Zawgyi ျဖင့္ဖတ္ရန္

 

တစ္ခါတုန္းက အမ်ိဳးသမီးတစ္ေယာက္ ကြၽန္ေတာ့္ကို လူမႈကြန္ရက္စာမ်က္ႏွာကတစ္ဆင့္ ေမးခြန္းေလးတစ္ခု လာေမးဖူးတယ္။ သူက အသက္ ၄၀ မွ အိမ္ေထာင္က်တယ္၊ ကေလးတအားလိုခ်င္တယ္၊ အဲဒီအခ်ိန္ ကိုယ္ဝန္ရတယ္၊ ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ မေတာ္တဆ ပ်က္က်သြားတယ္၊ ကေလးကိုလည္း လိုခ်င္ေန၊ အသက္ကလည္း ရေနၿပီမို႔ ခ်က္ခ်င္းျပန္ယူခ်င္တယ္၊ အဲဒါ ဘယ္ေတာ့ေလာက္ ကိုယ္ဝန္ျပန္ရႏိုင္မလဲ၊ ဘာေတြလုပ္သင့္လဲ လာေမးတာေပါ့။

သူ႔အျဖစ္က အႀကံေပးရေတာ့ ေတာ္ေတာ္ခက္တယ္။ ဘာလို႔ဆိုေတာ့ ကေလးပ်က္က်ၿပီး အနည္းဆုံး ၆ လေနမွ ေနာက္ကိုယ္ဝန္ယူသင့္တယ္ေလ။ ဒါက က်န္းမာေရးရႈေထာင့္အရ လိုကိုလိုအပ္တာ။ တစ္ဖက္မွာလည္း သူေျပာသလိုပဲ အသက္က ၄၀ ေက်ာ္မို႔ ကိုယ္ဝန္ရႏိုင္ေခ်ကေတာ့ နည္းလာတယ္။ ဒါကိုမွ ေစာင့္ရဦးမယ္ဆို အဆင္မေျပျပန္ဘူး။ ေနာက္ၿပီး ကိုယ္ဝန္ရသြားျပန္ရင္လည္း အသက္ ၄၀ ေက်ာ္ ကိုယ္ဝန္ေဆာင္မို႔ ေတာ္ေတာ္ေလး သတိထားရမယ္။ ကေလးမွာလည္း Down Syndrome လို႔ေခၚတဲ့ မ်ိဳးဗီဇျပႆနာေၾကာင့္ ဖြံ႕ၿဖိဳးမႈေႏွးေကြးတဲ့ ျပႆနာမ်ိဳးေတြ ျဖစ္ႏိုင္ေခ်ပိုမ်ားေနတယ္။ ကေလးရွိၿပီးတဲ့ အမ်ိဳးသမီးဆို ထပ္မယူေတာ့ဖို႔ အႀကံေပးရမွာမ်ိဳး။ ခုကိစၥက် ေတာ္ေတာ္ေလး အႀကံေပးရခက္တယ္။ အဓိက ျပႆနာကေတာ့ အသက္ ၄၀ ေက်ာ္မွ ကေလးယူဖို႔ ျပင္ဆင္ေနတာပါပဲ။

