Zawgyi ျဖင့္ဖတ္ရန္

ေနျပည္ေတာ္ အပါဝင္ ျပည္နယ္နဲ႔တိုင္း ၉ ခုမွာ မိုး႐ြာသြန္း မယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက မတ္ ၁၆ ရက္ ၇ နာရီက ထုတ္ျပန္ထားပါတယ္။

ကခ်င္ျပည္နယ္တြင္ ေနရာစိပ္စိပ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းတြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမယ္လို႔ ဆိုပါတယ္။

 

ျမန္မာ့ ပင္လယ္ျပင္ မွာေတာ့ လႈိင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္ျဖစ္ၿပီး လႈိင္းအျမင့္ မွာ ျမန္မာ့ ကမ္း႐ိုးတန္း တစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၃ ေပမွ ၅ ေပေလာက္ထိ ျမင့္တက္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

လာမယ့္ ၂ ရက္အတြင္းမွာေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးနဲ႔ ကခ်င္ျပည္နယ္တို႔မွာ မိုးဆက္လက္ထစ္ခ်ဳန္း႐ြာမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔ မြန္းတည့္ခ်ိန္အထိ ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္မွာ တိမ္အသင့္အတင့္ျဖစ္ထြန္းမည္၊ မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး ႐ြာရန္ရာႏႈန္း ၆၀ ရွိတယ္လို႔ဆိုပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုးရွာမည်

 

နေပြည်တော်အပါဝင် ပြည်နယ်နဲ့တိုင်း ၉ ခုမှာ မိုးရွာသွန်းမယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မတ် ၁၆ ရက် ၇ နာရီက ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေလောက်ထိ မြင့်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လာမယ့် ၂ ရက်အတွင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးဆက်လက်ထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မွန်းတည့်ချိန်အထိ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိတယ်လို့ဆိုပါတယ်။

 

Credit : DVB