Zawgyi ျဖင့္ဖတ္ရန္

ပိတ္တာဆိုလို႔ အိမ္က မိန္းမ က ည၁၂ နာရီေက်ာ္ရင္ အျပင္မထြက္ဖို႔ပဲ ရွိတာပါတဲ့။ဟဲေလးရဲ႕ “မွည့္” လို႔နာမည္ေပးထားတဲ့ Music video ဟာ ဆိုရင္ ပရိသတ္ ေတြၾကား ေရပန္းစား အႀကိဳက္ေတြ႕ေနၾကပါတယ္။ ခပ္လန္းလန္း ႐ိုက္ခ်က္ေတြနဲ႔အတူ ေမာ္ဒယ္ေတြရဲ႕ အလန္းစားဝတ္စားဆင္ယင္ေတြကလည္း သီခ်င္းနဲ႔ လိုက္ဖက္လြန္းလွပါတယ္။

အဲ့ဒီ သီခ်င္း ကို ေပ့ခ်္ တစ္ခုက ဆင္ဆာထိၿပီး music Video ႐ိုက္ကူးခြင့္ ပိတ္ခံလိုက္ရတယ္ဆိုၿပီး ေရးထားတဲ့ သတင္းကေတာ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာေတြမွာ ျပန႔္လို႔ေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အဆိုေတာ္ ဟဲေလးက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ယခုလို ျပန္လည္ ေရးသားခဲ့ပါတယ္။ ‘မေနာက္ပါနဲ႔က်ာ ပိတ္တာဆိုလို႔ အိမ္ကမိန္းမက ည၁၂ နာရီေက်ာ္ရင္အျပင္မထြက္ဖို႔ပဲရွိတာပါ က်န္တာေတြအားလုံး…ပြင့္မွပြင့္” ဆိုၿပီး ေျပာခဲ့ပါတယ္။

ဟဲေလးရဲ႕ “မွည့္” Music Video ကို မတ္လ(၁၅) ရက္ေန႔က အြန္လိုင္းမွာ တင္ခဲ့တာ ျဖစ္ၿပီး ညတြင္းခ်င္းကိုပဲ ပရိသတ္မ်ားရဲ႕ အားေပးမႈ ရရွိခဲ့တာ ျဖစ္ပါတယ္။

 

သူ႔အေနနဲ႔လည္း အဲ့ဒီသီခ်င္းေလးကို ထင္ထားတာထက္ ပိုၿပီးအားေပးၾကတဲ့အတြက္ တကယ့္ကို ေပ်ာ္႐ႊင္မိတယ္ဆိုၿပိး ေျပာထားပါေသးတယ္။

“မေန႔ကတင္လိုက္တဲ့ မွည့္သီခ်င္းMTV ကိုထင္ထားတာထက္ ပိုအားေပးၾကလို႔..တကယ္ေပ်ာ္႐ႊင္မိပါတယ္။ အားေပးShareေပးၾကတဲ့ ပရိတ္သတ္ေတြ..page ေတြ မိတ္ေဆြသူငယ္ခ်င္းေတြ..အႏုပညာညီအကိုေမာင္ႏွမေတြ ေဆြေတြမ်ိဳးေတြ…အားလုံးရယ္..ဒီသီခ်င္းျဖစ္လာဖို႔အတြက္..အဖက္ဖက္ကပံ့ပိုးကူညီၾကတဲ့ညီကိုေမာင္ႏွမေတြအားလုံးကိုရင္ထဲက..လႈိက္လႈိက္လွဲလွဲ…ေက်းဇူးတင္ပါတယ္ဗ်ာ” ဆိုၿပီး သူရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

 

အခုဆိုရင္ ဟဲေလးရဲ႕ “မွည့္” သီခ်င္းက ၾကည့္ရႈဦးေရ တစ္သိန္းေက်ာ္ေလာက္ကို ရွိသြားပါၿပီ။ပရိသတ္ေတြရဲ႕ အားေပးၾကမ္းမႈေၾကာင့္ ဒယ္ဒီဟဲေလးတစ္ေယာက္ ေပ်ာ္ေနမွာ အမွန္ပါပဲ။ မၾကည့္ရေသးတဲ့ ပရိသတ္ေတြအတြက္ သီခ်င္းဗီဒီယိုေလး ျပန္ထည့္ေပးလိုက္တယ္ေနာ္။

