Zawgyi ျဖင့္ဖတ္ရန္

 

ေဒါက္တာႏွင္း ပဲခူးနယ္ဘက္ ပုဂၢလိက ေဆးခန္း တစ္ခုမွာ ထိုင္ေတာ့ အေရးေပၚလူနာ တစ္ေယာက္အတြက္ အိမ္ပင့္လာေခၚပါတယ္။ တအား အေမာ ေဖာက္ေနလို႔ပါတဲ့…. အိမ္ကလည္းေနာက္ဆုံး အေျခ အေနမို႔လို႔ လက္ေလွ်ာ့ထားတာေပမဲ့ အသက္ကေလးေတာ့ ေလွ်ာေလွ်ာလွ်ဴလွ်ဴ ထြက္ေစခ်င္ပါသတဲ့ေလ..။ ေဆး႐ုံကိုလႊဲစာေရးေပးမယ္ဆိုေပမဲ့..လူနာကေဆး႐ုံလုံးဝမသြားခ်င္လို႔ပါ ဆရာမရယ္ ဆိုတဲ့ အေမျဖစ္သူရဲ႕ ငိုထားလို႔ အစ္ေဖာင္းေနတဲ့ မ်က္ႏွာေၾကာင့္ ဘာျဖစ္ျဖစ္ေလ ဆိုၿပီး လိုမယ္ထင္တဲ့ ေအာက္ဆီဂ်င္ေတြ ECG စက္ေတြနဲ႔ အေရးေပၚ ေဆး တခ်ိဳ႕ ယူၿပီးလိုက္သြားလိုက္တယ္။

ဟိုေရာက္ေတာ့ လူနာက တအားကိုဖ်ားေနတာ ..105’F နဲ႔ ေသြးခုန္ႏႈန္း ၁ မိနစ္ကို ၁၅၆ နဲ႔ ေသြးေပါင္က ၉၀/၆၀ …ျမတ္စြာဘုရား…! … စအိုထဲ အဖ်ားက်ေဆး ၁ ေတာင့္ထည့္။ေဒါက္တာႏွင္း တစ္ေယာက္ အဲဒါေတြ အသက္မရွဴစတမ္းလုပ္..လူနာ pulse ( ေသြးခုန္ူႏႈန္း ) ေလး ကိုင္ၿပီး ဘုရား တ ကာ ထိုင္ေစာင့္ေနရသည္။ နာရီဝက္ေလာက္ၾကာေတာ့ လူနာ အေျခအေနက ၿငိမ္သြားၿပီ… အဖ်ားေတာ့ မက်ေသးေပမဲ့ ေသြးေပါင္ေလး က ၁၀၀/၇၀ ေသြးခုန္ႏႈန္းေလးက ၁၀၄ … ေတာ္ေတာ္ေလးအဆင္ေျပလာၿပီလို႔ ယူဆလို႔ရေတာ့မွ လူနာ ပတ္ဝန္းက်င္ကိုသတိထားမိသည္။

ဝိုင္းအုံၾကည့္ေနေသာမိသားစုေတြက တၿပဳံ… ၿပီးေတာ့ အနံ႔… ခုန က အသက္မရွဴစတမ္း လုပ္ေနေတာ့ ဒီ အနံ႔ကို ေဒါက္တာႏွင္း သတိမထားမိ… အခုေတာ့ သတိထားစရာပင္မလိုေလာက္ေအာင္ အနံ႔ က စူးရွဆိုးဝါးလွသည္။ လူနာကိုၾကည့္ေတာ့ ကေလးမေလးက အသက္ ၂၀ ပတ္ခ်ာလည္ေလာက္ .. ေစာင္ပါးေလးတစ္ထည္ ကို ခါးေစာင္းထိအုပ္ကာ ကုတင္ေပၚ တစ္ဝက္မွီ အေနထားႏွင့္ ေလွ်ာေလွ်ာကေလးထိုင္ၿပီး အသက္ကို မွ်င္းရွဴေနသည္။ ဘုရားေရ… ငယ္ငယ္ေခ်ာေခ်ာ ကေလးပါတကား!

” လူနာက အခု အေရးေပၚ အေျခအေနေတာ့ ေက်ာ္သြားပါၿပီ… လူနာ အေၾကာင္း အကုန္သိတဲ့ လူ တစ္ေယာက္ေနခဲ့ၿပီး က်န္တဲ့လူေတြ အျပင္ခဏထြက္ပါေနာ္” ဆိုေတာ့ အိမ္ပင့္လာသူ အေမ့ဆီက ရႈိက္သံေရာေသာ သက္ျပင္းရွည္ တစ္ခုကို ၾကားရသည္။

“ဆရာမေလးရယ္ … ” အစခ်ီၿပီး လူနာအေၾကာင္းသိရသည္မွာ …

ကေလးမေလးက စာသိပ္ေတာ္သည္ … ဆယ္တန္းကို ၃ ဘာသာဂုဏ္ထူးႏွင့္ေအာင္ေတာ့ emajor တတ္..ဘြဲ႕ရေတာ့ သံ႐ုံးက ရာထူးဝင္စာေမးပြဲဝင္ေျဖၿပီးလို႔ အရာရွိေပါက္စေလးေတာင္ျဖစ္ေနၿပီဆိုပါေတာ့။ လြန္ခဲ့တဲ့ ႏွစ္ပိုင္းကစၿပီး ကေလးမေလးရဲ႕ ညာဘက္ေျခေထာက္က ႂကြက္ခဏခဏ တက္ သတဲ့။ တစ္ဖက္ထဲကိုပဲ ကြက္ၿပီး ခဏခဏ တက္တာမို႔ထူးဆန္းေပမယ့္လည္း အားေဆးစားဘာစား နဲ႔ေနတာေပါ့ေလ။

၂လ ၃လ ေလာက္ၾကာေတာ့ ႂကြက္မတက္ေတာ့ပဲ ဒူးဆစ္ကေန တစစ္စစ္ ကိုက္လာသတဲ့။ ေဆးပူကေလးလိမ္းလိုက္ …. အကိုက္အခဲေပ်ာက္ေဆးေလးေသာက္လိုက္ ကေန တျဖည္းျဖည္း ကိုက္တာ စိတ္လာေတာ့ ေဆးခန္းသြားေဆးထိုး.. တ႐ုပ္ေဆးစည္းနဲ႔ မ်ိဳးစုံလုပ္ၾကည့္ေသးတာ။

မခံႏိုင္ေတာ့တဲ့ အဆုံး ရန္ကုန္က အ႐ိုးေဆး႐ုံ ေျပး.. အ႐ိုးအထူးကုဆရာဝန္ႀကီးနဲ႔ျပတာေပါ့ေလ။ ပညာလည္းျပည့္စုံ..မိဘကလည္းျပည့္စုံ တဲ့ ဥစၥာေပါ႐ုပ္ေခ်ာ ကေလးမေလး ခမ်ာ ေလာကဓံ႐ိုက္ခ်က္ကေတာ့ ျပင္းရွာတယ္။ ကင္ဆာတဲ့… အသားစယူအတည္ျပဳၿပီးတဲ့အခါမွာေတာ့ ရွားရွားပါးပါး liposarcoma အမ်ိဳးအစား အ႐ိုးကင္ဆာပါတဲ့။ သိၿပီး ခ်က္ခ်င္းပဲ ကင္ဆာေဆးသြင္းကုသျခင္းနဲ႔ ဓာတ္ကင္ျခင္းေတြ လုပ္ရေတာ့ ကေလးက စိတ္ေထာင္းကိုယ္ေၾကၿပီး ပါးလွပ္လွပ္ျဖစ္လာေရာ။

