Zawgyi ဖြင့်ဖတ်ရန်


 


 


😘

Posted by Yangonbee on Wednesday, January 10, 2018

Credit : Myanamr load

 

Unicode ဖြင့်ဖတ်ရန်

သွားတိုက်တဲ့ကိစ္စကို ရပ်ခိုင်းလိုက်တဲ့ G-Fatt

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ G-Fatt တစ်ယောက် သိပ်မကြာသေးခင်ကမှ ပြန့်နှံ့ လာတဲ့ သူ့ရဲ့ငယ်စဉ်ဘဝက သွားတိုက်နေတဲ့ပုံရိပ်လေးကြောင့် ပရိတ်သတ်တွေရဲ့ စနောက် ခြင်းကို ခံခဲ့ရပါတယ်။ သွားတိုက်နေတဲ့ပုံစံကို Photoshop တွေနဲ့ အမျိုးမျိုး ဟာသသရုပ်ဖော် ခဲ့ကြပြီး ရယ်မောခဲ့ကြပါတယ်။ Troller တွေကလည်း အမျိုးမျိုးဟာသပုံစံပေါက်အောင် Meme တွေလုပ်ပြီး ဟာသပုံစံအဆန်းလေးတွေဖန်တီးခဲ့ကြပါတယ်။ ဒီပုံတွေကို G-Fatt ကိုယ်တိုင် လည်း ရယ်မောခဲ့ပါတယ်။

 

 

G-Fatt ရဲ့ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးကလည်း သွားတိုက်နေတဲ့ပုံတွေနဲ့ လိုက်လံစနောက်ခဲ့ပါ တယ်။ နှစ်ယောက်သားရဲ့အချစ်ရေးကတော့ အဆင်ပြေပြေနဲ့ဖြတ်သန်းနေတာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းကိုချစ်ကြပါတယ်။ နန်းစုတစ်ယောက် နိုင်ငံခြား ခရီးစဉ်သွားခဲ့တုန်းက G-Fatt ရေးသားထားတဲ့ အချစ်စာလွှာလေးက ပရိတ်သတ်တွေကြား ထဲမှာ ရေပန်းအစားဆုံး ချစ်စကားလေးတွေပါပဲ။ နန်းစုရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “ ရူးအောင်ချစ်ရသူ ” တေးစီးရီးကိုလည်း သူမတို့ချစ်သူနှစ်ဦးက ပုဂံဘုရားမှာ အတူတူ MTV လေး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

 

သွားတိုက်တဲ့ပုံတွေနဲ့ပက်သက်ပြီး G-Fatt က သူ့ရဲ့ Facebook မှာ မင်းတို့သွားတိုက်တဲ့ ကိစ္စကို မန့်တာရပ်မလား? မင်းတို့ကိုကြီး သွားတိုက်ဆေး ထုတ်ရောင်းရမလား ? ဆိုပြီး ခပ်နောက်နောက်လေး ရေးသားထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း သဘောတ ကျနဲ့ ရယ်မောခဲ့ကြပါတယ်။ ပရိတ်သတ်တွေအနေနဲ့ သူတို့ချစ်ခင်တဲ့ အနုပညာရှင်ကို စနောက်လိုတဲ့စိတ်ကလေးနဲ့ ပြုမူကြတာမို့ အနုပညာရှင်တွေကလည်း နားလည်းခွင့်လွှတ် ပြီး အပျော်လေးတွေကူးစက်တာကိုမြင်ရတာ ကြည်နူးစရာကောင်းလှပါတယ် ပရိတ်သတ် ကြီးရေ။

 

Credit : Myanamr load