Zawgyi ျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းမွာ ေကာင္ေလးတစ္ေယာက္ဟာ အေပၚဂ်က္ကက္အက်ႌဝတ္ရင္း မ်က္ခြံနဲ႔ဇစ္နဲ႔ ၿငိၿပီး အေတာ္ဒုကၡေရာက္ခဲ့ရပါတယ္။ Huanqiy.com သတင္းဌာနအရ မတ္လ(၁၂)ရက္ေန႔ မနက္ပိုင္းတုန္းက က်န္းစုျပည္နယ္မွာရွိတဲ့ကေလးေဆး႐ုံကို မ်က္ခြံနဲ႔ဇစ္နဲ႔ၿငိၿပီး အက်ႌလည္း ျပန္ခြၽတ္မရျပဳမရနဲ႔ အခက္အခဲေတြ႕ေနတဲ့ ကေလးတစ္ေယာက္ ေရာက္လာခဲ့ပါတယ္။

ေဆး႐ုံက ဆရာဝန္သက္တမ္းႏွ စ္(၂၀)ရွိၿပီျဖစ္တဲ့ မ်က္စိအထူးကုေဒါက္တာ Liu Xiang ကလည္း ႀကံရာမရျဖစ္ၿပီး ေဒသခံမီးသတ္အဖြဲ႕ကို အကူအညီေတာင္းခဲ့ရပါတယ္။ ေအာက္မွာေတြ႕ရမယ့္ ဗီဒီယို ထဲမွာလည္း မီးသတ္သမားေတြက ကေလးကို ျမန္ျမန္ဆန္ဆန္ကယ္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနၾကတာကိုလည္း ေတြ႕ရမွာပါ။

 

မီးသတ္တပ္ဖြဲ႕ဝင္ေတြက ကေလး ကိုစိတ္ၿငိမ္ၿငိမ္ထားဖို႔ေျပာၿပီး ပလာယာေတြယူကာ ဇစ္သြားလမ္းကို ခ်ဲ႕ထြင္ခဲ့ၾကပါတယ္။ မိနစ္အနည္းငယ္အၾကာမွာပဲ ကေလးငယ္ေလးရဲ႕ မ်က္ခြံ ဟာ ဇစ္ ထဲကေန လြတ္သြားခဲ့ပါတယ္။ ဒီအခါမွာ ေဒါက္တာ Liu ကေန ကေလးငယ္ေလးရဲ႕ အနာတရျဖစ္ၿပီး ေသြးစို႔ေနတဲ့မ်က္ခြံေလးကို ကုသေပးခဲ့ပါတယ္။

 

ေဒါက္တာ က ကေလး ရဲ႕ မ်က္ခြံ ကိုမကုသဘဲ ဒီတိုင္းအၾကာႀကီးထားခဲ့ရင္ မ်က္လုံးတစ္ရွဴးႂကြက္သားေတြ ျပင္းျပင္းထန္ထန္ပ်က္စီးတာမ်ိဳး ႀကဳံေတြ႕ႏိုင္ေၾကာင္း သတင္းေထာက္ေတြကို ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ကေလးငယ္ေလးရဲ႕မိဘေတြကိုလည္း ကေလးကို ဂ႐ုတစိုက္ေစာင့္ၾကည့္ဖို႔နဲ႔ ဂ်က္ကတ္ဘယ္လိုဝတ္ရမယ္ဆိုတာပါ ေသခ်ာသင္ၾကားေပးဖို႔ ဆိုခဲ့ပါတယ္။

 

Credit : shwemom

 

Unicode ဖြင့်ဖတ်ရန်

ဇစ်နဲ့မျက်ခွံကိုငြိပြီး အကျႌဝတ်မရဖြစ်နေခဲ့တဲ့ ကလေးငယ်လေးရဲ့ အသည်းယားဖွယ်အဖြစ်

 

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကောင်လေးတစ်ယောက်ဟာ အပေါ်ဂျက်ကက်အကျႌဝတ်ရင်း မျက်ခွံနဲ့ဇစ်နဲ့ ငြိပြီး အတော်ဒုက္ခရောက်ခဲ့ရပါတယ်။ Huanqiy.com သတင်းဌာနအရ မတ်လ(၁၂)ရက်နေ့ မနက်ပိုင်းတုန်းက ကျန်းစုပြည်နယ်မှာရှိတဲ့ကလေးဆေးရုံကို မျက်ခွံနဲ့ဇစ်နဲ့ငြိပြီး အကျႌလည်း ပြန်ချွတ်မရပြုမရနဲ့ အခက်အခဲတွေ့နေတဲ့ ကလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။

 

ဆေးရုံက ဆရာဝန်သက်တမ်းနှ စ်(၂၀)ရှိပြီဖြစ်တဲ့ မျက်စိအထူးကုဒေါက်တာ Liu Xiang ကလည်း ကြံရာမရဖြစ်ပြီး ဒေသခံမီးသတ်အဖွဲ့ကို အကူအညီတောင်းခဲ့ရပါတယ်။ အောက်မှာတွေ့ရမယ့် ဗီဒီယိုထဲမှာလည်း မီးသတ်သမားတွေက ကလေးကို မြန်မြန်ဆန်ဆန်ကယ်နိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတာကိုလည်း တွေ့ရမှာပါ။

 

မီးသတ်တပ်ဖွဲ့ဝင်တွေက ကလေးကိုစိတ်ငြိမ်ငြိမ်ထားဖို့ပြောပြီး ပလာယာတွေယူကာ ဇစ်သွားလမ်းကို ချဲ့ထွင်ခဲ့ကြပါတယ်။ မိနစ်အနည်းငယ်အကြာမှာပဲ ကလေးငယ်လေးရဲ့ မျက်ခွံဟာဇစ်ထဲကနေ လွတ်သွားခဲ့ပါတယ်။ ဒီအခါမှာ ဒေါက်တာ Liu ကနေ ကလေးငယ်လေးရဲ့ အနာတရဖြစ်ပြီး သွေးစို့နေတဲ့မျက်ခွံလေးကို ကုသပေးခဲ့ပါတယ်။

READ
လူဖြူရင်သွေးလေးမွေးခဲ့လို့ အံ့သြတကြီးဖြစ်ခဲ့ရတဲ့ လူမည်းအမျိုးသမီး

 

ဒေါက်တာက ကလေးရဲ့ မျက်ခွံကိုမကုသဘဲ ဒီတိုင်းအကြာကြီးထားခဲ့ရင် မျက်လုံးတစ်ရှူးကြွက်သားတွေ ပြင်းပြင်းထန်ထန်ပျက်စီးတာမျိုး ကြုံတွေ့နိုင်ကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင်ကလေးငယ်လေးရဲ့မိဘတွေကိုလည်း ကလေးကို ဂရုတစိုက်စောင့်ကြည့်ဖို့နဲ့ ဂျက်ကတ်ဘယ်လိုဝတ်ရမယ်ဆိုတာပါ သေချာသင်ကြားပေးဖို့ ဆိုခဲ့ပါတယ်။

 

 

Credit : shwemom