ေနာက္ေတာ့ ကုသေပးေနတဲ့ အ႐ိုးအထူးကု ဆရာဝန္ႀကီးက မိဘေတြနဲ႔ လူနာကိုေခၚၿပီး ရွင္းျပတယ္။ ကံေကာင္းစြာနဲ႔ ကေလးမေလးမွာ secondary metastasis လို႔ေခၚတဲ့ ဆင့္ပြားကင္ဆာျမစ္ေတြ ေပၚမလာေသးတဲ့အတြက္ ခြဲစိတ္လို႔ရႏိုင္တယ္..ဒီေရာဂါကို ကုသဖို႔ရာ ခြဲစိတ္ကုသနည္း ၂ မ်ိဳးရွိတယ္ ေပါ့။ အေသးစိတ္ေတာ့မေရးေတာ့ပါဘူး။ အဲ့မွာ ကေလးမေလးက ခြဲစိတ္ဖို႔ကိုလုံးဝသေဘာမတူဘူး။

ဆရာႀကီးရွင္းျပလိုက္တုန္းကေတာ့ ဒုတိယနည္းက လုပ္ၾကည့္မယ္လို႔ေတြးေပမယ့္ အင္တင္တင္ျဖစ္ေနတာနဲ႔ ဆရာႀကီးက အခု ေဆးသြင္းထားတာေရာ ဓာတ္ကင္ထားတာေရာေၾကာင့္အားနည္းေနေသးတယ္… ထူထူေထာင္ေထာင္ျဖစ္လာၿပီဆိုရင္ ခြဲစိတ္ဖို႔ျပန္ေဆြးေႏြးမယ္ေပါ့။ ေလာေလာဆယ္ အသားစယူထားတဲ့အနာကို နီးစပ္ရာေဆး႐ုံေဆးခန္းမွာ ေဆးမွန္မွန္ထည့္ …. ဂ႐ုစိုက္ဆိုၿပီး ရက္ခ်ိန္းေပး ..အိမ္ခဏျပန္နားခိုင္းတယ္။

ျပႆနာက ဒီမွာစတယ္။ အိမ္လည္းျပန္ေရာက္ေရာ…. ေစ့ေစ့ေတြး ေရးေရးေပၚ ဆိုသလို ခြဲရမယ့္ ကိစၥ ကိုေတြးရင္းေၾကာက္လာတယ္…. ေျခေထာက္ကိုက္႐ုံေလးနဲ႔ ဒီေလာက္ ထိ လုပ္ရမယ္ဆိုတာကို မယုံႏိုက္ျဖစ္လာတယ္…. ခြဲစိတ္ၿပီးလည္း ဒုကၡိတ သာသာ ဘဝနဲ႔ေနရမွာ ကို စိတ္ဓာတ္က်လာတယ္။ အဲမွာ မခြဲခ်င္ေတာ့ဘူး သူ႔ကို အတင္းအၾကပ္မလုပ္ပါနဲ႔ ဆိုၿပီး ငိုယို ဆႏၵျပေရာ။ ေဆး႐ုံထပ္သြားဖို႔ကို ေခၚမရေတာ့ဘူး။ အေထြးဆုံးသမီးေလးမို႔ အိမ္ကလည္း တအား အလိုလိုက္တယ္။

ကဲ….အဂၤလိပ္ေဆးနဲ႔ မကုခ်င္ရင္ ဗမာေဆးနဲ႔ကုၾကည့္ပါလား ဆိုတဲ့ေဆြမ်ိဳးတစ္သိုက္ရဲ႕ အႀကံေပးခ်က္နဲ႔ သိပ္ေကာင္းတာပဲဆိုၿပီးဘာေကာင္းမွန္မသိ နာမည္ႀကီးတဲ့ ဗမာဆရာဆီေရာက္သြားေရာ။ အဲ့ဒီမွာ.. ေဆးဆရာက အသားစယူထားတဲ့ေနရာက အနာ ခ်ဳပ္႐ိုးေလးကိုျဖဳတ္ ..အသာေလးဟ…ၿပီးေဆးတစ္မ်ိဳးအုံေပးၿပီး ပတ္တီးစည္း ျပန္လႊတ္လိုက္သတဲ့။
ေနာက္တစ္ပတ္ျပန္လာပါ… ေရမထိ ေညာွ္မခံရ ဆိုၿပီးလည္းမွာလိက္ေသးတယ္ေပါ့။ အိမ္ေရာက္ေတာ့ ခါတိုင္းဆို ညညကိုက္လို႔ စအိုထဲ အကိုက္အခဲေပ်ာက္ေဆးထည့္ရ…. tramadol လို ေဆးျပင္းေတြေသာက္ရ…ေဆးထိုးရတဲ့ အထိ ဒုကၡေပးတဲ့ ေျခေထာက္ က ခု သူမဟုတ္သလိုပဲ… သိပ္မကိုက္ေတာ့ပဲ..ေနလို႔ အိပ္လို႔ရလာတယ္။

အဲဒါနဲ႔…ဆရာသည္သာ အမိ..အဖ …အားကိုးရာ ဆိုတာမ်ိဳးျဖစ္လာၿပီး… ေနာက္တစ္ပတ္လည္းေပ်ာ္ေပ်ာ္ႀကီးသြားတယ္…သက္သားလိုက္တာေပါ့။ ဒီလိုနဲ႔ေနလာလိုက္တာ တျဖည္းျဖည္းနဲ႔ နာတာက ဖုံးထားလို႔မရေတာ့ဘူး… ဆရာလည္း မစြမ္းႏိုင္ေတာ့ဘူး… သတိထားမိတဲ့ အခ်ိန္မွာ အနာက ၿပဲလိုက္လာၿပီး ျပည္ေတြတည္ အနံ႔ထြက္စျပဳၿပီ။

” ဟယ္….အဲဒါေတာင္ ေဆး႐ုံမသြားဘဲ ဘာလို႔ေပခံေနလဲ?” လို႔ ဂ႐ုဏာ ေဒါသ နဲ႔ေမးေတာ့ အသက္ကို ဖုတ္လႈိက္ဖုတ္လိုက္ရွဴေနတဲ့ လူနာက ဝင္ေျဖတယ္။ ” ရွက္လို႔” ပါတဲ့။ ကေလးမေလးမ်က္ႏွာကိုၾကည့္ၿပီး ေဒါက္တာႏွင္း မဆူရက္ေတာ့။ အေစာနက သူ႔ကို para suppo ထည့္ဖို႔ ညာဘက္ေစာင္းခိုင္းတုန္းက သူဘာလို႔ တကြၽတ္ကြၽတ္ညည္းသလဲဆိုတာနဲ႔ အခန္းထဲက အလြန္အမင္းဆိုးဝါးစူရွစြာထြက္ေပၚေနတဲ့ အပုပ္နံ႔ တို႔ရဲ႕ အေျဖက ရွင္းသြားပါၿပီ။

