Zawgyi ျဖင့္ဖတ္ရန္

 

အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီး မ်ားေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ အိႏၵိယနိုင္ငံ မွာ ျပဳလုပ္ခဲ့သည့္ ဖက္ရွင္ရွိုးပြဲ တြင္ အက္ဆစ္ျဖင့္ပက္ကာ တိုက္ခိုက္ခံရၿပီး အသက္ရွင္က်န္ခဲ့သူအခ်ိဳ႕က အမ်ိဳးသမီး မ်ား အၾကမ္းဖက္ ခံေနရမွုမ်ားကို သိရွိေစလိုျခင္း၊ အၾကမ္းဖက္ခံခဲ့ရသူမ်ားဟာလည္း အျခား အမ်ိဳးသမီး မ်ားလိုပင္ တန္းတူညီမၽွ လုပ္ကိုင္နိုင္တယ္ဆိုတာေတြကို ရည္ရြယ္ၿပီး ပါဝင္ျပသခဲ့ၾကျခင္းျဖစ္သည္။

အရပ္ဘက္အဖြဲ႕အစည္းမွ အက္ဆစ္ျဖင့္ တိုက္ခိုက္ခံခဲ့ရေသာ အမ်ိဳးသမီး ၁၁ ဦးက ဖက္ရွင္ေလၽွာက္လမ္း စင္ျမင့္ေပၚတြင္ ယုံၾကည္ခ်က္အျပည့္နဲ႔ အျခားအမ်ိဳးသမီးမ်ားနည္းတူ လမ္းေလၽွာက္ျပၿပီး ဓါတ္ပုံရိုက္ခံခဲ့ၾကသည္။

 

သူတို႔ထဲမွ တစ္ဦးျဖစ္သည့္ လပ္ခ်္မီး ဆိုသူက သူမအ သက္ ၁၅ ႏွစ္အရြယ္ ၂၀၀၅ ခုႏွစ္က အသက္ ၃၂ ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးက လက္ထပ္ခြင့္ေတာင္းခဲ့ရာ ျငင္းပယ္ခဲ့သျဖင့္ အိႏၵိယနိုင္ငံ ၏ လူအစည္ကားဆုံး စည္းပြားေရးၿမိဳ႕ျဖစ္သည့္ မြန္ဘိုင္းၿမိဳ႕ေပၚမွာတင္ အက္ဆစ္ျဖင့္ ပက္ခံခဲ့ရသည္။
သူမဟာ ၂၀၁၃ ခုႏွစ္မွာ အက္ဆစ္ေရာင္းခ်တာနဲ႔ ပက္သက္ၿပီးဥပေဒတစ္ခု ခ်မွတ္ဖို႔ အျမင့္ဆုံးတရား႐ုံးေတာ္မွာ ေတာင္းဆိုခဲ့ပါတယ္။

 

ကမၻာေပၚမွာ ႏွစ္စဥ္အက္ဆစ္ျဖင့္ တိုက္ခိုက္ခံရသူ ၁၅၀၀ ရွိတဲ့အထဲက သုံးပုံႏွစ္ပုံက အိႏၵိယနိုင္ငံက ျဖစ္ေနပါတယ္။ အၾကမ္းဖက္သမားက ျပန္လည္လက္တုံ႔ျပန္မွာကို ေၾကာရြံ၍ေသာ္၎၊ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ လုပ္ခံရတဲ့ကိစၥေတြဟာ မၾကာခဏ ပစ္ပယ္ထားခံရတာေတြေၾကာင့္ အၾကမ္းဖက္ခံရသူ အနည္းစုေလာက္သာ တိုင္ၾကားမွုေတြရွိခဲ့ပါတယ္။

အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္မွုေတြ၊ တန္းတူညီမၽွအခြင့္အေရးမရမွုေတြဟာ အိႏၵိယနိုင္ငံမွာ ဆက္လက္ရွိေနဆဲျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဖက်ရှင်ရှိုးမှာ ဝင်ရောက်ပြသခဲ့တဲ့ အက်ဆစ်ပက်တိုက်ခိုက်ခံရသူ အမျိုးသမီးများ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့သည့် ဖက်ရှင်ရှိုးပွဲတွင် အက်ဆစ်ဖြင့်ပက်ကာ တိုက်ခိုက်ခံရပြီး အသက်ရှင်ကျန်ခဲ့သူအချို့က အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို သိရှိစေလိုခြင်း၊ အကြမ်းဖက်ခံခဲ့ရသူများဟာလည်း အခြားအမျိုးသမီးများလိုပင် တန်းတူညီမျှ လုပ်ကိုင်နိုင်တယ်ဆိုတာတွေကို ရည်ရွယ်ပြီး ပါဝင်ပြသခဲ့ကြခြင်းဖြစ်သည်။

 

အရပ်ဘက်အဖွဲ့အစည်းမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသော အမျိုးသမီး ၁၁ ဦးက ဖက်ရှင်လျှောက်လမ်း စင်မြင့်ပေါ်တွင် ယုံကြည်ချက်အပြည့်နဲ့ အခြားအမျိုးသမီးများနည်းတူ လမ်းလျှောက်ပြပြီး ဓါတ်ပုံရိုက်ခံခဲ့ကြသည်။

 

သူတို့ထဲမှ တစ်ဦးဖြစ်သည့် လပ်ချ်မီးဆိုသူက သူမအသက် ၁၅ နှစ်အရွယ် ၂၀၀၅ ခုနှစ်က အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးက လက်ထပ်ခွင့်တောင်းခဲ့ရာ ငြင်းပယ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ လူအစည်ကားဆုံး စည်းပွားရေးမြို့ဖြစ်သည့် မွန်ဘိုင်းမြို့ပေါ်မှာတင် အက်ဆစ်ဖြင့် ပက်ခံခဲ့ရသည်။
သူမဟာ ၂၀၁၃ ခုနှစ်မှာ အက်ဆစ်ရောင်းချတာနဲ့ ပက်သက်ပြီးဥပဒေတစ်ခု ချမှတ်ဖို့ အမြင့်ဆုံးတရားရုံးတော်မှာ တောင်းဆိုခဲ့ပါတယ်။

 

 

ကမ္ဘာပေါ်မှာ နှစ်စဉ်အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ၁၅၀၀ ရှိတဲ့အထဲက သုံးပုံနှစ်ပုံက အိန္ဒိယနိုင်ငံက ဖြစ်နေပါတယ်။ အကြမ်းဖက်သမားက ပြန်လည်လက်တုံ့ပြန်မှာကို ကြောရွံ၍သော်၎င်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခံရတဲ့ကိစ္စတွေဟာ မကြာခဏ ပစ်ပယ်ထားခံရတာတွေကြောင့် အကြမ်းဖက်ခံရသူ အနည်းစုလောက်သာ တိုင်ကြားမှုတွေရှိခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ တန်းတူညီမျှအခွင့်အရေးမရမှုတွေဟာ အိန္ဒိယနိုင်ငံမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

Credit : popolay