ခ်စ္လွစြာေသာ..ပရိတ္သတ္မ်ား..မိတ္ေဆြသူငယ္ခ်င္းမ်ားအႏုပညာညီအကုိေမာင္ႏွမမ်ား…ေဆြမ်ဳိးမ်ားခင္ဗ်ာ..ခုခ်ိန္ကစ..စိတ္ၾကဳိက္မွည့္လူိ႔ရပါၿပီအားမနာတမ္း…Shareလုိ႔ရပါၿပီ❤ေက်းဇူးအမွည့္ျကီးပါ…Love u all❤❤❤

Posted by Naing Lin Aung on Wednesday, March 14, 2018

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

“မှည့်” သီချင်း ဆင်ဆာထိတာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ ဟဲလေး

ပိတ်တာဆိုလို့ အိမ်ကမိန်းမက ည၁၂ နာရီကျော်ရင် အပြင်မထွက်ဖို့ပဲ ရှိတာပါတဲ့။

ဟဲလေးရဲ့ “မှည့်” လို့နာမည်ပေးထားတဲ့ Music video ဟာ ဆိုရင် ပရိသတ်တွေကြား ရေပန်းစား အကြိုက်တွေ့နေကြပါတယ်။ ခပ်လန်းလန်း ရိုက်ချက်တွေနဲ့အတူ မော်ဒယ်တွေရဲ့ အလန်းစားဝတ်စားဆင်ယင်တွေကလည်း သီချင်းနဲ့ လိုက်ဖက်လွန်းလှပါတယ်။

အဲ့ဒီသီချင်းကို ပေ့ချ်တစ်ခုက ဆင်ဆာထိပြီး music Video ရိုက်ကူးခွင့် ပိတ်ခံလိုက်ရတယ်ဆိုပြီး ရေးထားတဲ့ သတင်းကတော့ ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ပြန့်လို့နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတော် ဟဲလေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ပြန်လည် ရေးသားခဲ့ပါတယ်။ ‘မနောက်ပါနဲ့ကျာ ပိတ်တာဆိုလို့ အိမ်ကမိန်းမက ည၁၂ နာရီကျော်ရင်အပြင်မထွက်ဖို့ပဲရှိတာပါ ကျန်တာတွေအားလုံး…ပွင့်မှပွင့်” ဆိုပြီး ပြောခဲ့ပါတယ်။

ဟဲလေးရဲ့ “မှည့်” Music Video ကို မတ်လ(၁၅) ရက်နေ့က အွန်လိုင်းမှာ တင်ခဲ့တာ ဖြစ်ပြီး ညတွင်းချင်းကိုပဲ ပရိသတ်များရဲ့ အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

 

သူ့အနေနဲ့လည်း အဲ့ဒီသီချင်းလေးကို ထင်ထားတာထက် ပိုပြီးအားပေးကြတဲ့အတွက် တကယ့်ကို ပျော်ရွှင်မိတယ်ဆိုပြိး ပြောထားပါသေးတယ်။

“မနေ့ကတင်လိုက်တဲ့ မှည့်သီချင်းMTV ကိုထင်ထားတာထက် ပိုအားပေးကြလို့..တကယ်ပျော်ရွှင်မိပါတယ်။ အားပေးShareပေးကြတဲ့ ပရိတ်သတ်တွေ..page တွေ မိတ်ဆွေသူငယ်ချင်းတွေ..အနုပညာညီအကိုမောင်နှမတွေ ဆွေတွေမျိုးတွေ…အားလုံးရယ်..ဒီသီချင်းဖြစ်လာဖို့အတွက်..အဖက်ဖက်ကပံ့ပိုးကူညီကြတဲ့ညီကိုမောင်နှမတွေအားလုံးကိုရင်ထဲက..လှိုက်လှိုက်လှဲလှဲ…ကျေးဇူးတင်ပါတယ်ဗျာ” ဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 

အခုဆိုရင် ဟဲလေးရဲ့ “မှည့်” သီချင်းက ကြည့်ရှုဦးရေ တစ်သိန်းကျော်လောက်ကို ရှိသွားပါပြီ။ပရိသတ်တွေရဲ့ အားပေးကြမ်းမှုကြောင့် ဒယ်ဒီဟဲလေးတစ်ယောက် ပျော်နေမှာ အမှန်ပါပဲ။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် သီချင်းဗီဒီယိုလေး ပြန်ထည့်ပေးလိုက်တယ်နော်။

Credit : Duwun