Zawgyi ျဖင့္ဖတ္ရန္

ကင္ဆာ ေရာဂါ ဆိုတာ အရင္ကေတာ့ တမလြန္အတြက္ ေသခ်ာတဲ့လက္မွတ္တစ္ေစာင္လို႔ ဆိုလို႔ရပါတယ္။ ဒါေပမယ့္ တိုးတက္လာတဲ့ ေဆးပညာ အရ ကင္ဆာေရာဂါတိုင္း လူကို ေသေစႏိုင္တယ္လို႔ မွတ္ယူလို႔ မရေတာ့ပါဘူး။ ေစာေစာသိ၊ ေစာေစာကုရင္ အသက္ရွင္သန္ခြင့္ ပိုမ်ားပါတယ္။ အခုဆိုရင္ ေစာေစာ ႀကိဳတင္ကုသမႈေၾကာင့္ ကင္ဆာေရာဂါသည္တစ္ခ်ိဳ႕ဟာ သက္တမ္းေစ့ေနႏိုင္ေနၿပီ ျဖစ္ပါတယ္။

 

လက္တေလာ ထြက္ေပၚလာတဲ့ သတင္းမွာေတာ့ အလြန္ဆိုး႐ြားတဲ့ ကင္ဆာ ေရာဂါ ကို (၉၇)%အထိ ေပ်ာက္ကင္းေအာင္ ကုသႏိုင္မယ့္ေဆးအသစ္ကို ေဆးဘက္ဆိုင္ရာ သိပၸံပညာရွင္ေတြက ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။ ႂကြက္ေတြေပၚမွာ ဒီေဆးကို စမ္းသပ္ခဲ့တာျဖစ္ၿပီး၊ ရာႏႈန္းျပည့္နီးပါး ေအာင္ျမင္ခဲ့တာေၾကာင့္ ယခုႏွစ္မွာ ဒီေဆးကို လူေတြဆီမွာ စတင္စမ္းသပ္သုံးစြဲမွာ ျဖစ္ပါတယ္။

အဆိုပါေဆးျဖင့္ ကင္ဆာအႀကိတ္ျဖစ္ေနတဲ့ ႂကြက္ ေတြကို စမ္းသပ္ခဲ့ရမွာေတာ့ ကင္ဆာအႀကိတ္ (၉၇)%အထိ လြယ္ကူစြာ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီေဆးကို Lymphoma ကင္ဆာအနိမ့္ဆုံးအဆင့္ စတင္ခံစားေနရတဲ့ လူနာတစ္ခ်ိဳ႕ကို စမ္းသပ္သုံးစြဲဖို႔ ယခုႏွစ္မွာပင္ အေကာင္အထည္ေဖာ္မွာလို႔ သိရပါတယ္။

 

အဆိုပါေ ေဆး ကို မၾကာမီ(၂)ႏွစ္ေလာက္ အေတာအတြင္းမွာ ေဆး႐ုံေဆးခန္းေတြ သုံးစြဲႏိုင္ေအာင္စီမံမွာျဖစ္ၿပီး၊ အေႏွးအျမန္ကေတာ့ လက္ရွိ ကင္ဆာလူနာေတြကို စမ္းသပ္တဲ့ရလဒ္ တိုးတက္ျခင္းရွိ၊ မရွိေပၚမွာေတာ့ မူတည္ေနပါတယ္။ ဒီေဆးေဖာ္စပ္မႈမွာ ဦးေဆာင္သူကေတာ့ စတန္းဖို႔ဒ္တကၠသိုလ္မွ ေဒါက္တာ Ronald Levy ျဖစ္ပါတယ္။

 