ဒီေနရာမွာ မျဖစ္မေန ထည့္ေျပာရမွာက ေယာက်ာ္းနဲ႔ မိန္းမၾကားက ကြာျခားခ်က္ပါ။ ေမြးဖြားလာတယ္။ အပ်ိဳ လူပ်ိဳျဖစ္တယ္။ မိန္းကေလးေတြကေတာ့ ပ်မ္းမွ်အားျဖင့္ အပ်ိဳေဖာ္ဝင္တဲ့အ႐ြယ္ ပိုေစာတယ္။ ေယာက်ာ္းေလးကေတာ့ နည္းနည္းေနာက္က်တယ္။ ဒါေပမယ့္ မိန္းကေလးမွာက ေသြးဆုံးခ်ိန္ ဆိုတာ ရွိတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မတူႏိုင္ၾကေပမယ့္ ေယဘုယ်အားျဖင့္ ၄၉ ႏွစ္ေလာက္မွာ ျဖစ္တတ္တယ္။ ေယာက်ာ္းမွာက်ေတာ့ ေသြးဆုံးတယ္ဆိုတာ ရွိေပမယ့္ အသက္ေတာ္ေတာ္ႀကီးမွ ျဖစ္တာ၊ တခ်ိဳ႕မွာဆို ျဖစ္ကိုမျဖစ္ဘူး။ ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ကေလးေမြးရတယ္ ဆိုတဲ့ အင္မတန္ ပင္ပန္းဆင္းရဲၿပီး အႏၲရာယ္မ်ားတဲ့ အလုပ္မ်ိဳးကို ေယာက်ာ္းေတြက လုပ္စရာမလိုဘူး။ ဒါေၾကာင့္ အိမ္ေထာင္က်တဲ့အ႐ြယ္၊ ကေလးရတဲ့အ႐ြယ္ ေနာက္က်တယ္ဆိုတာက သားသမီးနဲ႔ အ႐ြယ္ကြာလြန္းၿပီး Generation gap ျဖစ္ႏိုင္တာမ်ိဳးကလြဲရင္ ေယာက်ာ္းအတြက္ ျပႆနာမရွိဘူး။

မိန္းကေလးက်ေတာ့ အဲ့လိုမဟုတ္ဘူး။ သဘာဝအရ သူတို႔မွာ အခ်ိန္အခါဆိုတာ ရွိတယ္။ အဲဒါကို တင္စားၿပီး ေခၚေတာ့ Biological clock တဲ့။ သဘာဝက ဝတ္ေပးထားတဲ့ နာရီေလးေပါ့။ အသက္အ႐ြယ္ေကာင္းမွာ အိမ္ေထာင္ျပဳ၊ ကေလးေမြးရတယ္။ ခုလို အသက္ ၄၀ ေက်ာ္မွ မရႏိုင္ေတာ့ဘူးလား ဆိုေတာ့ ရႏိုင္ပါတယ္။ ဒါေပမယ့္ ပိုခက္တယ္။ အႏၲရာယ္ျဖစ္ႏိုင္ေခ် (Risk) လည္း ပိုမ်ားတာေပါ့။

ကေလးယူမယ္၊ မယူဘူး၊ ဘယ္ႏွေယာက္ယူမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ျခားမယ္ ဆိုတာက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ ဆိုေပမယ့္ ေဆးပညာရႈေထာင့္အရေတာ့ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ ႏွစ္ကာလအပိုင္းအျခားေလးေတြ ရွိပါတယ္။

ဥပမာအားျဖင့္ အသက္ ၁၈ ႏွစ္မတိုင္မီနဲ႔ အသက္ ၃၅ ႏွစ္ေနာက္ပိုင္း ကိုယ္ဝန္မေဆာင္သင့္ဘူး။ ၁၈ ႏွစ္မတိုင္မီက အင္မတန္ငယ္႐ြယ္ေသးတဲ့အ႐ြယ္မို႔ ကိုယ္ဝန္ေဆာင္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူး။ ၃၅ ႏွစ္အထက္က်ျပန္ေတာ့လည္း ကိုယ္ဝန္ေဆာင္တစ္ေယာက္အေနနဲ႔ အသက္လြန္ေနတယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ ၁၈ ႏွစ္ထက္ငယ္တယ္၊ ၃၅ ႏွစ္ထက္ႀကီးတယ္ ဆိုေပမယ့္ အဆင္ေျပေျပ ကေလးေမြးထားသူေတြလည္း ရွိပါတယ္။ လူတိုင္း အႏၲရာယ္ျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။ ဒါကိုၾကည့္ၿပီး ငါတို႔လည္း အဲ့လိုကိုယ္ဝန္ေဆာင္မယ္လို႔ေတာ့ မေတြးေစခ်င္ပါဘူး။ ရာခိုင္ႏႈန္းနဲ႔ စဥ္းစားဖို႔လိုပါတယ္။ ဒီအ႐ြယ္ေတြမွာ ကိုယ္ဝန္ေဆာင္မိရင္ အႏၲရာယ္ျဖစ္ႏိုင္ေခ်ဟာ မ်ားတာမို႔ မစြန႔္စားသင့္ပါဘူး။

