Zawgyi ျဖင့္ဖတ္ရန္

ကိုယ္ဝန္ေဆာင္သည္ မ်ား ႐ိုး႐ိုး မီးဖြား လွ်င္ ေမြးဖြားရလြယ္ကူေစရန္ မိန္းမကိုယ္ခ်ဲ႕၍ ေမြးရေလ့ရွိပါတယ္။ ကေလးအေနအထားႏွင့္ ေမြးလြယ္ကူမႈေပၚ မူတည္၍ လိုႏိုင္သလို မိန္းမကိုယ္မခ်ဲ႕ဘဲ ေမြးရေသာသူမ်ားလည္း ရွိႏိုင္ပါတယ္။ မိန္းမကိုယ္ခ်ဲ႕ေမြးရေသာအေျခအေနကို ေၾကာက္သူမ်ား၊ေမြးၿပီးခ်ဳပ္႐ိုး မက်က္မွာ ေၾကာက္သူမ်ားအတြက္ ဗဟုသုတရဖြယ္ ေရးသားလိုက္ပါတယ္။

ေမြးလမ္းေၾကာင့္ခ်ဲ႕ေပးရျခင္းမွာ ကေလးေမြးဖြားစဥ္ ႂကြက္သားမ်ား စုတ္ၿပဲျခင္း ကာကြယ္ရန္ႏွင့္ ကေလးျမန္ျမန္ဆန္ဆန္ လြယ္ကူစြာ ေမြးဖြားရန္ရည္႐ြယ္ပါတယ္။ ေမြးလမ္းေၾကာင္းကို မီးဖြားသူတိုင္းကိုေတာ့ မလုပ္ပါ။ ကလးအေနအထား၊ အ႐ြယ္အစားႏွင့္ မိခင္အ႐ိုးခြင္အေနအထားေပၚ မူတည္ပါတယ္။ အမ်ားအားျဖင့္ ပထမအႀကိမ္ေမြးဖြားသူမ်ားတြင္ ခ်ဲ႕ရေလ့ရွိပါတယ္။ ကေလးအေနအထားမမွန္သူမ်ား၊ ကေလးထြားသူမ်ားတြင္ ခ်ဲ႕ေပးေလ့ရွိပါတယ္။မိခင္ေမြးဖြားရန္ အားကုန္ေနသူမ်ားႏွင့္ စအိုအနီးတဝိုက္ ဒဏ္ရာရရွိသူမ်ားတြင္ ခ်ဲ႕ေပးေလ့ရွိပါတယ္။

ေမြးလမ္းေၾကာင္းခ်ဲ႕ၿပီး ကေလးထြက္ၿပီးေနာက္ ျပန္ခ်ဳပ္ေပးရန္ လိုအပ္ပါတယ္။ အမ်ားအားျဖင့္ ျပနိျဖည္ရန္မလိုေသာ အသားခ်ဳပ္႐ိုးျဖင့္ ခ်ဳပ္ေလ့ရွိပါတယ္။ နာက်င္မႈ သက္သာရန္ ထုံေဆးထိုးေပးေလ့ရွိပါတယ္။ ကြၽမ္းက်င္စြာ သင္ယူတတ္ေျမာက္ထားသူမ်ားသာ ျပဳလုပ္ေပးပါတယ္။

ေမြးလမ္းေၾကာင္း ခ်ဲ႕ၿပီး ခ်ဳပ္ထားေသာေနရာသည္ မိမိဂ႐ုစိုက္ေနထိုင္မႈ ေပၚမူတည္၍ အနာက်က္ျမန္ေလ့ရွိပါတယ္။ ေရွးအယူအဆအရ အုတ္ပူတိုက္ျခင္းႏွင့္ အမႈန္မ်ားသိပ္ျခင္းျဖင့္ ပိုးဝင္လြယ္ကာ အနာျပန္ကြဲထြက္တတ္ပါတယ္။ ကလးေမြးၿပီး ရက္သတၱပတ္အနည္းငယ္ေတာ့ ထိုင္ရတာ အဆင္မေျပျခင္း၊ ခ်ဳပ္႐ိုးနာျခင္း၊ ဆီးသြား၊ ဝမ္းသြားရတာ နာက်င္ျခင္း၊ လမ္းေလွ်ာက္အဆင္မေျပျခင္း စေသာ ေဝဒနာ မ်ား ခံစားရႏိုင္ပါတယ္။ အမ်ားအားျဖင့္ ေလးပတ္မွ ၆ပတ္အၾကာတြင္ ခ်ဳပ္႐ိုးက်က္ကာ ပုံမွန္ျပန္လည္ေကာင္းမြန္ပါတယ္။

