Zawgyi ျဖင့္ဖတ္ရန္

အမုန္းပြားသူတစ္စုက Kim Go Eun ကို႐ုပ္ဆိုးတယ္လို႔ေျပာၿပီးေနာက္ပိုင္း ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာကို သိခ်င္ေနၾကမွာပဲ..။ ဘာေတြျဖစ္ခဲ့သလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္.။

 

Kim Goeun ဟာ သူမရဲ႕Instagram လူမႈကြန္ယက္ စာမ်က္ႏွာ ေပၚမွာ Selfie တစ္ပုံတင္ခဲ့ၿပီး သူမရဲ႕႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သတ္ၿပီး ျပစ္တင္ေဝဖန္တဲ့ မွတ္ခ်က္ စကားေတြ အဆက္မျပတ္အေပးခံခဲ့ရပါတယ္။ အားလပ္ရက္ မွာ အပန္းေျဖေနတဲ့သူမဟာ မိတ္ကပ္ တစ္စုံတစ္ရာမပါပဲ မ်က္ႏွာေျပာင္ေျပာင္ရွင္းရွင္းေလးနဲ႔ ဓာတ္ပုံ အ႐ိုက္ခံခဲ့တာပါ။ ‘သူမဟာအရမ္း ျဖဴေဖ်ာ့လြန္းေနေၾကာင္း’ ၊ ‘သ႐ုပ္ေဆာင္ နဲ႔မတူေၾကာင္း’ ၊ ‘တစ္ေယာက္ေယာက္ရဲ႕အေဒၚႀကီး နဲ႔တူေၾကာင္း’ ၊ ‘ဘာလို႔အဲ့ဒီလိုမ်က္ႏွာေျပာင္နဲ႔ တင္ရတာလဲ။’ ဆိုတဲ့အဓိပၸာယ္မဲ့တဲ့ ေမးခြန္း ေတြလည္းေမးခဲ့ၿပီး သူမကိုနာက်င္ေစမယ့္ အမုန္းပြားမယ့္မွတ္ခ်က္စကားေတြအဆက္မျပတ္ေပးခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ သူမဟာ အဲ့ဒီပုံကိုဖ်က္ခဲ့ပါတယ္။ ပရိတ္သတ္ ေတြကလည္း အမုန္းပြား တဲ့ မွတ္ခ်က္ စကားေတြအမ်ားႀကီးရခဲ့တာေၾကာင့္ ဖ်က္ခဲ့ျခင္းျဖစ္တယ္လို႔ ယူဆေနၾကပါတယ္။ ဒီလိုနဲ႔ သိပ္မၾကာခင္မွာပဲ အဲ့ဒီ ပုံဖ်က္ခဲ့ၿပီးေနာက္ Goblin ဇာတ္လမ္းတြဲ မွာတူတူ႐ိုက္ကူးေရးျပဳလုပ္ခဲ့ၾကတဲ့ Lee El နဲ႔ Yoo In Na တို႔နဲ႔တူတူ ညစာ စားေနတဲ့ပုံကို သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။

ဟုတ္ကဲ့ ပရိတ္သတ္ႀကီး ကိုေျပာျပခ်င္တဲ့ ‘ဘာေတြျဖစ္ပ်က္ခဲ့သလဲ’ ဆိုတဲ့အပိုင္း ကိုေရာက္ရွိလို႔လာပါၿပီ။ အဲ့ဒီပုံတင္ၿပီးတာနဲ႔တၿပိဳင္နက္ သူမရဲ႕ follower ေတြေကာ တကမာၻလုံးမွာရွိတဲ့ ပရိတ္သတ္ ေတြပါ အဲ့ဒီပုံတစ္ပုံတည္းကိုပဲ အုံလိုက္က်င္းလိုက္ အျပဳသေဘာေဆာင္တဲ့၊ အရမ္းကိုမွလွပလြန္းတဲ့ message ေတြေပးပို႔ခဲ့ပါတယ္။ ‘သူမ က အရမ္းလွတဲ့သူျဖစ္ေၾကာင္း’ ၊ ‘ဘာမဟုတ္တဲ့အမုန္းပြားတဲ့ စကား ေတြကို စိတ္ထဲမွာမမွတ္ယူသင့္ေၾကာင္း’ အစရွိတဲ့ သူမ ကို အားေပးတဲ့စကားေတြေျပာၾကားခဲ့ပါတယ္။ ဘယ္ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းတဲ့ ပရိတ္သတ္ ေတြလဲ၊ ဘယ္ေလာက္ေတာင္မွ စိတ္ထားလွပလိုက္တဲ့ လူေတြမ်ားပါလိမ့္ေနာ္.။ သင္တို႔လည္း သူမအတြက္ဘယ္လိုမ်ားအားေပးခ်င္ၾကပါေသးလဲ။