ေနာက္၊ ကေလး တစ္ေယာက္ေမြးၿပီးရင္ အနည္းဆုံး ၂ ႏွစ္ေနမွ ကိုယ္ဝန္ျပန္ယူသင့္တယ္။ ေနာက္ၿပီး ကေလးတစ္ေယာက္ေမြးၿပီးခ်ိန္နဲ႔ ေနာက္ကိုယ္ဝန္ေဆာင္ခ်ိန္ ၾကားကာလက ၅ ႏွစ္ထက္ မပိုသင့္ဘူး။ ဆိုလိုတာက ၂ ႏွစ္ထက္လည္း မနည္းနဲ႔၊ ၅ ႏွစ္ထက္လည္း မမ်ားနဲ႔ေပါ့။ ဘာလို႔ဆိုေတာ့ ကပ္လြန္း၊ ေဝးလြန္းရင္ ကိုယ္ဝန္ေဆာင္ျခင္းရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ခံစားရႏိုင္လို႔ပါ။ ကေလးပ်က္က်ၿပီးရင္လည္း အေစာပိုင္းမွာ ေျပာခဲ့သလို အနည္းဆုံး ၆ လ ေနမွ ကိုယ္ဝန္ျပန္ယူသင့္တယ္။ အေရအတြက္အားျဖင့္ကေတာ့ ကေလး ၅ ေယာက္နဲ႔အထက္ မယူသင့္ဘူးေပါ့။

ဒါေၾကာင့္လည္း ခုေနာက္ပိုင္းမွာ သားဆက္ျခားတယ္ ဆိုတာထက္ မိသားစုစီမံကိန္းဆြဲတယ္ ဆိုတဲ့ အသုံးအႏႈန္းမ်ိဳး ေျပာလာၾကတာပါ။ ဒီအတိုင္းပဲ မလိုခ်င္ေသးလို႔ သားဆက္ျခားေနမယ္ဆို တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ကပ္သြားတာ၊ သိပ္ေဝးသြားတာ၊ အသက္ ၃၅ ႏွစ္ေနာက္ပိုင္းမွ ထပ္ယူခ်င္လာတာ စသျဖင့္ ျပႆနာျဖစ္လာႏိုင္ပါတယ္။ ဒီအတြက္ ဘဝတစ္ေလွ်ာက္မွာ ကေလးဘယ္ႏွေယာက္ယူမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ျခားမယ္ဆိုတာမ်ိဳးေလး အစီအစဥ္ဆြဲထားမယ္ဆိုရင္ ပိုအဆင္ေျပတာေပါ့။ ဥပမာ အသက္ ၂၅ ႏွစ္မွာ အိမ္ေထာင္ျပဳမယ္၊ ကေလး ၂ ေယာက္ပဲ ယူမယ္၊ ဒါဆို ၂၈ ႏွစ္ေလာက္မွာ တစ္ေယာက္၊ ၃၂ ႏွစ္ေလာက္မွာ တစ္ေယာက္၊ ၿပီးရင္ လုံးဝထပ္မယူေတာ့ဘဲ ႏွစ္ရွည္ခံကိုယ္ဝန္တားနည္းတစ္ခုခုကို သုံးမယ္။ အသက္ ၃၀ ေက်ာ္မွ အိမ္ေထာင္က်တယ္ဆိုလည္း ကေလးျမန္ျမန္ယူေပါ့၊ ဒါမွ ၂ ေယာက္ေလာက္ ေမြးလို႔မီမယ္။ ဒီလိုမ်ိဳးေလးေတြ စီမံကိန္းဆြဲထားမယ္ဆို ပိုၿပီး ေကာင္းတာေပါ့။

တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကိုယ္တိုင္က တစ္ခါတစ္ေလမွာ ဒီလိုစီမံကိန္းခ်တာကို အေရးမႀကီးဘူး ထင္တတ္ၾကပါတယ္။ ကိုယ့္ေယာက်ာ္းနဲ႔ကိုယ္ပဲ၊ ဘယ္ႏွေယာက္ေမြးေမြးေပါ့လို႔ ခပ္ေပါ့ေပါ့ သေဘာထားၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း အိမ္ေထာင္ေရးကို လုံးဝထည့္မစဥ္းစားခဲ့ဘဲ အလုပ္ေတြပဲ ဖိလုပ္ရင္း အ႐ြယ္တစ္ခုလြန္လာမွ အိမ္ေထာင္ျပဳဖို႔ ျဖစ္လာတယ္။ ၿပီးတဲ့အခါ ေဆာင္းပါးအစမွာ ေျပာခဲ့သလို ျပႆနာေတြ ဝင္လာတယ္။

