ZawGyiျဖင့္ဖတ္ရန္
“ကဲ…မွတ္ကေရာ…”
တခါတုန္းက…………”ကို႐ိုး”ဆိုတဲ့ ရဟန္း လူထြက္ႀကီး ဟာ
အိမ္ေထာင္က်ၿပီး…မိ႐ိုးဖလာေတာင္ယာ အလုပ္ကို…
လုပ္ကိုင္စားေသာက္ပါတယ္ ။
သူဟာ…လယ္ထြန္။ ေပါင္းသင္ ။ယာခုတ္…စတဲ့ လုပ္ငန္း
ေတြ…လုပ္ေနတဲ့အခ်ိန္မွာ……
‘ပိုးမႊားေကာင္ေလးေတြကိုထိခိုက္မိရင္’
“အ ကုသိုလ္ျဖစ္တန္ေကာင္းရဲ႕”လို႔ယူဆမိတာေၾကာင့္!…
အလုပ္မလုပ္ခင္မွာ…
“ငါ…ဒီလယ္ယာကို…ခုတ္ထြင္ရွင္းလင္းေတာ့မွာ ျဖစ္လို႔
ဒီထဲမွာရွိတဲ့ပိုးမႊားမ်ား…ေဝးရာသို႔သြားၾကပါ။
လြတ္ရာသို႔…ေရွာင္ၾကပါ။”…ရယ္လို႔…………
ေဘးနားက…လူအမ်ား…ၾကားေလာက္ေအာင္…
သုံးႀကိမ္ သုံးခါ…ေအာ္ေလ့ရွိပါတယ္ ။
သူဟာ…” အကုသိုလ္ ျဖစ္မွာေၾကာက္စိတ္ ရွိၿပီး”…
မိမိမွာ…”ထိုစိတ္ရွိေၾကာင္းကိုလည္း”…
လူအေပါင္းကို…သိေစခ်င္တယ္…ထင္ပါရဲ႕ေလ…။
*********
ဒီလိုနဲ႔…တေန႔မွာေတာ့…
အမႈိက္ပုံကို…မီးရႈိ႕ရမဲ့အခ်ိန္ေရာက္လာပါေတာ့တယ္ ။
သူ႔ထုံးစံအတိုင္း…ေအာ္ျပန္ပါတယ္…
“ငါဟာ…အခုဒီအမႈိက္ပုံကို…မီးရႈိ႕ေတာ့မွာျဖစ္တာမို႔…
အမႈိက္ပုံထဲမွာရွိတဲ့…ပိုးေကာင္ မႊားေကာင္မ်ား…
ေရွာင္ၾကပါ…ရွားၾကပါ။လြတ္ရာအေဝးသို႔…ေျပးၾကပါေလ”
လို႔…ေအာ္ၿပီး…မီးစတင္ရႈိ႕ပါေတာ့တယ္…။
အဲဒီမွာ…မီးပုံၾကားက…တေ႐ြ႕ေ႐ြ႕တိုးထြက္လာတာက…
“ေႁမြေပြးႀကီးတေကာင္”……
“ဟိုက္”…”ဒုကၡ”…”အက်ိဳးနည္း”…အမေလး…
မျဖစ္ေခ်ဘူး…မျဖစ္ေခ်ဘူး…………
ကို႐ိုးဟာ…မ်က္ကလဲဆန္ျပာ ႐ြံ႕ထိတ္စြာနဲ႔…
ဟိုလွည္ွ႔ ဒီလွည္ွ႔…လ်င္ျမန္စြာနဲ႔ဝန္းက်င္ကိုၾကည့္…
“ဘယ္သူတဦးမွ…မျမင္ဘူး”ဆိုတာလည္း…ေသခ်ာေရာ…
ဘာေျပာေကာင္းမလည္း !!လက္ထဲက တုတ္ရွည္ႀကီးနဲ႔…
“ဟဲ့…ဟဲ့အေကာင္…နင္မပါဘူးေလ…နင္မပါဘူး…
ျပန္ဝင္စမ္း…ျပန္ဝင္စမ္း ဟဲ့ “ဆိုၿပီး…
မီးပုံႀကီးထဲ…ေသေသခ်ာခ်ာ…အားပါးတရ…
ထိုးထည့္လိုက္ပါေရာတဲ့……! မွတ္ကေရာ !