အနာကို ၾကည့္ဖို႔လုပ္ေတာ့ သူ႔ အေမ က mask ေလးယူလာေပးတယ္။ အေပၚက အုပ္ထားတဲ့ ပတ္တီးစကို ခြာခ်အၿပီးမွာ ပတ္တီးစေတြနဲ႔သိပ္ထားတဲ့ အနာဝကိုျမင္ရပါတယ္။ အနားသားေတြ မည္းေနၿပီး မ်က္ႏွာဝခ်ည္းပဲ ၄-၅ လက္မေလာက္ရွိတဲ့ အနာႀကီးက ညာဒူးအတြင္းဘက္ ဒေဂါက္ခြက္နားမွာ ဒူးဆစ္ျပညိ့လုနီးပါးေနရာယူထားေလၿပီ။ အထဲက ပတ္တီးစေတြကို ျဖည္းျဖည္းခ်င္းဆြဲထုတ္ေတာ့ အနံ႔က အုပ္ထားတဲ့ mask ကိုေက်ာ္ၿပီး ေထာင္းကနဲ႔…။

ပတ္တီးကုန္ေတာ့ အနာေအာက္ေျခက လက္တစ္ႏႈိက္မွ်…ဒူးဆစ္ေအာက္နားေျခသလုံးသား ကို တစ္ဝက္ေလာက္လႈိက္စားထားၿပီး ေျခသလုံး႐ိုးကိုပါျမင္ေနရၿပီ…ေဘးတိုက္တင္မဟုတ္ … ေအာက္ကိုပါဆင္းၿပီး အေစြလိုက္ လႈိက္စားထားသည္မွာ ေျခသလုံးတစ္ဝက္ေလာက္ေရာက္ေနၿပီျဖစ္ရာ တစ္ဖက္က ေစြၿပီးခုတ္ျဖတ္ထားေသာ ဝါးဆစ္ပိတ္ကဲ့သို ခြက္ႀကီးျဖစ္ေနေလၿပီ။ အနာ နံရံနဲ႔ ေအာက္ေျခ ၾကမ္းျပင္တစ္ခုလုံး ျပည္စိမ္းစိမ္းတို႔ကေနရာယူထားရာ အသားႏုပင္မေတြ႕…ေၾသာ္ မျမင္ဝံ့ေဆးဆရာပါတကား။

” အေမရယ္… ကေလးက ဒီေလာက္ျဖစ္ေနတာကို…. ဒီေလာက္ အလိုလိုက္ၿပီးထားရသလား?” လို႔မာန္ေတာ့ ” ဒီတိုင္းမထားပါဘူး ဆရာမရယ္… အရပ္ထဲက သားဖြားဆရာမေလးေခၚၿပီး ေဆးထည့္ ေဆးထိုးလုပ္ပါတယ္” တဲ့။ ဆရာမေလးက ညေနတိုင္းလာၿပီး အနာကို အရက္ျပန္နဲ႔ ေလာင္းေဆးတယ္ …ၿပီးရင္ ေဆးဝါေလး ေလာင္းထည့္ …ပတ္တီးေတြနဲ႔ ျပန္ဆို႔ၿပီးပိတ္ေပးတယ္… တစ္ရက္ျခားတစ္ခါလည္းေဆးထိုးသတဲ့။ ၾကည့္လိုက္ေတာ့ ampiclox ေတြ။

“ျမတ္စြာဘုရား …. ပိုးသတ္ေဆး ကို တစ္ရက္ျခားတစ္ခါ ထိုးေတာ့ ပိုးေတြကို ေဆးယဥ္ေအာင္လုပ္ၿပီးေမြးသလိုျဖစ္ေနေရာေပါ့။ ၿပီးေတာ့ ဒီေလာက္ႀကီးတဲ့ အနာကို အရက္ျပန္ေလာင္းၿပီးေဆးမွေတာ့ လူနာက နာလြန္းလို႔ေသမွာပဲ…တကယ္ေျပာတာ … နာလြန္းရင္ pain shock နဲ႔ေသတတ္တယ္ အေမရဲ႕” ဆိုေတာ့

ကေလးမေလးက ” ဟုတ္တယ္ဆရာမ…. ေဆးတစ္ခါထည့္ရင္ ေသမလိုေအာ္ရတယ္… အရွင္လတ္လတ္ ငရဲက်သလိုပဲ” တဲ့! ဆက္ေမးေနလည္း ေပါက္ကရေလးဆယ္ ေတြ ထပ္ထြက္လာမဲ့ တူတူ ေဆး႐ုံတက္ဖို႔ဆြယ္တရားေဟာရသည္။

” အေမ… အေမ့ သမီး ခုလိုဖ်ားေန …ေသြးေပါင္ေတြက် … ေသြးခုန္ႏႈန္းေတြျမန္… အေမာေတြေဖာက္ျဖစ္ေနတာ ဒီလို အနာကို ေမြးထားလို႔ … အနာက ပိုးဝင္ေနၿပီ… ဘယ္ အတိုင္းအတာထိဆိုးေနတယ္ ဆိုတာ အေမတို႔မ်က္ျမင္႐ုံမက အနံ႔ပါရေနၿပီမဟုတ္လားလို႔?? အနာထဲက ပိုးက ေသြးထဲေရာက္ၿပီး ပိုးဆိပ္ပ်ံ႕တဲ့ အခါ အေမ့သမီး ဒုကၡေရာက္မယ္… ကင္ဆာက ခု ခ်က္ခ်င္း မေသဘူး… အသက္နဲ႔အေဝးႀကီးရွိေသးတယ္…ဒီအနာေၾကာင့္ ေသလိမ့္မယ္… ေဆး႐ုံ အျမန္ဆုံးတက္ပါ” ဆိုေတာ့ အေမေရာ သမီးေရာ ငိုပါေရာ..။ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ေျပာၿပီးေနာက္ေတာ့ သူ႔ အေဖ ရန္ကုန္ကျပန္လာတာနဲ႔ ေဆး႐ုံတင္ပါမယ္ တဲ့… ဘယ္ေလာက္ၾကာဦးမလဲဆိုေတာ့ ၁ ပတ္ ၂ ပတ္ ေပါ့

ဆရာမရယ္ တယ္…။ ဟယ္… မတက္ခင္ စပ္ၾကား ေသသြားရင္ ဘယ္လို လုပ္မလဲ ဆိုေတာ့ ဆရာမနဲ႔ ကုမယ္တယ္။ စိတ္ေတြလည္းညစ္ပါတယ္။ ” အေမ ဒီေရာဂါ က ကြၽန္မ ကု႐ုံနဲ႔ မရဘူး… ရမွေတာ့ အေမ့ သမီးကို ေဆး႐ုံလႊတ္ေနမလား” ေျပာတာ့ … တုံဏွိဘာေဝ။ ” ဒါျဖင့္ ေလာေလာဆယ္….ကြၽန္မေဆးခန္းလာထိုင္တဲ့ရက္ကို ေဆးထည့္ေပးမယ္… Wound swab လည္း ယူမယ္! ကေလး အေဖ လာတာနဲ႔ ခ်က္ခ်င္းေဆး႐ုံတက္ပါ” ဆိုေတာ့ “ဟုတ္ကဲ့ပါ” တဲ့။ ဒီတိုင္းလည္းမထားႏိုင္တဲ့ အတူတူ wound swab culture and sensitivity ယူဖို႔ျပင္ရေတာ့တယ္။ ေဆးခန္းက ေလးေလး က သူပို႔ေပးမယ္…အျမန္ဆုံး ဆို (၅) ရက္ၾကာမယ္တဲ့။

