Zawgyi ျဖင့္ဖတ္ရန္

အခုေနာက္ပိုင္းမွာစံုတြဲေတြၾကားေခတ္စားလာတာ
က ခ်စ္သူျဖစ္ျပီဆိုတာနဲ႔ Facebook Password ၊
ဖုန္း Password ေပးတဲ႔ မေပးတဲ႔ကိစၥပါ။

မိန္းကေလးေတြကလည္း
“ငါ႔ဘဲက Password အကုန္ေပးတယ္ သိလား”
ဆိုျပီး ၾကြားတတ္ၾကေသးတယ္။ ကိုယ္႔ခ်စ္သူက
Password အကုန္ေပးတိုင္း စိတ္ခ်ရတဲ႔ခ်စ္သူ
ျဖစ္ရဲ႕လား… Fri တို႔ေရာ ဘယ္လိုထင္ၾကလဲ…။

#ေယာက်္ားေလးဘက္
သူငယ္ခ်င္း ေယာက္်ားေလးေတြရဲ႕ အသံကို
နားေထာင္ၾကည္႔ရတာေတာ႔ Password ေပးရတဲ႔
အေပၚ အေတာ္ အာရံုေနာက္ၾကပံု ေပၚပါတယ္။
“ ခ်စ္သူ ျဖစ္ရင္ ဟို Password ဒီ Password
ေတာင္းေတာ႔မယ္ ဆိုတာ သိေနတယ္ေလ။
ဒါေၾကာင္႔ တစ္ပတ္ေလာက္တည္းကရွင္းလင္းေရး
လုပ္ရတယ္။မေပးရင္လည္း စိတ္ေကာက္ဦးမယ္။
ဒီေတာ႔ ေတာင္းရင္ေပးလိုက္တယ္။
ႏွစ္ပတ္ေလာက္ ဆို Password ျပန္Change
လိုက္တယ္…ဟီး ဟီး ” တဲ႔။

တခ်ိဳ႕ေသာစာတတ္တဲ႔ လူၾကီးေတြကေတာ႔
“ Password ေတာင္းတယ္ဆိုတာ ကိုယ္႔ကို
ယံုၾကည္မႈမရွိတာလား…ဘာလား..တကယ္ေတာ႔
လက္ေတြ႔ဘဝမွာသာ ဘာျဖစ္ပါတယ္
ညာျဖစ္ပါတယ္..’’ လို႔ ျဖဲေျခာက္ျပီး မေပးဘဲ
ေနသူေတြလည္း ရွိၾကပါေသးတယ္။

မိန္းကေလး ဘက္
မိန္းကေလး ေတြ အထူးသျဖင္႔ အသက္
ငယ္ရြယ္တဲ႔ ေကာင္မေလး ေတြဟာ ခ်စ္သူ ဆီက
Password ေတာင္းရမွ ေက်နပ္သူေလးေတြ
မ်ားပါတယ္။ ရည္းစား ျဖစ္တာနဲ႔ Facebook
Password ေတြ ေပးကိုေပးရမယ္။ Social
Network ေပၚက သူ႔အျပဳအမူေတြ အားလံုး
သိေနရင္ ၁၀၀ ရာခိုင္ႏႈန္း စိတ္ခ်ရတယ္လို႔
ထင္တတ္ၾကပါတယ္။ အသက္ ၂၉ ၊ ၃၀ ၊ ၃၀
ေက်ာ္ အရြယ္ေလာက္ေတြဆိုရင္ Password
ေပးတဲ႔ မေပးတဲ႔ အေပၚ သိပ္ဂရုမစိုက္တာ
ေတြ႔ရပါတယ္။ သူတို႔ အေနနဲ႔ လူတစ္ေယာက္
ေျချငိမ္ မျငိမ္ အကဲခတ္ဆံုးျဖတ္ႏိုင္ျပီး ဘဝ
အတြက္ အဆင္ေျပမေျပ ဆံုးျဖတ္ႏိုင္ၾကတဲ႔
အရြယ္မို႔ထင္ပါတယ္။