တကယ္ေတာ့ အိမ္ေထာင္ျပဳမယ္ မျပဳဘူး၊ ဘယ္အ႐ြယ္မွာ ျပဳမယ္၊ ကေလးယူမယ္၊ မယူဘူး၊ ဘယ္အခ်ိန္မွာ ယူမယ္၊ ဘယ္ႏွေယာက္ယူမယ္၊ ဘယ္ႏွႏွစ္ တားထားမယ္ စတာေတြက လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ေ႐ြးခ်ယ္ဆုံးျဖတ္ခြင့္ပဲ ျဖစ္ပါတယ္။ ဆရာဝန္၊ ဆရာမေတြကေန သူ႔ဆႏၵမပါဘဲ ကိုယ္ဝန္တားေပးလို႔လည္း မရသလို၊ အတင္းအၾကပ္ ေမြးခိုင္းလို႔လည္း မရပါဘူး။ ေနာက္ၿပီး အိမ္ေထာင္ေရး ဆိုတာက ဖူးစာ တို႔၊ ေရစက္တို႔၊ ကံတရားတို႔လို မျမင္ႏိုင္တဲ့အရာေတြလည္း ရွိေသးတာမို႔ ကိုယ္မွန္းထားတဲ့အတိုင္းလည္း ျဖစ္ခ်င္မွျဖစ္တာပါ။ ကမာၻေပၚမွာ ရွိသမွ် ဘယ္စီမံကိန္းမွလည္း မွန္းထားတဲ့အတိုင္း ၁၀၀ % ကြက္တိ အေကာင္အထည္ေဖာ္ႏိုင္တယ္ဆိုတာ မရွိပါဘူး။

ဒါေပမယ့္ လူအမ်ားေျပာေနက် စကားေလးလိုေပါ့။ Fail to plan is planning to fail ပါ။ အစီအစဥ္ ဆြဲဖို႔ ပ်က္ကြက္ေနျခင္းဟာ က်ဆုံးဖို႔ ျပင္ဆင္ေနျခင္း ဆိုတဲ့အတိုင္း ကိုယ့္ဘဝနဲ႔ ပတ္သက္လို႔၊ ကိုယ့္မိသားစုနဲ႔ ပတ္သတ္လို႔ ေသခ်ာစနစ္တက် အစီအစဥ္ဆြဲထားႏိုင္ဖို႔ သိပ္အေရးႀကီးပါတယ္။ အစီအစဥ္မရွိသူထက္ေတာ့ နည္းနည္းေလး ပိုတည္ၿငိမ္တာေပါ့။ အဲဒီလို အစီအစဥ္ဆြဲတဲ့အခါ အမ်ိဳးသမီး ေတြမွာ Biological clock လို႔ေခၚတဲ့ အခ်ိန္အခါေလး ရွိတယ္ဆိုတာရယ္၊ ဘယ္အသက္အ႐ြယ္၊ ဘယ္ကာလအပိုင္းအျခားေတြမွာ ကိုယ္ဝန္ေဆာင္သင့္တယ္ ဆိုတာရယ္ကို သိထားရေအာင္ေလး ေဆာင္းပါးေရးလိုက္ရတာပါပဲ။

Credit : Dr phyothiha

 

Unicode ဖြင့်ဖတ်ရန်

အမျိုးသမီးတွေမှာပဲ ရှိတဲ့ နာရီလေးတစ်လုံးအကြောင်း

 