နာက်င္မႈႏွင့္ ခ်ဳပ္႐ိုးအျမန္က်က္ေစရန္ နည္းလမ္းမ်ားမွာ
-စအိုနားတဝိုက္ကို နာက်င္ေရာင္ရမ္းမႈ သက္သာရန္ ေရခဲကပ္ပါ။
-ထုံေဆးဖ်န္းေဆးအသုံးျပဳပါ။
-ပုံမွန္ဆားက်က္ေရထိုင္ပါ။
-ဝမ္းခ်ဳပ္မႈသက္သာရန္ ဝမ္းႏုတ္ေဆးႏွင့္ အကိုက္အခဲေပ်ာက္ေဆးမ်ား ေသာက္ပါ။
-ဝမ္းခ်ဳပ္မႈကာကြယ္ရန္ ေရမ်ားမ်ားေသာက္ပါ။ အသီးအႏွံ ပိုစားပါ။
-ခ်ဳပ္႐ိုးတဝိုက္ကို သန႔္ရွင္းေအာင္ထားပါ။
-ဖိထိုင္ေပးပါ။

ေနာက္ဆက္တြဲ ဆိုးက်ိဳး ကေတာ့ နည္းပါတယ္။ ဆိုးက်ိဳး အေနနဲ႔ ပိုးဝင္ျခင္း၊ နာက်င္မႈတိုးလာျခင္း ၊ေသြးထြက္ျခင္း၊ အနာက်က္ေႏွးျခင္း၊ ဆီးဝမ္းသြားမႈခက္ခဲ ျခင္းႏွင့္ လိင္ဆက္ဆံမႈ အဆင္မေျပျခင္း စသည္တို႔ျဖစ္ႏိုင္ပါတယ္။ ခ်ဲ႕ေနစဥ္ မေတာ္တဆ စအိုအဝထိ ေရာက္ႏိုင္ပါတယ္။

Credit : on Doctor

Unicode ဖြင့်ဖတ်ရန်

မွေးလမ်းကြောင်းချဲ့ခြင်း
ကိုယ်ဝန်ဆောင်သည်များ ရိုးရိုးမီးဖွားလျှင် မွေးဖွားရလွယ်ကူစေရန် မိန်းမကိုယ်ချဲ့၍ မွေးရလေ့ရှိပါတယ်။ ကလေးအနေအထားနှင့် မွေးလွယ်ကူမှုပေါ် မူတည်၍ လိုနိုင်သလို မိန်းမကိုယ်မချဲ့ဘဲ မွေးရသောသူများလည်း ရှိနိုင်ပါတယ်။ မိန်းမကိုယ်ချဲ့မွေးရသောအခြေအနေကို ကြောက်သူများ၊မွေးပြီးချုပ်ရိုး မကျက်မှာ ကြောက်သူများအတွက် ဗဟုသုတရဖွယ် ရေးသားလိုက်ပါတယ်။ေ