မတတ္ႏိုင္…ေဆး႐ုံ မတက္ခင္ လုပ္စရာရွိတာေတာ့ လုပ္ေပးထားရမယ္ မဟုတ္လား။ wound swab ယူ… အနာကို normal saline နဲ႔ တစ္ထပ္…hydrogen peroxide နဲ႔ တစ္ထပ္ေဆး…iodine နဲ႔ အနာပတ္လည္ေရာ အနာထဲေရာ သန႔္ရွင္းေရလုပ္… ၿပီးေတာ့မွ ေပါင္းထားတဲ့ ပတ္တီးကို eusol နဲ႔စိမ္ၿပီး အနာကို ျဖည့္ပိတ္ေပးရသည္ေပါ့…အဲဒါကို .ေလးလက္မ ပတ္တီး ၅ လိပ္ကုန္ပါတယ္ အရပ္ကတို႔။ ဘယ္ေလာက္ႀကီးတဲ့ အနာလည္း စဥ္းစားသာၾကည့္ၾကပါကုန္။ wound swab c & S အေျဖရရင္ ဒီအနာမွာ ဘာ ဘတ္တီးရီးယား ေပါက္ေနလဲ… ဘာပိုးသတ္ေဆး နဲ႔ဆိုႏိုင္မလဲ ၾကည့္ၿပီး ေဆးေပးလို႔ရေပမဲ့ ခုကေတာ့ ႐ိုး႐ိုး အဖ်ားက်ေဆးနဲ႔ broad-spectrum antibiotics ပဲေပးထားလို႔ရေတာ့ ဒီၾကားထဲ တစ္ခုခုဆိုလွ်င္ ေပၿပီးအိမ္မွာမေနဘဲ ေဆး႐ုံေျပးဖို႔လည္း မွာရေသးတာေပါ့ေလ။ wound swab result ကေတာ့ ေနာက္တစ္ပတ္ ကိုယ္ ေဆးခန္းျပန္လာထိုင္တဲ့ခ်ိန္ ရေကာင္းပါရဲ႕။

ျပန္လာၿပီး ၁ ရက္ပဲရွိေသးတယ္ … ေဆးခန္းက ေလးေလးဆီက ဖုန္းလာေရာ။ ဧကႏၲ wound swab result မ်ား အေစာႀကီးသိရလို႔လား ဆိုၿပီး ေတြးတုန္း ” သမီးေရ….ကေလးမေလး ဆုံးၿပီ” တဲ့! ႐ုတ္တရပ္..အဖ်ားေတြတက္ အေမာေဖာက္ၿပီး ဆုံးတာမို႔ ဆရာဝန္သြားေခၚတာေတာင္မမီလိုက္ဘူး” တဲ့ေလ။ ပန္းေလး တစ္ပြင့္ကေတာ့ အခ်ိန္မတန္ဘဲေႂကြရွာပါၿပီ။ ႐ိုး႐ိုးမဟုတ္ဘဲ တမင္အေႁခြခံရသလို ပဲ ထင္မိပါတယ္။

ေဆး႐ုံတက္ရမွာ ေၾကာက္လို႔… ခြဲရမွာေၾကာက္လို႔နဲ႔ ပန္းေလးေတြ ဘယ္ႏွပြင့္ ေလာက္မ်ား အညႇာကေန ဆြဲယူေျခမြ ခံရၿပီးၿပီလဲ။ ေဒါက္တာ ႏွင္းတို႔ ေဆးေက်ာင္းတတိယႏွစ္မွာ ရက္တိုတိုင္းရင္းေဆး သင္တန္း ပို႔ခ်မႈရွိပါတယ္။ ဒီ တိုင္းရင္းေဆးပညာဆိုတာ စစ္မွန္ရင္ သိပ္တန္ဖိုးႀကီးတဲ့ပညာပါ။ ဒါေပမယ့္… လာသင္ေပးတဲ့ တိုင္းရင္းေဆး ဆရာမႀကီးတစ္ေယာက္ရဲ႕ စကားကို ေဒါက္တာႏွင္း ခုထိၾကားေယာင္ဆဲ။

“အျပင္မွာ ဗမာေဆးဆရာဆိုၿပီး ေဆးကုေနသူေတြထဲ တိုင္းရင္းေဆး လက္မွတ္ရၿပီးတကယ္တတ္ကြၽမ္းနားလည္တဲ့ လူက ၃၀ မွာ ၁ ေယာက္မရွိဘူး ကေလးတို႔ေရ” တဲ့။တိုင္းရင္းေဆး ဆိုတာ ရတနာလိုပါပဲ… စစ္မွန္ရင္တန္ဖိုးႀကီးသေလာက္ အတုအပေတြကလည္း ေပါၿပီး ခြဲျခားရ ခက္လွပါတယ္။ အခု ကေလးမေလး အေမ ေျပာသြားတဲ့ထဲက ” ေဆးထည့္ၿပီး အနာက မကိုက္ေတာ့ဘူး” ဆိုတာေလးကို ရွင္းျပခ်င္ပါတယ္။

ဒီဗမာေဆးဆရာ အမည္ခံေတာ္ေတာ္မ်ားမ်ားက ေဆးထဲမွာ steroid ေဆးသုံးပါတယ္။ ဒီေဆးရဲ႕ သေဘာတရား က ေရာဂါ လကၡဏာကို ဖုံးထားေပးႏိုင္ၿပီး ေနလို႔ထိုင္လို႔ေကာင္းေစပါတယ္ (sense of well-being) … နာေနရင္ သက္သာမယ္..ေယာင္ေနရင္ အေယာင္က်မယ္… ေရာဂါေပ်ာက္တာလား ဆိုရင္မဟုတ္ပါဘူး… ဒီလိုဖုံးထားေပးတဲ့ အတြက္ ရွိရင္းစြဲ အခံေရာဂါ ကို မရွိေတာ့ဘူး ထင္ၿပီး ဂ႐ုမစိုက္ေနရာမွ ေရာဂါပိုႂကြလာတတ္ပါတယ္။ ေနာက္ၿပီး steroid ကို နာေတြမွာ မသုံးရပါဘူး…အေရာဂါပိုး ကိုဖိတ္ေခၚသလိုျဖစ္ေစလို႔ပါ!!

