Zawgyi ျဖင့္ဖတ္ရန္

 

ဘရာဇီးလ္ နိုင္ငံက အမ်ဳိးသား တစ္ဦးဟာ ကုိယ္ခံပညာ တတ္ကၽြမ္းတဲ့ အမ်ဳိးသမီး တစ္ဦးထံကေန ပစၥည္းလုယူဖုိ႔ ႀကိဳးစားခဲ့တာေၾကာင့္ အျဖစ္ဆုိးနဲ႔ ႀကဳံေတြ႕သြားခဲ့ေၾကာင္း သိရပါတယ္။ ဘရာဇီးလ္ႏုိင္ငံ အေနာက္ပုိင္း၊ အကုိင္လာ ဒုိင္ယာၿမိဳ႕မွာ ေအအာဂ်ဳိ အမည္ရ အမ်ဳိးသား တစ္ဦးဟာ အေဖာ္ျဖစ္သူနဲ႔ အမ်ဳိးသမီး တစ္ဦးထံကေန ပစၥည္းလုဖုိ႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ အမ်ဳိးသမီး ျဖစ္သူဟာ ကုိယ္ခံပညာ တတ္ကၽြမ္းၿပီး အသတ္အပုတ္ ၿပိဳင္ပဲြေတြမွာ ခ်န္ပီယံဆုေတြ ရရွိခဲ့ဖူးတာေၾကာင့္ ပစၥည္းလုယူဖို႔ ႀကိဳးစားတဲ့ အမ်ဳိးသား ဟာ အျဖစ္ဆုိးနဲ႔ ႀကံဳခဲ့ရတာ ျဖစ္ပါတယ္။ အမ်ဳိးသမီးျဖစ္သူဟာ ဘက္စ္တ႔ုိစ္လုိ႔ အမည္ရၿပီး ကုိယ္ခံပညာ သုိင္းေပါင္းစုံ ၿပိဳင္ပဲြ ျဖစ္တဲ့ MMA ၿပိဳင္ပဲြမွာ ခ်န္ပီယံ ေျခာက္ႀကိမ္ ရရွိထားသူ ျဖစ္ပါတယ္။

ပစၥည္း လုယက္သူဟာ ဘက္စ္တို႔စ္ထံမွ ဖုန္းကုိ လုယူဖုိ႔ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ဘက္စ္တ႔ုိစ္ဟာ ပစၥည္းလုယူသူကုိ ထိန္းခ်ဳပ္ ကုိင္ေပါက္ခဲ့ၿပီး လည္ပင္းကုိ ေျခေထာက္နဲ႔ မိနစ္ (၂၀) ေလာက္ ညႇပ္ထားခဲ့ပါတယ္။ ရဲတပ္ဖဲြ႕၀င္ေတြ ေရာက္လာမွသာ ျပန္လည္ လႊတ္ေပးလုိက္တာ ျဖစ္ပါတယ္။ ပစၥည္းလုယူသူဟာ အလြန္ထိတ္လန္႔ခဲ့ၿပီး ကုိင္ခ်ဳပ္ခံထားရစဥ္ ကယ္တင္ဖုိ႔ အကူအညီ ေတာင္းခံခဲ့ပါတယ္။

ပါးစပ္ ထဲကေန အကုန္လုံးကုိ တုိင္တည္ၿပီး အကူအညီ ေတာင္းခံခဲ့တာျဖစ္ၿပီး ရဲတပ္ဖဲြ႕၀င္ေတြသာ အခ်ိန္မီ ေရာက္မလာရင္ လည္ပင္း က်ဳိးသြားႏုိင္ဖြယ္ ရွိေနပါတယ္။ အသက္ (၂၃) ႏွစ္ အရြယ္သာရွိေသးတဲ့ ဘက္စ္တ႔ုိစ္က မိမိ၏ဖုန္းကုိ လုယူသြားျခင္းေၾကာင့္ ျပန္လည္ ရယူျခင္းျဖစ္ေၾကာင္း ၊ ပစၥည္းလုယူသူကုိ ေျမႀကီးေပၚမွာ လဲက်ၿပီး ထိန္းခ်ဳပ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ပစၥည္းလုယူသူကေတာ့ ျပစ္မူက်ဴးလြန္ခဲ့ျခင္း မရွိေၾကာင္း ထြက္ဆုိထားပါတယ္။ ကုိယ္ခံပညာ တတ္ကၽြမ္းတဲ့သူကုိမွ ပစ္မွတ္ထားၿပီး ပစၥည္းလုခဲ့တဲ့ ေအအာခ်ဳိကေတာ့ မွတ္ေလာက္သားေလာက္ ရွိသြားၿပီး မိန္းကေလး ဆုိၿပီး အထင္ေသးတာေၾကာင့္ ျပန္လည္ တုိက္ခုိက္ျခင္း ခံလုိက္ရတာ ျဖစ္ပါတယ္။

Credit: Messenger

Unicode ဖြင့်ဖတ်ရန်

ဘရာဇီးလ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုယူဖို့ ကြိုးစားခဲ့တာကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်နိုင်ငံ အနောက်ပိုင်း၊ အကိုင်လာ ဒိုင်ယာမြို့မှာ အေအာဂျို အမည်ရ အမျိုးသားတစ်ဦးဟာ အဖော်ဖြစ်သူနဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသမီးဖြစ်သူဟာ ကိုယ်ခံပညာ တတ်ကျွမ်းပြီး အသတ်အပုတ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရရှိခဲ့ဖူးတာကြောင့် ပစ္စည်းလုယူဖို့ ကြိုးစားတဲ့ အမျိုးသားဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ ဘက်စ်တ့ိုစ်လို့ အမည်ရပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်တဲ့ MMA ပြိုင်ပွဲမှာ ချန်ပီယံ ခြောက်ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

ပစ္စည်းလုယက်သူဟာ ဘက်စ်တို့စ်ထံမှ ဖုန်းကို လုယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်တ့ိုစ်ဟာ ပစ္စည်းလုယူသူကို ထိန်းချုပ် ကိုင်ပေါက်ခဲ့ပြီး လည်ပင်းကို ခြေထောက်နဲ့ မိနစ် (၂၀) လောက် ညှပ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာမှသာ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပစ္စည်းလုယူသူဟာ အလွန်ထိတ်လန့်ခဲ့ပြီး ကိုင်ချုပ်ခံထားရစဉ် ကယ်တင်ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။

ပါးစပ်ထဲကနေ အကုန်လုံးကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေသာ အချိန်မီ ရောက်မလာရင် လည်ပင်းကျိုးသွားနိုင်ဖွယ် ရှိနေပါတယ်။ အသက် (၂၃) နှစ် အရွယ်သာရှိသေးတဲ့ ဘက်စ်တ့ိုစ်က မိမိ၏ဖုန်းကို လုယူသွားခြင်းကြောင့် ပြန်လည် ရယူခြင်းဖြစ်ကြောင်း ၊ ပစ္စည်းလုယူသူကို မြေကြီးပေါ်မှာ လဲကျပြီး ထိန်းချုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပစ္စည်းလုယူသူကတော့ ပြစ်မူကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားပါတယ်။ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့သူကိုမှ ပစ်မှတ်ထားပြီး ပစ္စည်းလုခဲ့တဲ့ အေအာချိုကတော့ မှတ်လောက်သားလောက် ရှိသွားပြီး မိန်းကလေးဆိုပြီး အထင်သေးတာကြောင့် ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

 

Credit: Messenger