မွေးလမ်းကြောင့်ချဲ့ပေးရခြင်းမှာ ကလေးမွေးဖွားစဉ် ကြွက်သားများ စုတ်ပြဲခြင်း ကာကွယ်ရန်နှင့် ကလေးမြန်မြန်ဆန်ဆန် လွယ်ကူစွာ မွေးဖွားရန်ရည်ရွယ်ပါတယ်။ မွေးလမ်းကြောင်းကို မီးဖွားသူတိုင်းကိုတော့ မလုပ်ပါ။ ကလးအနေအထား၊ အရွယ်အစားနှင့် မိခင်အရိုးခွင်အနေအထားပေါ် မူတည်ပါတယ်။ အများအားဖြင့် ပထမအကြိမ်မွေးဖွားသူများတွင် ချဲ့ရလေ့ရှိပါတယ်။ ကလေးအနေအထားမမှန်သူများ၊ ကလေးထွားသူများတွင် ချဲ့ပေးလေ့ရှိပါတယ်။မိခင်မွေးဖွားရန် အားကုန်နေသူများနှင့် စအိုအနီးတဝိုက် ဒဏ်ရာရရှိသူများတွင် ချဲ့ပေးလေ့ရှိပါတယ်။

မွေးလမ်းကြောင်းချဲ့ပြီး ကလေးထွက်ပြီးနောက် ပြန်ချုပ်ပေးရန် လိုအပ်ပါတယ်။ အများအားဖြင့် ပြနိဖြည်ရန်မလိုသော အသားချုပ်ရိုးဖြင့် ချုပ်လေ့ရှိပါတယ်။ နာကျင်မှု သက်သာရန် ထုံဆေးထိုးပေးလေ့ရှိပါတယ်။ ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ထားသူများသာ ပြုလုပ်ပေးပါတယ်။

မွေးလမ်းကြောင်းချဲ့ပြီး ချုပ်ထားသောနေရာသည် မိမိဂရုစိုက်နေထိုင်မှု ပေါ်မူတည်၍ အနာကျက်မြန်လေ့ရှိပါတယ်။ ရှေးအယူအဆအရ အုတ်ပူတိုက်ခြင်းနှင့် အမှုန်များသိပ်ခြင်းဖြင့် ပိုးဝင်လွယ်ကာ အနာပြန်ကွဲထွက်တတ်ပါတယ်။ ကလးမွေးပြီး ရက်သတ္တပတ်အနည်းငယ်တော့ ထိုင်ရတာ အဆင်မပြေခြင်း၊ ချုပ်ရိုးနာခြင်း၊ ဆီးသွား၊ ဝမ်းသွားရတာ နာကျင်ခြင်း၊ လမ်းလျှောက်အဆင်မပြေခြင်း စသော ဝေဒနာများ ခံစားရနိုင်ပါတယ်။ အများအားဖြင့် လေးပတ်မှ ၆ပတ်အကြာတွင် ချုပ်ရိုးကျက်ကာ ပုံမှန်ပြန်လည်ကောင်းမွန်ပါတယ်။

နာကျင်မှုနှင့် ချုပ်ရိုးအမြန်ကျက်စေရန် နည်းလမ်းများမှာ
-စအိုနားတဝိုက်ကို နာကျင်ရောင်ရမ်းမှု သက်သာရန် ရေခဲကပ်ပါ။
-ထုံဆေးဖျန်းဆေးအသုံးပြုပါ။
-ပုံမှန်ဆားကျက်ရေထိုင်ပါ။
-ဝမ်းချုပ်မှုသက်သာရန် ဝမ်းနုတ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများ သောက်ပါ။
-ဝမ်းချုပ်မှုကာကွယ်ရန် ရေများများသောက်ပါ။ အသီးအနှံ ပိုစားပါ။
-ချုပ်ရိုးတဝိုက်ကို သန့်ရှင်းအောင်ထားပါ။
-ဖိထိုင်ပေးပါ။

နောက်ဆက်တွဲဆိုးကျိုးကတော့ နည်းပါတယ်။ ဆိုးကျိုးအနေနဲ့ ပိုးဝင်ခြင်း၊ နာကျင်မှုတိုးလာခြင်း ၊သွေးထွက်ခြင်း၊ အနာကျက်နှေးခြင်း၊ ဆီးဝမ်းသွားမှုခက်ခဲ ခြင်းနှင့် လိင်ဆက်ဆံမှု အဆင်မပြေခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။ ချဲ့နေစဉ် မတော်တဆ စအိုအဝထိ ရောက်နိုင်ပါတယ်။

Credit : on Doctor