ေဆးဟာ ေရာဂါတိုက္ဖ်က္မႈ ခႏၶာေဗဒစနစ္ထဲမွာ ခ်က္ခ်င္းစိမ့္ဝင္ကာ အက်ိဳးျပဳမွာျဖစ္ၿပီး၊ ဒီေဆးနဲ႔ကုသမႈခံယူတယ္ဆိုပါက ဓာတ္ကင္ျခင္းလို႔ေခၚတဲ့ chemotherapy ကိုလည္း ခံယူဖို႔မလိုေၾကာင္း ေဒါက္တာ Ronald က ရွင္းျပပါတယ္။ ဒါေပမယ့္ ေဆးမွာလည္း ေဘးထြက္ဆိုးက်ိဳးရွိေနၿပီး၊ အဖ်ားတက္ျခင္းနဲ႔ ေဆးထိုးသြင္းတဲ့ေနရာတစ္ဝိုက္မွာ စူးစူးေအာင့္ေအာင့္ နာက်င္ေနျခင္းကေတာ့ ရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ဒီေဆးဟာ ကင္ဆာေရာဂါသည္အားလုံးအတြက္ အသုံးျပဳႏိုင္မွာ မဟုတ္ဘဲ Lymphoma အမ်ိဳးအစား ကင္ဆာေရာဂါသည္ေတြကိုေတာ့ ထိေရာက္မႈျမင့္မားစြာေပးပါလိမ့္မယ္။ Lymphoma ကင္ဆာေရာဂါသည္ (၃၅)ဦးအထိ စမ္းသပ္မယ္လို႔ သိရၿပီး၊ ခံယူမယ့္သူေတြဟာ ေျခာက္ပတ္အတြင္းမွာ ဓာတ္ေရာင္ျခည္ကုထုံးအနည္းငယ္နဲ႔ တစ္ရက္ကို ကင္ဆာေပ်ာက္ေဆး ထိုးေဆးႏွစ္ႀကိမ္ အသုံးျပဳရမွာ။

 

ဒီမတိုင္ခင္ကေတာ့ Lymphoma နဲ႔ leukemia ကင္ဆာေရာဂါေတြအတြက္ ထိေရာက္မႈအလြန္ရွိတဲ့ ေဆးဝါးေတြ ေပၚထြက္ခဲ့ပါေသးတယ္။ ယင္းကုသမႈကို CAR-T လို႔ ေခၚၿပီး ကုန္က်စာရိတ္ ႀကီးျမင့္လြန္းတာေၾကာင့္ လူတိုင္းလက္လွမ္းမီဖို႔ အလြန္ခဲယဥ္းပါတယ္။ ကုန္က်စာရိတ္မွာ ေဒၚလာ (၅)သိန္းခန႔္အထိ ရွိေနလို႔ ေဘးထြက္ဆိုးက်ိဳးကလည္း အလြန္မ်ားလို႔ လူတိုင္း လက္တြန႔္ခဲ့ရတဲ့ ကုထုံးျဖစ္ပါတယ္။

 

credit : Shwemom

Unicode ဖြင့်ဖတ်ရန်

ကင်ဆာကို (၉၇)%အထိပျောက်ကင်းစေနိုင်တဲ့ဆေးကို ယခုနှစ်အတွင်း စမ်းသပ်သုံးစွဲမည်

ကင်ဆာရောဂါဆိုတာ အရင်ကတော့ တမလွန်အတွက် သေချာတဲ့လက်မှတ်တစ်စောင်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ ဆေးပညာအရ ကင်ဆာရောဂါတိုင်း လူကို သေစေနိုင်တယ်လို့ မှတ်ယူလို့ မရတော့ပါဘူး။ စောစောသိ၊ စောစောကုရင် အသက်ရှင်သန်ခွင့် ပိုများပါတယ်။ အခုဆိုရင် စောစော ကြိုတင်ကုသမှုကြောင့် ကင်ဆာရောဂါသည်တစ်ချို့ဟာ သက်တမ်းစေ့နေနိုင်နေပြီ ဖြစ်ပါတယ်။

 

လက်တလော ထွက်ပေါ်လာတဲ့ သတင်းမှာတော့ အလွန်ဆိုးရွားတဲ့ ကင်ဆာရောဂါကို (၉၇)%အထိ ပျောက်ကင်းအောင် ကုသနိုင်မယ့်ဆေးအသစ်ကို ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ကြွက်တွေပေါ်မှာ ဒီဆေးကို စမ်းသပ်ခဲ့တာဖြစ်ပြီး၊ ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့တာကြောင့် ယခုနှစ်မှာ ဒီဆေးကို လူတွေဆီမှာ စတင်စမ်းသပ်သုံးစွဲမှာ ဖြစ်ပါတယ်။