တစ်ခါတုန်းက အမျိုးသမီးတစ်ယောက် ကျွန်တော့်ကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မေးခွန်းလေးတစ်ခု လာမေးဖူးတယ်။ သူက အသက် ၄၀ မှ အိမ်ထောင်ကျတယ်၊ ကလေးတအားလိုချင်တယ်၊ အဲဒီအချိန် ကိုယ်ဝန်ရတယ်၊ ဒါပေမယ့် ကံဆိုးချင်တော့ မတော်တဆ ပျက်ကျသွားတယ်၊ ကလေးကိုလည်း လိုချင်နေ၊ အသက်ကလည်း ရနေပြီမို့ ချက်ချင်းပြန်ယူချင်တယ်၊ အဲဒါ ဘယ်တော့လောက် ကိုယ်ဝန်ပြန်ရနိုင်မလဲ၊ ဘာတွေလုပ်သင့်လဲ လာမေးတာပေါ့။

သူ့အဖြစ်က အကြံပေးရတော့ တော်တော်ခက်တယ်။ ဘာလို့ဆိုတော့ ကလေးပျက်ကျပြီး အနည်းဆုံး ၆ လနေမှ နောက်ကိုယ်ဝန်ယူသင့်တယ်လေ။ ဒါက ကျန်းမာရေးရှုထောင့်အရ လိုကိုလိုအပ်တာ။ တစ်ဖက်မှာလည်း သူပြောသလိုပဲ အသက်က ၄၀ ကျော်မို့ ကိုယ်ဝန်ရနိုင်ချေကတော့ နည်းလာတယ်။ ဒါကိုမှ စောင့်ရဦးမယ်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကိုယ်ဝန်ရသွားပြန်ရင်လည်း အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မို့ တော်တော်လေး သတိထားရမယ်။ ကလေးမှာလည်း Down Syndrome လို့ခေါ်တဲ့ မျိုးဗီဇပြဿနာကြောင့် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ပြဿနာမျိုးတွေ ဖြစ်နိုင်ချေပိုများနေတယ်။ ကလေးရှိပြီးတဲ့ အမျိုးသမီးဆို ထပ်မယူတော့ဖို့ အကြံပေးရမှာမျိုး။ ခုကိစ္စကျ တော်တော်လေး အကြံပေးရခက်တယ်။ အဓိက ပြဿနာကတော့ အသက် ၄၀ ကျော်မှ ကလေးယူဖို့ ပြင်ဆင်နေတာပါပဲ။

ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမှာက ယောကျာ်းနဲ့ မိန်းမကြားက ကွာခြားချက်ပါ။ မွေးဖွားလာတယ်။ အပျို လူပျိုဖြစ်တယ်။ မိန်းကလေးတွေကတော့ ပျမ်းမျှအားဖြင့် အပျိုဖော်ဝင်တဲ့အရွယ် ပိုစောတယ်။ ယောကျာ်းလေးကတော့ နည်းနည်းနောက်ကျတယ်။ ဒါပေမယ့် မိန်းကလေးမှာက သွေးဆုံးချိန် ဆိုတာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြပေမယ့် ယေဘုယျအားဖြင့် ၄၉ နှစ်လောက်မှာ ဖြစ်တတ်တယ်။ ယောကျာ်းမှာကျတော့ သွေးဆုံးတယ်ဆိုတာ ရှိပေမယ့် အသက်တော်တော်ကြီးမှ ဖြစ်တာ၊ တချို့မှာဆို ဖြစ်ကိုမဖြစ်ဘူး။ နောက်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးရတယ် ဆိုတဲ့ အင်မတန် ပင်ပန်းဆင်းရဲပြီး အန္တရာယ်များတဲ့ အလုပ်မျိုးကို ယောကျာ်းတွေက လုပ်စရာမလိုဘူး။ ဒါကြောင့် အိမ်ထောင်ကျတဲ့အရွယ်၊ ကလေးရတဲ့အရွယ် နောက်ကျတယ်ဆိုတာက သားသမီးနဲ့ အရွယ်ကွာလွန်းပြီး Generation gap ဖြစ်နိုင်တာမျိုးကလွဲရင် ယောကျာ်းအတွက် ပြဿနာမရှိဘူး။