Password ေပးျခင္း မေပးျခင္းအေပၚ ေလ႔လာ
ၾကည္႔ရရင္ Password ေလးရရံုနဲ႔ သူ႕ကို
လံုးလံုးၾကီး ယံုၾကည္စိတ္ခ်လိုက္ဖို႔မသင္႔ပါဘူး။
တခ်ိဳ႕ေတြဆို Password ေတာ႔ေပးပါရဲ႕တျခား
Facebook Account ၊ တျခား Apps ၊
ေနာက္ထပ္ဖုန္းတစ္လံုးနဲ႔ ရွုပ္ခ်င္တိုင္း
ရွုပ္ႏိုင္ပါေသးတယ္။ Facebook အေကာင္႔ထဲ
ရွင္းလင္းေနရံုနဲ႔ သူ႔သမိုင္းေၾကာင္း
သူ႔အက်င္႔စရိုက္က ေကာင္းမယ္ ရွင္းမယ္လို႔
တစ္ထစ္ခ် မေျပာႏိုင္ပါဘူးေနာ္။

ခ်စ္သူ ခ်င္း ႏွစ္ဦးသေဘာတူ ၾကည္ျဖဴလို႔
Password ဖလွယ္ထားၾကတယ္ဆိုရင္လည္း
သူ႔စည္း ကိုယ္႔စည္း ထိန္းဖို႔ေတာ႔ လိုပါလိမ္႔မယ္။

အလုပ္ နဲ႔ပတ္သက္တဲ႔ ေျပာစကားေတြ၊
မိတ္ေဆြေတြရဲ႕ ရင္ဖြင္႔တိုင္ပင္ထားတဲ႔
အေၾကာင္းအရာေတြကို လံုးဝဖြင္႔မၾကည္႔
သင္႔ပါဘူး။ အဆိုးဆံုးအခ်က္ကေတာ႔ Facebook
Account တစ္ခုကို ႏွစ္ေယာက္သံုးမွန္းသိရင္
စကားသြားေျပာဖို႔ အေတာ္ေလး တြန္႔သြား
ၾကပါတယ္။ ကိုယ္႔အေၾကာင္းကို ရင္မဖြင္႔ရဲ ၊
သူ႔ကို ေနေကာင္းလား ဘာလားေတာင္
သြားမေမးခ်င္ေတာ႔တဲ႔အေနအထား
ျဖစ္တတ္ၾကပါတယ္။

Password ေပးရျခင္းရဲ႕ အေကာင္းအဆိုး
ဘာေတြမ်ား မ်ွေဝစရာ ရွိေနမလဲ ရင္ဖြင္႔ခဲ႔လို႔
ရပါတယ္ေနာ္။

Credit : ဂျူဂျူး (အခရာ)

 

Unicode ဖြင့်ဖတ်ရန်

ချစ်သူကို Password ပေးသင့်သလား

အခုနောက်ပိုင်းမှာစုံတွဲတွေကြားခေတ်စားလာတာ
က ချစ်သူဖြစ်ပြီဆိုတာနဲ့ Facebook Password ၊
ဖုန်း Password ပေးတဲ့ မပေးတဲ့ကိစ္စပါ။
မိန်းကလေးတွေကလည်း
“ငါ့ဘဲက Password အကုန်ပေးတယ် သိလား”
ဆိုပြီး ကြွားတတ်ကြသေးတယ်။ ကိုယ့်ချစ်သူက
Password အကုန်ပေးတိုင်း စိတ်ချရတဲ့ချစ်သူ
ဖြစ်ရဲ့လား… Fri တို့ရော ဘယ်လိုထင်ကြလဲ…။

ယောကျ်ားလေးဘက်
သူငယ်ချင်း ယောက်ျားလေးတွေရဲ့ အသံကို
နားထောင်ကြည့်ရတာတော့ Password ပေးရတဲ့
အပေါ် အတော် အာရုံနောက်ကြပုံ ပေါ်ပါတယ်။
“ ချစ်သူဖြစ်ရင် ဟို Password ဒီ Password
တောင်းတော့မယ် ဆိုတာ သိနေတယ်လေ။
ဒါကြောင့် တစ်ပတ်လောက်တည်းကရှင်းလင်းရေး
လုပ်ရတယ်။မပေးရင်လည်း စိတ်ကောက်ဦးမယ်။
ဒီတော့ တောင်းရင်ပေးလိုက်တယ်။
နှစ်ပတ်လောက် ဆို Password ပြန်Change
လိုက်တယ်…ဟီး ဟီး ” တဲ့။

