Zawgyi ဖြင့်ဖတ်ရန်
credit : itpoekar
Unicode ဖြင့်ဖတ်ရန်
သင့်ဖုန်း ရေရှည် အသုံးခံဖို လုံးဝမလုပ်သင့်တဲ့ အရာများ
ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ဖုန်းကို ရေရှည် အသုံးခံအောင် ဘယ်လို ပြုလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အခုချိန်မှာတော့ ဖုန်းဆိုတာ ကျွန်တော်တို့ရဲ့ဘဝမှာ အရေးပါတဲ့ ပစွည်းတစ်ခု ဖြစ်ပါပြီး။အဒါကြောင့် ဖုန်းအသုံးပြုတဲ့အခါ လူအများစုက ဖုန်းကို ရည်ရှည် အသုံးခံဖို့ Anti-Virus Software များကို Install လုပ်တာမျိုး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားကြပါတယ်။
ဒါပေမယ့် အဲဒီ အလုပ်များဟာ တကယ်လိုအပ်ပါသလား ? ပြုလုပ်သင့်တယ်လို့ ထင်ရပေမယ့် မပြုလုပ်သင့်တဲ့ အရာများ ရှိပါတယ်။ အဒီ မပြုလုပ်သင့်တဲ့ အချက်တွေကတော့
Antivirus App ကို တစ်ခုထက် ပိုပြီး မသုံးပါနှင့်။
ဖုန်းမှာ မှာ Antivirus App တစ်ခုထက်ပို င်္ပြး သုံးမယ်ဆိုရင် RAM နဲ့ ဘက်ထရီကို အလွန် အသုံးပြုတာကို သတိပြုပါ။ အဒီ Anrivirus Appတွေဟာ နောက်ကွယ်မှာ တစ်ချိန်လုံး အလုပ်လုပ်နေပါတယ်။
Antivirus Appတွေ အများကြီး ထည့်ထားရင် ဖုန်းအရမ်းလေးလာမယ်။ ဖုန်း ဘထရီ ခဏလေးအတွင်း ကုန်ပါလိမ့်မယ်။
အဲဒါကြောင့် Antivirus App တစ်ခုသာ ဖုန်းမှာ ထည့်သွင်းထားသင့်ပါတယ်။ Antivirus App များစွာ ရှိပါတယ်။ အဒီထဲမှာ နာမည်ကြီးပြီး ကောင်းမွန်တဲ့ Antivirus App တစ်ခုကို လေ့လာ အသုံးပြုပါ။
မယုံကြည်ရတဲ့ App Store များမှ Download မလုပ်ပါနှင့်။
တစ်ချို့ Android APK ဖိုင်များမှာ Virus များ ပါလာတတ်ပါတယ်။ အဲဒီ Virus များက သင့်ဖုန်းကို ပျက်ဆီးစေရုံသာမကဘဲ သင့်ရဲ့ ငွေကြေးများကိုလည်း ခိုးယူနိုင်ပါတယ်။
အဲဒါကြောင့် Appတွေ Download လုပ်တဲ့အခါ Google Play Store လို ယုံကြည်ရတဲ့ App Stores များကနေပဲ Install လုပ်သင့်ပါတယ်။
ဖုန်းကို Restart ခဏခဏ လုပ်ဖို့ မမေ့ပါနှင့်။
သင့် ဖုန်းကို တစ်ရက်လျှင် တစ်ကြိမ်လောက် အနည်းဆုံး Restart လုပ်တာ ကောင်းပါတယ်။ Restart လုပ်တာဟာ ဖုန်းရဲ့ Memory ကို ပိုပြီး သက်သာစေပါတယ်။
ပြီးတော့ မလိုအပ်တဲ့ Cached Data များကို ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် Storage နေရာလွတ်များ ရနိုင်ပါတယ်။ Restart မလုပ်ရင် Memory နဲ့ Storage နေရာကြပ်မှုများဖြစ်စေပြီး ဖုန်းကို လေးလံစေပါတယ်။
Software Update လုပ်ပါ။
ဖုုန်းရဲ့ Operating System ကို အမြဲ Update လုပ်သင့်ပါတယ်။ အဒါမှ ဖုန်းရဲ့ လုံခြုံရေးနဲ့ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာမှာ ဖြစ်တယ်။
Appတွေလည်း Update ရှိတိုင်း ထည့်သွင်းသင့်ပါတယ်။ အခမဲ့ ဝိုင်ဖိုင်တွေနှင့် လိုင်း ကောင်းရင် အလိုအလျှောက် Update ပြုလုပ်သင့်ပါတယ်။
credit : itpoekar