မိန်းကလေးကျတော့ အဲ့လိုမဟုတ်ဘူး။ သဘာဝအရ သူတို့မှာ အချိန်အခါဆိုတာ ရှိတယ်။ အဲဒါကို တင်စားပြီး ခေါ်တော့ Biological clock တဲ့။ သဘာဝက ဝတ်ပေးထားတဲ့ နာရီလေးပေါ့။ အသက်အရွယ်ကောင်းမှာ အိမ်ထောင်ပြု၊ ကလေးမွေးရတယ်။ ခုလို အသက် ၄၀ ကျော်မှ မရနိုင်တော့ဘူးလား ဆိုတော့ ရနိုင်ပါတယ်။ ဒါပေမယ့် ပိုခက်တယ်။ အန္တရာယ်ဖြစ်နိုင်ချေ (Risk) လည်း ပိုများတာပေါ့။

ကလေးယူမယ်၊ မယူဘူး၊ ဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားမယ် ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဆိုပေမယ့် ဆေးပညာရှုထောင့်အရတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ နှစ်ကာလအပိုင်းအခြားလေးတွေ ရှိပါတယ်။

ဥပမာအားဖြင့် အသက် ၁၈ နှစ်မတိုင်မီနဲ့ အသက် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်မဆောင်သင့်ဘူး။ ၁၈ နှစ်မတိုင်မီက အင်မတန်ငယ်ရွယ်သေးတဲ့အရွယ်မို့ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ ၃၅ နှစ်အထက်ကျပြန်တော့လည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ အသက်လွန်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၈ နှစ်ထက်ငယ်တယ်၊ ၃၅ နှစ်ထက်ကြီးတယ် ဆိုပေမယ့် အဆင်ပြေပြေ ကလေးမွေးထားသူတွေလည်း ရှိပါတယ်။ လူတိုင်း အန္တရာယ်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါကိုကြည့်ပြီး ငါတို့လည်း အဲ့လိုကိုယ်ဝန်ဆောင်မယ်လို့တော့ မတွေးစေချင်ပါဘူး။ ရာခိုင်နှုန်းနဲ့ စဉ်းစားဖို့လိုပါတယ်။ ဒီအရွယ်တွေမှာ ကိုယ်ဝန်ဆောင်မိရင် အန္တရာယ်ဖြစ်နိုင်ချေဟာ များတာမို့ မစွန့်စားသင့်ပါဘူး။

နောက်၊ ကလေးတစ်ယောက်မွေးပြီးရင် အနည်းဆုံး ၂ နှစ်နေမှ ကိုယ်ဝန်ပြန်ယူသင့်တယ်။ နောက်ပြီး ကလေးတစ်ယောက်မွေးပြီးချိန်နဲ့ နောက်ကိုယ်ဝန်ဆောင်ချိန် ကြားကာလက ၅ နှစ်ထက် မပိုသင့်ဘူး။ ဆိုလိုတာက ၂ နှစ်ထက်လည်း မနည်းနဲ့၊ ၅ နှစ်ထက်လည်း မများနဲ့ပေါ့။ ဘာလို့ဆိုတော့ ကပ်လွန်း၊ ဝေးလွန်းရင် ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်လို့ပါ။ ကလေးပျက်ကျပြီးရင်လည်း အစောပိုင်းမှာ ပြောခဲ့သလို အနည်းဆုံး ၆ လ နေမှ ကိုယ်ဝန်ပြန်ယူသင့်တယ်။ အရေအတွက်အားဖြင့်ကတော့ ကလေး ၅ ယောက်နဲ့အထက် မယူသင့်ဘူးပေါ့။

ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ သားဆက်ခြားတယ် ဆိုတာထက် မိသားစုစီမံကိန်းဆွဲတယ် ဆိုတဲ့ အသုံးအနှုန်းမျိုး ပြောလာကြတာပါ။ ဒီအတိုင်းပဲ မလိုချင်သေးလို့ သားဆက်ခြားနေမယ်ဆို တစ်ယောက်နဲ့တစ်ယောက် သိပ်ကပ်သွားတာ၊ သိပ်ဝေးသွားတာ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှ ထပ်ယူချင်လာတာ စသဖြင့် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ဘဝတစ်လျှောက်မှာ ကလေးဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားမယ်ဆိုတာမျိုးလေး အစီအစဉ်ဆွဲထားမယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။ ဥပမာ အသက် ၂၅ နှစ်မှာ အိမ်ထောင်ပြုမယ်၊ ကလေး ၂ ယောက်ပဲ ယူမယ်၊ ဒါဆို ၂၈ နှစ်လောက်မှာ တစ်ယောက်၊ ၃၂ နှစ်လောက်မှာ တစ်ယောက်၊ ပြီးရင် လုံးဝထပ်မယူတော့ဘဲ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခုခုကို သုံးမယ်။ အသက် ၃၀ ကျော်မှ အိမ်ထောင်ကျတယ်ဆိုလည်း ကလေးမြန်မြန်ယူပေါ့၊ ဒါမှ ၂ ယောက်လောက် မွေးလို့မီမယ်။ ဒီလိုမျိုးလေးတွေ စီမံကိန်းဆွဲထားမယ်ဆို ပိုပြီး ကောင်းတာပေါ့။