Credit : momoalay

 

Unicode ဖြင့်ဖတ်ရန်

အမုန်းပွားသူတွေက Kim Go Eun ကိုရုပ်ဆိုးတယ်လို့ပြောပြီးနောက်ဘာတွေဖြစ်ပျက်ခဲ့သလဲ။

 

အမုန်းပွားသူတစ်စုက Kim Go Eun ကိုရုပ်ဆိုးတယ်လို့ပြောပြီးနောက်ပိုင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သိချင်နေကြမှာပဲ..။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်.။

 

Kim Goeun ဟာ သူမရဲ့Instagram လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Selfie တစ်ပုံတင်ခဲ့ပြီး သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သတ်ပြီး ပြစ်တင်ဝေဖန်တဲ့မှတ်ချက်စကားတွေ အဆက်မပြတ်အပေးခံခဲ့ရပါတယ်။ အားလပ်ရက်မှာ အပန်းဖြေနေတဲ့သူမဟာ မိတ်ကပ်တစ်စုံတစ်ရာမပါပဲ မျက်နှာပြောင်ပြောင်ရှင်းရှင်းလေးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တာပါ။ ‘သူမဟာအရမ်း ဖြူဖျော့လွန်းနေကြောင်း’ ၊ ‘သရုပ်ဆောင်နဲ့မတူကြောင်း’ ၊ ‘တစ်ယောက်ယောက်ရဲ့အဒေါ်ကြီးနဲ့တူကြောင်း’ ၊ ‘ဘာလို့အဲ့ဒီလိုမျက်နှာပြောင်နဲ့ တင်ရတာလဲ။’ ဆိုတဲ့အဓိပ္ပာယ်မဲ့တဲ့မေးခွန်းတွေလည်းမေးခဲ့ပြီး သူမကိုနာကျင်စေမယ့် အမုန်းပွားမယ့်မှတ်ချက်စကားတွေအဆက်မပြတ်ပေးခဲ့ပါတယ်။

 

သိပ်မကြာခင်မှာပဲ သူမဟာ အဲ့ဒီပုံကိုဖျက်ခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း အမုန်းပွားတဲ့မှတ်ချက်စကားတွေအများကြီးရခဲ့တာကြောင့် ဖျက်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အဲ့ဒီပုံဖျက်ခဲ့ပြီးနောက် Goblin ဇာတ်လမ်းတွဲမှာတူတူရိုက်ကူးရေးပြုလုပ်ခဲ့ကြတဲ့ Lee El နဲ့ Yoo In Na တို့နဲ့တူတူ ညစာ စားနေတဲ့ပုံကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

 

ဟုတ်ကဲ့ ပရိတ်သတ်ကြီးကိုပြောပြချင်တဲ့ ‘ဘာတွေဖြစ်ပျက်ခဲ့သလဲ’ ဆိုတဲ့အပိုင်းကိုရောက်ရှိလို့လာပါပြီ။ အဲ့ဒီပုံတင်ပြီးတာနဲ့တပြိုင်နက် သူမရဲ့ follower တွေကော တကမ္ဘာလုံးမှာရှိတဲ့ပရိတ်သတ်တွေပါ အဲ့ဒီပုံတစ်ပုံတည်းကိုပဲ အုံလိုက်ကျင်းလိုက် အပြုသဘောဆောင်တဲ့၊ အရမ်းကိုမှလှပလွန်းတဲ့ message တွေပေးပို့ခဲ့ပါတယ်။ ‘သူမက အရမ်းလှတဲ့သူဖြစ်ကြောင်း’ ၊ ‘ဘာမဟုတ်တဲ့အမုန်းပွားတဲ့စကားတွေကို စိတ်ထဲမှာမမှတ်ယူသင့်ကြောင်း’ အစရှိတဲ့သူမကို အားပေးတဲ့စကားတွေပြောကြားခဲ့ပါတယ်။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့ ပရိတ်သတ်တွေလဲ၊ ဘယ်လောက်တောင်မှ စိတ်ထားလှပလိုက်တဲ့ လူတွေများပါလိမ့်နော်.။ သင်တို့လည်း သူမအတွက်ဘယ်လိုများအားပေးချင်ကြပါသေးလဲ။

Credit : momoalay