Zawgyi ျဖင့္ဖတ္ရန္

ဟာသ သ႐ုပ္ေဆာင္ အ႐ိုင္းရဲ႕ သမီးေလး ပန္းႏုေမပ်ိဳ တစ္ေယာက္ကေတာ့ ၂၀၁၇ ခုႏွစ္ ႐ုပ္ရွင္အကယ္ဒမီ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ ေ႐ႊႀကိဳ တစ္ေယာက္ ပါဝင္ေဆာင္႐ြက္ခြင့္ရလို႔ အရင္ဆုံး ဝိတ္ခ်ရေတာ့မယ္လို႔ Media ကေနေျပာျပခဲ့ပါတယ္။

“ပြဲအတြက္ကေတာ့ ညီမအရင္ဆုံး ဝိတ္ခ် ရမယ္၊ ၁၀ရက္အတြင္း မွီသေလာက္ေလးေပါ့ အခုထက္ေတာ့ပိုၾကည့္ေကာင္းသြားေအာင္ ေပါ့ေနာ္။ ၾကည့္တဲ့ သူေတြလည္း ေက်နပ္ေအာင္ ႀကိဳးစားခ်င္တယ္။ ရီဟာဇယ္ေတြကိုလည္း ဆရာေတြ၊ ဆရာမေတြ သင္ေပးတဲ့ အတိုင္းႀကိဳးစားသြား မွာပါ” လို႔ ဆိုပါတယ္။

 

ေ႐ႊႀကိဳ တစ္ေယာက္ျဖစ္လာမယ္လို႔ တစ္ခါမွမေတြးဖူးဘူး ဆိုတာလည္း ေျပာျပခဲ့ပါေသးတယ္။

“ငယ္ငယ္တုန္းကေတာ့ အက်ီပ႐ိုမိုးရွင္းပြဲေတြမွာ ေလွ်ာက္ျဖစ္တာမ်ိဳးေတာ့ရွိတယ္။ စင္ေပၚမွာက်ေတာ့ Catwalk ေလွ်ာက္တဲ့ပုံစံမ်ိဳးက ကူညီတာလည္းမရွိဖူးဘူး၊ ဒီလိုေနရာမွာကိုယ္ေတြ ျဖစ္သြားလိမ့္မယ္လို႔ တစ္ခါမွလည္း မေတြးဖူးဘူး အဲ့ဒီအတြက္ နည္းနည္းေလးေတာ့ စိတ္ထဲမွာ လႈပ္ရွားေနတယ္” လို႔သူကဆိုပါတယ္။

 

သ႐ုပ္ေဆာင္ အ႐ိုင္း ရဲ႕ သမီး ပန္းႏုေမပ်ိဳ ဟာ အခုဆိုရင္အႏုပညာအလုပ္ေတြကို လက္လွမ္းမွီသေလာက္ ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဆယ္လီ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြ အားေပး ခ်စ္ခင္မႈကိုလည္း ရရွိလာခဲ့ပါတယ္။

Credit : Htoo

Unicode ဖြင့်ဖတ်ရန်

ရွှေကြိုတစ်ယောက်ဖြစ်လာမယ်လို့ မတွေးခဲ့ဖူးဘူးဆိုတဲ့ ပန်းနုမေပျို

ဟာသသရုပ်ဆောင် အရိုင်းရဲ့ သမီးလေး ပန်းနုမေပျို တစ်ယောက်ကတော့ ၂၀၁၇ ခုနှစ် ရုပ်ရှင်အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြို တစ်ယောက် ပါဝင်ဆောင်ရွက်ခွင့်ရလို့ အရင်ဆုံး ဝိတ်ချရတော့မယ်လို့ Media ကနေပြောပြခဲ့ပါတယ်။

 

“ပွဲအတွက်ကတော့ ညီမအရင်ဆုံး ဝိတ်ချရမယ်၊ ၁၀ရက်အတွင်း မှီသလောက်လေးပေါ့ အခုထက်တော့ပိုကြည့်ကောင်းသွားအောင် ပေါ့နော်။ ကြည့်တဲ့ သူတွေလည်း ကျေနပ်အောင် ကြိုးစားချင်တယ်။ ရီဟာဇယ်တွေကိုလည်း ဆရာတွေ၊ ဆရာမတွေ သင်ပေးတဲ့ အတိုင်းကြိုးစားသွား မှာပါ” လို့ ဆိုပါတယ်။

 

ရွှေကြိုတစ်ယောက်ဖြစ်လာမယ်လို့ တစ်ခါမှမတွေးဖူးဘူး ဆိုတာလည်း ပြောပြခဲ့ပါသေးတယ်။

“ငယ်ငယ်တုန်းကတော့ အကျီပရိုမိုးရှင်းပွဲတွေမှာ လျှောက်ဖြစ်တာမျိုးတော့ရှိတယ်။ စင်ပေါ်မှာကျတော့ Catwalk လျှောက်တဲ့ပုံစံမျိုးက ကူညီတာလည်းမရှိဖူးဘူး၊ ဒီလိုနေရာမှာကိုယ်တွေ ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှလည်း မတွေးဖူးဘူး အဲ့ဒီအတွက် နည်းနည်းလေးတော့ စိတ်ထဲမှာ လှုပ်ရှားနေတယ်” လို့သူကဆိုပါတယ်။

 

သရုပ်ဆောင်အရိုင်းရဲ့ သမီး ပန်းနုမေပျို ဟာ အခုဆိုရင်အနုပညာအလုပ်တွေကို လက်လှမ်းမှီသလောက် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေး ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။

Credit : Htoo