တချို့သော အမျိုးသမီးတွေကိုယ်တိုင်က တစ်ခါတစ်လေမှာ ဒီလိုစီမံကိန်းချတာကို အရေးမကြီးဘူး ထင်တတ်ကြပါတယ်။ ကိုယ့်ယောကျာ်းနဲ့ကိုယ်ပဲ၊ ဘယ်နှယောက်မွေးမွေးပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကြတယ်။ တချို့ကျတော့လည်း အိမ်ထောင်ရေးကို လုံးဝထည့်မစဉ်းစားခဲ့ဘဲ အလုပ်တွေပဲ ဖိလုပ်ရင်း အရွယ်တစ်ခုလွန်လာမှ အိမ်ထောင်ပြုဖို့ ဖြစ်လာတယ်။ ပြီးတဲ့အခါ ဆောင်းပါးအစမှာ ပြောခဲ့သလို ပြဿနာတွေ ဝင်လာတယ်။

တကယ်တော့ အိမ်ထောင်ပြုမယ် မပြုဘူး၊ ဘယ်အရွယ်မှာ ပြုမယ်၊ ကလေးယူမယ်၊ မယူဘူး၊ ဘယ်အချိန်မှာ ယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်နှနှစ် တားထားမယ် စတာတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေကနေ သူ့ဆန္ဒမပါဘဲ ကိုယ်ဝန်တားပေးလို့လည်း မရသလို၊ အတင်းအကြပ် မွေးခိုင်းလို့လည်း မရပါဘူး။ နောက်ပြီး အိမ်ထောင်ရေးဆိုတာက ဖူးစာ တို့၊ ရေစက်တို့၊ ကံတရားတို့လို မမြင်နိုင်တဲ့အရာတွေလည်း ရှိသေးတာမို့ ကိုယ်မှန်းထားတဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်တာပါ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘယ်စီမံကိန်းမှလည်း မှန်းထားတဲ့အတိုင်း ၁၀၀ % ကွက်တိ အကောင်အထည်ဖော်နိုင်တယ်ဆိုတာ မရှိပါဘူး။

ဒါပေမယ့် လူအများပြောနေကျ စကားလေးလိုပေါ့။ Fail to plan is planning to fail ပါ။ အစီအစဉ်ဆွဲဖို့ ပျက်ကွက်နေခြင်းဟာ ကျဆုံးဖို့ ပြင်ဆင်နေခြင်း ဆိုတဲ့အတိုင်း ကိုယ့်ဘဝနဲ့ ပတ်သက်လို့၊ ကိုယ့်မိသားစုနဲ့ ပတ်သတ်လို့ သေချာစနစ်တကျ အစီအစဉ်ဆွဲထားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အစီအစဉ်မရှိသူထက်တော့ နည်းနည်းလေး ပိုတည်ငြိမ်တာပေါ့။ အဲဒီလို အစီအစဉ်ဆွဲတဲ့အခါ အမျိုးသမီးတွေမှာ Biological clock လို့ခေါ်တဲ့ အချိန်အခါလေး ရှိတယ်ဆိုတာရယ်၊ ဘယ်အသက်အရွယ်၊ ဘယ်ကာလအပိုင်းအခြားတွေမှာ ကိုယ်ဝန်ဆောင်သင့်တယ် ဆိုတာရယ်ကို သိထားရအောင်လေး ဆောင်းပါးရေးလိုက်ရတာပါပဲ။

Credit : Dr phyothiha