တချို့သောစာတတ်တဲ့ လူကြီးတွေကတော့
“ Password တောင်းတယ်ဆိုတာ ကိုယ့်ကို
ယုံကြည်မှုမရှိတာလား…ဘာလား..တကယ်တော့
လက်တွေ့ဘဝမှာသာ ဘာဖြစ်ပါတယ်
ညာဖြစ်ပါတယ်..’’ လို့ ဖြဲခြောက်ပြီး မပေးဘဲ
နေသူတွေလည်း ရှိကြပါသေးတယ်။

မိန်းကလေးဘက်
မိန်းကလေးတွေ အထူးသဖြင့် အသက်
ငယ်ရွယ်တဲ့ကောင်မလေးတွေဟာ ချစ်သူဆီက
Password တောင်းရမှ ကျေနပ်သူလေးတွေ
များပါတယ်။ ရည်းစားဖြစ်တာနဲ့ Facebook
Password တွေ ပေးကိုပေးရမယ်။ Social
Network ပေါ်က သူ့အပြုအမူတွေ အားလုံး
သိနေရင် ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်လို့
ထင်တတ်ကြပါတယ်။ အသက် ၂၉ ၊ ၃၀ ၊ ၃၀
ကျော် အရွယ်လောက်တွေဆိုရင် Password
ပေးတဲ့ မပေးတဲ့ အပေါ် သိပ်ဂရုမစိုက်တာ
တွေ့ရပါတယ်။ သူတို့ အနေနဲ့ လူတစ်ယောက်
ခြေငြိမ် မငြိမ် အကဲခတ်ဆုံးဖြတ်နိုင်ပြီး ဘဝ
အတွက် အဆင်ပြေမပြေ ဆုံးဖြတ်နိုင်ကြတဲ့
အရွယ်မို့ထင်ပါတယ်။

Password ပေးခြင်း မပေးခြင်းအပေါ် လေ့လာ
ကြည့်ရရင် Password လေးရရုံနဲ့ သူ့ကို
လုံးလုံးကြီး ယုံကြည်စိတ်ချလိုက်ဖို့မသင့်ပါဘူး။
တချို့တွေဆို Password တော့ပေးပါရဲ့တခြား
Facebook Account ၊ တခြား Apps ၊
နောက်ထပ်ဖုန်းတစ်လုံးနဲ့ ရှုပ်ချင်တိုင်း
ရှုပ်နိုင်ပါသေးတယ်။ Facebook အကောင့်ထဲ
ရှင်းလင်းနေရုံနဲ့ သူ့သမိုင်းကြောင်း
သူ့အကျင့်စရိုက်က ကောင်းမယ် ရှင်းမယ်လို့
တစ်ထစ်ချ မပြောနိုင်ပါဘူးနော်။

ချစ်သူချင်း နှစ်ဦးသဘောတူ ကြည်ဖြူလို့
Password ဖလှယ်ထားကြတယ်ဆိုရင်လည်း
သူ့စည်း ကိုယ့်စည်း ထိန်းဖို့တော့ လိုပါလိမ့်မယ်။
အလုပ်နဲ့ပတ်သက်တဲ့ ပြောစကားတွေ၊
မိတ်ဆွေတွေရဲ့ ရင်ဖွင့်တိုင်ပင်ထားတဲ့
အကြောင်းအရာတွေကို လုံးဝဖွင့်မကြည့်
သင့်ပါဘူး။ အဆိုးဆုံးအချက်ကတော့ Facebook
Account တစ်ခုကို နှစ်ယောက်သုံးမှန်းသိရင်
စကားသွားပြောဖို့ အတော်လေး တွန့်သွား
ကြပါတယ်။ ကိုယ့်အကြောင်းကို ရင်မဖွင့်ရဲ ၊
သူ့ကို နေကောင်းလား ဘာလားတောင်
သွားမမေးချင်တော့တဲ့အနေအထား
ဖြစ်တတ်ကြပါတယ်။

Password ပေးရခြင်းရဲ့ အကောင်းအဆိုး
ဘာတွေများ မျှဝေစရာ ရှိနေမလဲ ရင်ဖွင့်ခဲ့လို့
ရပါတယ်နော်။

Credit : ဂျူဂျူး (အခရာ)