*********
လူ႔စိတ္ဆိုတာ…ဒါပါပဲေလ…
လူျမင္ေကာင္းေအာင္…လူၾကားေကာင္းေအာင္…
အေပၚယံလုပ္ေဆာင္ခ်က္ေတြ…ဘယ္လိုပဲရွိရွိ…
တကယ့္အေရးရယ္လို႔…ႀကဳံလာခဲ့ရင္…
“အကုသိုလ္တရားပါလား”ရယ္လို႔…
“ဆင္ျခင္စိတ္ေတာင္…ဘယ္ေခ်ာင္ေရာက္မွန္း”မသိစတမ္းပါ။
ငါ။သူတပါး။ေယာက်ၤား။မိန္းမ ။ႀကီး ။ငယ္ ။မဟူ…
ေရွာင္ႏိုင္သူမွာ…ရွားေပစြ တကား…။
အဲသည္လို!…ပုထုဇဥ္တို႔ရဲ႕…အတြင္းစိတ္
အဇၨ်တၱအမွန္ေလးေတြကို…မီးေမာင္းထိုးျပထားတဲ့…
ပုံတိုပတ္စ သာဓကေလးေတြဟာ…
အရမ္းကိုတန္ဖိုးရွိ…ရသေျမာက္စြာ…ေကာင္းလြန္းလွသလို
လက္ေတြ႕က်က် ေန႔စဥ္ဘဝ…ေတြမွာလည္း………
*********
ဗုဒၶံပူေဇမိ…ဓမၼံပူေဇမိ…သံဃံပူေဇမိ…………အစခ်ီ တဲ့
………………………………………………………
ေဘးအိမ္က အဖြားၫြန႔္ရဲ႕…ေန႔စဥ္မပ်က္ဘုရားရွိခိုးသံ
မနက္ေစာေစာ…က်က္သေရမဂၤလာျပည့္ဝစြာနဲ႔…
ၾကည္ညိဳသဒၶါစိတ္ …ျဖစ္မိေနတုန္း………
“ပါဏာတိပါတာ”…’ဖတ္’…”ေဝရမဏိသိကၡာပဒံ”…ဖတ္
ဖတ္……ဟင္ !!ေပါလိုက္တဲ့ျခင္ေတြေတာ္……ဖတ္…
သမာဒိယာမိ…’ဖတ္’…ဟဲ့ ဝါဝါေမာ္…ဝါဝါေမာ္ေရ……
ျခင္႐ိုက္တံယူခဲ့စမ္းဟယ္…လြန္အားႀကီးတယ္……
အာ႐ုံကိုမရဘူး………လာ လာ…ငါ့ေဘးနားထိုင္…
ယပ္စမ္းဟဲ့…တကတည္းမွပဲ…ေဂၚဇီလာေတာင္မတိုးဘူး
(ဗ်စ္…ဗ်စ္…ဗ်စ္…ျခင္႐ိုက္ဘက္တံကို ျခင္တိုးသံမ်ား)
ေအး ဟုတ္ၿပီ…နာနာယမ္း…နာနာယမ္း စမ္း…
အကုန္ေသကုန္မွ…ေအးမယ္…ဟြန္း…
အာမဘေႏၲပါ…အရွင္ဘုရား……………တဲ့…………
” အဟီး ”
Credit:မေဦး(မြန်မာစာ)# သန့်ဇင်ဉီး
Unicodeဖြင့်ဖတ်ရန်
“ကဲ…မှတ်ကရော…” (အရမ်းကောင်းပါတယ် ဖတ်ကြည့်ပါ)
“ကဲ…မှတ်ကရော…”
တခါတုန်းက…………”ကိုရိုး”ဆိုတဲ့ရဟန်းလူထွက်ကြီးဟာ
အိမ်ထောင်ကျပြီး…မိရိုးဖလာတောင်ယာ အလုပ်ကို…
လုပ်ကိုင်စားသောက်ပါတယ် ။
သူဟာ…လယ်ထွန်။ ပေါင်းသင် ။ယာခုတ်…စတဲ့လုပ်ငန်း
တွေ…လုပ်နေတဲ့အချိန်မှာ……
‘ပိုးမွှားကောင်လေးတွေကိုထိခိုက်မိရင်’
“အ ကုသိုလ်ဖြစ်တန်ကောင်းရဲ့”လို့ယူဆမိတာကြောင့်!…
အလုပ်မလုပ်ခင်မှာ…
“ငါ…ဒီလယ်ယာကို…ခုတ်ထွင်ရှင်းလင်းတော့မှာ ဖြစ်လို့
ဒီထဲမှာရှိတဲ့ပိုးမွှားများ…ဝေးရာသို့သွားကြပါ။
လွတ်ရာသို့…ရှောင်ကြပါ။”…ရယ်လို့…………
ဘေးနားက…လူအများ…ကြားလောက်အောင်…
သုံးကြိမ် သုံးခါ…အော်လေ့ရှိပါတယ် ။
သူဟာ…”အကုသိုလ်ဖြစ်မှာကြောက်စိတ် ရှိပြီး”…
မိမိမှာ…”ထိုစိတ်ရှိကြောင်းကိုလည်း”…
လူအပေါင်းကို…သိစေချင်တယ်…ထင်ပါရဲ့လေ…။
*********
ဒီလိုနဲ့…တနေ့မှာတော့…
