Zawgyi ျဖင့္ဖတ္ရန္

ၾသစေၾတးလ်ႏိုင္ငံမွ ေမြးျမဴေရးၿခံတစ္ၿခံတြင္ လူႀကီး တစ္ေယာက္၏ လက္ဝါးအျပည့္ခန႔္ ႀကီးမားေသာ ၾကက္ဥတစ္လုံးေတြ႕ရွိခဲ့ရၿပီး ထူးဆန္းလြန္းသျဖင့္ အဆိုပါ ျကက္ဥ ကို ခြဲၾကည့္ရာ အထဲမွ ပုံမွန္အ႐ြယ္အစားအတိုင္း ၾကက္ဥအေသးတစ္လုံး ထပ္မံထြက္လာေသာေၾကာင့္ ေမြးျမဴေရးၿခံ ပိုင္ရွင္ျဖစ္သူနဲ႔ အလုပ္သမားမ်ားအားလုံး အံ့အားသင့္ခဲ့ရသည္။

 

ၾကက္ဥ ၏ အ႐ြယ္အစားမွာ ပုံမွန္ ၾကက္ဥ မ်ားထက္ သုံးဆခန႔္ပိုႀကီးၿပီး အေလးခ်ိန္ ၁၇၆ ဂရမ္ရွိသည္။ ပိုင္ရွင္ျဖစ္သူ Scott Stockman က ထပ္မံစူးဆန္းလိုတာေၾကာင့္ ၾကက္ဥကို ခြဲၾကည့္ရာ အတြင္းထဲမွ ပုံမွန္အ႐ြယ္ ၾကက္ဥတစ္လုံးထပ္မံ ထြက္လာခဲ့သည္။

 

ၾကက္ဥႀကီး ကို သူ၏ အလုပ္သမား မ်ား၏ ေရွ႕တြင္ မ်က္ျမင္သက္ေသအျဖစ္ ခြဲခဲ့ျခင္းျဖစ္ၿပီး ၾကင္ဥအတြင္းမွ အနည္းဆုံး အႏွစ္ ၄ ခုေလာက္ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ၾကင္ဥ တစ္လုံး ထပ္ထြက္လာခဲ့ျခင္းျဖစ္သည္။

 

သူ၏ ေမြးျမဴေရးၿခံ တြင္ ၾကက္ေကာင္ေရ ၃,၀၀၀ ရွိၿပီး ဘယ္ၾကက္ကဥတယ္ဆိုတာကို ခန႔္မွန္းဖို႔ခက္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သူေမြးျမဴေရးလုပ္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ ဒီေလာက္ႀကီးတဲ့ၾကက္ဥ တစ္ခါမွ်မျမင္ဖူးခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

Credit : poplay

 

Unicode ဖြင့်ဖတ်ရန်

ကြက်ဥအကြီးထဲမှ ကြက်ဥအသေးတစ်လုံး ထူးဆန်းစွာထွက်လာ

သြစတြေးလျနိုင်ငံမှ မွေးမြူရေးခြံတစ်ခြံတွင် လူကြီးတစ်ယောက်၏ လက်ဝါးအပြည့်ခန့် ကြီးမားသော ကြက်ဥတစ်လုံးတွေ့ရှိခဲ့ရပြီး ထူးဆန်းလွန်းသဖြင့် အဆိုပါကြက်ဥကို ခွဲကြည့်ရာ အထဲမှ ပုံမှန်အရွယ်အစားအတိုင်း ကြက်ဥအသေးတစ်လုံး ထပ်မံထွက်လာသောကြောင့် မွေးမြူရေးခြံပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားများအားလုံး အံ့အားသင့်ခဲ့ရသည်။

 

ကြက်ဥ၏ အရွယ်အစားမှာ ပုံမှန်ကြက်ဥများထက် သုံးဆခန့်ပိုကြီးပြီး အလေးချိန် ၁၇၆ ဂရမ်ရှိသည်။ ပိုင်ရှင်ဖြစ်သူ Scott Stockman က ထပ်မံစူးဆန်းလိုတာကြောင့် ကြက်ဥကို ခွဲကြည့်ရာ အတွင်းထဲမှ ပုံမှန်အရွယ် ကြက်ဥတစ်လုံးထပ်မံ ထွက်လာခဲ့သည်။

 

ကြက်ဥကြီးကို သူ၏အလုပ်သမားများ၏ ရှေ့တွင် မျက်မြင်သက်သေအဖြစ် ခွဲခဲ့ခြင်းဖြစ်ပြီး ကြင်ဥအတွင်းမှ အနည်းဆုံး အနှစ် ၄ ခုလောက် ထွက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကြင်ဥတစ်လုံး ထပ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

သူ၏ မွေးမြူရေးခြံတွင် ကြက်ကောင်ရေ ၃,၀၀၀ ရှိပြီး ဘယ်ကြက်ကဥတယ်ဆိုတာကို ခန့်မှန်းဖို့ခက်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူမွေးမြူရေးလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီလောက်ကြီးတဲ့ကြက်ဥ တစ်ခါမျှမမြင်ဖူးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

Credit : poplay