Steroidcသုံးလိုက္ရင္—-

(၁) ေသြးထဲမွာ သၾကားဓာတ္မ်ားလာမယ္.. သၾကားဆိုတာ ဘတ္တီးရီယား ေတြ အႀကိဳက္ပါ။( ေသြးခ်ိဳ ဆီးခ်ိဳ သမားေတြ အနာ မက်က္ႏိုင္တာသာ ၾကည့္ေတာ့) ။

(၂) ဘတ္တီးရီးယားကို တိုက္ထုတ္ေပးမယ့္ ေသြးျဖဴဥ အေရအတြက္ကိုေလ်ာ့က်ေစတယ္။

(၃) ကိုယ္ခံအား ( immune ) ကိုက်ေစတယ္

အဲလိုေဆးကို အနာထဲထည့္ေတာ့ နာတာ ခဏ သက္သာေပမယ့္ ပိုးဝင္ၿပီး ဘတ္တီးရီယား ေတြ စိတ္ႀကိဳက္ေပါက္ပြားေတာ့ ပိုဆိုးလာရင္း ခုလို septic shock ( ေသြးထဲ ပိုးဆိပ္ပ်ံ႕) ရာက အသက္ဆုံးတဲ့ အထိ ျဖစ္သြားတာပါပဲ။ ကင္ဆာ နဲ႔ ေသဖို႔က ဟိုး အေဝးႀကီးလိုပါေသးတယ္။ ဒီေလာက္ျမန္ျမန္ မေသသင့္ဘဲ ဘာလို႔ ေသရသလဲဆိုေတာ့ မေၾကာက္သင့္ မရွက္သင့္တာ ကို ေၾကာက္ၿပီးရွက္ၿပီး လုပ္သင့္လုပ္ထိုက္တာကို အခ်ိန္မီ မလုပ္ဘဲ အားမကိုးသင့္တာကို အားကိုးမိလို႔ပါပဲ။ သူမရဲ႕ အေၾကာင္းေလးကို လူေတြသိၿပီး မျဖစ္သင့္တာမျဖစ္ေအာင္ေရွာင္ႏိုင္ၾကဖို႔ ဒီစာေလးကိုေရးတာမို႔ သူမလည္းေရာက္ရာဘဝကေန ေက်နပ္ဝမ္းသာ ေပးႏိုင္လိမ့္မယ္ ေမွ်ာ္လင့္ရင္း….။

 

Credit : On Doctor app

 

Unicode ဖြင့်ဖတ်ရန်

ကျားကြောက်လို့ ရှင်ကြီးကိုး …ရှင်ကြီးကျားထက်ဆိုး..

ဒေါက်တာနှင်း ပဲခူးနယ်ဘက် ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ထိုင်တော့ အရေးပေါ်လူနာတစ်ယောက်အတွက် အိမ်ပင့်လာခေါ်ပါတယ်။ တအား အမော ဖောက်နေလို့ပါတဲ့…. အိမ်ကလည်းနောက်ဆုံး အခြေ အနေမို့လို့ လက်လျှော့ထားတာပေမဲ့ အသက်ကလေးတော့ လျှောလျှောလျှူလျှူ ထွက်စေချင်ပါသတဲ့လေ..။ ဆေးရုံကိုလွှဲစာရေးပေးမယ်ဆိုပေမဲ့..လူနာကဆေးရုံလုံးဝမသွားချင်လို့ပါ ဆရာမရယ် ဆိုတဲ့ အမေဖြစ်သူရဲ့ ငိုထားလို့ အစ်ဖောင်းနေတဲ့ မျက်နှာကြောင့် ဘာဖြစ်ဖြစ်လေ ဆိုပြီး လိုမယ်ထင်တဲ့ အောက်ဆီဂျင်တွေ ECG စက်တွေနဲ့ အရေးပေါ် ဆေး တချို့ ယူပြီးလိုက်သွားလိုက်တယ်။

ဟိုရောက်တော့ လူနာက တအားကိုဖျားနေတာ ..105’F နဲ့ သွေးခုန်နှုန်း ၁ မိနစ်ကို ၁၅၆ နဲ့ သွေးပေါင်က ၉၀/၆၀ …မြတ်စွာဘုရား…! … စအိုထဲ အဖျားကျဆေး ၁ တောင့်ထည့်။ဒေါက်တာနှင်း တစ်ယောက် အဲဒါတွေ အသက်မရှူစတမ်းလုပ်..လူနာ pulse ( သွေးခုန်ူနှုန်း ) လေး ကိုင်ပြီး ဘုရား တ ကာ ထိုင်စောင့်နေရသည်။ နာရီဝက်လောက်ကြာတော့ လူနာ အခြေအနေက ငြိမ်သွားပြီ… အဖျားတော့ မကျသေးပေမဲ့ သွေးပေါင်လေး က ၁၀၀/၇၀ သွေးခုန်နှုန်းလေးက ၁၀၄ … တော်တော်လေးအဆင်ပြေလာပြီလို့ ယူဆလို့ရတော့မှ လူနာ ပတ်ဝန်းကျင်ကိုသတိထားမိသည်။

ဝိုင်းအုံကြည့်နေသောမိသားစုတွေက တပြုံ… ပြီးတော့ အနံ့… ခုန က အသက်မရှူစတမ်း လုပ်နေတော့ ဒီ အနံ့ကို ဒေါက်တာနှင်း သတိမထားမိ… အခုတော့ သတိထားစရာပင်မလိုလောက်အောင် အနံ့ က စူးရှဆိုးဝါးလှသည်။ လူနာကိုကြည့်တော့ ကလေးမလေးက အသက် ၂၀ ပတ်ချာလည်လောက် .. စောင်ပါးလေးတစ်ထည် ကို ခါးစောင်းထိအုပ်ကာ ကုတင်ပေါ် တစ်ဝက်မှီ အနေထားနှင့် လျှောလျှောကလေးထိုင်ပြီး အသက်ကို မျှင်းရှူနေသည်။ ဘုရားရေ… ငယ်ငယ်ချောချော ကလေးပါတကား!

” လူနာက အခု အရေးပေါ် အခြေအနေတော့ ကျော်သွားပါပြီ… လူနာ အကြောင်း အကုန်သိတဲ့ လူ တစ်ယောက်နေခဲ့ပြီး ကျန်တဲ့လူတွေ အပြင်ခဏထွက်ပါနော်” ဆိုတော့ အိမ်ပင့်လာသူ အမေ့ဆီက ရှိုက်သံရောသော သက်ပြင်းရှည် တစ်ခုကို ကြားရသည်။

“ဆရာမလေးရယ် … ” အစချီပြီး လူနာအကြောင်းသိရသည်မှာ …

ကလေးမလေးက စာသိပ်တော်သည် … ဆယ်တန်းကို ၃ ဘာသာဂုဏ်ထူးနှင့်အောင်တော့ emajor တတ်..ဘွဲ့ရတော့ သံရုံးက ရာထူးဝင်စာမေးပွဲဝင်ဖြေပြီးလို့ အရာရှိပေါက်စလေးတောင်ဖြစ်နေပြီဆိုပါတော့။ လွန်ခဲ့တဲ့ နှစ်ပိုင်းကစပြီး ကလေးမလေးရဲ့ ညာဘက်ခြေထောက်က ကြွက်ခဏခဏ တက် သတဲ့။ တစ်ဖက်ထဲကိုပဲ ကွက်ပြီး ခဏခဏ တက်တာမို့ထူးဆန်းပေမယ့်လည်း အားဆေးစားဘာစား နဲ့နေတာပေါ့လေ။

၂လ ၃လ လောက်ကြာတော့ ကြွက်မတက်တော့ပဲ ဒူးဆစ်ကနေ တစစ်စစ် ကိုက်လာသတဲ့။ ဆေးပူကလေးလိမ်းလိုက် …. အကိုက်အခဲပျောက်ဆေးလေးသောက်လိုက် ကနေ တဖြည်းဖြည်း ကိုက်တာ စိတ်လာတော့ ဆေးခန်းသွားဆေးထိုး.. တရုပ်ဆေးစည်းနဲ့ မျိုးစုံလုပ်ကြည့်သေးတာ။

