Zawgyi ဖြင့်ဖတ်ရန်
Credit : momolay
Unicode ဖြင့်ဖတ်ရန်
အသက်(၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဂျူမုံရဲ့သား(၃)ယောက်
မှာမွေးဖွားခဲ့တဲ့ Daehan Minguk Mansae တို့ အမြွာ၃ယောက်ဟာဆိုရင် အသက်၆နှစ်(ကိုရီးယားအသက် ၇နှစ်) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Song Il Kook ဟာလည်း အမြွာလေး၃ယောက်ရဲ့ချစ်ဖို့ကောင်းတဲ့ပုံတွေကို ပရိတ်သတ်တွေအတွက် လူမှုကွန်ယက်မှာမျှဝေခဲ့ပါတယ်။
မင်းသားဖြစ်သူရဲ့ ချစ်ဖို့ကောင်းတဲ့သား၃ယောက်ဟာ သူတို့ရဲ့ ၇နှစ်ပြည့်မွေးနေ့ကိုဆင်နွဲခဲ့ပြီး ကြည့်ရတာ ပရိတ်သတ်တွေကို သူတို့ငယ်စဉ်က ပုံရိပ်တွေကိုမှတ်မိစေချင်ပုံပါပဲ။ မတ်လ၁၆ရက်နေ့မှာ Song-Il-Guk ဟာ အောက်ပါပုံတွေကို သူ့ရဲ့ Instagram စာမျက်နှာပေါ်မှာမျှဝေခဲ့ပြီး “သူတို့ရဲ့မွေးနေ့မှာ ကျွန်တော်တို့ကို ဂုဏ်ပြုပေးလို့ကျေဇူးတင်ပါတယ်။ ” လို့ရေးသားထားခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့ပါတယ်။
အမြွာသုံးယောက်ကို ‘Superman is Back’ အစီအစဉ်မှာတည်းက အရိပ်တကြည့်ကြည့်နဲ့ချစ်လာခဲ့တဲ့ပရိတ်သတ်တွေဟာ လည်း ဖခင်ဖြစ်သူထံမှ သားတွေရဲ့ပုံတွေကို မြင်တွေ့ခွင့်ရတဲ့အတွက်အကျေနပ်ကြီးကျေနပ်နေလေရဲ့။
အသက် ၇နှစ်ရှိပြီဖြစ်တဲ့ အမြွာ၃ယောက်ပါ။ အမြွာ၃ယောက်လုံး ကျန်းကျန်းမာမာနဲ့ ချောချောမောမောကြီးပြင်းလာကြပါစေလို့ မိုမိုလေးမှ ဆုမွန်ကောင်းတောင်းပေးလျက်ပါ။
Credit : momolay