Zawgyi ျဖင့္ဖတ္ရန္

 

ပဲခူးတိုင္းေဒသႀကီး၌ ေမးခြန္းေပါက္ၾကားမႈျဖစ္ေပၚခဲ့ၿပီး စာေမးပြဲေျဖဆိုခ်ိန္ ေမးခြန္းအား လူမႈကြန္ယက္ေပၚ တက္ခဲ့သည့္ အေကာင့္ပိုင္ရွင္အား တိုင္းပညာေရးေရး ၫႊန္ၾကားေရးမႉးမွ ၆၆(ဃ) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။မတ္ ၁၂ရက္ ၁၀နာရီခြဲပခ်ိန္ခန႔္က ေဒၚေမသက္ႏြယ္ ဒုတိယၫႊန္ၾကားေရးမႉး(စီမံ) ပဲခူးတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးသည္ တိုင္းပညာေရးတာဝန္ထမ္းေဆာင္ေနစဥ္ တစ္႐ုံးတည္းေန ဦးသီဟထြန္း ၃၇ႏွစ္ ဒုတိယဦးစီးမႉး ပဲခူးၿမိဳ႕ေနသူမွ ၎ကိုင္ေဆာင္သည့္ (၀၉- ၇၉၆၉၅၄၇၉၈) ဖုန္းနံပါတ္ ပါ Samsung J7 အမ်ိဳးအစား မီးခိုးေရာင္ ဖုန္း တြင္ လူမႈကြန္ယက္ျဖစိေသာ FACEBOOK၌ ယေန႔က်င္းပေသာ ၂၀၁၈ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၊စတုတၳေန႔၊ဓါတုေဗဒဘာသာရပ္ေမးခြန္းမ်ား Onlineေပၚတြင္ Sayar Bone အေကာင့္ျဖင့္ တင္ထားသည္ကို ေတြ႕ရွိေၾကာင္း တင္ျပခဲ့သျဖင့္ အဆိုပါအေကာင့္အား ဆက္လက္ဖြင့္ၾကည့္ရာ

 

ပဲခူးၿမိဳ႕၊ေ႐ႊဘုံသာ ပရဟိတ ပညာဒါနေက်ာင္း၊ကလ်ာဏီ ၇လမ္း၊ပဲခူး၏ Pageအား Shareထားသည္ကို ေတြ႕ရွိရေၾကာင္း၊Phyo Wai Aungအေကာင့္တြင္ ၂၀၁၈ မတ္၉ရက္ ၁၀နာရီ၃၅အခ်ိန္တြင္ သခ်ာေမၤးခြန္းမ်ားကိုOnlineတင္ေပးခဲ့သူ၏ အေကာင့္ျဖင့္တင္ထားသည္ကို Screen Shot႐ိုက္၍ Sayar Bone အေကာင့္မွ “အႏၲရာယ္ၾကားက ေမတၱာ”ဟု ျပန္လည္တင္ထားေၾကာင္း ယခင္ေန႔မ်ားကလည္း ေမးခြန္းမ်ားကို သတ္မွတ္ခ်ိန္ မြန္းတည့္ ၁၂နာရီမတိုင္မီ Onlineေပၚတြင္တင္ထားသည္ကို ေတြ႕ရွိရေၾကာင္း၊အဆိုပါေမးခြန္းမ်ားသည္ စာေမးပြဲက်င္းပၿပီးစီးသည့္ မြန္းတည့္ ၁၂နာရီအထိ မည္သူမွ ျပင္ပသို႔ယူေဆာငိျခင္း၊ျပသျခင္း ျပဳလုပ္ခြင့္မရွိဘဲ Onlineေပၚတြင္ ေတြ႕ရွိရ၍ တရားစြႀဆိဳရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ပဲခူးတိုင္းေဒသႀကီး တိုင္းပညာေရးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္ဆင့္၊ဒုတိာၫႊန္ၾကားေရးမႉး ေဒၚေမသက္ႏြယ္၊လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေအာင္ဇင္၊ဒုတိယဦးစီးမႉး ဦးသီဟထြန္းတို႔မွ တိုင္ၾကားစာ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

 

