ZawGyiျဖင့္ဖတ္ရန္

 

အေမရိကန္ က အမ်ိဳးသမီး တစ္ဦးဟာ ဦးေခါင္း ကိုက္ခဲေဝဒနာျပင္းနဲ႔ အိပ္ယာထဲလဲေမ့ေျမာခဲ့ၿပီး ေနာက္မွာ ထူးျခားဆန္းၾကယ္စြာပဲ တျခားေသာ ဘာသာစကားေတြကို တတ္ေျမာက္ေျပာဆိုႏိုင္ေန ခဲ့ပါတယ္။ အရီဇိုးနား၊ ဖိုးနစ္က အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီး မီရွဲလ္မီရာက အိပ္ယာထဲလဲၿပီး ျပန္လည္သတိလည္လာတဲ့အခါမွာေတာ့ ႏိုင္ငံျခားဘာသာစကားေတြျဖစ္တဲ့ ၿဗိတိန္၊ ၾသစေၾတးလ်၊ အိုင္းရစ္ အစရွိသျဖင့္ ဘာသာစကားအခ်ိဳ႕ကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ႏိုင္ငံျခားဘာသာစကားေတြ အလိုေလ်ာက္တတ္ေျမာက္ေျပာဆိုလာႏိုင္ျခင္းက ထူးဆန္း အံ့အား သင့္စရာေကာင္းၿပီးေတာ့ သူမအေနနဲ႔ ႏိုင္ငံျခားဘာသာစကားေတြ သင္ယူထားျခင္းမရွိဆို ထားနဲ႔ အဆိုပါ ႏိုင္ငံေတြကို တစ္ခါမွ်သြားေရာက္လည္ပတ္ ဖူးျခင္းေတာင္ မရွိခဲ့ဘူးလို႔သိရပါတယ္။ ၂၀၁၅ ခုႏွစ္မွာ စတင္ခံစားလာရတဲ့ ပုံမွန္မဟုတ္တဲ့ ဦးေခါင္းကိုက္ခဲျပင္းထန္ေဝဒနာေၾကာင့္ မီရွဲလ္ ဟာ အိပ္ယာထဲကို အခ်ိန္အေတာ္ၾကာ လဲသြားခဲ့ရတာျဖစ္ပါတယ္။

သူမရဲ႕ ေရာဂါခံစားရမႈအေျခအေနအတြက္ ဆရာဝန္က ဦးေခါင္း ထိခိုက္မႈ ေဝဒနာ လကၡဏာ တစ္ခုျဖစ္ ေၾကာင္းေျပာၿပီး ဒါဟာ စကားေျပာဆိုႏိုင္ျခင္းေတြ မလုပ္ႏိုင္ေတာ့တာနဲ႔ ေလျဖတ္တာ ဦးေခါင္းေဝဒနာ ေတြခံစားလာရႏိုင္တဲ့ ေရာဂါမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုမ်ိဳး အိပ္ယာထဲလဲၿပီး ေမ့ေျမာလာခဲ့ရာ ကေန ျပန္လည္သတိရလာတဲ့သူမက တျခားေသာဘာသာစကားေတြ ေျပာဆို လာႏိုင္ ရျခင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ေလယူေလသိမ္းနဲ႔ စကားသံေတြ၊ ဘာသာ စကားအသုံးျပဳတာေတြကအစ ေျပာင္းလဲသြားခဲ့လို႔ သူမကိုယ္လည္း ဘယ္သူ ကမွ နားလည္ေပးႏိုင္လိမ့္ၾကမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

Credit:မ(ေ႐ႊအင္းေလး)

Unicodeဖြင့်ဖတ်ရန်

ဦးခေါင်းဝေဒနာနဲ့ မေ့မျောခဲ့ပြီးသတိပြန်ရတဲ့အခါ နိုင်ငံခြားဘာသာစကားတွေ အလိုလျောက်ပြောတတ်နေတဲ့အမျိုးသမီး

အမေရိကန်က အမျိုးသမီးတစ်ဦးဟာ ဦးခေါင်းကိုက်ခဲဝေဒနာပြင်းနဲ့ အိပ်ယာထဲလဲမေ့မြောခဲ့ပြီး နောက်မှာ ထူးခြားဆန်းကြယ်စွာပဲ တခြားသော ဘာသာစကားတွေကို တတ်မြောက်ပြောဆိုနိုင်နေ ခဲ့ပါတယ်။ အရီဇိုးနား၊ ဖိုးနစ်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီး မီရှဲလ်မီရာက အိပ်ယာထဲလဲပြီး ပြန်လည်သတိလည်လာတဲ့အခါမှာတော့ နိုင်ငံခြားဘာသာစကားတွေဖြစ်တဲ့ ဗြိတိန်၊ သြစတြေးလျ၊ အိုင်းရစ် အစရှိသဖြင့် ဘာသာစကားအချို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံခြားဘာသာစကားတွေ အလိုလျောက်တတ်မြောက်ပြောဆိုလာနိုင်ခြင်းက ထူးဆန်း အံ့အား သင့်စရာကောင်းပြီးတော့ သူမအနေနဲ့ နိုင်ငံခြားဘာသာစကားတွေ သင်ယူထားခြင်းမရှိဆို ထားနဲ့ အဆိုပါ နိုင်ငံတွေကို တစ်ခါမျှသွားရောက်လည်ပတ် ဖူးခြင်းတောင် မရှိခဲ့ဘူးလို့သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်ခံစားလာရတဲ့ ပုံမှန်မဟုတ်တဲ့ ဦးခေါင်းကိုက်ခဲပြင်းထန်ဝေဒနာကြောင့် မီရှဲလ် ဟာ အိပ်ယာထဲကို အချိန်အတော်ကြာ လဲသွားခဲ့ရတာဖြစ်ပါတယ်။

သူမရဲ့ ရောဂါခံစားရမှုအခြေအနေအတွက် ဆရာဝန်က ဦးခေါင်းထိခိုက်မှု ဝေဒနာ လက္ခဏာတစ်ခုဖြစ် ကြောင်းပြောပြီး ဒါဟာ စကားပြောဆိုနိုင်ခြင်းတွေ မလုပ်နိုင်တော့တာနဲ့ လေဖြတ်တာ ဦးခေါင်းဝေဒနာ တွေခံစားလာရနိုင်တဲ့ ရောဂါမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အိပ်ယာထဲလဲပြီး မေ့မြောလာခဲ့ရာ ကနေ ပြန်လည်သတိရလာတဲ့သူမက တခြားသောဘာသာစကားတွေ ပြောဆို လာနိုင် ရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ လေယူလေသိမ်းနဲ့ စကားသံတွေ၊ ဘာသာ စကားအသုံးပြုတာတွေကအစ ပြောင်းလဲသွားခဲ့လို့ သူမကိုယ်လည်း ဘယ်သူ ကမှ နားလည်ပေးနိုင်လိမ့်ကြမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Credit:မ(ရွှေအင်းလေး)