မခံနိုင်တော့တဲ့ အဆုံး ရန်ကုန်က အရိုးဆေးရုံ ပြေး.. အရိုးအထူးကုဆရာဝန်ကြီးနဲ့ပြတာပေါ့လေ။ ပညာလည်းပြည့်စုံ..မိဘကလည်းပြည့်စုံ တဲ့ ဥစ္စာပေါရုပ်ချော ကလေးမလေး ခမျာ လောကဓံရိုက်ချက်ကတော့ ပြင်းရှာတယ်။ ကင်ဆာတဲ့… အသားစယူအတည်ပြုပြီးတဲ့အခါမှာတော့ ရှားရှားပါးပါး liposarcoma အမျိုးအစား အရိုးကင်ဆာပါတဲ့။ သိပြီး ချက်ချင်းပဲ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓာတ်ကင်ခြင်းတွေ လုပ်ရတော့ ကလေးက စိတ်ထောင်းကိုယ်ကြေပြီး ပါးလှပ်လှပ်ဖြစ်လာရော။

နောက်တော့ ကုသပေးနေတဲ့ အရိုးအထူးကု ဆရာဝန်ကြီးက မိဘတွေနဲ့ လူနာကိုခေါ်ပြီး ရှင်းပြတယ်။ ကံကောင်းစွာနဲ့ ကလေးမလေးမှာ secondary metastasis လို့ခေါ်တဲ့ ဆင့်ပွားကင်ဆာမြစ်တွေ ပေါ်မလာသေးတဲ့အတွက် ခွဲစိတ်လို့ရနိုင်တယ်..ဒီရောဂါကို ကုသဖို့ရာ ခွဲစိတ်ကုသနည်း ၂ မျိုးရှိတယ် ပေါ့။ အသေးစိတ်တော့မရေးတော့ပါဘူး။ အဲ့မှာ ကလေးမလေးက ခွဲစိတ်ဖို့ကိုလုံးဝသဘောမတူဘူး။

ဆရာကြီးရှင်းပြလိုက်တုန်းကတော့ ဒုတိယနည်းက လုပ်ကြည့်မယ်လို့တွေးပေမယ့် အင်တင်တင်ဖြစ်နေတာနဲ့ ဆရာကြီးက အခု ဆေးသွင်းထားတာရော ဓာတ်ကင်ထားတာရောကြောင့်အားနည်းနေသေးတယ်… ထူထူထောင်ထောင်ဖြစ်လာပြီဆိုရင် ခွဲစိတ်ဖို့ပြန်ဆွေးနွေးမယ်ပေါ့။ လောလောဆယ် အသားစယူထားတဲ့အနာကို နီးစပ်ရာဆေးရုံဆေးခန်းမှာ ဆေးမှန်မှန်ထည့် …. ဂရုစိုက်ဆိုပြီး ရက်ချိန်းပေး ..အိမ်ခဏပြန်နားခိုင်းတယ်။

ပြဿနာက ဒီမှာစတယ်။ အိမ်လည်းပြန်ရောက်ရော…. စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို ခွဲရမယ့် ကိစ္စ ကိုတွေးရင်းကြောက်လာတယ်…. ခြေထောက်ကိုက်ရုံလေးနဲ့ ဒီလောက် ထိ လုပ်ရမယ်ဆိုတာကို မယုံနိုက်ဖြစ်လာတယ်…. ခွဲစိတ်ပြီးလည်း ဒုက္ခိတ သာသာ ဘဝနဲ့နေရမှာ ကို စိတ်ဓာတ်ကျလာတယ်။ အဲမှာ မခွဲချင်တော့ဘူး သူ့ကို အတင်းအကြပ်မလုပ်ပါနဲ့ ဆိုပြီး ငိုယို ဆန္ဒပြရော။ ဆေးရုံထပ်သွားဖို့ကို ခေါ်မရတော့ဘူး။ အထွေးဆုံးသမီးလေးမို့ အိမ်ကလည်း တအား အလိုလိုက်တယ်။

ကဲ….အင်္ဂလိပ်ဆေးနဲ့ မကုချင်ရင် ဗမာဆေးနဲ့ကုကြည့်ပါလား ဆိုတဲ့ဆွေမျိုးတစ်သိုက်ရဲ့ အကြံပေးချက်နဲ့ သိပ်ကောင်းတာပဲဆိုပြီးဘာကောင်းမှန်မသိ နာမည်ကြီးတဲ့ ဗမာဆရာဆီရောက်သွားရော။ အဲ့ဒီမှာ.. ဆေးဆရာက အသားစယူထားတဲ့နေရာက အနာ ချုပ်ရိုးလေးကိုဖြုတ် ..အသာလေးဟ…ပြီးဆေးတစ်မျိုးအုံပေးပြီး ပတ်တီးစည်း ပြန်လွှတ်လိုက်သတဲ့။
နောက်တစ်ပတ်ပြန်လာပါ… ရေမထိ ညောှ်မခံရ ဆိုပြီးလည်းမှာလိက်သေးတယ်ပေါ့။ အိမ်ရောက်တော့ ခါတိုင်းဆို ညညကိုက်လို့ စအိုထဲ အကိုက်အခဲပျောက်ဆေးထည့်ရ…. tramadol လို ဆေးပြင်းတွေသောက်ရ…ဆေးထိုးရတဲ့ အထိ ဒုက္ခပေးတဲ့ ခြေထောက် က ခု သူမဟုတ်သလိုပဲ… သိပ်မကိုက်တော့ပဲ..နေလို့ အိပ်လို့ရလာတယ်။

အဲဒါနဲ့…ဆရာသည်သာ အမိ..အဖ …အားကိုးရာ ဆိုတာမျိုးဖြစ်လာပြီး… နောက်တစ်ပတ်လည်းပျော်ပျော်ကြီးသွားတယ်…သက်သားလိုက်တာပေါ့။ ဒီလိုနဲ့နေလာလိုက်တာ တဖြည်းဖြည်းနဲ့ နာတာက ဖုံးထားလို့မရတော့ဘူး… ဆရာလည်း မစွမ်းနိုင်တော့ဘူး… သတိထားမိတဲ့ အချိန်မှာ အနာက ပြဲလိုက်လာပြီး ပြည်တွေတည် အနံ့ထွက်စပြုပြီ။

” ဟယ်….အဲဒါတောင် ဆေးရုံမသွားဘဲ ဘာလို့ပေခံနေလဲ?” လို့ ဂရုဏာ ဒေါသ နဲ့မေးတော့ အသက်ကို ဖုတ်လှိုက်ဖုတ်လိုက်ရှူနေတဲ့ လူနာက ဝင်ဖြေတယ်။ ” ရှက်လို့” ပါတဲ့။ ကလေးမလေးမျက်နှာကိုကြည့်ပြီး ဒေါက်တာနှင်း မဆူရက်တော့။ အစောနက သူ့ကို para suppo ထည့်ဖို့ ညာဘက်စောင်းခိုင်းတုန်းက သူဘာလို့ တကျွတ်ကျွတ်ညည်းသလဲဆိုတာနဲ့ အခန်းထဲက အလွန်အမင်းဆိုးဝါးစူရှစွာထွက်ပေါ်နေတဲ့ အပုပ်နံ့ တို့ရဲ့ အဖြေက ရှင်းသွားပါပြီ။