သို႔ျဖစ္ပါ၍ ဆက္သြယ္ေရးကြန္ယက္ တစ္ခုခုကိုအသုံးျပဳ၍ ပညာေရးဌာန၏ ဂုဏ္သိကၡာက်ဆင္းေစရန္ အေသေရဖ်က္ျခင္း၊ေႏွာက္ယွက္ျခင္း ျပဳလုပ္သူ Sayar Bone အေကာငိ့ပိုင္ရွင္အား ဥပေဒအရအေရးယူေပးပါရန္ ေဒၚေမသက္ႏြယ္မွ တရးလိုျပဳလုပ္တိုင္တန္းသျဖင့္ အမွတ္ ၂နယ္ေျမရဲစခန္း ပ ၂၂၃/၂၀၁၈ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္းသတင္းရရွိသည္။

credit းးးးသူရေအာင္

Unicode ဖြင့်ဖတ်ရန်

စာမေးပွဲဖြေဆိုနေချိန် မေးခွန်းပေါက်ကြားခဲ့၍ ၆၆(ဃ) ဖြင့်အမှုဖွင့်

 

ပဲခူးတိုင်းဒေသကြီး၌ မေးခွန်းပေါက်ကြားမှုဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲဖြေဆိုချိန် မေးခွန်းအား လူမှုကွန်ယက်ပေါ် တက်ခဲ့သည့် အကောင့်ပိုင်ရှင်အား တိုင်းပညာရေးရေး ညွှန်ကြားရေးမှူးမှ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မတ် ၁၂ရက် ၁၀နာရီခွဲပချိန်ခန့်က ဒေါ်မေသက်နွယ် ဒုတိယညွှန်ကြားရေးမှူး(စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တိုင်းပညာရေးတာဝန်ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ ဦးသီဟထွန်း ၃၇နှစ် ဒုတိယဦးစီးမှူး ပဲခူးမြို့နေသူမှ ၎င်းကိုင်ဆောင်သည့် (၀၉- ၇၉၆၉၅၄၇၉၈)ဖုန်းနံပါတ်ပါ Samsung J7 အမျိုးအစား မီးခိုးရောင်ဖုန်းတွင် လူမှုကွန်ယက်ဖြစိသော FACEBOOK၌ ယနေ့ကျင်းပသော ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊စတုတ္ထနေ့၊ဓါတုဗေဒဘာသာရပ်မေးခွန်းများ Onlineပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိကြောင်း တင်ပြခဲ့သဖြင့် အဆိုပါအကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ

 

ပဲခူးမြို့၊ရွှေဘုံသာပရဟိတပညာဒါနကျောင်း၊ကလျာဏီ ၇လမ်း၊ပဲခူး၏ Pageအား Shareထားသည်ကို တွေ့ရှိရကြောင်း၊Phyo Wai Aungအကောင့်တွင် ၂၀၁၈ မတ်၉ရက် ၁၀နာရီ၃၅အချိန်တွင် သချာင်္မေးခွန်းများကိုOnlineတင်ပေးခဲ့သူ၏ အကောင့်ဖြင့်တင်ထားသည်ကို Screen Shotရိုက်၍ Sayar Bone အကောင့်မှ “အန္တရာယ်ကြားက မေတ္တာ”ဟု ပြန်လည်တင်ထားကြောင်း ယခင်နေ့များကလည်း မေးခွန်းများကို သတ်မှတ်ချိန် မွန်းတည့် ၁၂နာရီမတိုင်မီ Onlineပေါ်တွင်တင်ထားသည်ကို တွေ့ရှိရကြောင်း၊အဆိုပါမေးခွန်းများသည် စာမေးပွဲကျင်းပပြီးစီးသည့် မွန်းတည့် ၁၂နာရီအထိ မည်သူမှ ပြင်ပသို့ယူဆောငိခြင်း၊ပြသခြင်း ပြုလုပ်ခွင့်မရှိဘဲ Onlineပေါ်တွင် တွေ့ရှိရ၍ တရားစွဆြိုရခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ဒုတိာညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇင်၊ဒုတိယဦးစီးမှူး ဦးသီဟထွန်းတို့မှ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကိုအသုံးပြု၍ ပညာရေးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေရန် အသေရေဖျက်ခြင်း၊နှောက်ယှက်ခြင်း ပြုလုပ်သူ Sayar Bone အကောငိ့ပိုင်ရှင်အား ဥပဒေအရအရေးယူပေးပါရန် ဒေါ်မေသက်နွယ်မှ တရးလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ် ၂နယ်မြေရဲစခန်း ပ ၂၂၃/၂၀၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

credit းးးးသူရအောင်