အမှိုက်ပုံကို…မီးရှို့ရမဲ့အချိန်ရောက်လာပါတော့တယ် ။
သူ့ထုံးစံအတိုင်း…အော်ပြန်ပါတယ်…
“ငါဟာ…အခုဒီအမှိုက်ပုံကို…မီးရှို့တော့မှာဖြစ်တာမို့…
အမှိုက်ပုံထဲမှာရှိတဲ့…ပိုးကောင် မွှားကောင်များ…
ရှောင်ကြပါ…ရှားကြပါ။လွတ်ရာအဝေးသို့…ပြေးကြပါလေ”
လို့…အော်ပြီး…မီးစတင်ရှို့ပါတော့တယ်…။
အဲဒီမှာ…မီးပုံကြားက…တရွေ့ရွေ့တိုးထွက်လာတာက…
“မြွေပွေးကြီးတကောင်”……
“ဟိုက်”…”ဒုက္ခ”…”အကျိုးနည်း”…အမလေး…
မဖြစ်ချေဘူး…မဖြစ်ချေဘူး…………
ကိုရိုးဟာ…မျက်ကလဲဆန်ပြာ ရွံ့ထိတ်စွာနဲ့…
ဟိုလှည်ှ့ ဒီလှည်ှ့…လျင်မြန်စွာနဲ့ဝန်းကျင်ကိုကြည့်…
“ဘယ်သူတဦးမှ…မမြင်ဘူး”ဆိုတာလည်း…သေချာရော…
ဘာပြောကောင်းမလည်း !!လက်ထဲက တုတ်ရှည်ကြီးနဲ့…
“ဟဲ့…ဟဲ့အကောင်…နင်မပါဘူးလေ…နင်မပါဘူး…
ပြန်ဝင်စမ်း…ပြန်ဝင်စမ်း ဟဲ့ “ဆိုပြီး…
မီးပုံကြီးထဲ…သေသေချာချာ…အားပါးတရ…
ထိုးထည့်လိုက်ပါရောတဲ့……! မှတ်ကရော !
*********
လူ့စိတ်ဆိုတာ…ဒါပါပဲလေ…
လူမြင်ကောင်းအောင်…လူကြားကောင်းအောင်…
အပေါ်ယံလုပ်ဆောင်ချက်တွေ…ဘယ်လိုပဲရှိရှိ…
တကယ့်အရေးရယ်လို့…ကြုံလာခဲ့ရင်…
“အကုသိုလ်တရားပါလား”ရယ်လို့…
“ဆင်ခြင်စိတ်တောင်…ဘယ်ချောင်ရောက်မှန်း”မသိစတမ်းပါ။
ငါ။သူတပါး။ယောင်္ကျား။မိန်းမ ။ကြီး ။ငယ် ။မဟူ…
ရှောင်နိုင်သူမှာ…ရှားပေစွ တကား…။
အဲသည်လို!…ပုထုဇဉ်တို့ရဲ့…အတွင်းစိတ်
အဇ္ဇျတ္တအမှန်လေးတွေကို…မီးမောင်းထိုးပြထားတဲ့…
ပုံတိုပတ်စ သာဓကလေးတွေဟာ…
အရမ်းကိုတန်ဖိုးရှိ…ရသမြောက်စွာ…ကောင်းလွန်းလှသလို
လက်တွေ့ကျကျ နေ့စဉ်ဘဝ…တွေမှာလည်း………
*********
ဗုဒ္ဓံပူဇေမိ…ဓမ္မံပူဇေမိ…သံဃံပူဇေမိ…………အစချီ တဲ့
………………………………………………………
ဘေးအိမ်က အဖွားညွန့်ရဲ့…နေ့စဉ်မပျက်ဘုရားရှိခိုးသံ
မနက်စောစော…ကျက်သရေမင်္ဂလာပြည့်ဝစွာနဲ့…
ကြည်ညိုသဒ္ဓါစိတ် …ဖြစ်မိနေတုန်း………
“ပါဏာတိပါတာ”…’ဖတ်’…”ဝေရမဏိသိက္ခာပဒံ”…ဖတ်
ဖတ်……ဟင် !!ပေါလိုက်တဲ့ခြင်တွေတော်……ဖတ်…
သမာဒိယာမိ…’ဖတ်’…ဟဲ့ ဝါဝါမော်…ဝါဝါမော်ရေ……
ခြင်ရိုက်တံယူခဲ့စမ်းဟယ်…လွန်အားကြီးတယ်……
အာရုံကိုမရဘူး………လာ လာ…ငါ့ဘေးနားထိုင်…
ယပ်စမ်းဟဲ့…တကတည်းမှပဲ…ဂေါ်ဇီလာတောင်မတိုးဘူး
(ဗျစ်…ဗျစ်…ဗျစ်…ခြင်ရိုက်ဘက်တံကို ခြင်တိုးသံများ)
အေး ဟုတ်ပြီ…နာနာယမ်း…နာနာယမ်း စမ်း…
အကုန်သေကုန်မှ…အေးမယ်…ဟွန်း…
အာမဘန္တေပါ…အရှင်ဘုရား……………တဲ့…………
” အဟီး ”
Credit:မေဦး(မြန်မာစာ)# သန့်ဇင်ဉီး