Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္စုံတြဲတစ္တြဲကေတာ့ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ နာမည္ႀကီးေနပါတယ္။နာမည္ႀကီးရတဲ့ အေၾကာင္းအရင္းကေတာ့ သူတို႔ရဲ႕ ဓါတ္ပုံေတြေၾကာင့္ပါ။ဓါတ္ပုံေတြဟာ Weibo မွာ တင္ခဲ့တာပါ။ မီးေလာင္ ေနတဲ့ အပ်က္အစီးေတြၾကားထဲမွာ ႐ိုက္ထားၾကတာပါ။
ကင္မရာထဲမွာေတာ့ မီးကြၽမ္းေနတဲ့ နံရံ၊ေလာင္ကြၽမ္းပ်က္စီးေနတဲ့ ထိုင္ခုံေတြကို ေတြ႕ရမွာပါ။သူတို႔ ကေတာ့ တ႐ုတ္ႏိုင္ငံ Guilin ၿမိဳ႕ကပါ။သူတို႔ေနထိုင္တဲ့ တိုက္ခန္း မီးေလာင္ သြားခဲ့တာပါ။မီးက အပူေပးစက္(Heater) ကေန စၿပီးေလာင္ကြၽမ္းခဲ့တာလို႔ သူတို႔စုံတြဲ ကေျပာပါတယ္။မီးကိုေတာ့ ေဘးအိမ္နီးနားခ်င္းေတြရဲ႕ အကူအညီနဲ႔ ျငႇိမ္းသတ္ခဲ့ပါတယ္။

 

 

ကိုယ့္ရဲ႕ ေနအိမ္ မီးေလာင္ ပ်က္စီးသြားရင္ လူတိုင္းက ဝမ္းနည္းမိၾကမွာပါ။ဒါေပမယ့္ သူတို႔ စုံတြဲ ေက တာ့ အဲ့ဒီလို မဟုတ္ပါဘူး။ျဖစ္ၿပီးခဲ့တာလည္း ၿပီးခဲ့ၿပီဆိုတဲ့စိတ္နဲ႔ မီးေလာင္ ပ်က္စီး ေနတဲ့ အိ မ္ကို ၾကည့္ၿပီး စိတ္ပ်က္အားငယ္ေနမယ့္ အစား တျခားတစ္ခုခုလုပ္ဖို႔ စိတ္ကူးခဲ့ပါတယ္။ေလာင္တာ လည္း ေလာင္ခဲ့ၿပီးၿပီ ဆိုၿပီး မထူးဇာတ္ခင္းၿပီး ဓါတ္ပုံ႐ိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဓါတ္ပုံ ေတြ ႐ိုက္ၿပီး ႏွစ္ကူးဆုေတာင္း စကားေျပာခဲ့ပါတယ္။လူတိုင္း ႏွစ္သစ္ မွာ ေႏြးေထြးၿပီး ခြန္အား စြမ္းပကားနဲ႔ျပည့္ဝၾကပါေစ ဆိုၿပီး ဆုေတာင္းခဲ့ပါတယ္။ဒီႏွစ္ေဆာင္းရာသီမွာ မီး ေဘးအႏၲရာယ္ ဂ႐ုစိုက္ၾကဖို႔သတိေပးစကား ဆိုထား ပါတယ္။အခုဆိုရင္ေတာ့ သူတို ႔စုံတြဲ ဟာ တ႐ုတ္လူမႈကြန္ရက္ စာမ်က္ႏွာ  ေပၚမွာ ေတာ္ေတာ္ေလးကို နာမည္ႀကီးေနေၾကာင္း medium မွာေဖာ္ျပထားပါတယ္။

 

 

Credit : Shwemom

 

Unicode ဖြင့်ဖတ်ရန်

အိမ်မီးလောင်သွားပေမယ့် အခြေအနေကို အကျိုးရှိရှိ အသုံးချခဲ့တဲ့ တရုတ်စုံတွဲ

တရုတ်စုံတွဲတစ်တွဲကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ သူတို့ရဲ့ ဓါတ်ပုံတွေကြောင့်ပါ။ဓါတ်ပုံတွေဟာ Weibo မှာ တင်ခဲ့တာပါ။ မီးလောင်နေတဲ့ အပျက်အစီးတွေကြားထဲမှာ ရိုက်ထားကြတာပါ။

 

ကင်မရာထဲမှာတော့ မီးကျွမ်းနေတဲ့ နံရံ၊လောင်ကျွမ်းပျက်စီးနေတဲ့ ထိုင်ခုံတွေကို တွေ့ရမှာပါ။သူတို့ ကတော့ တရုတ်နိုင်ငံ Guilin မြို့ကပါ။သူတို့နေထိုင်တဲ့ တိုက်ခန်းမီးလောင်သွားခဲ့တာပါ။မီးက အပူပေးစက်(Heater) ကနေ စပြီးလောင်ကျွမ်းခဲ့တာလို့ သူတို့စုံတွဲ ကပြောပါတယ်။မီးကိုတော့ ဘေးအိမ်နီးနားချင်းတွေရဲ့ အကူအညီနဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။

 

ကိုယ့်ရဲ့ နေအိမ် မီးလောင်ပျက်စီးသွားရင် လူတိုင်းက ဝမ်းနည်းမိကြမှာပါ။ဒါပေမယ့် သူတို့ စုံတွဲကေ တာ့ အဲ့ဒီလို မဟုတ်ပါဘူး။ဖြစ်ပြီးခဲ့တာလည်း ပြီးခဲ့ပြီဆိုတဲ့စိတ်နဲ့ မီးလောင်ပျက်စီး နေတဲ့ အိမ်ကို ကြည့်ပြီး စိတ်ပျက်အားငယ်နေမယ့် အစား တခြားတစ်ခုခုလုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။လောင်တာ လည်း လောင်ခဲ့ပြီးပြီ ဆိုပြီး မထူးဇာတ်ခင်းပြီး ဓါတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

ဓါတ်ပုံတွေ ရိုက်ပြီး နှစ်ကူးဆုတောင်း စကားပြောခဲ့ပါတယ်။လူတိုင်း နှစ်သစ်မှာ နွေးထွေးပြီး ခွန်အားစွမ်းပကားနဲ့ပြည့်ဝကြပါစေ ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ဒီနှစ်ဆောင်းရာသီမှာ မီးဘေးအန္တရာယ် ဂရုစိုက်ကြဖို့သတိပေးစကား ဆိုထား ပါတယ်။အခုဆိုရင်တော့ သူတို့စုံတွဲဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်လေးကို နာမည်ကြီးနေကြောင်း medium မှာဖော်ပြထားပါတယ်။

 

Credit : Shwemom