Zawgyi ျဖင့္ဖတ္ရန္

 

ယူေကႏိုင္ငံရဲ႕ နန္းလ်ာ မင္းသား တစ္ဦးျဖစ္တာနဲ႔အညီ ျပည္သူလူထု သတိမထားမိေအာင္ ေနရတဲ့ဒုကၡကလည္း အလြန္ႀကီးလွပါတယ္။ မိသားစု တစ္စုလုံးကလည္း မီဒီယာေတြရဲ႕ မ်က္စိေထာက္ေထာက္ၾကည့္တာ တစ္ခ်ိန္လုံးခံရၿပီး တစ္တိုင္းျပည္လုံးကလည္း သူတို႔ဘာလုပ္လဲဆိုတာ သိခ်င္ၾကပါတယ္။

ဒါေပမယ့္ ေတာ္ဝင္ မင္းသား William ဟာ စိန႔္အန္ဒ႐ူးတကၠသိုလ္ကို တက္ခဲ့ခ်ိန္မွာေတာ့ အနီးကပ္ေစာင့္ၾကည့္ေနက် မီဒီယာေတြက မင္းသားေလး ေက်ာင္း ကိုလြတ္လပ္စြာတက္ၿပီး ပညာ သင္ယူဖို႔အတြက္ သေဘာတူညီၿပီး ေစာင့္ၾကည့္မႈကို ေခတၱရပ္နားခဲ့ၾကပါတယ္။

 

တကၠသိုလ္မွာေတာ့ မင္းသားဟာ ေပၚျပဴလာအရမ္းျဖစ္တာကို ေရွာင္ရွားဖို႔ သူ႔ကိုယ္သူ Steve ဆိုတဲ့ နာမည္သုံးခဲ့ပါတယ္။ ေက်ာင္းကိုလည္း နာမည္အစစ္ျဖစ္တဲ့ William Wales နဲ႔ အပ္ထားတာျဖစ္ၿပီး မင္းသားရဲ႕ သူငယ္ခ်င္းေတြကလည္း သူ႔ကို ေတာ္ဝင္မင္းသား William မွန္းသိၾကေပမယ့္ အမ်ားအေရွ႕မွာေတာ့ Steve ဆိုတဲ့ နာမည္ကိုသာ သုံးခဲ့ပါတယ္။

အဲဒီ့အခ်ိန္က မင္းသားရဲ႕ ဇနီးေလာင္း Kate Middleton ကေတာင္ မင္းသားကို Steve လို႔ ေခၚရင္ ေခၚခဲ့ဦးမွာပါ။ မင္းသား (၂၃)ႏွစ္အ႐ြယ္ (၂၀၀၅)ခုႏွစ္မွာ ပထဝီဝင္ဘာသာရပ္နဲ႔ ဘြဲ႕ရခဲ့ၿပီး Telegraph ကို ေျပာခဲ့တဲ့ ဘြဲ႕ႏွင္းသဘင္ေက်းဇူးတင္စကားမွာ “ဒီလိုထူးျခားတဲ့ေန႔ကို မိသားစုဝင္ေတြနဲ႔ မွ်ေဝရတာ ေပ်ာ္႐ႊင္ပါတယ္။ အထူးသျဖင့္ ႀကိဳးစားၿပီးလာခဲ့တဲ့ အဖြားအတြက္ပါ” လို႔ ေျပာသြားခဲ့ပါတယ္။

 

 

ဝီလ်ံရဲ႕ သားေလး George ကေတာ့ အခုေက်ာင္းစတက္ကတည္းက သူ႔ရဲ႕ ဘြဲ႕နာမည္ George Cambridge ကို ေပၚတင္သုံးေနပါၿပီ။ မင္းသားေလးရဲ႕နာမည္အျပည့္အစုံကေတာ့ George Alexander Louis ျဖစ္ၿပီး သူ႔ဖခင္ရဲ႕ မ်ိဳး႐ိုးနာမည္ကိုသာ ယူခဲ့မယ္ဆိုရင္ေတာ့ George Wales လို႔ အမည္တြင္မွာပါ။