အနာကို ကြည့်ဖို့လုပ်တော့ သူ့ အမေ က mask လေးယူလာပေးတယ်။ အပေါ်က အုပ်ထားတဲ့ ပတ်တီးစကို ခွာချအပြီးမှာ ပတ်တီးစတွေနဲ့သိပ်ထားတဲ့ အနာဝကိုမြင်ရပါတယ်။ အနားသားတွေ မည်းနေပြီး မျက်နှာဝချည်းပဲ ၄-၅ လက်မလောက်ရှိတဲ့ အနာကြီးက ညာဒူးအတွင်းဘက် ဒဂေါက်ခွက်နားမှာ ဒူးဆစ်ပြညိ့လုနီးပါးနေရာယူထားလေပြီ။ အထဲက ပတ်တီးစတွေကို ဖြည်းဖြည်းချင်းဆွဲထုတ်တော့ အနံ့က အုပ်ထားတဲ့ mask ကိုကျော်ပြီး ထောင်းကနဲ့…။

ပတ်တီးကုန်တော့ အနာအောက်ခြေက လက်တစ်နှိုက်မျှ…ဒူးဆစ်အောက်နားခြေသလုံးသား ကို တစ်ဝက်လောက်လှိုက်စားထားပြီး ခြေသလုံးရိုးကိုပါမြင်နေရပြီ…ဘေးတိုက်တင်မဟုတ် … အောက်ကိုပါဆင်းပြီး အစွေလိုက် လှိုက်စားထားသည်မှာ ခြေသလုံးတစ်ဝက်လောက်ရောက်နေပြီဖြစ်ရာ တစ်ဖက်က စွေပြီးခုတ်ဖြတ်ထားသော ဝါးဆစ်ပိတ်ကဲ့သို ခွက်ကြီးဖြစ်နေလေပြီ။ အနာ နံရံနဲ့ အောက်ခြေ ကြမ်းပြင်တစ်ခုလုံး ပြည်စိမ်းစိမ်းတို့ကနေရာယူထားရာ အသားနုပင်မတွေ့…သြော် မမြင်ဝံ့ဆေးဆရာပါတကား။

” အမေရယ်… ကလေးက ဒီလောက်ဖြစ်နေတာကို…. ဒီလောက် အလိုလိုက်ပြီးထားရသလား?” လို့မာန်တော့ ” ဒီတိုင်းမထားပါဘူး ဆရာမရယ်… အရပ်ထဲက သားဖွားဆရာမလေးခေါ်ပြီး ဆေးထည့် ဆေးထိုးလုပ်ပါတယ်” တဲ့။ ဆရာမလေးက ညနေတိုင်းလာပြီး အနာကို အရက်ပြန်နဲ့ လောင်းဆေးတယ် …ပြီးရင် ဆေးဝါလေး လောင်းထည့် …ပတ်တီးတွေနဲ့ ပြန်ဆို့ပြီးပိတ်ပေးတယ်… တစ်ရက်ခြားတစ်ခါလည်းဆေးထိုးသတဲ့။ ကြည့်လိုက်တော့ ampiclox တွေ။

“မြတ်စွာဘုရား …. ပိုးသတ်ဆေး ကို တစ်ရက်ခြားတစ်ခါ ထိုးတော့ ပိုးတွေကို ဆေးယဉ်အောင်လုပ်ပြီးမွေးသလိုဖြစ်နေရောပေါ့။ ပြီးတော့ ဒီလောက်ကြီးတဲ့ အနာကို အရက်ပြန်လောင်းပြီးဆေးမှတော့ လူနာက နာလွန်းလို့သေမှာပဲ…တကယ်ပြောတာ … နာလွန်းရင် pain shock နဲ့သေတတ်တယ် အမေရဲ့” ဆိုတော့

ကလေးမလေးက ” ဟုတ်တယ်ဆရာမ…. ဆေးတစ်ခါထည့်ရင် သေမလိုအော်ရတယ်… အရှင်လတ်လတ် ငရဲကျသလိုပဲ” တဲ့! ဆက်မေးနေလည်း ပေါက်ကရလေးဆယ် တွေ ထပ်ထွက်လာမဲ့ တူတူ ဆေးရုံတက်ဖို့ဆွယ်တရားဟောရသည်။

” အမေ… အမေ့ သမီး ခုလိုဖျားနေ …သွေးပေါင်တွေကျ … သွေးခုန်နှုန်းတွေမြန်… အမောတွေဖောက်ဖြစ်နေတာ ဒီလို အနာကို မွေးထားလို့ … အနာက ပိုးဝင်နေပြီ… ဘယ် အတိုင်းအတာထိဆိုးနေတယ် ဆိုတာ အမေတို့မျက်မြင်ရုံမက အနံ့ပါရနေပြီမဟုတ်လားလို့?? အနာထဲက ပိုးက သွေးထဲရောက်ပြီး ပိုးဆိပ်ပျံ့တဲ့ အခါ အမေ့သမီး ဒုက္ခရောက်မယ်… ကင်ဆာက ခု ချက်ချင်း မသေဘူး… အသက်နဲ့အဝေးကြီးရှိသေးတယ်…ဒီအနာကြောင့် သေလိမ့်မယ်… ဆေးရုံ အမြန်ဆုံးတက်ပါ” ဆိုတော့ အမေရော သမီးရော ငိုပါရော..။ ချော့တစ်ခါ ခြောက်တစ်လှည့်ပြောပြီးနောက်တော့ သူ့ အဖေ ရန်ကုန်ကပြန်လာတာနဲ့ ဆေးရုံတင်ပါမယ် တဲ့… ဘယ်လောက်ကြာဦးမလဲဆိုတော့ ၁ ပတ် ၂ ပတ် ပေါ့

ဆရာမရယ် တယ်…။ ဟယ်… မတက်ခင် စပ်ကြား သေသွားရင် ဘယ်လို လုပ်မလဲ ဆိုတော့ ဆရာမနဲ့ ကုမယ်တယ်။ စိတ်တွေလည်းညစ်ပါတယ်။ ” အမေ ဒီရောဂါ က ကျွန်မ ကုရုံနဲ့ မရဘူး… ရမှတော့ အမေ့ သမီးကို ဆေးရုံလွှတ်နေမလား” ပြောတာ့ … တုံဏှိဘာဝေ။ ” ဒါဖြင့် လောလောဆယ်….ကျွန်မဆေးခန်းလာထိုင်တဲ့ရက်ကို ဆေးထည့်ပေးမယ်… Wound swab လည်း ယူမယ်! ကလေး အဖေ လာတာနဲ့ ချက်ချင်းဆေးရုံတက်ပါ” ဆိုတော့ “ဟုတ်ကဲ့ပါ” တဲ့။ ဒီတိုင်းလည်းမထားနိုင်တဲ့ အတူတူ wound swab culture and sensitivity ယူဖို့ပြင်ရတော့တယ်။ ဆေးခန်းက လေးလေး က သူပို့ပေးမယ်…အမြန်ဆုံး ဆို (၅) ရက်ကြာမယ်တဲ့။

