ဆီဗီလာနဲ႔ကစားရမယ့္ လာလီဂါပြဲစဥ္ကို ပါဝင္ဖို႔ မေသမခ်ာျဖစ္ေနခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းရဲ႕ ႏိုင္ငံတကာ ေျခစမ္းပြဲ (၂)ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္မွာ မက္ဆီ ဟာ လာလီဂါ ပြဲစဥ္ကိုပါ ဆက္လက္လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။

 

မက္ဆီ ဒဏ္ရာ ရရွိေနမႈဟာ ဧၿပီလဘ အတြင္း ပြဲအမ်ားအျပား ကစားရမယ့္ ဘာစီလိုနာအတြက္ အက်ပ္႐ိုက္ေနခဲ့ရၿပီးေတာ့ ဘာစီလိုနာအသင္းဟာ ၂၂ရက္အတြင္းမွာ ပြဲစဥ္ (၇)ပြဲအထိ ကစားသြားရမွာလည္း ျဖစ္ပါတယ္။ အဲဒီပြဲေတြထဲမွာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ႏွစ္ေက်ာ့၊ စပိန္ကိုပါဒယ္ေရးဖလား ဗိုလ္လုပြဲတို႔လည္း ပါဝင္ေနခဲ့ပါတယ္။

” မက္ဆီရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္၊ သူ႔မွာ ဒဏ္ရာျပသနာအနည္းငယ္ရွိေနပါတယ္၊ ဆီဗီလာနဲ႔ပြဲက အေရးႀကီးပါတယ္၊ အႏိုင္ရခဲ့မယ္ဆိုရင္ အမွတ္ေပးဖလားရရွိဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္မွာပါ” လို႔ ဘာစီလိုနာနည္းျပ ဗယ္လ္ဗာဒီက ေျပာခဲ့ပါတယ္။

ဘာစီလိုနာကေတာ့ စပိန္လာလီဂါမွာ ၁၁မွတ္ျဖတ္ ဦးေဆာင္ေနတာျဖစ္သလို ဖလားသုံးလုံးေမွ်ာ္လင့္ခ်က္ ရွိေနတာလည္း ျဖစ္ပါတယ္။ မက္ဆီရဲ႕ ဒဏ္ရာရရွိမႈက ဘာစီလိုနာအတြက္ အခက္ေတြ႕ဖြယ္ ရွိလာခဲ့ၿပီး ဗယ္လ္ဗာဒီက မက္ဆီအျမန္ဆုံး ျပန္ေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဆီဗီလာနဲ႔ပြဲမွာေတာ့ ကြင္းလယ္လူ ဆာဂ်ီယိုဘက္ကြက္စ္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ သိရၿပီး ႐ိုးမားနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ ျပန္လည္ပါဝင္ႏိုင္ဖြယ္ ရွိေနပါတယ္။

” ႐ိုးမားနဲ႔ပြဲအတြက္ ကြၽန္ေတာ္မစဥ္းစားေသးပါဘူး၊ ဆီဗီလာကို အႏိုင္ယူဖို႔အတြက္ အာ႐ုံစိုက္ရမွာက အဓိကပါ၊ ဒီလအတြင္းမွာ ကစားရမယ့္ပြဲစဥ္ေတြက ကြၽန္ေတာ္တို႔အတြက္ အဆုံးအျဖတ္ျဖစ္ပါတယ္” လို႔လည္း ဗယ္လ္ဗာဒီက ေျပာၾကားခဲ့ပါတယ္။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

မက်ဆီရဲ့ဒဏ်ရာကြောင့် အကျပ်ရိုက်နေတဲ့ ဘာစီလိုနာ
မက်ဆီဟာ နိုင်ငံတကာခြေစမ်းပွဲ (၂)ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ တံကောက်ကြောဒဏ်ရာ အသေးစားရရှိနေမှုကြောင့် ဆီဗီလာနဲ့ကစားရမယ့် လာလီဂါပွဲစဉ်ကို ပါဝင်ဖို့ မသေမချာဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲ (၂)ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက်မှာ မက်ဆီဟာ လာလီဂါပွဲစဉ်ကိုပါ ဆက်လက်လွဲချော်ဖွယ် ရှိနေပါတယ်။

 

မက်ဆီ ဒဏ်ရာရရှိနေမှုဟာ ဧပြီလအတွင်း ပွဲအများအပြား ကစားရမယ့် ဘာစီလိုနာအတွက် အကျပ်ရိုက်နေခဲ့ရပြီးတော့ ဘာစီလိုနာအသင်းဟာ ၂၂ရက်အတွင်းမှာ ပွဲစဉ် (၇)ပွဲအထိ ကစားသွားရမှာလည်း ဖြစ်ပါတယ်။ အဲဒီပွဲတွေထဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့၊ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတို့လည်း ပါဝင်နေခဲ့ပါတယ်။

” မက်ဆီရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်၊ သူ့မှာ ဒဏ်ရာပြသနာအနည်းငယ်ရှိနေပါတယ်၊ ဆီဗီလာနဲ့ပွဲက အရေးကြီးပါတယ်၊ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဖလားရရှိဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်မှာပါ” လို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ပြောခဲ့ပါတယ်။

 

ဘာစီလိုနာကတော့ စပိန်လာလီဂါမှာ ၁၁မှတ်ဖြတ် ဦးဆောင်နေတာဖြစ်သလို ဖလားသုံးလုံးမျှော်လင့်ချက် ရှိနေတာလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ ဒဏ်ရာရရှိမှုက ဘာစီလိုနာအတွက် အခက်တွေ့ဖွယ် ရှိလာခဲ့ပြီး ဗယ်လ်ဗာဒီက မက်ဆီအမြန်ဆုံး ပြန်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။ ဆီဗီလာနဲ့ပွဲမှာတော့ ကွင်းလယ်လူ ဆာဂျီယိုဘက်ကွက်စ် လွဲချော်မှာဖြစ်တယ်လို့ သိရပြီး ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

” ရိုးမားနဲ့ပွဲအတွက် ကျွန်တော်မစဉ်းစားသေးပါဘူး၊ ဆီဗီလာကို အနိုင်ယူဖို့အတွက် အာရုံစိုက်ရမှာက အဓိကပါ၊ ဒီလအတွင်းမှာ ကစားရမယ့်ပွဲစဉ်တွေက ကျွန်တော်တို့အတွက် အဆုံးအဖြတ်ဖြစ်ပါတယ်” လို့လည်း ဗယ်လ်ဗာဒီက ပြောကြားခဲ့ပါတယ်။

Credit : Duwun