 

အဆိုပါဆေးဖြင့် ကင်ဆာအကြိတ်ဖြစ်နေတဲ့ ကြွက်တွေကို စမ်းသပ်ခဲ့ရမှာတော့ ကင်ဆာအကြိတ် (၉၇)%အထိ လွယ်ကူစွာ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဆေးကို Lymphoma ကင်ဆာအနိမ့်ဆုံးအဆင့် စတင်ခံစားနေရတဲ့ လူနာတစ်ချို့ကို စမ်းသပ်သုံးစွဲဖို့ ယခုနှစ်မှာပင် အကောင်အထည်ဖော်မှာလို့ သိရပါတယ်။

 

 

အဆိုပါဆေးကို မကြာမီ(၂)နှစ်လောက် အတောအတွင်းမှာ ဆေးရုံဆေးခန်းတွေ သုံးစွဲနိုင်အောင်စီမံမှာဖြစ်ပြီး၊ အနှေးအမြန်ကတော့ လက်ရှိ ကင်ဆာလူနာတွေကို စမ်းသပ်တဲ့ရလဒ် တိုးတက်ခြင်းရှိ၊ မရှိပေါ်မှာတော့ မူတည်နေပါတယ်။ ဒီဆေးဖော်စပ်မှုမှာ ဦးဆောင်သူကတော့ စတန်းဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာ Ronald Levy ဖြစ်ပါတယ်။

 

ဆေးဟာ ရောဂါတိုက်ဖျက်မှု ခန္ဓာဗေဒစနစ်ထဲမှာ ချက်ချင်းစိမ့်ဝင်ကာ အကျိုးပြုမှာဖြစ်ပြီး၊ ဒီဆေးနဲ့ကုသမှုခံယူတယ်ဆိုပါက ဓာတ်ကင်ခြင်းလို့ခေါ်တဲ့ chemotherapy ကိုလည်း ခံယူဖို့မလိုကြောင်း ဒေါက်တာ Ronald က ရှင်းပြပါတယ်။ ဒါပေမယ့် ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးရှိနေပြီး၊ အဖျားတက်ခြင်းနဲ့ ဆေးထိုးသွင်းတဲ့နေရာတစ်ဝိုက်မှာ စူးစူးအောင့်အောင့် နာကျင်နေခြင်းကတော့ ရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဒီဆေးဟာ ကင်ဆာရောဂါသည်အားလုံးအတွက် အသုံးပြုနိုင်မှာ မဟုတ်ဘဲ Lymphoma အမျိုးအစား ကင်ဆာရောဂါသည်တွေကိုတော့ ထိရောက်မှုမြင့်မားစွာပေးပါလိမ့်မယ်။ Lymphoma ကင်ဆာရောဂါသည် (၃၅)ဦးအထိ စမ်းသပ်မယ်လို့ သိရပြီး၊ ခံယူမယ့်သူတွေဟာ ခြောက်ပတ်အတွင်းမှာ ဓာတ်ရောင်ခြည်ကုထုံးအနည်းငယ်နဲ့ တစ်ရက်ကို ကင်ဆာပျောက်ဆေး ထိုးဆေးနှစ်ကြိမ် အသုံးပြုရမှာ။

 

ဒီမတိုင်ခင်ကတော့ Lymphoma နဲ့ leukemia ကင်ဆာရောဂါတွေအတွက် ထိရောက်မှုအလွန်ရှိတဲ့ ဆေးဝါးတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။ ယင်းကုသမှုကို CAR-T လို့ ခေါ်ပြီး ကုန်ကျစာရိတ် ကြီးမြင့်လွန်းတာကြောင့် လူတိုင်းလက်လှမ်းမီဖို့ အလွန်ခဲယဉ်းပါတယ်။ ကုန်ကျစာရိတ်မှာ ဒေါ်လာ (၅)သိန်းခန့်အထိ ရှိနေလို့ ဘေးထွက်ဆိုးကျိုးကလည်း အလွန်များလို့ လူတိုင်း လက်တွန့်ခဲ့ရတဲ့ ကုထုံးဖြစ်ပါတယ်။

 

credit : Shwemom