Credit : Shwemom

Unicode ဖြင့်ဖတ်ရန်

 

တက္ကသိုလ်ကို နာမည်အတုသုံးပြီး ကျောင်းတက်ခဲ့ရတဲ့ တော်ဝင်မင်သား William

 

ယူကေနိုင်ငံရဲ့ နန်းလျာမင်းသားတစ်ဦးဖြစ်တာနဲ့အညီ ပြည်သူလူထု သတိမထားမိအောင် နေရတဲ့ဒုက္ခကလည်း အလွန်ကြီးလှပါတယ်။ မိသားစုတစ်စုလုံးကလည်း မီဒီယာတွေရဲ့ မျက်စိထောက်ထောက်ကြည့်တာ တစ်ချိန်လုံးခံရပြီး တစ်တိုင်းပြည်လုံးကလည်း သူတို့ဘာလုပ်လဲဆိုတာ သိချင်ကြပါတယ်။

ဒါပေမယ့် တော်ဝင်မင်းသား William ဟာ စိန့်အန်ဒရူးတက္ကသိုလ်ကို တက်ခဲ့ချိန်မှာတော့ အနီးကပ်စောင့်ကြည့်နေကျ မီဒီယာတွေက မင်းသားလေး ကျောင်းကိုလွတ်လပ်စွာတက်ပြီး ပညာသင်ယူဖို့အတွက် သဘောတူညီပြီး စောင့်ကြည့်မှုကို ခေတ္တရပ်နားခဲ့ကြပါတယ်။

 

တက္ကသိုလ်မှာတော့ မင်းသားဟာ ပေါ်ပြူလာအရမ်းဖြစ်တာကို ရှောင်ရှားဖို့ သူ့ကိုယ်သူ Steve ဆိုတဲ့ နာမည်သုံးခဲ့ပါတယ်။ ကျောင်းကိုလည်း နာမည်အစစ်ဖြစ်တဲ့ William Wales နဲ့ အပ်ထားတာဖြစ်ပြီး မင်းသားရဲ့ သူငယ်ချင်းတွေကလည်း သူ့ကို တော်ဝင်မင်းသား William မှန်းသိကြပေမယ့် အများအရှေ့မှာတော့ Steve ဆိုတဲ့ နာမည်ကိုသာ သုံးခဲ့ပါတယ်။

အဲဒီ့အချိန်က မင်းသားရဲ့ ဇနီးလောင်း Kate Middleton ကတောင် မင်းသားကို Steve လို့ ခေါ်ရင် ခေါ်ခဲ့ဦးမှာပါ။ မင်းသား (၂၃)နှစ်အရွယ် (၂၀၀၅)ခုနှစ်မှာ ပထဝီဝင်ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး Telegraph ကို ပြောခဲ့တဲ့ ဘွဲ့နှင်းသဘင်ကျေးဇူးတင်စကားမှာ “ဒီလိုထူးခြားတဲ့နေ့ကို မိသားစုဝင်တွေနဲ့ မျှဝေရတာ ပျော်ရွှင်ပါတယ်။ အထူးသဖြင့် ကြိုးစားပြီးလာခဲ့တဲ့ အဖွားအတွက်ပါ” လို့ ပြောသွားခဲ့ပါတယ်။

 

 

ဝီလျံရဲ့ သားလေး George ကတော့ အခုကျောင်းစတက်ကတည်းက သူ့ရဲ့ ဘွဲ့နာမည် George Cambridge ကို ပေါ်တင်သုံးနေပါပြီ။ မင်းသားလေးရဲ့နာမည်အပြည့်အစုံကတော့ George Alexander Louis ဖြစ်ပြီး သူ့ဖခင်ရဲ့ မျိုးရိုးနာမည်ကိုသာ ယူခဲ့မယ်ဆိုရင်တော့ George Wales လို့ အမည်တွင်မှာပါ။

Credit : Shwemom