မတတ်နိုင်…ဆေးရုံ မတက်ခင် လုပ်စရာရှိတာတော့ လုပ်ပေးထားရမယ် မဟုတ်လား။ wound swab ယူ… အနာကို normal saline နဲ့ တစ်ထပ်…hydrogen peroxide နဲ့ တစ်ထပ်ဆေး…iodine နဲ့ အနာပတ်လည်ရော အနာထဲရော သန့်ရှင်းရေလုပ်… ပြီးတော့မှ ပေါင်းထားတဲ့ ပတ်တီးကို eusol နဲ့စိမ်ပြီး အနာကို ဖြည့်ပိတ်ပေးရသည်ပေါ့…အဲဒါကို .လေးလက်မ ပတ်တီး ၅ လိပ်ကုန်ပါတယ် အရပ်ကတို့။ ဘယ်လောက်ကြီးတဲ့ အနာလည်း စဉ်းစားသာကြည့်ကြပါကုန်။ wound swab c & S အဖြေရရင် ဒီအနာမှာ ဘာ ဘတ်တီးရီးယား ပေါက်နေလဲ… ဘာပိုးသတ်ဆေး နဲ့ဆိုနိုင်မလဲ ကြည့်ပြီး ဆေးပေးလို့ရပေမဲ့ ခုကတော့ ရိုးရိုး အဖျားကျဆေးနဲ့ broad-spectrum antibiotics ပဲပေးထားလို့ရတော့ ဒီကြားထဲ တစ်ခုခုဆိုလျှင် ပေပြီးအိမ်မှာမနေဘဲ ဆေးရုံပြေးဖို့လည်း မှာရသေးတာပေါ့လေ။ wound swab result ကတော့ နောက်တစ်ပတ် ကိုယ် ဆေးခန်းပြန်လာထိုင်တဲ့ချိန် ရကောင်းပါရဲ့။

ပြန်လာပြီး ၁ ရက်ပဲရှိသေးတယ် … ဆေးခန်းက လေးလေးဆီက ဖုန်းလာရော။ ဧကန္တ wound swab result များ အစောကြီးသိရလို့လား ဆိုပြီး တွေးတုန်း ” သမီးရေ….ကလေးမလေး ဆုံးပြီ” တဲ့! ရုတ်တရပ်..အဖျားတွေတက် အမောဖောက်ပြီး ဆုံးတာမို့ ဆရာဝန်သွားခေါ်တာတောင်မမီလိုက်ဘူး” တဲ့လေ။ ပန်းလေး တစ်ပွင့်ကတော့ အချိန်မတန်ဘဲကြွေရှာပါပြီ။ ရိုးရိုးမဟုတ်ဘဲ တမင်အခြွေခံရသလို ပဲ ထင်မိပါတယ်။

ဆေးရုံတက်ရမှာ ကြောက်လို့… ခွဲရမှာကြောက်လို့နဲ့ ပန်းလေးတွေ ဘယ်နှပွင့် လောက်များ အညှာကနေ ဆွဲယူခြေမွ ခံရပြီးပြီလဲ။ ဒေါက်တာ နှင်းတို့ ဆေးကျောင်းတတိယနှစ်မှာ ရက်တိုတိုင်းရင်းဆေး သင်တန်း ပို့ချမှုရှိပါတယ်။ ဒီ တိုင်းရင်းဆေးပညာဆိုတာ စစ်မှန်ရင် သိပ်တန်ဖိုးကြီးတဲ့ပညာပါ။ ဒါပေမယ့်… လာသင်ပေးတဲ့ တိုင်းရင်းဆေး ဆရာမကြီးတစ်ယောက်ရဲ့ စကားကို ဒေါက်တာနှင်း ခုထိကြားယောင်ဆဲ။

“အပြင်မှာ ဗမာဆေးဆရာဆိုပြီး ဆေးကုနေသူတွေထဲ တိုင်းရင်းဆေး လက်မှတ်ရပြီးတကယ်တတ်ကျွမ်းနားလည်တဲ့ လူက ၃၀ မှာ ၁ ယောက်မရှိဘူး ကလေးတို့ရေ” တဲ့။တိုင်းရင်းဆေး ဆိုတာ ရတနာလိုပါပဲ… စစ်မှန်ရင်တန်ဖိုးကြီးသလောက် အတုအပတွေကလည်း ပေါပြီး ခွဲခြားရ ခက်လှပါတယ်။ အခု ကလေးမလေး အမေ ပြောသွားတဲ့ထဲက ” ဆေးထည့်ပြီး အနာက မကိုက်တော့ဘူး” ဆိုတာလေးကို ရှင်းပြချင်ပါတယ်။

ဒီဗမာဆေးဆရာ အမည်ခံတော်တော်များများက ဆေးထဲမှာ steroid ဆေးသုံးပါတယ်။ ဒီဆေးရဲ့ သဘောတရား က ရောဂါ လက္ခဏာကို ဖုံးထားပေးနိုင်ပြီး နေလို့ထိုင်လို့ကောင်းစေပါတယ် (sense of well-being) … နာနေရင် သက်သာမယ်..ယောင်နေရင် အယောင်ကျမယ်… ရောဂါပျောက်တာလား ဆိုရင်မဟုတ်ပါဘူး… ဒီလိုဖုံးထားပေးတဲ့ အတွက် ရှိရင်းစွဲ အခံရောဂါ ကို မရှိတော့ဘူး ထင်ပြီး ဂရုမစိုက်နေရာမှ ရောဂါပိုကြွလာတတ်ပါတယ်။ နောက်ပြီး steroid ကို နာတွေမှာ မသုံးရပါဘူး…အရောဂါပိုး ကိုဖိတ်ခေါ်သလိုဖြစ်စေလို့ပါ!!

Steroidcသုံးလိုက်ရင်—-

(၁) သွေးထဲမှာ သကြားဓာတ်များလာမယ်.. သကြားဆိုတာ ဘတ်တီးရီယား တွေ အကြိုက်ပါ။( သွေးချို ဆီးချို သမားတွေ အနာ မကျက်နိုင်တာသာ ကြည့်တော့) ။

(၂) ဘတ်တီးရီးယားကို တိုက်ထုတ်ပေးမယ့် သွေးဖြူဥ အရေအတွက်ကိုလျော့ကျစေတယ်။

(၃) ကိုယ်ခံအား ( immune ) ကိုကျစေတယ်

အဲလိုဆေးကို အနာထဲထည့်တော့ နာတာ ခဏ သက်သာပေမယ့် ပိုးဝင်ပြီး ဘတ်တီးရီယား တွေ စိတ်ကြိုက်ပေါက်ပွားတော့ ပိုဆိုးလာရင်း ခုလို septic shock ( သွေးထဲ ပိုးဆိပ်ပျံ့) ရာက အသက်ဆုံးတဲ့ အထိ ဖြစ်သွားတာပါပဲ။ ကင်ဆာ နဲ့ သေဖို့က ဟိုး အဝေးကြီးလိုပါသေးတယ်။ ဒီလောက်မြန်မြန် မသေသင့်ဘဲ ဘာလို့ သေရသလဲဆိုတော့ မကြောက်သင့် မရှက်သင့်တာ ကို ကြောက်ပြီးရှက်ပြီး လုပ်သင့်လုပ်ထိုက်တာကို အချိန်မီ မလုပ်ဘဲ အားမကိုးသင့်တာကို အားကိုးမိလို့ပါပဲ။ သူမရဲ့ အကြောင်းလေးကို လူတွေသိပြီး မဖြစ်သင့်တာမဖြစ်အောင်ရှောင်နိုင်ကြဖို့ ဒီစာလေးကိုရေးတာမို့ သူမလည်းရောက်ရာဘဝကနေ ကျေနပ်ဝမ်းသာ ပေးနိုင်လိမ့်မယ် မျှော်လင့်ရင်း….။

Credit : On Doctor app